အေမရိကန္နာက်င္ေအာင္ တံု႔ျပန္မည္ဟု အီရန္ႏုိင္ငံျခားေရး၀န္ႀကီးေျပာ


(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု “နာက်င္ခံစားေစရမယ့္” တုံ႔ျပန္မႈမ်ဳိး လုပ္ေဆာင္သြားမယ္လို႔ အီရန္ႏုိင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။ အီရန္ပါလီမန္ကလည္း အေမရိကန္ ပန္တဂြန္စစ္ဌာနခ်ဳပ္ကို အၾကမ္းဖက္ဝါဒီအျဖစ္ သတ္မွတ္တဲ့ ဥပေဒ မူၾကမ္းတခုကုိ အတည္ျပဳလိုက္ပါတယ္။

အေမရိကန္နဲ႔ အီရန္အၾကား စစ္ျဖစ္လုနီးပါး တင္းမာေနတဲ့ အေျခအေနေအာက္မွာ အီရန္နုိင္ငံဘက္က ေနာက္ဆံုး ေျပာဆိုလုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လုိ႔ AP သတင္းလႊာေတြကို စုစည္းၿပီး ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

အီရန္ထိပ္တန္းတပ္မွဴးကို လုပ္ၾကံသတ္ျဖတ္လိုက္တဲ့အေပၚ “အဆံုးစြန္ နာက်င္ခံစား” ေစရမယ့္ အခ်ိန္အခါနဲ႔ ေနရာမ်ဳိးမွာ အီရန္ဘက္က အေမရိကန္ကို လက္တံု႔ျပန္သြားမယ္လုိ႔ အီရန္ႏုိင္ငံျခားေရးဝန္ႀကီး Mohammad Javad Zarif ကေျပာပါတယ္။

အိုမန္ႏုိင္ငံျခားေရးဝန္ႀကီး Yusuf bin Alawi နဲ႔ အာဖဂန္သမၼတေဟာင္း Hamid Karzai တို႔အပါအဝင္ ေဒသတြင္းက ပညာရွင္ ေတြနဲ႔ ႏုိင္ငံေရးသမားေတြတက္ေရာက္တဲ့ ‘တီဟီရန္ ေဆြးေႏြးပြဲဖိုရမ္ - ၂၃ ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ပါရွန္းပင္လယ္ေကြ႔ ညီလာခံ’ မွာ ဝန္ႀကီး Zarif က အဲဒီလိုေျပာသြားတာပါ။

“အေမရိကန္ျပည္ေထာင္စုရဲ႕ သိပ္ကိုဆိုးရြားတဲ့ လုပ္ရပ္အတြက္ အဆံုးစြန္ဆံုး နာက်င္ခံစားရေစမယ့္ အခ်ိန္အခါနဲ႔ ေနရာမ်ဳိးမွာ ခုိင္မာတဲ့ ေသခ်ာေပါက္တံု႔ျပန္မႈကို ၾကံဳေတြ႔ရမွာျဖစ္ပါတယ္။”

Soleimani ကို လုပ္ၾကံသတ္ျဖတ္လိုက္ၿပီးတဲ့ေနာက္ ေဒသတြင္းမွာ အေမရိကန္ရဲ႕တည္ရိွမႈ အဆံုးသတ္ဖို႔ အစပ်ဳိးၿပီျဖစ္တယ္လုိ႔ လည္း ဝန္ႀကီး Zarif ကေျပာပါတယ္။

ကုလသမဂၢမွာက်င္းပမယ့္ အစည္းအေဝးေတြ တက္ေရာက္ဖို႔ သူ နယူးေယာက္ကို သြားဖုိ႔ရွိတာမွာ အေမရိကန္က သူ႔ကို ျပည္ဝင္ ခြင့္ဗီဇာ ထုတ္မေပးဘူးလို႔လည္း အဂၤါေန႔မွာပဲ ဝန္ႀကီး Zarif ကေျပာပါတယ္။

