ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကရင္နီလူငယ္ေတြ လြိဳင္ေကာ္ၿမိဳ႕မွာ ၂၀၂၀ ဇန္နဝါရီ ၁၅ ရက္ေန႔က ေတြ႕ဆုံစဥ္
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လတ္တေလာ ကယားျပည္နယ္မွာ ႀကဳံေတြ႕ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး အဓိကအေၾကာင္းအရာ သုံးခ်က္ တင္ျပေဆြးေႏြးခဲ့တယ္လို႔ ကရင္နီလူငယ္ေတြက ေျပာပါတယ္။

၆၈ ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကရင္နီလူငယ္ေခါင္းေဆာင္ေတြ လြိဳင္ေကာ္ၿမိဳ႕ ျပည္နယ္အစိုးရ ဧည့္ရိပ္သာမွာ ဒီကေန႔ ေတြ႕ဆုံခဲ့ၾကပါတယ္။

အဲဒီလိုေတြ႕ဆုံရာမွာ အဓိကအေၾကာင္းအရာေတြျဖစ္တဲ့ ကယားျပည္နယ္မွာ လက္ရွိ ဖမ္းဆီးတရားရင္ဆိုင္ေနရတဲ့ ေတာင္သူေတြရဲ႕ အေရးကိစၥ၊ ျမင္းစီးဗိုလ္ခ်ဳပ္ေၾကး႐ုပ္တု ကိစၥနဲ႔ လူငယ္ေတြရဲ႕ အေရးကိစၥေတြ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကို တင္ျပေဆြးေႏြးခဲ့တယ္လို႔  ကရင္နီလူငယ္ေခါင္းေဆာင္ေတြက ေျပာပါတယ္။

တပ္မေတာ္က သိမ္းဆည္းထားတဲ့ ေျမေပၚမွာ ဝင္ေရာက္စိုက္ပ်ိဳးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ လက္ရွိ ဖမ္းဆီး တရားစြဲဆိုခံေနရတဲ့ ေတာင္သူေတြရဲ႕ အေရးကို တင္ျပေဆြးေႏြးခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္က အမႈ အသြားအမႈလာေတြကို  ျပန္လည္သုံးသပ္ၿပီး ေျဖရွင္းေပးသြားမယ္လို႔ အတိအလင္းေျပာဆိုခဲ့တယ္လို႔ ကရင္နီျပည္လူငယ္မ်ားသမဂၢ တြဲဘက္အတြင္းေရးမႉး-၂ ခြန္းေသာမတ္စ္က RFA ကိုေျပာပါတယ္။

“ေတာင္သူကိစၥမွာကေတာ့ သူတို႔က ဒီကေန ေနျပည္ေတာ္ျပန္ေရာက္တာနဲ႔ သက္ဆိုင္ရာဝန္ႀကီးဌာနေတြကို ေျပာၿပီးေတာ့ ေရွ႕ေနခ်ဳပ္႐ုံးနဲ႔ တိုင္ပင္ၿပီးေတာ့ အမႈသြား အမႈလာေတြကို သူက ျပန္လည္သုံးသပ္မယ္ေပါ့။ သုံးသပ္ၿပီးရင္ ဒီကိစၥေတြကို ေျဖရွင္းေပးပါမယ္ဆိုတဲ့ဟာေတာ့ သူက အတိအလင္း ေျပာသြားတာေပါ့။”

