၂၀၀၈ ဖဲြ႕စည္းပံု ျပင္ဆင္ေရးဥပေဒၾကမ္း လႊတ္ေတာ္တင္သြင္း


(Zawgyi/ Unicode)

ပုဒ္မ ၁၀၀ေက်ာ္ ျပင္ဆင္ထားတဲ့ ၂၀၀၈ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္း ကို ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ျပည္ေထာင္စုလႊတ္ေတာ္ထံ တင္သြင္းလိုက္ ပါတယ္။ အခ်က္ေပါင္း ၃၀၀၀ေက်ာ္ျပင္ဆင္ဖို႔ လ်ာထားရာကေန ပုဒ္မ ၁၀၀ေက်ာ္သာ ျပင္ဆင္ဖို႔ တင္သြင္းလာမႈ အေပၚ ေဝဖန္မႈေတြ ရွိေနပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ေမခက တင္ျပထားပါတယ္။

လႊတ္ေတာ္တြင္းတပ္ကိုယ္စားလွယ္ ပါဝင္ႏႈန္းေလ်ာ့ဖို႔ လုပ္ေဆာင္တာ၊ စစ္အုပ္ခ်ဳပ္ေရးတုန္း က ဖြဲ႔ထားတဲ့ တပ္မေတာ္အပါအဝင္ ဌာနဆိုင္ရာ အဖြဲ႔ေတြ ႏိုင္ငံ့ဝန္ထမ္း အခ်ိဳ႕ြကို စိတ္ႀကိဳက္ တာဝန္ထမ္းေဆာင္ခြင့္ ေပးထားတဲ့ ဥပေဒေတြပယ္ဖ်က္တာ ေတြပါဝင္တဲ့ ဖြ႔ဲစည္းပံု ျပင္ဆင္ေရးမူၾကမ္းကို ဒီကေန႔ က်င္းပတဲ့ ျပည္ေထာင္စုလႊတ ္ေတာ္ အစည္းအေဝးမွာ တင္ခဲ့တာပါ။

“ ထူးျခားတာက အခန္း ၁၄ေပါ့ေနာ္ အသြင္ကူးေျပာင္းေရးကာလ ျပဌာန္းခ်က္မ်ား တခုလံုးမရွိေတာ့ဘူး။ ဒါကေတာ့ တင္ခဲ့တဲ့ ဥပေဒၾကမ္း ၂ရပ္အေပၚမွာ အက်ဥ္းခ်ဳပ္ေပါ့ေနာ္။ အက်ယ္ကေတာ့ စုစုေပါင္းဆိုရင္ ၁၁၂ ခ်က္ရွိပါတယ္။ ၄၃၆(က)(ခ)ႏွစ္ခုေပါင္း ရင္ ၁၁၂ ခ်က္ရွိပါတယ္။”

တည္ဆဲ ဖြဲ႔စည္းပံုွ ဥပေဒျပဌာန္းခ်က္အရဥပေဒၾကမ္းတခု ျပင္မယ္ဆို ျပည္လံုးကၽြတ္ဆႏၵခံယူၿပီး သေဘာတူမွသာ ျပင္ဆင္ႏိုင္တဲ့ ဥပေဒေတြနဲ႔ ျပည္လံုးကၽြတ္ခံယူစရာမလိုဘဲ ျပင္ဆင္ႏုိင္

တဲ့ ဥပေဒ ေတြ ဆိုၿပီး၂ခု ခြဲတင္ရမယ္လို႔ ျပဌာန္းထားတာေၾကာင့္ ဥပေဒၾကမ္း ၂ခု တင္ခဲ့တာျဖစ္တယ္လို႔ ဝင္တယ္လို႔ ဖြဲ႔စည္းပံု ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ အတြင္းေရးမႈး ေဒါက္တာျမတ္ညဏစိုးကေျပာပါတယ္။

ခုတင္သြင္းလိုက္တဲ့ ျပင္ဆင္ေရးဥပေဒၾကမ္းမွာ ထူးျခားခ်က္ တခုပါဝင္တယ္လို႔ သူက ခုလိုေျပာျပလာပါတယ္။

တင္သြင္းလိုက္တဲ့ဒီဥပေဒၾကမ္းေတြမွာ အမ်ိဳးသားကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီလို႔ ေခၚတဲ့ လက္ရွိ ကာလံုဖြဲ႕စည္းမႈကို တိုးတာနဲ႔ လႊတ္ေတာ္ တြင္း တပ္မေတာ္ကိုယ္စား လွယ္ပါဝင္ႏႈန္း ကိုေလ်ာ့ခ်တာ စတာေတြပါဝင္တယ္လို႔ ေဒါက္တာျမတ္ညဏစိုးကေျပာပါတယ္။