“အဲဒီကို တေယာက္ေယာက္သြားၿပီး အေမရိကန္လူထုကို အမွန္အတိုင္းေျပာဆိုမွာ သူတို႔ေၾကာက္လန္႔တာေၾကာင့္ ပါ။ ဒါေပမယ့္ သူတို႔ သိပ္လြဲပါတယ္။ နယူးေယာက္က ကမာၻႀကီး မဟုတ္ပါဘူး။ တီဟီရန္ကေနလည္း အေမရိကန္လူထုကို ေျပာဆိုလို႔ရတာေၾကာင့္ အဲဒီအတိုင္း က်ေနာ္တို႔လုပ္မွာပါ။”

ကုလသမဂၢဌာနခ်ဳပ္ တည္ရွိတဲ့ႏုိင္္ငံျဖစ္တဲ့ အေမရိကန္အေနနဲ႔ ကုလသမဂၢလိုေနရာက အစည္းအေဝးေတြကို ျပည္ပတာဝန္ရွိသူ ေတြတက္ေရာက္ဖို႔ ခြင့္ျပဳရမွာပါ။

ဒီအေတာအတြင္းမွာပဲ ပန္တဂြန္စစ္ဌာနခ်ဳပ္နဲ႔ ပန္တဂြန္ကိုယ္စားျပဳ လုပ္ကိုင္ေနသူေတြကို အၾကမ္းဖက္ဝါဒီေတြအျဖစ္ သတ္မွတ္ တဲ့ အေရးေပၚ ဥပေဒမူၾကမ္းတခုကို အီရန္ပါလီမန္က အဂၤါေန႔မွာပဲ အတည္ျပဳလိုက္ပါတယ္။ ဒါေၾကာင့္ ပန္တဂြန္စစ္ဌာနခ်ဳပ္ အပါ အဝင္ ဆက္စပ္ပတ္သက္သူအားလံုးကုိ အီရန္က ဒဏ္ခတ္အေရးယူႏုိင္ေတာ့မွာျဖစ္ပါတယ္။

အီရန္လႊတ္ေတာ္ဥကၠ႒ Ali Larijani က လႊတ္ေတာ္တြင္း အခုလိုေျပာသြားပါတယ္။

“ဗုိလ္ခ်ဳပ္ Qasem Soleimani ကိုလုပ္ၾကံတဲ့ ရာဇဝတ္မႈအတြက္ အမိန္႔ေပးသူေတြနဲ႔ က်ဴးလြန္သူေတြ၊ ပန္တဂြန္ စစ္ဌာနခ်ဳပ္၊ သူတို႔စစ္ဘက္နဲ႔ ဆက္စပ္ပတ္သက္သူေတြကို အၾကမ္းဖက္ဝါဒီေတြအျဖစ္ သတ္မွတ္ပါတယ္။”

အီရန္လႊတ္ေတာ္အမတ္ေတြက “အေမရိကန္ က်ဆံုးပါေစ” “မညႇိႏိႈင္းဘူး ၊ လက္နက္မခ်ဘူး၊ လက္စားေခ်၊ လက္စားေခ်” ဆိုတဲ့ ေႂကြးေက်ာ္သံေတြကို ေအာ္ဟစ္က်ပါတယ္။

အီရန္ႏုိင္ငံ ေတာ္လွန္ေရးအေစာင့္တပ္ကို အၾကမ္းဖက္ဝါဒီအဖြဲ႔တဖြဲ႔အျဖစ္ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ၿပီးခဲ့တဲ့ဧၿပီလမွာ သတ္မွတ္ခဲ့တဲ့အေပၚ အီရန္လႊတ္ေတာ္က အလားတူ တုံ႔ျပန္လုပ္ေဆာင္ပံုရပါတယ္။

ဗိုလ္ခ်ဳပ္ Soleimani ေသဆံုးမႈအေပၚ လက္တံု႔ျပန္မယ္လုိ႔ အီရန္တာဝန္ရွိသူေတြ ၿခိမ္းေျခာက္ ေျပာဆိုထားတာနဲ႔အမွ် အခု ဥပေဒ မူၾကမ္းကို ဥပေဒအျဖစ္ အလ်င္အျမန္အတည္ျပဳႏုိင္ဖို႔ အီရန္လႊတ္ေတာ္က အထူးလုပ္ထံုးလုပ္နည္းတခုနဲ႔ ခ်မွတ္လိုက္တာပါ။

အီရန္လႊတ္ေတာ္ရဲ႕ အခုဆံုးျဖတ္ခ်က္ထဲမွာ ဗိုလ္ခ်ဳပ္ Soleimani ဦးေဆာင္ခဲ့တဲ့ Quds အထူးတပ္ဖြဲ႔အတြက္ ရန္ပံုေငြ ေဒၚလာ ၂၂၄ သန္း ထပ္ေပးဖို႔လည္း ပါဝင္ပါတယ္။

............................

