တ႐ုတ္သမၼတခရီး ျမန္မာျပည္အတြက္ ဘာေမွ်ာ္လင့္ႏိုင္

တ႐ုတ္သမၼတ Xi Jinping

(Zawgyi / Unicode)

တ႐ုတ္သမၼတ Xi Jinping ရဲ႕ ၂၀၂၀ ျပည့္ ႏွစ္သစ္အတြက္ ပထမဆံုး သြားေရာက္မယ့္ ျပည္ပႏုိင္ငံဟာ ျမန္မာႏုိင္ငံျဖစ္တဲ့အတြက္ ျမန္မာႏုိင္ငံအတြက္ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အလားအလာ ရလဒ္ေကာင္းေတြ ျမင္ရဖို႔ ေမွ်ာ္လင့္တယ္လို႔ တ႐ုတ္-ျမန္မာအေရး အကဲခတ္ေတြက သံုးသပ္လိုက္ပါတယ္။ ၁၉ ႏွစ္တာကာလအတြင္း တ႐ုတ္သမၼတ တဦးအေနနဲ႔ ျမန္မာႏုိင္ငံကို ပထမဆံုး ႏိုင္ငံေတာ္ခရီးစဥ္အျဖစ္ လာေရာက္တဲ့အေပၚ တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံ သံတမန္ေရးနဲ႔ ဘက္စံုပူးေပါင္း ေဆာင္ရြက္လာႏုိင္ေျခေတြအေပၚ အျမင္သေဘာထားေတြကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံဘက္က ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ တ႐ုတ္သမၼတ Xi Jinping ဟာ ျမန္မာႏုိင္ငံကုိ လာမယ့္ ဇန္န၀ါရီလ ၁၇ ကေန ၁၈ ရက္ေန႔အထိ ၂ ရက္ၾကာ ႏုိင္ငံေတာ္ခရီးစဥ္အျဖစ္ သြားေရာက္လည္ပတ္မယ့္အေၾကာင္း တ႐ုတ္ႏုိင္ငံျခားေရးဌာနက မေန႔ ေသာၾကာေန႔က တရား၀င္ ေၾကညာလိုက္တာပါ။ ကမာၻမွာေရာ ေဒသတြင္းမွာပါ ၾသဇာႀကီးမားတဲ့ တ႐ုတ္ႏုိင္ငံ သမၼတရဲ႕ ၂၀၂၀ ျပည့္ႏွစ္အတြက္ ပထမဆံုး ျပည္ပခရီးစဥ္ကို ေဒသတြင္းက ျမန္မာႏိုင္ငံကို သြားေရာက္ဖို႔ ေရြးခ်ယ္လိုက္တာဟာ တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံၾကား သံတမန္ေရးဆိုင္ရာ ထူးျခားမႈအျဖစ္ တ႐ုတ္-ျမန္မာအေရး အကဲခတ္ ေဒါက္တာလွေက်ာ္ေဇာက သံုးသပ္ပါတယ္။