“ျပည္သူ႔လႊတ္ေတာ္နဲ႔အမ်ိဳးသားလႊတ္ေတာ္ ဒုဥကၠဌေတြ ကို ျဖည့္စြက္ၿပီးေတာ့ ထပ္ထည့္ဖို႔ ျပင္ဆင္ထားတာရွိပါတယ္။ ႏိုင္ငံေတာ္လံုၿခံဳေရးနဲ႔ တာ၀န္ကို ထမ္းေဆာင္ရတဲ့ ၀န္ႀကီးဌာနမ်ိဳးမဟုတ္ပဲနဲ႔ နယ္စပ္ေဒသကိုလည္း တာ၀န္ယူေဆာင္ရြက္ရတဲ့ ၀န္ႀကီးဌာန ျဖစ္တဲ့အတြက္ နယ္စပ္ေရးရာ၀န္ႀကီးကိုေရာ ဒီအဖြဲ႔အစည္းထဲကေန က ပယ္ဖ်က္ဖို႔အတြက္ ျပင္ဆင္ထားတာရွိပါတယ္။ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ပါဝင္ႏႈန္း ကို အခု ၂၅ ရာခိုင္ႏႈန္းကေန တတိယအႀကိမ္လႊတ္ေတာ္ သက္တမ္းမွာေတာ့ ၁၅ရာခိုင္ႏႈန္း၊ ၂၅ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းကို ေျပာင္းသြားမွာ စတုတၳအႀကိမ္လႊတ္ေတာ္သက္တမ္းဆိုရင္ ၁၀ရာခိုင္ႏႈန္းနဲ႔ တင္ျပထားတာရွိပါတယ္။”

တင္သြင္းလာတဲ့ ျပင္ဆင္ေရးဥပေဒၾကမ္းဟာရည္ရြယ္ခ်က္ စည္းစနစ္မရွိေရးဆြဲခဲ့ ၿပီး တိုင္းရင္းသားေတြနဲ႔ ျပည္သူေတြပါဝင္ခြင့္မရွိ ဘဲ အႏိုင္ရ ပါတီလိုလား ခ်က္ ေတြကိုသာ ျပင္ဆင္ဖို႔ တင္သြင္းတာ ျဖစ္တယ္လို႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယ ဗိုလ္မွဴးႀကီး မ်ိဳးထက္ဝင္းက ေဝဖန္လိုက္ပါတယ္။

“All Inclusive ပါ၀င္ေအာင္ လုပ္မယ္ဆိုေပမယ့္လည္း NLD ကျပင္ခ်င္တဲ့ ၁၁၄ခ်က္ကိုဘဲ ျပင္ဆင္တဲ့ မူၾကမ္းဆိုၿပီးေတာ့မွ တင္လာတာက ျပည္သူကို နားလွည္႔ပါးရိုက္တဲ့ သေဘာျဖစ္ေနတယ္လို႔ ျမင္ပါတယ္”

၂၀၁၉ ဒီဇင္ဘာတုန္းက ဥပေဒနဲ႔ မညီတဲ့ ဖြဲ႕စည္းပုံျပင္ေရးလုပ္ရင္ တိုင္းျပည္အႏၲရာယ္က်ႏိုင္ဟု စစ္တပ္သတိေပးခဲ့တာလည္း ရွိပါတယ္။

ရခိုင္အမ်ိဳးသားပါတီက ဦးေဖသန္းကေတာ့ တင္သြင္းလာတဲ့ဥပေဒၾကမ္းမွာ တိုင္းရင္းသားေတြ လိုလားတဲ့ ဥပေဒၾကမ္းေတြမပါတာေၾကာင္အႏိုင္ရပါတီရဲ႕ ့ ဖက္ဒရယ္စနစ္

ကိုသြားမယ္လို႔ ေၾကြးေၾကာ္မႈက ေမးခြန္းထုတ္စရာလို႔ ေဝဖန္လိုက္ပါတယ္။

“ရွမ္းနဲ႔ ရခိုင္ ပါတီေတြ က ျပင္ဆင္ခ်က္ ေပါင္း ၂၀၀၀ေလာက္ ရွိပါတယ္။ အဲဒီေတာ့ ဒီအခ်က္ေတြကို ၄၅ဦးေကာ္မတီမွာ မဲခြဲ ဆံုးျဖတ္ကတည္းက ဒါေတြ တခ်က္မွ ပါမလာေတာ့ဘူးလို႔ က်ေနာ္တို႔ ေျပာလို႔ရတယ္။”

