ဝူဟန္အေျခအေန ျမန္မာေက်ာင္းသားကိုယ္ေတြ႕

မွတ္တမ္းဓာတ္ပံု - ဇန္န၀ါရီလ ၂၆ ရက္ေန႔က ၀ူဟန္ၿမိဳ႕က ေစ်း၀ယ္စင္တာ တခုတြင္း ျမင္ကြင္း။
(Zawgyi)⤵⤵⤵
တရုတ္ႏိုင္ငံ Hubei ျပည္နယ္္ ၀ူဟန္ၿမိဳ႕ကေန စတင္ျပန္႔ပြားလာတဲ့ Coronavirus ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ၀ူဟန္အပါအ၀င္ ျပည္နယ္တြင္း ၿမိဳ႕ေပါင္း ၁၇ ၿမိဳ႕ကို တရုတ္အာဏာပိုင္ေတြက ပိတ္ဆို႔လိုက္တဲ့အတြက္ လူဦးေရ သန္း ၅၀ ထက္မနည္း ဘယ္ကိုမွသြားလို႔မရပဲ အိမ္ေတြထဲမွာ ပိတ္မိေနၾကပါတယ္။

အထူးသျဖင့္ ၀ူဟန္ၿမိဳ႕လမ္းမေတြေပၚမွာ ယာဥ္အသြားအလာေတြကိုလည္း ပိတ္ထားလိုက္တဲ့အတြက္ တၿမိဳ႕လံုး တိတ္ဆိတ္ ေျခာက္ခ်ားေနတယ္လို႔ ၿမိဳ႕မွာ ပိတ္မိေနတဲ့ ျမန္မာအင္ဂ်င္နီယာမဟာသိပၸံ ေက်ာင္းသား ကိုစည္သူထြန္းက ဗီြအိုေအကိုေျပာပါတယ္။ ၀ူဟန္ၿမိဳ႕ေနာက္ဆံုးအေျခအေနကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလိုစေျပာပါတယ္။

ကိုစည္သူထြန္း။ ။ အခုက သူတို႔က ယာဥ္သြားလာခြင့္ကိုေတာင္ ပိတ္လိုက္တဲ့အတြက္ ၿမိဳ႕ေပၚကလမ္းေတြမွာက ေဆးရံုးကို သယ္ပို႔ေနတဲ့ လူနာတင္ အေရးေပၚကားေတြ၊ ေနာက္ လူနာေတြ သယ္ယူပို႕ေဆာင္တဲ့ေနရာမွာ အေရးေပၚကားေတြ လံုေလာက္မႈ မရွိတဲ့အခ်ိန္ Volunteer အေနနဲ႔ လူနာေတြကို ကူညီသယ္ယူမယ့္ ကားေတြ အဲဒါေတြေလာက္ပဲ အသြားအလာရွိပါတယ္။ က်န္တဲ့ လႈပ္ရွားမႈက ဘာတခုမွ မရွိပါဘူး။


မအင္ၾကင္းႏိုင္။ ။ အဲေတာ့ ၀ူဟန္ၿမိဳ႕မွာ ေနထိုင္ေနတဲ့ လူေတြမွာ Coronavirus ပိုးကူးစက္ပ်ံႏွံမႈ အေျခအေန ဘယ္လိုရွိသလဲ။

ကိုစည္သူထြန္း။ ။ အခု Hubei ျပည္နယ္အတြင္းမွာ ေသဆံုး တဲ့သူအေရအတြက္က ၁၂၅ ေယာက္၊ ဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရတယ္လို႔ ေသခ်ာလူဦးေရက ၃၅၅၄ ေယာက္၊ အဲဒီမွာ က်န္းမာေရး ျပန္ၿပီး ေကာင္းလာတဲ့ လူဦးေရက ၈၀ ေယာက္ရွိပါတယ္။ ဒီျပည္နယ္က တရုတ္ႏိုင္ငံအတြင္း Coronavirus ပိုးကူးစက္ပ်ံႏွံမႈနဲ႔ပတ္သက္ရင္ အမ်ားဆံုးျဖစ္ေနပါတယ္။

