ေျမပုံၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္စခန္း ပိတ္ဖို႔ တပ္မေတာ္ ဖိအားေပး

တပ္မေတာ္ စစ္ေၾကာင္းတစ္ခုက ဝင္ေရာက္ဖ်က္ဆီးခံခဲ့တဲ့ ေျမပုံၿမိဳ႕နယ္ စညႇင္းစစ္ေဘးေရွာင္စခန္းကို ၂၀၂၀ ဇန္နဝါရီ ၂၅ ရက္ေန႔က ‌ေတြ႕ရစဥ္
Photo: Thabawa Nadi's Facebook
(Zawgyi)⤵⤵⤵
ေျမပုံၿမိဳ႕နယ္ စညႇင္းေက်း႐ြာကို မေန႔ည ၁၀ နာရီေလာက္က တပ္မေတာ္ စစ္ေၾကာင္းတစ္ခု ေသနတ္ပစ္ေဖာက္ ဝင္ေရာက္လာခဲ့ၿပီး စညႇင္းေက်း႐ြာ ေဘာလုံးကြင္းမွာ ဖြင့္လွစ္ထားတဲ့ ဒုကၡသည္စခန္းကို ဖ်က္သိမ္းဖို႔ ဖိအားေပးေစခိုင္းခဲ့ပါတယ္။

စခန္းကိုဖ်က္ေပးဖို႔ ေျပာဆိုကာ စခန္းအမိုးအကာေတြကို ဆြဲယူမီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ စညႇင္းေက်း႐ြာ ဒုကၡသည္စခန္းတာဝန္ခံ ဦးဇင္း အာရကၡက မိန႔္ပါတယ္။

"႐ြာထဲကို ေသနတ္ေဖာက္ၿပီး သူတို႔က ဝင္လာၾကတာ ျမန္မာတပ္မေတာ္က ကယ္ဆယ္ေရးစခန္းကိုဝင္ၿပီး အိမ္ေတြၿဖိဳ အမိုးအကာေတြကို ဖ်က္ဆီးၿပီး ကားလမ္းမေဘးမွာ မီးရႈိ႕ခဲ့တယ္။ ေျပာခဲ့တာက ဒုကၡသည္ေတြကို မနက္ျဖန္ၾကရင္ မျမင္ခ်င္ဘူးလို႔ ေျပာခဲ့တယ္။"

စညႇင္းဒုကၡသည္စခန္းကို အခုလ ဇန္နဝါရီ ၁၇ ရက္ေန႔ေလာက္က စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ဒုကၡသည္ ၃၇၅ ေယာက္ ခိုလႈံေနတာ ျဖစ္ပါတယ္။

စညႇင္းေက်း႐ြာအနီးမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အနီးအနားေက်း႐ြာေတြျဖစ္တဲ့ ဟင္းခေရာ္၊ ဆတ္ရ၊ အင္ၾကင္းေက်း႐ြာေတြက စစ္ေဘးေရွာင္သူေတြ လာေရာက္ေနၾကတာျဖစ္ပါတယ္။

ဘာေၾကာင့္ စခန္းကို ဖ်က္ခိုင္းတယ္ဆိုတာ မသိရေၾကာင္းနဲ႔၊ ဒုကၡသည္စခန္းကိုဖ်က္ေပးမွာ မဟုတ္ဘဲ တပ္မေတာ္သားေတြ ထပ္ေရာက္လာရင္ ဒုကၡသည္ေတြနဲ႔ အတူရင္ဆိုင္ၾကဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဦးဇင္း အာရကၡက မိန႔္ပါတယ္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက စညႇင္းဒုကၡသည္ စခန္းဖ်က္သိမ္းခိုင္းေနတာေၾကာင့္ အခက္အခဲျဖစ္ေနတဲ့ ဒုကၡသည္ေတြကို ကူညီႏိုင္ဖို႔ ႀကိဳးစားေနေၾကာင္း ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ ဆက္သြယ္စုံစမ္းေနတယ္ ေလာေလာဆယ္ ေျပာႏိုင္ဆိုႏိုင္သူ အဆက္အသြယ္မရေသးဘူး ကြၽန္ေတာ္တို႔လဲ စစ္ေတြေရာက္ေနတယ္ ဒါေပမဲ့ အဲသတင္းက မွန္ပါတယ္။"

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက စခန္းဖ်က္သိမ္းခိုင္းတာနဲ႔ ပတ္သက္ၿပီး သူ႔အေနနဲ႔ မသိရေသး ေၾကာင္းနဲ႔ အဲဒီ႐ြာအနီးမွာ တိုက္ပြဲေတြျဖစ္ေနတာ သုံးရက္ေလာက္ ရွိၿပီလို႔ ေျပာပါတယ္။