“မေန႔က သူတုိ႔ေၾကညာခ်က္ထဲမွာ ထူးျခားခ်က္တခုပါတယ္။ အဲဒါက ဘာလဲဆုိေတာ့ သမၼတ Xi Jinping ရဲ႕ ၂၀၂၀ ႏွစ္သစ္မွာ ျပည္ပခရီးစဥ္ထဲမွာ ဒီ ဗမာျပည္ခရီးက ပထမဆုံးခရီးလို႔ ေျပာသြားတယ္။ ဒါက ဘာကိုေဖာ္ျပလဲဆုိေတာ့ တ႐ုတ္ရဲ႕ သံခင္းတမန္ခင္း လုပ္ဟန္ကုိၾကည့္ရင္ ဒီလို ျပည္ပခရီးစဥ္ကုိ ဒီႏွစ္အတြင္း ပထမဆုံးထြက္တာ ဒီႏွစ္တြင္းမွာ သူလုပ္မယ့္ ဦးစားေပးေဒသ၊ ဦးစားေပး ေရာင္ျပန္ဟပ္ခ်က္ပဲ။ ဒီဟာေတြကိုၾကည့္ၿပီး လူေတြက အကဲျဖတ္ႏုိင္တယ္။ အာရွတုိက္က ဗမာျပည္ကို အာဆီယံထဲက ဗမာျပည္ကုိလာတာ ထူးျခားခ်က္ေတြ ရွိမယ္လို႔ က်မထင္တယ္။ ဘာထူးျခားလဲဆုိေတာ့ ၂၀၂၀ မွာ တ႐ုတ္ရဲ႕ သံခင္းတမန္ခင္းအရ ဦးစားေပးလုပ္ငန္းက တစ္အခ်က္ RCEP၊ ေနာက္ ဒုတိယအခ်က္က အာဆီယံနဲ႔ တ႐ုတ္နဲ႔ ခ်ဳပ္ဆုိမယ့္ ေတာင္တ႐ုတ္ပင္လယ္တြင္းက Code of Conduct ေပါ့၊ အဲေတာ့ အဲဒီႏွစ္ခုလုံးမွာ ဗမာျပည္က အာဆီယံႏုိင္ငံေတြထဲမွာ ပါေနတယ္။ ဒီဘက္မွာ ျပႆနာတက္ေနတာ ဗမာျပည္ပဲ။ ဗမာျပည္ရဲ႕ အဓိကျပႆနာက ျပည္တြင္းၿငိမ္းခ်မ္းေရး မရွိဘူး။ ျပည္တြင္းတည္ၿငိမ္မႈ မရွိဘူး။ အဲဒီဟာကို ဦးစားေပးတဲ့ အေနနဲ႔ လာတာလို႔ က်မယူဆတယ္။”

တ႐ုတ္သမၼတရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္ကေန ရခိုင္ျပည္နယ္အေရးကိစၥလို ႏုိင္ငံတကာခံု႐ံုးအထိ သြားရင္ဆိုင္ေနရတဲ့ ျမန္မာႏုိင္ငံ လက္ရွိရင္ဆိုင္ေနရတဲ့ ႏုိင္ငံေရး အက်ပ္အတည္းေတြအေပၚ တနည္းတဖံု သက္ေရာက္မႈ ရွိႏိုင္ပါတယ္လို႔ တ႐ုတ္ႏိုင္ငံက တကၠသိုလ္ေတြမွာ ႏုိင္ငံေရးဆိုင္ရာ ေလ့လာခဲ့တဲ့ ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းက အခုလို ႐ႈျမင္ပါတယ္။

“က်ေနာ္တုိ႔ ျမန္မာႏုိင္ငံ စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္ဖို႔အတြက္လည္း အေရးႀကီး၊ သူတုိ႔အတြက္လည္း အေရးႀကီးတဲ့ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကၤံေပါ့ အဲဒီကိစၥ ေသေသခ်ာခ်ာ ေဆြးေႏြးလိမ့္မယ္ထင္တယ္။ သုံးခုေပါ့ အဓိကေတာ့ ၿငိမ္းခ်မ္းေရးကိစၥရယ္၊ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကၤံရယ္၊ အေနာက္ဘက္က ဘင္ဂါလီ အေရးကိစၥရယ္။ ၿငိမ္းခ်မ္းေရးကိစၥကလည္း သူမလာခင္မွာ ဆြန္းေကာ္ရွင္း သြားလည္တဲ့ဥစၥာ က်ေနာ္ခန္႔မွန္းတာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္သမၼတ ေတြ႔တဲ့အခါမွာ နည္းနည္း ခုိင္ခုိင္မာမာရွိတဲ့ ကတိတခုခု ေပးခ်င္ပုံရပါတယ္။ အဲဒါေၾကာင့္မုိ႔ သြားၿပီးေတာ့ ႀကိဳၿပီးေတာ့ ၾကည့္ထားတယ္လို႔ ထင္တယ္၊ ဒီအဖြဲ႔ေတြကုိ။ ဆုိလုိခ်င္တာကေတာ့ လာမယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ ပါဖုိ႔ဆုိတဲ့ဟာမ်ဳိးေပါ့။ တခုခု ထူးထူးျခားျခား ေျခလွမ္းတခု သိသိသာသာ တုိးလာတဲ့ဟာမ်ဳိးကုိ ရခ်င္လုိ႔ သြားၿပီးေတာ့ ညိႇႏႈိင္းတယ္လို႔ ထင္တယ္။”