မအင္ၾကင္းႏိုင္။ ။ ၀ူဟန္အပါအ၀င္ ျပည္နယ္တခုလံုးမွာ တရုတ္အာဏာပို္င္ေတြကေန ဒီေရာဂါပိုး ဆက္ၿပီး မပ်ံသြားေအာင္ သူတို႔ ထိန္းခ်ဳပ္ကာကြယ္ေနတဲ့ အေနအထား၊ ေရာဂါနဲ႔ပတ္သက္ၿပီး က်န္းမာေရး ပညာေပးေနတဲ့ အေနအထား လံုေလာက္မႈရွိလား။

ကိုစည္သူထြန္း။ ။ အခုသူတို႔လုပ္ထားတဲ့ အေျခအေနကေတာ့ အေကာင္းဆံုးလို႔ ေျပာလို႔ရပါတယ္။ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြကို ရပ္လိုက္တဲ့အတြက္ ဗိုင္းရပ္စ္ရဲ႕ ကူးစက္ပ်ံပြားပံုကလည္း လူလူခ်င္းကေန ကူးတာျဖစ္တဲ့အတြက္ ခရီးသြားလာမႈေတြ မရွိေတာ့ဘူး။ လူလူခ်င္း ထိေတြ႕ဆက္ဆံမႈနည္းသြားတဲ့အတြက္ ထိန္းခ်ဳပ္ႏိုင္မႈအားကေတာ့ ေတာ္ေတာ္ေလး ေကာင္းသြားတယ္။

တကယ္လို႔ သူတို႔ဒီလိုသာမလုပ္ဘူးဆိုရင္ ဒီအခ်ိန္မွာ ကူးစက္ခံရမႈႏႈန္းက ေသာင္းဂဏန္းလည္းျဖစ္ႏိုင္တယ္၊ သိန္းဂဏန္းလည္းျဖစ္ႏိုင္တယ္။ ဒီလိုမ်ဳိး သယ္ယူပို႔ေဆာင္ေရးအပိုင္းကို ပိတ္ထားတဲ့အခ်ိန္မွာေတာင္ ကူးစက္ခံရမႈႏႈန္းက ျမင့္တက္ေနေသးတာျဖ စ္တဲ့အတြက္ သူတို႔ ဒီလိုလုပ္ထားတာဟာ အေကာင္းဆံုးအေျခအေနလို႔ပဲ က်ေနာ္ကေတာ့ ျမင္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ ၀ူဟန္မွာ စၿပီးေတာ့ ဒီ Coronavirus ကို ၿပီးခဲ႔တဲ႔ ႏွစ္ကုန္ ဒီဇင္ဘာလမွာ စျဖစ္တဲ႔ အေျခအေနေပါ႔ေနာ္၊ အဲဒီ အေျခအေန ေရာ ဘယ္လို သိရလဲရွင့္။ ဘယ္လို စျဖစ္လဲ ဆိုတာကို ေျပာျပလို႔ ရမလား။

ကိုစည္သူထြန္း။ ။ ဟုတ္ကဲ႔။ ဒီဘက္ကေန ထုတ္ျပန္တဲ႔ သတင္းအရေတာ့ ဒီ ပင္လယ္စာ ေရာင္းတဲ႔ ေစ်းက စၿပီး ပ်ံ႔ႏွံ႔တယ္လို႔ ေျပာတယ္ေပါ့ေနာ္။ ဒါေပမယ့္ စျဖစ္တဲ႔ အေျခအေနမွာ သူက လူလူခ်င္း မကူးဘူးလို႔ သူတို႔က ေျပာတယ္။ အဲဒီအတြက္ New Year မွာ ဆိုရင္လည္း လူေတြ အျပည့္ဘဲ။ ပံုမွန္ တျခားႏုိင္ငံေတြမွာ ဆင္ႏႊဲသလိုဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ရွိေနၾကေသးတယ္။ လြန္ခဲ႔တဲ႔ တပတ္ကမွသာလ်င္ တကယ့္ Serious အေျခအေန လူလူခ်င္း ကူးတယ္ဆိုၿပီး သူတို႔က ထုတ္ျပန္လိုက္တဲ႔ အတြက္ ၿမိဳ႕က ေတာ္ေတာ္ႀကီး ေျခာက္ျခားသြားတာေပါ့ေနာ္။ အဲဒီ မတိုင္ခင္ကေတာ့ သူက ပံုမွန္သြားလာတာမ်ိဳးေတြ ရွိေနေသးပါတယ္။

