ကန္ေကာင္စစ္၀န္႐ံုး ပါကစၥတန္မွာ ဆႏၵျပခံရ

အီရန္တပ္မွဴး Qasim Soleimani သတ္ျဖတ္ခံရမႈအေပၚ ပါကစၥတန္တြင္ လူေပါင္းေထာင္ခ်ီ ခ်ီတက္ဆႏၵျပသည့္ျမင္ကြင္း။ (ဇန္နဝါရီ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ပါကစၥတန္ႏုိင္ငံရဲ႕ အႀကီးဆံုးၿမိဳ႕ ကရာခ်ိမွာ တနဂၤေႏြေန႔က လူေပါင္းေထာင္ခ်ီ ခ်ီတက္ခဲ့ၾကၿပီး အီရန္တပ္မွဴး Qasim Soleimani သတ္ျဖတ္ခံရမႈကို ဆန္႔က်င္႐ႈတ္ခ်ေရးအတြက္ လံုၿခံဳေရး တင္းက်ပ္ထားတဲ့ အေမရိကန္ ေကာင္စစ္၀န္႐ုံးကို ဦးတည္ ခ်ီတက္ၾကတာမွာေတာ့ ရဲတပ္ဖြဲ႔နဲ႔ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။

အီရတ္ႏုိင္ငံ ၿမိဳ႕ေတာ္ ဘဂၢဒက္မွာ အေမရိကန္ရဲ႕ ေသာၾကာေန႔က ေလေၾကာင္းတိုက္ခုိက္မႈ တခုအတြင္း အီရန္ဗိုလ္ခ်ဳပ္ႀကီး Soleimani ေသဆံုးခဲ့မႈေၾကာင့္ အေမရိကန္နဲ႔ အီရန္ၾကား တင္းမာမႈက စိုးရိမ္ဖြယ္ အေျခအေနထိ တိုးလာေနတာပါ။

အီရန္ဗိုလ္ခ်ဳပ္ႀကီး ေသဆံုးခဲ့ရမႈအတြက္ လက္တံု႔ျပန္မယ္လို႔ အီရန္က အခိုင္အမာ ေျပာဆိုထားပါတယ္။

အမ်ိဳးသမီးေတြနဲ႔ ကေလးေတြ အပါအ၀င္ ရွီယာမြတ္စလင္ အမ်ားစုပါ၀င္တဲ့ တနဂၤေႏြေန႔ လူထုခ်ီတက္ပြဲမွာေတာ့ အေမရိကန္နဲ႔ အစၥေရးလ္ကို ဆန္႔က်င္ေႂကြးေၾကာ္ခဲ့ၾကၿပီး ပါကစၥတန္ ႐ုပ္သံေတြကလည္း လူထုခ်ီတက္ပြဲကို ထုတ္လႊင့္ျပသခဲ့ၾကပါတယ္။

ေသဆံုးခဲ့တဲ့ အီရန္ဗိုလ္ခ်ဳပ္ႀကီး Soleimani နဲ႔ အီရန္ ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei တို႔ရဲ႕ ႐ုပ္ပံုေတြကိုလည္း ကိုင္ေဆာင္ ခ်ီတက္ခဲ့ၾကပါတယ္။

ကရာခ်ိၿမိဳ႕က အာဏာပိုင္ေတြကေတာ့ အေမရိကန္ ေကာင္စစ္၀န္႐ုံးကို ဦးတည္ရာ လမ္းမႀကီးကို ပိတ္ဆို႔ၿပီး ရဲတပ္ဖြဲ႔အင္အား တိုးျမႇင့္ခ်ထားခဲ့ၿပီး အတားအဆီးေတြကို ဆႏၵျပသူေတြ မေက်ာ္ႏုိင္ေအာင္ ပိတ္ဆို႔ထားခဲ့ပါတယ္။

ညေနေစာင္းပိုင္းမွာ ဆႏၵျပပြဲ လူစုကြဲသြားခဲ့ၿပီး ထိခုိက္ဒဏ္ရာရမႈ အစီရင္ခံခ်က္ေတြေတာ့ မရွိပါဘူး။

အေမရိကန္တို႔အေနနဲ႔ အီရန္ကို ဆန္႔က်င္ဖို႔ ပါကစၥတန္ေျမကို အသံုးခ်ခြင့္မေပးဖို႔ ဆႏၵျပေခါင္းေဆာင္ေတြက အစိုးရကို တိုက္တြန္းၾကပါတယ္။