ျမန္မာႏုိင္ငံ လက္ရွိရင္ဆိုင္ေနရတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈမွာ ႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈ ျပႆနာေတြကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ေရာ ျမန္မာအစိုးရ စစ္တပ္ၾကား ၾသဇာႀကီးမားတဲ့ တ႐ုတ္အစိုးရဘက္က ဘယ္လိုၾကားဝင္ ညိႇႏိႈင္းေျဖရွင္းမႈေတြ ေဆာင္ရြက္ႏိုင္မယ့္ အလားအလာ ရွိပါသလဲ။

တ႐ုတ္-ျမန္မာ နယ္စပ္တည္ၿငိမ္ေရး စီးပြားေရး ဖြ႔ံၿဖိဳးတုိးတက္ေရး စီမံကိန္းေတြအတြက္ တရားဥပေဒ စိုးမိုးေရးေတြအတြက္ တ႐ုတ္ဘက္က စြမ္းေဆာင္ႏုိင္သေလာက္ ဝင္ေရာက္ေဆာင္ရြက္ႏိုင္မယ့္ အလားအလာ ရွိတယ္လို႔ ေဒါက္တာလွေက်ာ္ေဇာက ေျပာပါတယ္။

“ဗမာနဲ႔ Economic Corridor ဆုိပါေတာ့ အဲဒီလမ္း ျဖတ္သြားမယ့္ လမ္းတေလွ်ာက္မွာ အကုန္လုံးက လက္နက္ကုိင္ ေတာ္လွန္ေရး အင္အားစုေတြ ရွိတဲ့လမ္းေတြျဖစ္တယ္။ အဲေတာ့ ဒီစာခ်ဳပ္ေတြကို လုပ္မယ္ဆုိရင္ စစ္တပ္ေရာ၊ အစိုးရေရာ၊ လက္နက္ကုိင္အဖြဲ႔အစည္းေတြေရာ စားပြဲဝုိင္းမွာထုိင္ၿပီး ေဆြးေႏြးၾကရမယ့္ ကိစၥေတြေပါ့။ လက္နက္ကုိင္ အဖြဲ႔အစည္းေတြ အခ်င္းခ်င္းၾကား။ ဗမာ့တပ္မေတာ္နဲ႔ လက္နက္ကုိင္ အဖြဲ႔အစည္းေတြနဲ႔ပဲျဖစ္ျဖစ္၊ ဗမာ့တပ္မေတာ္ရယ္ လက္နက္ကုိင္အဖြဲ႔အစည္းရယ္ အစုိးရရယ္ပဲျဖစ္ျဖစ္ အဲလို ေဆြးေႏြးရင္း ေဆြးေႏြးရင္းနဲ႔ ဘုံသေဘာတူညီခ်က္ ရေအာင္ ရွာလာႏုိင္မယ္လို႔ သူတုိ႔ တြက္ပုံရတယ္။ မေန႔ကေျပာသြားတဲ့ အထဲမွာေတာ့ ဖြံ႔ၿဖဳိးတုိးတက္ေရး မွ်ေဝဖုိ႔အတြက္ သြားတာပါဆုိၿပီး ေျပာတယ္။ အဲေတာ့ ဖြံ႔ၿဖဳိးတုိးတက္ေရး ရရွိဖုိ႔ဆုိ တည္ၿငိမ္ေရးက အဓိက ျဖစ္တာကုိး။ တည္ၿငိမ္ေရး ရရွိဖုိ႔အတြက္လည္း နည္းလမ္းေတြ ေဆြးေႏြးပြဲေတြ အျပန္အလွန္ ထိန္းညိႇမႈေတြ ျဖစ္လာႏုိင္မယ္လို႔ ထင္တယ္။ ၿငိမ္းခ်မ္းေရးအတြက္ေတာ့ အလားအလာေကာင္းေတြ ေပၚထြက္လာႏုိင္မယ္လို႔ ထင္ပါတယ္။”