မအင္ၾကင္းႏိုင္။ ။ ကိုစည္သူထြန္းရဲ႕ Facebook မွာ တင္ထားတဲ႔ ဗီြဒီယိုဖိုင္ ကို ၾကည့္ရတာ အရ ဆိုလို႔ရွိရင္ ဒီ Wuhan ၿမိဳ႕မွာ ေနထိုင္ေနတဲ႔သူေတြက သူတို႔ Wuhan Fighting ဆိုၿပီး ေအာ္ေနတဲ႔ အသံေပါ့ ဗီြဒီယိုဖိုင္လည္း ေတြ႔ရပါတယ္။ ဒီ ညဘက္မွာေပါ့ေနာ္။ သူတို႔ ေနထိုင္ေနတဲ႔ အေဆာက္အအံုထဲက ေနၿပီးေတာ့ေလ။ အဲလိုေတြ႔ရတဲ႔ အတြက္ ဒီ Wuhan မွာ ရွိေနတဲ႔ လူေတြကေနၿပီးေတာ့ ဒီဗိုင္းရပ္စ္ကို အခု ပ်ံ႕ႏွံ႔လာေနတဲ႔ အေပၚမွာ သူတို႔ စိတ္ပိုင္းဆိုင္ရာ ဒီ ထိခိုက္တာ စိုးရိမ္တာေတြ ဘယ္လို အေျခအေနမ်ိဳး ေတြ႔ရလဲေပ့ါေလ။

ကိုစည္သူထြန္း။ ။ တေန႔ထက္ တေန႔ေပါ့ေနာ္။ ကူးစက္ခံရတဲ႔ ႏႈန္းကလည္း မ်ားလာတယ္။ ေသတဲ႔ႏႈန္းကလည္း မ်ားလာတဲ႔ အတြက္ စိုးရိမ္ထိတ္လန္႔ေနမွာေတာ့ အမွန္ဘဲ ခင္ဗ်။ ဒါေပမယ့္ တခ်ိဳ႕ ဒီ ဗီြဒီယို Clip ေလးေတြ ေတြ႔ရတယ္ေပါ့ေနာ္ အဲဒါ သူတို႔ အိမ္ထဲမွာ က်န္းက်န္းမာမာရွိေအာင္ အားကစား လုပ္ေနတာမ်ိဳးေတြ ေတြ႔တယ္။ အဲေတာ့ လူကေတာ့ အမ်ိဳးမ်ိဳး ရွိမွာဘဲ ခင္ဗ်။ စိတ္ဓာတ္က်ေနတဲ႔ သူေတြလည္း ရွိမယ္။ ၿပီးေတာ့ အဲလိုမ်ိဳး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ မကူးစက္ခံရေအာင္ကိုယ့္စိတ္ကို ျပင္ဆင္ထားတဲ႔ လူေတြလည္း ရွိမွာပါဘဲ ခင္ဗ်။

ဒါေပမယ့္ ရိပ္မိတာ တခုကေတာ့ ဒီၿမိဳ႕က စျဖစ္တာ ျဖစ္တဲ႔ အတြက္ ကူးစက္မႈႏႈန္းေရာ ဒီ ေသတဲ႔ႏႈန္းကေရာ အၾကမ္းဖ်ဥ္း တက္ေနတဲ႔ အတြက္ ေတာ္ေတာ္ႀကီးေတာ့ ေၾကာက္လန္႔ေနမယ္လို႔ က်ေနာ္ ထင္ပါတယ္ ခင္ဗ်။

မအင္ၾကင္းႏိုင္။ ။ Wuhan မွာ Coronavirus ကို စၿပီးေတာ့ ေတြ႔တယ္၊ ကူးစက္ေရာဂါ အႏၱရာယ္ ႀကီးလာေနၿပီ ဆိုတဲ႔ အေျခအေနကို ကိုစည္သူထြန္းတို႔က ဘယ္အခ်ိန္မွာ သိလိုက္ရၿပီးေတာ့ ကိုစည္သူထြန္းတို႔ရဲ႕ တကၠသိုလ္ ေက်ာင္းေတြမွာ မတက္ဖို႔ေပါ့ေနာ္ ပိတ္လုိက္တာမ်ိဳးက ဘယ္လို စျဖစ္လဲရွင့္။