အေမရိကန္ရဲ႕ တိုက္ခုိက္မႈကို ႐ႈတ္ခ်တဲ့အေနနဲ႔ ၿမိဳ႕ေတာ္ အစၥလာမၼာဘတ္မွာလည္း လူတခ်ိဳ႕ ၿငိမ္းခ်မ္းစြာ စုေ၀း ဆႏၵျပခဲ့ၾကပါတယ္။

အီရန္ဗိုလ္ခ်ဳပ္ႀကီး Soleimani ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ အီရန္ၾကား တင္းမာမႈမွာ ဘယ္ဘက္ကမွ ရပ္တည္မွာ မဟုတ္ဘူးလို႔ ပါကစၥတန္ အစိုးရကေတာ့ တနဂၤေႏြေန႔မွာ ေျပာဆိုထားပါတယ္။

-----------------------------------

(Unicode)

ကန်ကောင်စစ်ဝန်ရုံး ပါကစ္စတန်မှာ ဆန္ဒပြခံရ

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမှာ တနင်္ဂနွေနေ့က လူပေါင်းထောင်ချီ ချီတက်ခဲ့ကြပြီး အီရန်တပ်မှူး Qasim Soleimani သတ်ဖြတ်ခံရမှုကို ဆန့်ကျင်ရှုတ်ချရေးအတွက် လုံခြုံရေး တင်းကျပ်ထားတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ဦးတည် ချီတက်ကြတာမှာတော့ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ အမေရိကန်ရဲ့ သောကြာနေ့က လေကြောင်းတိုက်ခိုက်မှု တခုအတွင်း အီရန်ဗိုလ်ချုပ်ကြီး Soleimani သေဆုံးခဲ့မှုကြောင့် အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုက စိုးရိမ်ဖွယ် အခြေအနေထိ တိုးလာနေတာပါ။

အီရန်ဗိုလ်ချုပ်ကြီး သေဆုံးခဲ့ရမှုအတွက် လက်တုံ့ပြန်မယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ရှီယာမွတ်စလင် အများစုပါဝင်တဲ့ တနင်္ဂနွေနေ့ လူထုချီတက်ပွဲမှာတော့ အမေရိကန်နဲ့ အစ္စရေးလ်ကို ဆန့်ကျင်ကြွေးကြော်ခဲ့ကြပြီး ပါကစ္စတန် ရုပ်သံတွေကလည်း လူထုချီတက်ပွဲကို ထုတ်လွှင့်ပြသခဲ့ကြပါတယ်။

သေဆုံးခဲ့တဲ့ အီရန်ဗိုလ်ချုပ်ကြီး Soleimani နဲ့ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei တို့ရဲ့ ရုပ်ပုံတွေကိုလည်း ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။

ကရာချိမြို့က အာဏာပိုင်တွေကတော့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ဦးတည်ရာ လမ်းမကြီးကို ပိတ်ဆို့ပြီး ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားခဲ့ပြီး အတားအဆီးတွေကို ဆန္ဒပြသူတွေ မကျော်နိုင်အောင် ပိတ်ဆို့ထားခဲ့ပါတယ်။

ညနေစောင်းပိုင်းမှာ ဆန္ဒပြပွဲ လူစုကွဲသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အစီရင်ခံချက်တွေတော့ မရှိပါဘူး။

အမေရိကန်တို့အနေနဲ့ အီရန်ကို ဆန့်ကျင်ဖို့ ပါကစ္စတန်မြေကို အသုံးချခွင့်မပေးဖို့ ဆန္ဒပြခေါင်းဆောင်တွေက အစိုးရကို တိုက်တွန်းကြပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချတဲ့အနေနဲ့ မြို့တော် အစ္စလာမ္မာဘတ်မှာလည်း လူတချို့ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

အီရန်ဗိုလ်ချုပ်ကြီး Soleimani သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုမှာ ဘယ်ဘက်ကမှ ရပ်တည်မှာ မဟုတ်ဘူးလို့ ပါကစ္စတန် အစိုးရကတော့ တနင်္ဂနွေနေ့မှာ ပြောဆိုထားပါတယ်။

VOA Burmese
https://burmese.voanews.com
ကန္ေကာင္စစ္၀န္႐ံုး ပါကစၥတန္မွာ ဆႏၵျပခံရ ကန္ေကာင္စစ္၀န္႐ံုး ပါကစၥတန္မွာ ဆႏၵျပခံရ Reviewed by THITHTOOLWIN on 03:41 Rating: 5
Powered by Blogger.