ကခ်င္ဆရာမႏွစ္ဦး အသတ္ခံရမႈ အမႈမွန္ေပၚေပါက္ဖို႔ ေတာင္းဆို

(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ ေကာင္းခါးေက်း႐ြာမွာ ေစတနာ့ဝန္ထမ္း ကခ်င္ဆရာမ ႏွစ္ဦး အဓမၼျပဳက်င့္ အသတ္ခံခဲ့ရမႈ အမႈမွန္ေပၚေပၚဖို႔ မိသားစုဝင္ေတြနဲ႔ အမႈမွန္ေပၚေပါက္ေရးေကာ္မတီက ဒီေန႔ ေတာင္းဆို လိုက္ပါတယ္။

ကခ်င္ဆရာမ ႏွစ္ဦး အသတ္ခံရမႈ ငါးႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ အခမ္းအနားကို ျမစ္ႀကီးနားၿမိဳ႕နယ္ ေဂ်ာ္ဘြမ္ေတာင္မွာ ဒီေန႔ က်င္းပခဲ့ပါတယ္။

အမႈမွန္ေပၚေပါက္ဖို႔အတြက္ အျဖစ္မွန္ကို ထြက္ဆိုေပးဖို႔ ေကာင္းခါ႐ြာက အုပ္ခ်ဳပ္ေရးမႉး နဲ႔ ႐ြာသူ႐ြာသားေတြကို မိသားစုဝင္ေတြနဲ႔ အမႈမွန္ေပၚေပါက္ေရး ေကာ္မတီက တိုက္တြန္းလိုက္ပါတယ္။

ေကာင္းခါ႐ြာက အုပ္ခ်ဳပ္ေရးမႉးနဲ႔ ႐ြာသူ႐ြာသားေတြက အျဖစ္မွန္ကို ေျပာျပႏိုင္မွ အမႈအတြက္ တရား႐ုံးမွာ တရားစြဲဆိုလို႔ရမွာလို႔ KBC ဥကၠ႒ သိကၡာေတာ္ရ ဆရာေတာ္ Rev. ေဒါက္တာ ခလမ္ဆမ္ဆြန္က ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္ခန႔္ကစၿပီး အမႈအေျခအေန တိုးတက္မႈ မရွိေတာ့ဘူးလို႔လည္း ေဒါက္တာခလမ္ဆမ္ဆြန္ က ေျပာပါတယ္။

အမႈ စျဖစ္ခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္က ပူးေပါင္းကူညီခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ပူးေပါင္းမႈ အားနည္းသြားတဲ့အတြက္ အမႈအတြက္ ေရွ႕ေနေတြ ဆက္လက္ေဆာင္႐ြက္ဖို႔ ခက္ခဲသြားတယ္လို႔လည္း သိရပါတယ္။

ေစတနာ့ ဝန္ထမ္းဆရာမ ႏွစ္ဦးျဖစ္တဲ့ မရန္လုရာနဲ႔ ေခါန္နန္စင္တို႔ ႏွစ္ဦးဟာ၂၀၁၄-၂၀၁၅ ပညာသင္ႏွစ္မွာ မူဆယ္ခ႐ိုင္ ေကာင္းခါးေက်း႐ြာက မူလတန္းေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနစဥ္ ၂၀၁၅  ဇန္နဝါရီ ၁၉ရက္ေန႔ ညသန္းေခါင္မွာ လူတစ္စုရဲ႕ မုဒိန္းက်င့္ သတ္ျဖတ္ခံခဲ့ရတာပါ။

ဆရာမလုရာ အစ္မ ျဖစ္သူ ေဒၚဆန္လုံကလည္း အမႈအတြက္ သက္ေသဟာ အေရးႀကီးဆုံးျဖစ္တဲ့အတြက္ ႐ြာသူ႐ြာသားေတြအေနနဲ႔ အျဖစ္မွန္ကို ထြက္ဆိုေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ဆရာမ ေခါန္နန္စင္ဟာ အစိုးရတပ္မေတာ္နဲ႔ ေကအိုင္ေအတို႔ ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေၾကာင့္ ၂၀၁၂ ခုႏွစ္က ဂ်န္မိုင္ေကာင့္ အသင္းေတာ္ စစ္ေရွာင္စခန္းကို ထြက္ေျပးတမ္းေရွာင္ခဲ့ၿပီး အဲဒီစစ္ေရွာင္စခန္းမွာ မူႀကိဳဆရာမအျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ မူဆယ္ခ႐ိုင္ ေကာင္းခါးေက်း႐ြာကို ေျပာင္းေ႐ႊ႕ခဲ့ရတာပါ။

ဆရာမလုရာဟာ ၂၀၁၃-၂၀၁၄ ခုႏွစ္မွာ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ ခင္ဒူယန္ေက်း႐ြာ ႏွစ္ျခင္းခရစ္ယာန္သာသနာ မူလတန္းေက်ာင္းဆရာမအျဖစ္ လုပ္ခဲ့သူပါ။