ပုဒ္မ အမ်ိဳးမ်ိဳးနဲ႔ တရားစြဲဆိုခံခဲ့ထားရတဲ့ ကယားျပည္နယ္က ေတာင္သူေတြရဲ႕ စာရင္းကို ေဒၚေအာင္ဆန္းစုၾကည္ဆီ ေပးအပ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္တု ကိစၥနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ပုဂၢိဳလ္ေရးနဲ႔ဆိုင္တဲ့ ကိစၥျဖစ္တာေၾကာင့္ တိုက္႐ိုက္ကိုင္တြယ္သြားမွာ မဟုတ္ေၾကာင္းနဲ႔  ျပည္ေထာင္စုအစိုးရ၊ ျပည္နယ္အစိုးရ၊ ကရင္နီလူငယ္ေတြနဲ႔ ကရင္နီျပည္သူလူထုအပါအဝင္ ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ေတြ႕ဆုံညႇိႏႈိင္း အေျဖရွာၾကဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ ကရင္နီ လူငယ္ေခါင္းေဆာင္ ခူးရီးရယ္ က ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကး႐ုပ္နဲ႔ ပတ္သက္ၿပီးေတာ့မွာ ျပည္နယ္အစိုးရရယ္၊ ျပည္ေထာင္စုအစိုးရရယ္၊ ကြၽန္ေတာ္တို႔ ကရင္နီလူငယ္အင္အားစုေတြနဲ႔ ကရင္နီျပည္သူလူထု အပါအဝင္ေပါ့ေနာ္ ေတြ႕ဆုံညႇိႏႈိင္းမႈ တစ္ခုကို အျမန္ဆုံးလုပ္ေဆာင္ၿပီးေတာ့ ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ေတြ႕ဆုံအေျဖရွာၾကဖို႔ ကြၽန္ေတာ္တို႔ အဲဒီလို အၾကမ္းအားျဖင့္ သေဘာတူထားၾကတယ္ဗ်။ ေတြ႕ဆုံညႇိႏႈိင္းမႈ လမ္းစဥ္တစ္ခု အျမန္ဆုံး အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္အေနနဲ႔ တိုင္းရင္းသားေရးရာဝန္ႀကီးကို တာဝန္ေပးထား တာေပါ့ေနာ္။ တိုင္းရင္းသားေရးရာဝန္ႀကီးကေန ဒီကိစၥကို အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ ေျပာၾကားသြားတယ္ဗ်။ ”

ကရင္နီလူငယ္ေတြအေနနဲ႔ လြိဳင္ေကာ္ၿမိဳ႕ ကႏၲေဟဝန္ပန္းၿခံမွာ ထားရွိတဲ့ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို ေနရာ‌ေ႐ႊ႕ေျပာင္းေပးဖို႔ လိုလားေနတာျဖစ္ၿပီး အဲဒါကို ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔လည္း ေျပာပါတယ္။

လူငယ္ေရးရာ ကိစၥရပ္ေတြျဖစ္တဲ့ လူငယ္စင္တာ ျဖစ္ေပၚလာဖို႔ အစိုးရက ကူညီေဆာင္႐ြက္ေပးဖို႔၊ လူငယ္နဲ႔အလုပ္အကိုင္ အခြင့္အလမ္းကိစၥရပ္ေတြ အပါအဝင္ လူငယ္ေရးရာမူဝါဒနဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္ဖို႔ လိုေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကို တင္ျပခဲ့ေပမယ့္ အခ်ိန္ကန႔္သတ္ခ်က္ေၾကာင့္ ဒီကိစၥကို ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာ မရွိဘူးလို႔လည္း ခြန္းေသာမတ္စ္က ေျပာပါတယ္။

“အက်ဥ္းခ်ဳပ္ေလာက္ပဲ ကြၽန္ေတာ္တို႔ တင္ျပတယ္ေပါ့။ ဒါေပမယ့္ သူကေတာ့ ဒီဟာအားလုံးကို မွတ္တမ္းတင္ထားတယ္ ဆိုတာမ်ိဳး ထူးထူးေထြေထြ ဆုံးျဖတ္ခ်က္ေတြ ခ်ေပးလိုက္တာမ်ိဳးေတာ့ မရွိပါဘူး။ နံပါတ္သုံးအခ်က္မွာေတာ့။ ဒါေပမဲ့ မွတ္တမ္းအျဖစ္ တင္သြားမယ္။ ေနာက္တစ္ခုက သက္ဆိုင္တဲ့ ပုဂၢိဳလ္ေတြကေတာ့ ဒီကိစၥကို လုပ္ရမယ္ဆိုတဲ့ ဟာမ်ိဳးေတာ့ အဲေလာက္ေတာ့ ေျပာသြားတယ္ဗ်။”

ဒီေတြ႕ဆုံေဆြးေႏြးမႈဟာ မိနစ္ ၂၀ ေလာက္သာ ေတြ႕ဆုံေဆြးေႏြးခြင့္ ရရွိခဲ့တာေၾကာင့္ လက္ရွိအေနနဲ႔ ေျမျပင္အေနအထားကို ေသေသခ်ာခ်ာ အျပန္အလွန္ ေဆြးေႏြးခြင့္မရွိခဲ့ဘူးလို႔လည္း ခြန္းေသာမတ္စ္က ေျပာပါတယ္။