တ႐ုတ္သမၼတ ျမန္မာႏုိင္ငံကုိ ပထမဆုံး သြားေရာက္လည္ပတ္မယ့္ ဒီခရီးစဥ္အတြင္း ျမန္မာသမၼတ ဦး၀င္းျမင့္၊ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔အျပင္ အစုိးရနဲ႔ တပ္မေတာ္ ထိပ္တန္းအရာရွိေတြကုိလည္း ေတြ႔ဆုံမွာျဖစ္ေၾကာင္း တ႐ုတ္ ဒုတိယ ႏုိင္ငံျခားေရး၀န္ႀကီး Luo Zhaohui က ေျပာပါတယ္။ ဒါ့အျပင္တ႐ုတ္နဲ႔ ျမန္မာႏုိင္ငံအၾကား ၿငိမ္းခ်မ္းစြာ အတူတကြ ယွဥ္တြဲေနထုိင္ေရးဆုိတဲ့ အေျခခံမူ ၅ ခ်က္ကုိ ဆုပ္ကုိင္ထားၿပီး ႏွစ္ႏုိင္ငံအၾကား ႏုိင္ငံေရးအရ အျပန္အလွန္ ယုံၾကည္မႈ၊ စီးပြားေရးအရ နက္႐ႈိင္းစြာ ပူးေပါင္းေဆာင္ရြက္မႈေတြအျပင္ ေဒသတြင္းနဲ႔ ႏုိင္ငံတကာေရးရာေတြမွာ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ဒုတိယ၀န္ႀကီး Luo က အေလးထား ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္အစုိးရအာေဘာ္ Global Times သတင္းစာကလည္း ၂၀၂၀ ျပည့္ႏွစ္ဟာ တ႐ုတ္နဲ႔ ျမန္မာ သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ အႏွစ္ ၇၀ ျပည့္ ျဖစ္တဲ့အတြက္ တ႐ုတ္ႏုိင္ငံက အကဲခတ္ေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြက အခုခရီးစဥ္ဟာ အေရးပါလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

-----------------------------------

(Unicode)