အမေရိကန်နာကျင်အောင် တုံ့ပြန်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

( Unicode)

အမေရိကန်ပြည်ထောင်စု “နာကျင်ခံစားစေရမယ့်” တုံ့ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ အီရန်ပါလီမန်ကလည်း အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကို အကြမ်းဖက်ဝါဒီအဖြစ် သတ်မှတ်တဲ့ ဥပဒေ မူကြမ်းတခုကို အတည်ပြုလိုက်ပါတယ်။ အမေရိကန်နဲ့ အီရန်အကြား စစ်ဖြစ်လုနီးပါး တင်းမာနေတဲ့ အခြေအနေအောက်မှာ အီရန်နိုင်ငံဘက်က နောက်ဆုံး ပြောဆိုလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ AP သတင်းလွှာတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အီရန်ထိပ်တန်းတပ်မှူးကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အပေါ် “အဆုံးစွန် နာကျင်ခံစား” စေရမယ့် အချိန်အခါနဲ့ နေရာမျိုးမှာ အီရန်ဘက်က အမေရိကန်ကို လက်တုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကပြောပါတယ်။

အိုမန်နိုင်ငံခြားရေးဝန်ကြီး Yusuf bin Alawi နဲ့ အာဖဂန်သမ္မတဟောင်း Hamid Karzai တို့အပါအဝင် ဒေသတွင်းက ပညာရှင် တွေနဲ့ နိုင်ငံရေးသမားတွေတက်ရောက်တဲ့ ‘တီဟီရန် ဆွေးနွေးပွဲဖိုရမ် - ၂၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပါရှန်းပင်လယ်ကွေ့ ညီလာခံ’ မှာ ဝန်ကြီး Zarif က အဲဒီလိုပြောသွားတာပါ။

“အမေရိကန်ပြည်ထောင်စုရဲ့ သိပ်ကိုဆိုးရွားတဲ့ လုပ်ရပ်အတွက် အဆုံးစွန်ဆုံး နာကျင်ခံစားရစေမယ့် အချိန်အခါနဲ့ နေရာမျိုးမှာ ခိုင်မာတဲ့ သေချာပေါက်တုံ့ပြန်မှုကို ကြုံတွေ့ရမှာဖြစ်ပါတယ်။”

Soleimani ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီးတဲ့နောက် ဒေသတွင်းမှာ အမေရိကန်ရဲ့တည်ရှိမှု အဆုံးသတ်ဖို့ အစပျိုးပြီဖြစ်တယ်လို့ လည်း ဝန်ကြီး Zarif ကပြောပါတယ်။

ကုလသမဂ္ဂမှာကျင်းပမယ့် အစည်းအဝေးတွေ တက်ရောက်ဖို့ သူ နယူးယောက်ကို သွားဖို့ရှိတာမှာ အမေရိကန်က သူ့ကို ပြည်ဝင် ခွင့်ဗီဇာ ထုတ်မပေးဘူးလို့လည်း အင်္ဂါနေ့မှာပဲ ဝန်ကြီး Zarif ကပြောပါတယ်။

“အဲဒီကို တယောက်ယောက်သွားပြီး အမေရိကန်လူထုကို အမှန်အတိုင်းပြောဆိုမှာ သူတို့ကြောက်လန့်တာကြောင့် ပါ။ ဒါပေမယ့် သူတို့ သိပ်လွဲပါတယ်။ နယူးယောက်က ကမ္ဘာကြီး မဟုတ်ပါဘူး။ တီဟီရန်ကနေလည်း အမေရိကန်လူထုကို ပြောဆိုလို့ရတာကြောင့် အဲဒီအတိုင်း ကျနော်တို့လုပ်မှာပါ။”