ဒီေတြ႕ဆုံညႇိႏႈိင္းမႈမွာ ပါဝင္ခဲ့တဲ့ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ကိုဗညားကေတာ့ ေတာင္သူအေရးနဲ႔ ပတ္သက္ၿပီး တစ္စုံတစ္ရာ ေျပလည္ႏိုင္ေျခ ရွိႏိုင္ေၾကာင္းနဲ႔ အားလုံျပန္ၿခဳံၾကည့္ရင္ ၿပီးျပည့္စုံတဲ့ ေတြ႕ဆုံေဆြးေႏြးမႈလို႔ မွတ္ခ်က္ျပဳရမွာ ေစာလြန္းေသးတယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ လူငယ္အင္အားစုေတြရယ္၊ ေတာင္သူေတြရယ္၊ ကြၽန္ေတာ္တို႔အပါအဝင္ အားလုံး ခုႏွစ္ေယာက္ကို ေတြ႕ဆုံခြင့္ေပးၿပီးေတာ့မွ အခ်က္အလက္ေတြကို အျပန္အလွန္မွ်ေဝခြင့္ရတာက ေကာင္းတဲ့အလားအလာတစ္ခုလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ေတာင္သူေတြနဲ႔ ပတ္သက္ၿပီး ရွင္းလင္းတိက်တဲ့ပုံစံ ေဆာင္႐ြက္မယ့္ နည္းနာပုံစံ ေပၚလာေတာ့ ေတာင္သူအေရးက တစ္စုံတစ္ရာ ေျပလည္ႏိုင္ေျခရွိတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ အားလုံးျပန္ၿခဳံၾကည့္မယ္ဆိုရင္ အခ်က္အလက္ေတြ အမ်ားႀကီး တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္တယ္။ အခ်ိန္တစ္ခုကို ယူရမွာျဖစ္တဲ့အတြက္ေၾကာင့္ အားလုံးေကာင္းမြန္တဲ့ ၿပီးျပည့္စုံတဲ့ ေတြ႕ဆုံေဆြးေႏြးမႈ တစ္ခုျဖစ္တယ္လို႔ေတာ့ မွတ္ခ်က္ျပဳဖို႔ ေစာပါေသးတယ္။”

ကယားျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္က ေျမသိမ္းမႈဟာ အမွတ္ ၃၆၀ အေျမာက္တပ္နဲ႔ သက္ဆိုင္ၿပီး လြိဳင္ေကာ္ၿမိဳ႕နယ္က ေျမယာေတြကို အမွတ္ ၃၅၆ အေျမာက္တပ္နဲ႔ အမွတ္ ၂၅၀ ေျချမန္တပ္တို႔က ၁၉၉၀ ခုႏွစ္ေလာက္က သိမ္းဆည္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ တပ္မေတာ္က သိမ္းဆည္းထားတဲ့ ေျမယာေတြနဲ႔ ပတ္သက္ၿပီး ကယားျပည္နယ္မွာ တရားစြဲဆိုခံထားရတဲ့ ေတာင္သူ ၄၀ ေက်ာ္ရွိၿပီး အဲဒီထဲက ၁၁ ဦးဟာ ဖမ္းဆီးခံထားရၿပီး အမႈရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကယားျပည္နယ္ အစိုးရက လြိဳင္ေကာ္ၿမိဳ႕ ကႏၲေဟဝန္ပန္းၿခံမွာ စိုက္ထူထားတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ ဖယ္ရွားေပးဖို႔ ကရင္နီျပည္လူငယ္ေတြက ေတာင္းဆိုထားမႈနဲ႔ ပတ္သက္ၿပီး ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ျပည္နယ္စီမံဘ႑ာဝန္ႀကီးကို ေဝဖန္ျပစ္တင္ခဲ့တာေၾကာင့္ ႏိုင္ငံသားမ်ားရဲ႕ ပုဂၢိလ္ဆိုင္ရာ လြတ္လပ္မႈနဲ႔ လုံၿခဳံမႈကို ကာကြယ္ေပးတဲ့ ဥပေဒ ပုဒ္မ ၁၀ နဲ႔ ကရင္နီလူငယ္ ေျခာက္ဦးကို လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးက အလုပ္နဲ႔ ေထာင္ဒဏ္ ေျခာက္လခ်မွတ္ခဲ့တာ ရွိပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီလူငယ်တွေ လွိုင်ကော်မြို့မှာ ၂၀၂၀ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ဆုံစဉ်
Photo: တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လတ်တလော ကယားပြည်နယ်မှာ ကြုံတွေ့ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အဓိကအကြောင်းအရာ သုံးချက် တင်ပြဆွေးနွေးခဲ့တယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီလူငယ်ခေါင်းဆောင်တွေ လွိုင်ကော်မြို့ ပြည်နယ်အစိုးရ ဧည့်ရိပ်သာမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အဓိကအကြောင်းအရာတွေဖြစ်တဲ့ ကယားပြည်နယ်မှာ လက်ရှိ ဖမ်းဆီးတရားရင်ဆိုင်နေရတဲ့ တောင်သူတွေရဲ့ အရေးကိစ္စ၊ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်တု ကိစ္စနဲ့ လူငယ်တွေရဲ့ အရေးကိစ္စတွေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြဆွေးနွေးခဲ့တယ်လို့  ကရင်နီလူငယ်ခေါင်းဆောင်တွေက ပြောပါတယ်။