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အကဲခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ရေးနဲ့ ဘက်စုံပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ Xi Jinping ဟာ မြန်မာနိုင်ငံကို လာမယ့် ဇန်နဝါရီလ ၁၇ ကနေ ၁၈ ရက်နေ့အထိ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဌာနက မနေ့ သောကြာနေ့က တရားဝင် ကြေညာလိုက်တာပါ။ ကမ္ဘာမှာရော ဒေသတွင်းမှာပါ သြဇာကြီးမားတဲ့ တရုတ်နိုင်ငံ သမ္မတရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်ကို ဒေသတွင်းက မြန်မာနိုင်ငံကို သွားရောက်ဖို့ရွေးချယ်လိုက်တာဟာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား သံတမန်ရေးဆိုင်ရာ ထူးခြားမှုအဖြစ် တရုတ်-မြန်မာအရေး အကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“မနေ့က သူတို့ကြေညာချက်ထဲမှာ ထူးခြားချက်တခုပါတယ်။ အဲဒါက ဘာလဲဆိုတော့ သမ္မတ Xi Jinping ရဲ့ ၂၀၂၀ နှစ်သစ်မှာ ပြည်ပခရီးစဉ်ထဲမှာ ဒီ ဗမာပြည်ခရီးက ပထမဆုံးခရီးလို့ ပြောသွားတယ်။ ဒါက ဘာကိုဖော်ပြလဲဆိုတော့ တရုတ်ရဲ့ သံခင်းတမန်ခင်း လုပ်ဟန်ကိုကြည့်ရင် ဒီလို ပြည်ပခရီးစဉ်ကို ဒီနှစ်အတွင်း ပထမဆုံးထွက်တာ ဒီနှစ်တွင်းမှာ သူလုပ်မယ့် ဦးစားပေးဒေသ၊ ဦးစားပေး ရောင်ပြန်ဟပ်ချက်ပဲ။ ဒီဟာတွေကိုကြည့်ပြီး လူတွေက အကဲဖြတ်နိုင်တယ်။ အာရှတိုက်က ဗမာပြည်ကို အာဆီယံထဲက ဗမာပြည်ကိုလာတာ ထူးခြားချက်တွေ ရှိမယ်လို့ ကျမထင်တယ်။ ဘာထူးခြားလဲဆိုတော့ ၂၀၂၀ မှာ တရုတ်ရဲ့ သံခင်းတမန်ခင်းအရ ဦးစားပေးလုပ်ငန်းက တစ်အချက် RCEP၊ နောက် ဒုတိယအချက်က အာဆီယံနဲ့ တရုတ်နဲ့ ချုပ်ဆိုမယ့် တောင်တရုတ်ပင်လယ်တွင်းက Code of Conduct ပေါ့၊ အဲတော့ အဲဒီနှစ်ခုလုံးမှာ ဗမာပြည်က အာဆီယံနိုင်ငံတွေထဲမှာ ပါနေတယ်။ ဒီဘက်မှာ ပြဿနာတက်နေတာ ဗမာပြည်ပဲ။ ဗမာပြည်ရဲ့ အဓိကပြဿနာက ပြည်တွင်းငြိမ်းချမ်းရေး မရှိဘူး။ ပြည်တွင်းတည်ငြိမ်မှု မရှိဘူး။ အဲဒီဟာကို ဦးစားပေးတဲ့ အနေနဲ့ လာတာလို့ ကျမယူဆတယ်။”

တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ရခိုင်ပြည်နယ်အရေးကိစ္စလို နိုင်ငံတကာခုံရုံးအထိ သွားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေအပေါ် တနည်းတဖုံ သက်ရောက်မှု ရှိနိုင်ပါတယ်လို့ တရုတ်နိုင်ငံက တက္ကသိုလ်တွေမှာ နိုင်ငံရေးဆိုင်ရာ လေ့လာခဲ့တဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက အခုလို ရှုမြင်ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အရေးကြီး၊ သူတို့အတွက်လည်း အရေးကြီးတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပေါ့ အဲဒီကိစ္စ သေသေချာချာ ဆွေးနွေးလိမ့်မယ်ထင်တယ်။ သုံးခုပေါ့ အဓိကတော့ ငြိမ်းချမ်းရေးကိစ္စရယ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရယ်၊ အနောက်ဘက်က ဘင်ဂါလီ အရေးကိစ္စရယ်။ ငြိမ်းချမ်းရေးကိစ္စကလည်း သူမလာခင်မှာ ဆွန်းကော်ရှင်း သွားလည်တဲ့ဥစ္စာ ကျနော်ခန့်မှန်းတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့တဲ့အခါမှာ နည်းနည်း ခိုင်ခိုင်မာမာရှိတဲ့ ကတိတခုခု ပေးချင်ပုံရပါတယ်။ အဲဒါကြောင့်မို့ သွားပြီးတော့ ကြိုပြီးတော့ ကြည့်ထားတယ်လို့ ထင်တယ်၊ ဒီအဖွဲ့တွေကို။ ဆိုလိုချင်တာကတော့ လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဖို့ဆိုတဲ့ဟာမျိုးပေါ့။ တခုခု ထူးထူးခြားခြား ခြေလှမ်းတခု သိသိသာသာ တိုးလာတဲ့ဟာမျိုးကို ရချင်လို့ သွားပြီးတော့ ညှိနှိုင်းတယ်လို့ ထင်တယ်။”