ကုလသမဂ္ဂဌာနချုပ် တည်ရှိတဲ့နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ကုလသမဂ္ဂလိုနေရာက အစည်းအဝေးတွေကို ပြည်ပတာဝန်ရှိသူ တွေတက်ရောက်ဖို့ ခွင့်ပြုရမှာပါ။

ဒီအတောအတွင်းမှာပဲ ပန်တဂွန်စစ်ဌာနချုပ်နဲ့ ပန်တဂွန်ကိုယ်စားပြု လုပ်ကိုင်နေသူတွေကို အကြမ်းဖက်ဝါဒီတွေအဖြစ် သတ်မှတ် တဲ့ အရေးပေါ် ဥပဒေမူကြမ်းတခုကို အီရန်ပါလီမန်က အင်္ဂါနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ပန်တဂွန်စစ်ဌာနချုပ် အပါ အဝင် ဆက်စပ်ပတ်သက်သူအားလုံးကို အီရန်က ဒဏ်ခတ်အရေးယူနိုင်တော့မှာဖြစ်ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ Ali Larijani က လွှတ်တော်တွင်း အခုလိုပြောသွားပါတယ်။

“ဗိုလ်ချုပ် Qasem Soleimani ကိုလုပ်ကြံတဲ့ ရာဇဝတ်မှုအတွက် အမိန့်ပေးသူတွေနဲ့ ကျူးလွန်သူတွေ၊ ပန်တဂွန် စစ်ဌာနချုပ်၊ သူတို့စစ်ဘက်နဲ့ ဆက်စပ်ပတ်သက်သူတွေကို အကြမ်းဖက်ဝါဒီတွေအဖြစ် သတ်မှတ်ပါတယ်။”

အီရန်လွှတ်တော်အမတ်တွေက “အမေရိကန် ကျဆုံးပါစေ” “မညှိနှိုင်းဘူး ၊ လက်နက်မချဘူး၊ လက်စားချေ၊ လက်စားချေ” ဆိုတဲ့ ကြွေးကျော်သံတွေကို အော်ဟစ်ကျပါတယ်။

အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်ဝါဒီအဖွဲ့တဖွဲ့အဖြစ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြီးခဲ့တဲ့ဧပြီလမှာ သတ်မှတ်ခဲ့တဲ့အပေါ် အီရန်လွှတ်တော်က အလားတူ တုံ့ပြန်လုပ်ဆောင်ပုံရပါတယ်။

ဗိုလ်ချုပ် Soleimani သေဆုံးမှုအပေါ် လက်တုံ့ပြန်မယ်လို့ အီရန်တာဝန်ရှိသူတွေ ခြိမ်းခြောက် ပြောဆိုထားတာနဲ့အမျှ အခု ဥပဒေ မူကြမ်းကို ဥပဒေအဖြစ် အလျင်အမြန်အတည်ပြုနိုင်ဖို့ အီရန်လွှတ်တော်က အထူးလုပ်ထုံးလုပ်နည်းတခုနဲ့ ချမှတ်လိုက်တာပါ။

အီရန်လွှတ်တော်ရဲ့ အခုဆုံးဖြတ်ချက်ထဲမှာ ဗိုလ်ချုပ် Soleimani ဦးဆောင်ခဲ့တဲ့ Quds အထူးတပ်ဖွဲ့အတွက် ရန်ပုံငွေ ဒေါ်လာ ၂၂၄ သန်း ထပ်ပေးဖို့လည်း ပါဝင်ပါတယ်။

ေက်ာ္ေက်ာ္သိန္း/VOA Burmese
https://burmese.voanews.com
အေမရိကန္နာက်င္ေအာင္ တံု႔ျပန္မည္ဟု အီရန္ႏုိင္ငံျခားေရး၀န္ႀကီးေျပာ အေမရိကန္နာက်င္ေအာင္ တံု႔ျပန္မည္ဟု အီရန္ႏုိင္ငံျခားေရး၀န္ႀကီးေျပာ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.