
(Zawgyi)⤵⤵⤵
၂၉ ဇန်နဝါရီ





Myanmar Digital News
-----------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အယ်လ်ပိုင်း နှင်းလျှောစီးပြိုင်ပွဲ ဖျက်သိမ်း

၂၉ ဇန်နဝါရီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးကြောင့် တရုတ်နိုင်ငံမှာ ရှေ့လတွင်ကျင်းပမယ့် ကမ္ဘာ့ဖလား အယ်လ်ပိုင်း နှင်းလျှောစီးပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတကာ စကီဖယ်ဒရေးရှင်း (FIS) က ဒီနေ့ (ဗုဒ္ဓဟူး) မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ပထမဦးဆုံးကျင်းပမယ့် ကမ္ဘာ့ဖလား အယ်လ်ပိုင်း နှင်းလျှောစီးပြိုင်ပွဲနဲ့ ၂၀၂၂ ဘေကျင်း ပြိုင်ပွဲအတွက် စမ်းသပ်တဲ့ပွဲကို ဖျက်သိမ်းဖို့ဆိုတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပရာ ရန်ကွင်းဒေသဟာ အန္တရာယ်အနည်းဆုံးဖြစ်ပေမယ့် အာကစားသမားတွေနဲ့ ပါဝင်တဲ့သူတွေအားလုံးရဲ့ ကျန်းမာရေးအတွက် အခုလို ဆုံးဖြတ်တာဖြစ်ကြောင်း FIS ဥက္ကဋ္ဌ ကတ်စပါ က ပြောပါတယ်။

ဘေကျင်းမြို့ကနေ ၄၅ မိုင် အကွာရှိ ရန်ကွင်းဒေသမှာ ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ ရက်တွေမှာ အမျိုးသား နှင်းလျှောစီး ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အယ်လ်ပိုင်း နှင်းလျှောစီးပြိုင်ပွဲ ဖျက်သိမ်း တရုတ်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အယ်လ်ပိုင်း နှင်းလျှောစီးပြိုင်ပွဲ ဖျက်သိမ်း Reviewed by THITHTOOLWIN on 02:46 Rating: 5
Powered by Blogger.