တပ်မတော်က သိမ်းဆည်းထားတဲ့ မြေပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ တောင်သူတွေရဲ့ အရေးကို တင်ပြဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အမှု အသွားအမှုလာတွေကို  ပြန်လည်သုံးသပ်ပြီး ဖြေရှင်းပေးသွားမယ်လို့ အတိအလင်းပြောဆိုခဲ့တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ တွဲဘက်အတွင်းရေးမှူး-၂ ခွန်းသောမတ်စ်က RFA ကိုပြောပါတယ်။

“တောင်သူကိစ္စမှာကတော့ သူတို့က ဒီကနေ နေပြည်တော်ပြန်ရောက်တာနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြောပြီးတော့ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီးတော့ အမှုသွား အမှုလာတွေကို သူက ပြန်လည်သုံးသပ်မယ်ပေါ့။ သုံးသပ်ပြီးရင် ဒီကိစ္စတွေကို ဖြေရှင်းပေးပါမယ်ဆိုတဲ့ဟာတော့ သူက အတိအလင်း ပြောသွားတာပေါ့။”

ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခံခဲ့ထားရတဲ့ ကယားပြည်နယ်က တောင်သူတွေရဲ့ စာရင်းကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် တိုက်ရိုက်ကိုင်တွယ်သွားမှာ မဟုတ်ကြောင်းနဲ့  ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ကရင်နီလူငယ်တွေနဲ့ ကရင်နီပြည်သူလူထုအပါအဝင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ကရင်နီ လူငယ်ခေါင်းဆောင် ခူးရီးရယ် က ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နဲ့ ပတ်သက်ပြီးတော့မှာ ပြည်နယ်အစိုးရရယ်၊ ပြည်ထောင်စုအစိုးရရယ်၊ ကျွန်တော်တို့ ကရင်နီလူငယ်အင်အားစုတွေနဲ့ ကရင်နီပြည်သူလူထု အပါအဝင်ပေါ့နော် တွေ့ဆုံညှိနှိုင်းမှု တစ်ခုကို အမြန်ဆုံးလုပ်ဆောင်ပြီးတော့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တွေ့ဆုံအဖြေရှာကြဖို့ ကျွန်တော်တို့ အဲဒီလို အကြမ်းအားဖြင့် သဘောတူထားကြတယ်ဗျ။ တွေ့ဆုံညှိနှိုင်းမှု လမ်းစဉ်တစ်ခု အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးကို တာဝန်ပေးထား တာပေါ့နော်။ တိုင်းရင်းသားရေးရာဝန်ကြီးကနေ ဒီကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ပြောကြားသွားတယ်ဗျ။ ”

ကရင်နီလူငယ်တွေအနေနဲ့ လွိုင်ကော်မြို့ ကန္တဟေဝန်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို နေရာ‌ရွှေ့ပြောင်းပေးဖို့ လိုလားနေတာဖြစ်ပြီး အဲဒါကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

လူငယ်ရေးရာ ကိစ္စရပ်တွေဖြစ်တဲ့ လူငယ်စင်တာ ဖြစ်ပေါ်လာဖို့ အစိုးရက ကူညီဆောင်ရွက်ပေးဖို့၊ လူငယ်နဲ့အလုပ်အကိုင် အခွင့်အလမ်းကိစ္စရပ်တွေ အပါအဝင် လူငယ်ရေးရာမူဝါဒနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ပေမယ့် အချိန်ကန့်သတ်ချက်ကြောင့် ဒီကိစ္စကို ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ မရှိဘူးလို့လည်း ခွန်းသောမတ်စ်က ပြောပါတယ်။