ၿပီးခဲ့တဲ့ ဇူလိုင္လက ျပင္ဆင္ေရးပူးေပါင္းေကာ္မတီဘက္က ဖြဲ႔စည္းပံု ျပင္ဆင္ဖို႔ အခ်က္ေပါင္း ၃၀၀၀ေက်ာ္ ရွိတယ္ လို႔ ေျပာဆိုထားၿပီး ဒီမွာ တိုင္းရင္းသားပါတီေတြ ျဖစ္တဲ့ ရွမ္းနဲ႔ ရခိုင္ဘက္က ျပင္ဆင္ခ်က္ အမ်ားဆံုးတင္သြင္းခဲ့ တာျဖစ္ပါတယ္။ ဒီထဲကေန အခ်က္ေပါင္း ၁၀၀ေက်ာ္ကို ေနာက္ဆံုးျပင္ဆင္ဖို႔ ဆံုးျဖတ္ကာ ဒီကေန႔မွာ ပူးေပါင္းေကာ္မတီဘက္က လႊတ္ေတာ္ကို တင္လာတာျဖစ္ပါ တယ္။

....................

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဥပဒေကြမ်း လွှတ်တော်တင်သွင်း

(Unicode)

ပုဒ်မ ၁၀၀ကျော် ပြင်ဆင်ထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပေ ဒကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းလိုက် ပါတယ်။ အချက်ပေါင်း ၃၀၀၀ကျော်ပြင်ဆင်ဖို့ လျာထားရာကနေ ပုဒ်မ ၁၀၀ကျော်သာ ပြင်ဆင်ဖို့ တင်သွင်းလာမှု အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက တင်ပြထားပါတယ်။

လွှတ်တော်တွင်းတပ်ကိုယ်စားလှယ် ပါဝင်နှုန်းလျော့ဖို့ လုပ်ဆောင်တာ၊ စစ်အုပ်ချုပ်ရေးတုန်း က ဖွဲ့ထားတဲ့ တပ်မတော်အပါအဝင် ဌာနဆိုင်ရာ အဖွဲ့တွေ နိုင်ငံ့ဝန်ထမ်း အချို့ွကို စိတ်ကြိုက် တာဝန်ထမ်းဆောင်ခွင့် ပေးထားတဲ့ ဥပဒေတွေပယ်ဖျက်တာ တွေပါဝင်တဲ့ ဖွ့ဲစည်းပုံ ပြင်ဆင်ရေးမူကြမ်းကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ ်တော် အစည်းအဝေးမှာ တင်ခဲ့တာပါ။

“ ထူးခြားတာက အခန်း ၁၄ပေါ့နော် အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ တခုလုံးမရှိတော့ဘူး။ ဒါကတော့ တင်ခဲ့တဲ့ ဥပဒေကြမ်း ၂ရပ်အပေါ်မှာ အကျဉ်းချုပ်ပေါ့နော်။ အကျယ်ကတော့ စုစုပေါင်းဆိုရင် ၁၁၂ ချက်ရှိပါတယ်။ ၄၃၆(က)(ခ)နှစ်ခုပေါင်း ရင် ၁၁၂ ချက်ရှိပါတယ်။”

တည်ဆဲ ဖွဲ့စည်းပုံှ ဥပဒေပြဌာန်းချက်အရဥပဒေကြမ်းတခု ပြင်မယ်ဆို ပြည်လုံးကျွတ်ဆန္ဒခံယူပြီး သဘောတူမှသာ ပြင်ဆင်နိုင်တဲ့ ဥပဒေတွေနဲ့ ပြည်လုံးကျွတ်ခံယူစရာမလိုဘဲ ပြင်ဆင်နိုင်

တဲ့ ဥပဒေ တွေ ဆိုပြီး၂ခု ခွဲတင်ရမယ်လို့ ပြဌာန်းထားတာကြောင့် ဥပဒေကြမ်း ၂ခု တင်ခဲ့တာဖြစ်တယ်လို့ ဝင်တယ်လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှုး ဒေါက်တာမြတ်ညဏစိုးကပြောပါတယ်။

ခုတင်သွင်းလိုက်တဲ့ ပြင်ဆင်ရေးဥပဒေကြမ်းမှာ ထူးခြားချက် တခုပါဝင်တယ်လို့ သူက ခုလိုပြောပြလာပါတယ်။

တင်သွင်းလိုက်တဲ့ဒီဥပဒေကြမ်းတွေမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ လက်ရှိ ကာလုံဖွဲ့စည်းမှုကို တိုးတာနဲ့ လွှတ်တော် တွင်း တပ်မတော်ကိုယ်စား လှယ်ပါဝင်နှုန်း ကိုလျော့ချတာ စတာတွေပါဝင်တယ်လို့ ဒေါက်တာမြတ်ညဏစိုးကပြောပါတယ်။

“ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ဒုဥက္ကဌတွေ ကို ဖြည့်စွက်ပြီးတော့ ထပ်ထည့်ဖို့ ပြင်ဆင်ထားတာရှိပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ တာဝန်ကို ထမ်းဆောင်ရတဲ့ ဝန်ကြီးဌာနမျိုးမဟုတ်ပဲနဲ့ နယ်စပ်ဒေသကိုလည်း တာဝန်ယူဆောင်ရွက်ရတဲ့ ဝန်ကြီးဌာန ဖြစ်တဲ့အတွက် နယ်စပ်ရေးရာဝန်ကြီးကိုရော ဒီအဖွဲ့အစည်းထဲကနေ က ပယ်ဖျက်ဖို့အတွက် ပြင်ဆင်ထားတာရှိပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပါဝင်နှုန်း ကို အခု ၂၅ ရာခိုင်နှုန်းကနေ တတိယအကြိမ်လွှတ်တော် သက်တမ်းမှာတော့ ၁၅ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကို ပြောင်းသွားမှာ စတုတ္ထအကြိမ်လွှတ်တော်သက်တမ်းဆိုရင် ၁၀ရာခိုင်နှုန်းနဲ့ တင်ပြထားတာရှိပါတယ်။”

တင်သွင်းလာတဲ့ ပြင်ဆင်ရေးဥပဒေကြမ်းဟာရည်ရွယ်ချက် စည်းစနစ်မရှိရေးဆွဲခဲ့ ပြီး တိုင်းရင်းသားတွေနဲ့ ပြည်သူတွေပါဝင်ခွင့်မရှိ ဘဲ အနိုင်ရ ပါတီလိုလား ချက် တွေကိုသာ ပြင်ဆင်ဖို့ တင်သွင်းတာ ဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဝေဖန်လိုက်ပါတယ်။

“All Inclusive ပါဝင်အောင် လုပ်မယ်ဆိုပေမယ့်လည်း NLD ကပြင်ချင်တဲ့ ၁၁၄ချက်ကိုဘဲ ပြင်ဆင်တဲ့ မူကြမ်းဆိုပြီးတော့မှ တင်လာတာက ပြည်သူကို နားလှည့်ပါးရိုက်တဲ့ သဘောဖြစ်နေတယ်လို့ မြင်ပါတယ်”

၂၀၁၉ ဒီဇင်ဘာတုန်းက ဥပဒေနဲ့ မညီတဲ့ ဖွဲ့စည်းပုံပြင်ရေးလုပ်ရင် တိုင်းပြည်အန္တရာယ်ကျနိုင်ဟု စစ်တပ်သတိပေးခဲ့တာလည်း ရှိပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးဖေသန်းကတော့ တင်သွင်းလာတဲ့ဥပဒေကြမ်းမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဥပဒေကြမ်းတွေမပါတာကြောင်အနိုင်ရပါတီရဲ့ ဖက်ဒရယ်စနစ်

ကိုသွားမယ်လို့ ကြွေးကြော်မှုက မေးခွန်းထုတ်စရာလို့ ဝေဖန်လိုက်ပါတယ်။

“ရှမ်းနဲ့ ရခိုင် ပါတီတွေ က ပြင်ဆင်ချက် ပေါင်း ၂၀၀၀လောက် ရှိပါတယ်။ အဲဒီတော့ ဒီအချက်တွေကို ၄၅ဦးကော်မတီမှာ မဲခွဲ ဆုံးဖြတ်ကတည်းက ဒါတွေ တချက်မှ ပါမလာတော့ဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လက ပြင်ဆင်ရေးပူးပေါင်းကော်မတီဘက်က ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အချက်ပေါင်း ၃၀၀၀ကျော် ရှိတယ် လို့ ပြောဆိုထားပြီး ဒီမှာ တိုင်းရင်းသားပါတီတွေ ဖြစ်တဲ့ ရှမ်းနဲ့ ရခိုင်ဘက်က ပြင်ဆင်ချက် အများဆုံးတင်သွင်းခဲ့ တာဖြစ်ပါတယ်။ ဒီထဲကနေ အချက်ပေါင်း ၁၀၀ကျော်ကို နောက်ဆုံးပြင်ဆင်ဖို့ ဆုံးဖြတ်ကာ ဒီကနေ့မှာ ပူးပေါင်းကော်မတီဘက်က လွှတ်တော်ကို တင်လာတာဖြစ်ပါ တယ်။

ေမခ/ VOA (Burmese)
https://burmese.voanews.com
၂၀၀၈ ဖဲြ႕စည္းပံု ျပင္ဆင္ေရးဥပေဒၾကမ္း လႊတ္ေတာ္တင္သြင္း ၂၀၀၈ ဖဲြ႕စည္းပံု ျပင္ဆင္ေရးဥပေဒၾကမ္း လႊတ္ေတာ္တင္သြင္း Reviewed by THITHTOOLWIN on 00:37 Rating: 5
Powered by Blogger.