ကိုစည္သူထြန္း။ ။ ေက်ာင္းကေတာ့ အခုက Winter Vacation (ေဆာင္းရာသီပိတ္ရက္) ျဖစ္တဲ႔ အတြက္ ပိတ္ထားတာဗ်။ ဒါေပမယ့္ အဲဒီ စသိတာကေတာ့ ဒီ ၂၂ ရက္ေပါ့ေနာ္။ အဲဒီေလာက္ကတည္းက က်ေနာ္တို႔ သတင္း သဲ႔သဲ႔ၾကားတယ္။ ဒါေပမယ့္ Officially (တရား၀င္) Lock Down လုပ္တယ္ဆိုၿပီးေတာ့ ၿမိဳ႕ကိုလုပ္လုိက္တာကေတာ့ ၂၃ ရက္ေန႔ဗ်။ ၂၃ ရက္ေန႔မွာ လုပ္လိုက္တာပါ။ အခုမွ အဲဒီ Lab ေတြလည္း အကုန္ပိတ္ထားတယ္။ ေနာက္ Winter Vacation မွာ ရွိေနၾကတဲ႔ တျခား Couse ေတြလည္း အကုန္ ပိတ္လိုက္တယ္ေပါ့ေနာ္။ အခုေလာေလာဆယ္ေတာ့ အဲလို အေျခအေနပါဗ်။

မအင္ၾကင္းႏိုင္။ ။ အဲဒီ အေျခအေနက ဘယ္ေတာ့ ပံုမွန္ ျပန္ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ထားလဲရွင့္။

ကိုစည္သူထြန္း။ ။ အဲဒီဟာေတာ့ က်ေနာ္ အေသအခ်ာ မသိဘူးဗ်။ ဘယ္သူမွလည္း မသိဘူးေပါ့ေနာ္။ တခ်ိဳ႕ တကၠသိုလ္ေတြမွာေတာ့ ေနာက္ထပ္ Semester တခုကို Postponed လုပ္ဖို႔ သူတို႔ ေၾကညာခ်က္ေတြ ထုတ္တာမ်ိဳးေတြ ရွိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေက်ာင္းကေတာ့ မထုတ္ေသးဘူးေပါ့ေနာ္။ အဲေတာ့ ဘယ္ေတာ့ ပံုမွန္ ျပန္ျဖစ္လာမယ္လို႔လည္း အတိအက် ေျပာလို႔ မရေသးဘူး ခင္ဗ်။

(Unicode)

ဝူဟန်အခြေအနေ မြန်မာကျောင်းသားကိုယ်တွေ့

တရုတ်နိုင်ငံ Hubei ပြည်နယ် ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာတဲ့ Coronavirus ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဝူဟန်အပါအဝင် ပြည်နယ်တွင်း မြို့ပေါင်း ၁၇ မြို့ကို တရုတ်အာဏာပိုင်တွေက ပိတ်ဆို့လိုက်တဲ့အတွက် လူဦးရေ သန်း ၅၀ ထက်မနည်း ဘယ်ကိုမှသွားလို့မရပဲ အိမ်တွေထဲမှာ ပိတ်မိနေကြပါတယ်။

အထူးသဖြင့် ဝူဟန်မြို့လမ်းမတွေပေါ်မှာ ယာဉ်အသွားအလာတွေကိုလည်း ပိတ်ထားလိုက်တဲ့အတွက် တမြို့လုံး တိတ်ဆိတ် ခြောက်ချားနေတယ်လို့ မြို့မှာ ပိတ်မိနေတဲ့ မြန်မာအင်ဂျင်နီယာမဟာသိပ္ပံ ကျောင်းသား ကိုစည်သူထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဝူဟန်မြို့နောက်ဆုံးအခြေအနေကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။