"ကြၽန္ေတာ္ကေတာ့ အဲဒီဟာ မသိဘူးဗ် အဲဒီေနရာဝန္းက်င္မွာ တိုက္ပြဲျဖစ္ပြားေနတာေတာ့သိတယ္။ သုံးရက္ေလာက္ရွိၿပီ တိုက္ပြဲျဖစ္ေနတာ စညႇင္းရဲ႕ အေရွ႕ေျမာက္ဖက္မွာ။"

စညႇင္းေက်း႐ြာအနီးမွာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြဟာ ႐ြာအနီးအနား  ေက်း႐ြာေတြအျပင္ ေျမပုံၿမိဳ႕နယ္က ကမ္းေထာင္းႀကီး ဒုကၡသည္စခန္းကို ထြက္ေျပးေနၾကရတာေတြလည္း ရွိေနပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေရပုတ္ေက်း႐ြာနဲ႔ အနီးအနားက ေက်း႐ြာ ေလး႐ြာေလာက္ကို တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္ေနထိုင္ေနတာေၾကာင့္ ေဒသခံ တစ္ေထာင္ေက်ာ္ေလာက္ဟာ နီးစပ္ရာ ေနရာေတြကို ဇန္နဝါရီ ၂၄ ရက္ေန႔ကစၿပီး ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

ေက်း႐ြာထဲက စာသင္ေက်ာင္း ၊ ဘုန္းႀကီးေက်ာင္းေတြမွာ တပ္မေတာ္သားေတြ ဝင္ေရာက္ေနထိုင္ေနတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရတာလို႔ ေရပုတ္ေက်း႐ြာက အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

"ေရပုတ္အေျခအေနက မိန္းမေတာ့နည္းနည္းရွိတယ္ ေယာက္်ားေတြေတာ့အကုန္လုံးေျပးတာပဲ နီးစပ္ရာ လုံၿခဳံတဲ့ေနရာကိုေျပးတာပဲ ႐ြာမွာက သူတို႔က ၿခိမ္းေျခာက္တာေတာ့ မရွိသးဘူး သူကဝင္ေနတယ္ ခ်က္တယ္ျပဳတ္တယ္ စားတယ္ေသာက္တယ္ ဘုန္းႀကီးေက်ာင္းေတြ စာသင္ေက်ာင္းေတြထဲမွာ ႐ြာထဲဝင္ေနတာပဲ။"

ရခိုင္ျပည္နယ္မွာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေျခာက္ေထာင္ ေက်ာ္ရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား REC က မေန႔က ထုတ္ျပန္ထားပါတယ္။

ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံေတြဟာ စားနပ္ရိကၡာ အခက္အခဲေတြရွိေနၿပီး ေနရာထိုင္ခင္း လုံေလာက္မႈ မရွိတဲ့ ျပႆနာေတြနဲ႔လည္း ရင္ဆိုင္ေနၾကရပါတယ္။

ဒုကၡသည္ေတြထဲမွာ ကေလး၊ လူႀကီး၊ ကိုယ္ဝန္ေဆာင္ စတဲ့သူေတြပါဝင္ၿပီး သူတို႔ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စရိတ္ေတြအတြက္ ေငြေၾကးလိုအပ္ခ်က္ေတြလည္း ရွိေနတယ္လို႔ ဒုကၡသည္စခန္း တာဝန္ရွိသူေတြကေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ေတြကို လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ႏိုင္ငံတကာ NGO အဖြဲ႕အစည္းေတြျဖစ္တဲ့ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP နဲ႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ICRC တို႔ က စားနပ္ရိကၡာ အကူအညီေပးေနတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း ပိတ်ဖို့ တပ်မတော် ဖိအားပေး

တပ်မတော် စစ်ကြောင်းတစ်ခုက ဝင်ရောက်ဖျက်ဆီးခံခဲ့တဲ့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့က ‌တွေ့ရစဉ်
Photo: Thabawa Nadi's Facebook

မြေပုံမြို့နယ် စညှင်းကျေးရွာကို မနေ့ည ၁၀ နာရီလောက်က တပ်မတော် စစ်ကြောင်းတစ်ခု သေနတ်ပစ်ဖောက် ဝင်ရောက်လာခဲ့ပြီး စညှင်းကျေးရွာ ဘောလုံးကွင်းမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းကို ဖျက်သိမ်းဖို့ ဖိအားပေးစေခိုင်းခဲ့ပါတယ်။

စခန်းကိုဖျက်ပေးဖို့ ပြောဆိုကာ စခန်းအမိုးအကာတွေကို ဆွဲယူမီးရှို့ဖျက်ဆီးခဲ့တယ်လို့ စညှင်းကျေးရွာ ဒုက္ခသည်စခန်းတာဝန်ခံ ဦးဇင်း အာရက္ခက မိန့်ပါတယ်။