အမႈမွန္ေပၚပါက္ဖို႔ အစိုးရအေနနဲ႔ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးဖို႔ ဆရာမ ေခါန္နန္စင္ အေမ ျဖစ္သူ ေဒၚလုဘူ က ေတာင္းဆိုပါတယ္။

အမႈမွန္ ေပၚေပါက္ေရးအတြက္ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ မစၥယန္ဟီးလီကို အမႈအေျခအေနနဲ႔ ပတ္သက္လို႔ မေန႔က တင္ျပထားတယ္လို႔ သိရပါတယ္။

ကခ်င္ဆရာမ ႏွစ္ဦးအသတ္ခံခဲ့ရတဲ့ေန႔က ခမရ ၅၀၃ တပ္မေတာ္စစ္ေၾကာင္း ေကာင္းခါးေက်းရာမွာ ရွိေနတာေၾကာင့္ အဲဒီထဲက တပ္မေတာ္သားေတြကို စစ္ေဆးေမးျမန္းခြင့္ျပဳဖို႔ KBC ေခါင္းေဆာင္ေတြက ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ကို ေတာင္းဆိုခဲ့ဖူးပါတယ္။

အဲဒီအခ်ိန္က ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွာ တာဝန္က်ေနတဲ့ ရဲမႉးႀကီး ေအာင္ျမတ္မိုးကေတာ့ တပ္မေတာ္သား ၂၈ ဦးကို စစ္ေဆးထားၿပီး အဲဒီတပ္မေတာ္သားေတြရဲ႕ မ်ိဳး႐ိုးဗီဇနဲ႔ ဆံပင္နမူနာေတြ ရယူထားေၾကာင္းသာ အေၾကာင္းျပန္ခဲ့ပါတယ္။ ကခ်င္ဆရာမ ႏွစ္ဦး အသတ္ခံရၿပီးေနာက္ေန႔မနက္မွာ တပ္မေတာ္ စစ္ေၾကာင္းက ႐ြာကေန ထြက္ခြာသြားသလို အဲဒီအခ်ိန္က ႐ြာကေန ထြက္ေျပးသြားတဲ့ ေက်း႐ြာသားတခ်ိဳ႕လည္းရွိေၾကာင္း အဲဒီအခ်ိန္က အမႈကို စစ္ေဆးခဲ့တဲ့ အာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။

ဒီအမႈနဲ႔ ပတ္သက္လို႔ အဲဒီအခ်ိန္က ေကာင္းခါး႐ြာမွာရွိေနတဲ့ တပ္မေတာ္သားေတြကို စစ္ေဆးေမးျမန္းထားတဲ့ ေနာက္ဆက္တြဲအေျခအေနကို သိရွိႏိုင္ဖို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ေမးျမန္းဖို႔ ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

၂၀၁၇ ခုႏွစ္ကလည္း ၿဗိတိန္အေျခစိုက္ လူ႔အခြင့္အေရးလႈပ္ရွားတဲ့ Burma Campaign UK အဖြဲ႕က လူေပါင္း ၃၂၀၀ ေက်ာ္ လက္မွတ္ေရးထိုးၿပီး ဒီဆရာမ ႏွစ္ဦး အသတ္ခံရမႈမွာ အမႈမွန္ေပၚေပါက္ေရးအတြက္ အကူအညီေပးဖို႔ ၿဗိတိန္အစိုးရကို ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိအခ်ိန္ ငါးႏွစ္ျပည့္တဲ့အထိ တရားခံေတြကို ေဖာ္ထုတ္ဖမ္းဆီး အေရးယူတာေတြ မရွိေသးတာေၾကာင့္ ေဒသခံေတြနဲ႔ KBC ေခါင္းေဆာင္ေတြက ေဝဖန္ေျပာဆိုေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ဖို့ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရမှု အမှုမှန်ပေါ်ပေါ်ဖို့ မိသားစုဝင်တွေနဲ့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ဒီနေ့ တောင်းဆို လိုက်ပါတယ်။

ကချင်ဆရာမ နှစ်ဦး အသတ်ခံရမှု ငါးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မြစ်ကြီးနားမြို့နယ် ဂျော်ဘွမ်တောင်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အမှုမှန်ပေါ်ပေါက်ဖို့အတွက် အဖြစ်မှန်ကို ထွက်ဆိုပေးဖို့ ကောင်းခါရွာက အုပ်ချုပ်ရေးမှူး နဲ့ ရွာသူရွာသားတွေကို မိသားစုဝင်တွေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

ကောင်းခါရွာက အုပ်ချုပ်ရေးမှူးနဲ့ ရွာသူရွာသားတွေက အဖြစ်မှန်ကို ပြောပြနိုင်မှ အမှုအတွက် တရားရုံးမှာ တရားစွဲဆိုလို့ရမှာလို့ KBC ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် Rev. ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး အမှုအခြေအနေ တိုးတက်မှု မရှိတော့ဘူးလို့လည်း ဒေါက်တာခလမ်ဆမ်ဆွန် က ပြောပါတယ်။