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ပြဿနာတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော မြန်မာအစိုးရ စစ်တပ်ကြား သြဇာကြီးမားတဲ့ တရုတ်အစိုးရဘက်က ဘယ်လိုကြားဝင် ညှိနှိုင်းဖြေရှင်းမှုတွေ ဆောင်ရွက်နိုင်မယ့် အလားအလာ ရှိပါသလဲ။

တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် တရားဥပဒေ စိုးမိုးရေးတွေအတွက် တရုတ်ဘက်က စွမ်းဆောင်နိုင်သလောက် ဝင်ရောက်ဆောင်ရွက်နိုင်မယ့် အလားအလာ ရှိတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ဗမာနဲ့ Economic Corridor ဆိုပါတော့ အဲဒီလမ်း ဖြတ်သွားမယ့် လမ်းတလျှောက်မှာ အကုန်လုံးက လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ရှိတဲ့လမ်းတွေဖြစ်တယ်။ အဲတော့ ဒီစာချုပ်တွေကို လုပ်မယ်ဆိုရင် စစ်တပ်ရော၊ အစိုးရရော၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရော စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးကြရမယ့် ကိစ္စတွေပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်းကြား။ ဗမာ့တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဗမာ့တပ်မတော်ရယ် လက်နက်ကိုင်အဖွဲ့အစည်းရယ် အစိုးရရယ်ပဲဖြစ်ဖြစ် အဲလို ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ဘုံသဘောတူညီချက် ရအောင် ရှာလာနိုင်မယ်လို့ သူတို့ တွက်ပုံရတယ်။ မနေ့ကပြောသွားတဲ့ အထဲမှာတော့ ဖွံ့ဖြိုးတိုးတက်ရေး မျှဝေဖို့အတွက် သွားတာပါဆိုပြီး ပြောတယ်။ အဲတော့ ဖွံ့ဖြိုးတိုးတက်ရေး ရရှိဖို့ဆို တည်ငြိမ်ရေးက အဓိက ဖြစ်တာကိုး။ တည်ငြိမ်ရေး ရရှိဖို့အတွက်လည်း နည်းလမ်းတွေ ဆွေးနွေးပွဲတွေ အပြန်အလှန် ထိန်းညှိမှုတွေ ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ ငြိမ်းချမ်းရေးအတွက်တော့ အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။”

တရုတ်သမ္မတ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်လည်ပတ်မယ့် ဒီခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အစိုးရနဲ့ တပ်မတော် ထိပ်တန်းအရာရှိတွေကိုလည်း တွေ့ဆုံမှာဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luo Zhaohui က ပြောပါတယ်။ ဒါ့အပြင်တရုတ်နဲ့ မြန်မာနိုင်ငံအကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အခြေခံမူ ၅ ချက်ကို ဆုပ်ကိုင်ထားပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေးအရ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး Luo က အလေးထား ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရအာဘော် Global Times သတင်းစာကလည်း ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်နဲ့ မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ အနှစ် ၇၀ ပြည့် ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက အကဲခတ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက အခုခရီးစဉ်ဟာ အရေးပါလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

မဆုမြန္/VOA Burmese
https://burmese.voanews.com
တ႐ုတ္သမၼတခရီး ျမန္မာျပည္အတြက္ ဘာေမွ်ာ္လင့္ႏိုင္ တ႐ုတ္သမၼတခရီး ျမန္မာျပည္အတြက္ ဘာေမွ်ာ္လင့္ႏိုင္ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.