"ရွာထဲကို သေနတ်ဖောက်ပြီး သူတို့က ဝင်လာကြတာ မြန်မာတပ်မတော်က ကယ်ဆယ်ရေးစခန်းကိုဝင်ပြီး အိမ်တွေဖြို အမိုးအကာတွေကို ဖျက်ဆီးပြီး ကားလမ်းမဘေးမှာ မီးရှို့ခဲ့တယ်။ ပြောခဲ့တာက ဒုက္ခသည်တွေကို မနက်ဖြန်ကြရင် မမြင်ချင်ဘူးလို့ ပြောခဲ့တယ်။"

စညှင်းဒုက္ခသည်စခန်းကို အခုလ ဇန်နဝါရီ ၁၇ ရက်နေ့လောက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒုက္ခသည် ၃၇၅ ယောက် ခိုလှုံနေတာ ဖြစ်ပါတယ်။

စညှင်းကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ ဟင်းခရော်၊ ဆတ်ရ၊ အင်ကြင်းကျေးရွာတွေက စစ်ဘေးရှောင်သူတွေ လာရောက်နေကြတာဖြစ်ပါတယ်။

ဘာကြောင့် စခန်းကို ဖျက်ခိုင်းတယ်ဆိုတာ မသိရကြောင်းနဲ့၊ ဒုက္ခသည်စခန်းကိုဖျက်ပေးမှာ မဟုတ်ဘဲ တပ်မတော်သားတွေ ထပ်ရောက်လာရင် ဒုက္ခသည်တွေနဲ့ အတူရင်ဆိုင်ကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးဇင်း အာရက္ခက မိန့်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက စညှင်းဒုက္ခသည် စခန်းဖျက်သိမ်းခိုင်းနေတာကြောင့် အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။

"ကျွန်တော်တို့ ဆက်သွယ်စုံစမ်းနေတယ် လောလောဆယ် ပြောနိုင်ဆိုနိုင်သူ အဆက်အသွယ်မရသေးဘူး ကျွန်တော်တို့လဲ စစ်တွေရောက်နေတယ် ဒါပေမဲ့ အဲသတင်းက မှန်ပါတယ်။"

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စခန်းဖျက်သိမ်းခိုင်းတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မသိရသေး ကြောင်းနဲ့ အဲဒီရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာ သုံးရက်လောက် ရှိပြီလို့ ပြောပါတယ်။

"ကျွန်တော်ကတော့ အဲဒီဟာ မသိဘူးဗျ အဲဒီနေရာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာတော့သိတယ်။ သုံးရက်လောက်ရှိပြီ တိုက်ပွဲဖြစ်နေတာ စညှင်းရဲ့ အရှေ့မြောက်ဖက်မှာ။"

စညှင်းကျေးရွာအနီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ရွာအနီးအနား  ကျေးရွာတွေအပြင် မြေပုံမြို့နယ်က ကမ်းထောင်းကြီး ဒုက္ခသည်စခန်းကို ထွက်ပြေးနေကြရတာတွေလည်း ရှိနေပါတယ်။

ရသေ့တောင်မြို့နယ် ရေပုတ်ကျေးရွာနဲ့ အနီးအနားက ကျေးရွာ လေးရွာလောက်ကို တပ်မတော်စစ်ကြောင်း ဝင်ရောက်နေထိုင်နေတာကြောင့် ဒေသခံ တစ်ထောင်ကျော်လောက်ဟာ နီးစပ်ရာ နေရာတွေကို ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျေးရွာထဲက စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်မတော်သားတွေ ဝင်ရောက်နေထိုင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ရေပုတ်ကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရေပုတ်အခြေအနေက မိန်းမတော့နည်းနည်းရှိတယ် ယောက်ျားတွေတော့အကုန်လုံးပြေးတာပဲ နီးစပ်ရာ လုံခြုံတဲ့နေရာကိုပြေးတာပဲ ရွာမှာက သူတို့က ခြိမ်းခြောက်တာတော့ မရှိသးဘူး သူကဝင်နေတယ် ချက်တယ်ပြုတ်တယ် စားတယ်သောက်တယ် ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေထဲမှာ ရွာထဲဝင်နေတာပဲ။"

ရခိုင်ပြည်နယ်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင် ကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ REC က မနေ့က ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပြီး နေရာထိုင်ခင်း လုံလောက်မှု မရှိတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

ဒုက္ခသည်တွေထဲမှာ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင် စတဲ့သူတွေပါဝင်ပြီး သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေအတွက် ငွေကြေးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့ က စားနပ်ရိက္ခာ အကူအညီပေးနေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ေျမပုံၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္စခန္း ပိတ္ဖို႔ တပ္မေတာ္ ဖိအားေပး ေျမပုံၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္စခန္း ပိတ္ဖို႔ တပ္မေတာ္ ဖိအားေပး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.