“အကျဉ်းချုပ်လောက်ပဲ ကျွန်တော်တို့ တင်ပြတယ်ပေါ့။ ဒါပေမယ့် သူကတော့ ဒီဟာအားလုံးကို မှတ်တမ်းတင်ထားတယ် ဆိုတာမျိုး ထူးထူးထွေထွေ ဆုံးဖြတ်ချက်တွေ ချပေးလိုက်တာမျိုးတော့ မရှိပါဘူး။ နံပါတ်သုံးအချက်မှာတော့။ ဒါပေမဲ့ မှတ်တမ်းအဖြစ် တင်သွားမယ်။ နောက်တစ်ခုက သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီကိစ္စကို လုပ်ရမယ်ဆိုတဲ့ ဟာမျိုးတော့ အဲလောက်တော့ ပြောသွားတယ်ဗျ။”

ဒီတွေ့ဆုံဆွေးနွေးမှုဟာ မိနစ် ၂၀ လောက်သာ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့တာကြောင့် လက်ရှိအနေနဲ့ မြေပြင်အနေအထားကို သေသေချာချာ အပြန်အလှန် ဆွေးနွေးခွင့်မရှိခဲ့ဘူးလို့လည်း ခွန်းသောမတ်စ်က ပြောပါတယ်။

ဒီတွေ့ဆုံညှိနှိုင်းမှုမှာ ပါဝင်ခဲ့တဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကတော့ တောင်သူအရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြေလည်နိုင်ခြေ ရှိနိုင်ကြောင်းနဲ့ အားလုံပြန်ခြုံကြည့်ရင် ပြီးပြည့်စုံတဲ့ တွေ့ဆုံဆွေးနွေးမှုလို့ မှတ်ချက်ပြုရမှာ စောလွန်းသေးတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ လူငယ်အင်အားစုတွေရယ်၊ တောင်သူတွေရယ်၊ ကျွန်တော်တို့အပါအဝင် အားလုံး ခုနှစ်ယောက်ကို တွေ့ဆုံခွင့်ပေးပြီးတော့မှ အချက်အလက်တွေကို အပြန်အလှန်မျှဝေခွင့်ရတာက ကောင်းတဲ့အလားအလာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ တောင်သူတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ပုံစံ ဆောင်ရွက်မယ့် နည်းနာပုံစံ ပေါ်လာတော့ တောင်သူအရေးက တစ်စုံတစ်ရာ ပြေလည်နိုင်ခြေရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ အားလုံးပြန်ခြုံကြည့်မယ်ဆိုရင် အချက်အလက်တွေ အများကြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တယ်။ အချိန်တစ်ခုကို ယူရမှာဖြစ်တဲ့အတွက်ကြောင့် အားလုံးကောင်းမွန်တဲ့ ပြီးပြည့်စုံတဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခုဖြစ်တယ်လို့တော့ မှတ်ချက်ပြုဖို့ စောပါသေးတယ်။”

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်က မြေသိမ်းမှုဟာ အမှတ် ၃၆၀ အမြောက်တပ်နဲ့ သက်ဆိုင်ပြီး လွိုင်ကော်မြို့နယ်က မြေယာတွေကို အမှတ် ၃၅၆ အမြောက်တပ်နဲ့ အမှတ် ၂၅၀ ခြေမြန်တပ်တို့က ၁၉၉၀ ခုနှစ်လောက်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တပ်မတော်က သိမ်းဆည်းထားတဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး ကယားပြည်နယ်မှာ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၄၀ ကျော်ရှိပြီး အဲဒီထဲက ၁၁ ဦးဟာ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကယားပြည်နယ် အစိုးရက လွိုင်ကော်မြို့ ကန္တဟေဝန်ပန်းခြံမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားပေးဖို့ ကရင်နီပြည်လူငယ်တွေက တောင်းဆိုထားမှုနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် နိုင်ငံသားများရဲ့ ပုဂ္ဂိလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပုဒ်မ ၁၀ နဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ခြောက်လချမှတ်ခဲ့တာ ရှိပါတယ်။

RFA Burmese
https://www.rfa.org
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.