အမှု စဖြစ်ချိန်မှာတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ပူးပေါင်းကူညီခဲ့ပေမယ့် နောက်ပိုင်းမှာ ပူးပေါင်းမှု အားနည်းသွားတဲ့အတွက် အမှုအတွက် ရှေ့နေတွေ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲသွားတယ်လို့လည်း သိရပါတယ်။

စေတနာ့ ဝန်ထမ်းဆရာမ နှစ်ဦးဖြစ်တဲ့ မရန်လုရာနဲ့ ခေါန်နန်စင်တို့ နှစ်ဦးဟာ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ မူဆယ်ခရိုင် ကောင်းခါးကျေးရွာက မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၅  ဇန်နဝါရီ ၁၉ရက်နေ့ ညသန်းခေါင်မှာ လူတစ်စုရဲ့ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။

ဆရာမလုရာ အစ်မ ဖြစ်သူ ဒေါ်ဆန်လုံကလည်း အမှုအတွက် သက်သေဟာ အရေးကြီးဆုံးဖြစ်တဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ အဖြစ်မှန်ကို ထွက်ဆိုပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဆရာမ ခေါန်နန်စင်ဟာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ၂၀၁၂ ခုနှစ်က ဂျန်မိုင်ကောင့် အသင်းတော် စစ်ရှောင်စခန်းကို ထွက်ပြေးတမ်းရှောင်ခဲ့ပြီး အဲဒီစစ်ရှောင်စခန်းမှာ မူကြိုဆရာမအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မူဆယ်ခရိုင် ကောင်းခါးကျေးရွာကို ပြောင်းရွှေ့ခဲ့ရတာပါ။

ဆရာမလုရာဟာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်ကျေးရွာ နှစ်ခြင်းခရစ်ယာန်သာသနာ မူလတန်းကျောင်းဆရာမအဖြစ် လုပ်ခဲ့သူပါ။

အမှုမှန်ပေါ်ပါက်ဖို့ အစိုးရအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ဆရာမ ခေါန်နန်စင် အမေ ဖြစ်သူ ဒေါ်လုဘူ က တောင်းဆိုပါတယ်။

အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို အမှုအခြေအနေနဲ့ ပတ်သက်လို့ မနေ့က တင်ပြထားတယ်လို့ သိရပါတယ်။

ကချင်ဆရာမ နှစ်ဦးအသတ်ခံခဲ့ရတဲ့နေ့က ခမရ ၅၀၃ တပ်မတော်စစ်ကြောင်း ကောင်းခါးကျေးရာမှာ ရှိနေတာကြောင့် အဲဒီထဲက တပ်မတော်သားတွေကို စစ်ဆေးမေးမြန်းခွင့်ပြုဖို့ KBC ခေါင်းဆောင်တွေက ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ဖူးပါတယ်။

အဲဒီအချိန်က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှာ တာဝန်ကျနေတဲ့ ရဲမှူးကြီး အောင်မြတ်မိုးကတော့ တပ်မတော်သား ၂၈ ဦးကို စစ်ဆေးထားပြီး အဲဒီတပ်မတော်သားတွေရဲ့ မျိုးရိုးဗီဇနဲ့ ဆံပင်နမူနာတွေ ရယူထားကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။ ကချင်ဆရာမ နှစ်ဦး အသတ်ခံရပြီးနောက်နေ့မနက်မှာ တပ်မတော် စစ်ကြောင်းက ရွာကနေ ထွက်ခွာသွားသလို အဲဒီအချိန်က ရွာကနေ ထွက်ပြေးသွားတဲ့ ကျေးရွာသားတချို့လည်းရှိကြောင်း အဲဒီအချိန်က အမှုကို စစ်ဆေးခဲ့တဲ့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အဲဒီအချိန်က ကောင်းခါးရွာမှာရှိနေတဲ့ တပ်မတော်သားတွေကို စစ်ဆေးမေးမြန်းထားတဲ့ နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ဖို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

၂၀၁၇ ခုနှစ်ကလည်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ Burma Campaign UK အဖွဲ့က လူပေါင်း ၃၂၀၀ ကျော် လက်မှတ်ရေးထိုးပြီး ဒီဆရာမ နှစ်ဦး အသတ်ခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် အကူအညီပေးဖို့ ဗြိတိန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန် ငါးနှစ်ပြည့်တဲ့အထိ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီး အရေးယူတာတွေ မရှိသေးတာကြောင့် ဒေသခံတွေနဲ့ KBC ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

RFA Burmese
https://www.rfa.org
ကခ်င္ဆရာမႏွစ္ဦး အသတ္ခံရမႈ အမႈမွန္ေပၚေပါက္ဖို႔ ေတာင္းဆို ကခ်င္ဆရာမႏွစ္ဦး အသတ္ခံရမႈ အမႈမွန္ေပၚေပါက္ဖို႔ ေတာင္းဆို Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.