ကိုစည်သူထွန်း။ ။ အခုက သူတို့က ယာဉ်သွားလာခွင့်ကိုတောင် ပိတ်လိုက်တဲ့အတွက် မြို့ပေါ်ကလမ်းတွေမှာက ဆေးရုံးကို သယ်ပို့နေတဲ့ လူနာတင် အရေးပေါ်ကားတွေ၊ နောက် လူနာတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ အရေးပေါ်ကားတွေလုံလောက်မှုမရှိတဲ့အချိန် Volunteer အနေနဲ့ လူနာတွေကို ကူညီသယ်ယူမယ့် ကားတွေ အဲဒါတွေလောက်ပဲ အသွားအလာရှိပါတယ်။ ကျန်တဲ့ လှုပ်ရှားမှုက ဘာတခုမှ မရှိပါဘူး။

မအင်ကြင်းနိုင်။ ။ အဲတော့ ဝူဟန်မြို့မှာ နေထိုင်နေတဲ့ လူတွေမှာ Coronavirus ပိုးကူးစက်ပျံနှံမှု အခြေအနေ ဘယ်လိုရှိသလဲ။

ကိုစည်သူထွန်း။ ။ အခု Hubei ပြည်နယ်အတွင်းမှာ သေဆုံး တဲ့သူအရေအတွက်က ၁၂၅ ယောက်၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ သေချာလူဦးရေက ၃၅၅၄ ယောက်၊ အဲဒီမှာ ကျန်းမာရေး ပြန်ပြီး ကောင်းလာတဲ့ လူဦးရေက ၈၀ ယောက်ရှိပါတယ်။ ဒီပြည်နယ်က တရုတ်နိုင်ငံအတွင်း Coronavirus ပိုးကူးစက်ပျံနှံမှုနဲ့ပတ်သက်ရင် အများဆုံးဖြစ်နေပါတယ်။

မအင်ကြင်းနိုင်။ ။ ဝူဟန်အပါအဝင် ပြည်နယ်တခုလုံးမှာ တရုတ်အာဏာပိုင်တွေကနေ ဒီရောဂါပိုး ဆက်ပြီး မပျံသွားအောင် သူတို့ ထိန်းချုပ်ကာကွယ်နေတဲ့ အနေအထား၊ ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေး ပညာပေးနေတဲ့ အနေအထား လုံလောက်မှုရှိလား။

ကိုစည်သူထွန်း။ ။ အခုသူတို့လုပ်ထားတဲ့ အခြေအနေကတော့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို ရပ်လိုက်တဲ့အတွက် ဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံပွားပုံကလည်း လူလူချင်းကနေ ကူးတာဖြစ်တဲ့အတွက် ခရီးသွားလာမှုတွေ မရှိတော့ဘူး။ လူလူချင်း ထိတွေ့ဆက်ဆံမှုနည်းသွားတဲ့အတွက် ထိန်းချုပ်နိုင်မှုအားကတော့ တော်တော်လေး ကောင်းသွားတယ်။ တကယ်လို့ သူတို့ဒီလိုသာမလုပ်ဘူးဆိုရင် ဒီအချိန်မှာ ကူးစက်ခံရမှုနှုန်းက သောင်းဂဏန်းလည်းဖြစ်နိုင်တယ်၊ သိန်းဂဏန်းလည်းဖြစ်နိုင်တယ်။ ဒီလိုမျိုး သယ်ယူပို့ဆောင်ရေးအပိုင်းကို ပိတ်ထားတဲ့အချိန်မှာတောင် ကူးစက်ခံရမှုနှုန်းက မြင့်တက်နေသေးတာဖြ စ်တဲ့အတွက် သူတို့ ဒီလိုလုပ်ထားတာဟာ အကောင်းဆုံးအခြေအနေလို့ပဲ ကျနော်ကတော့ မြင်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဝူဟန်မှာ စပြီးတော့ ဒီ Coronavirus ကို ပြီးခဲ့တဲ့ နှစ်ကုန် ဒီဇင်ဘာလမှာ စဖြစ်တဲ့ အခြေအနေပေါ့နော်၊ အဲဒီ အခြေအနေ ရော ဘယ်လို သိရလဲရှင့်။ ဘယ်လို စဖြစ်လဲ ဆိုတာကို ပြောပြလို့ ရမလား။

ကိုစည်သူထွန်း။ ။ ဟုတ်ကဲ့။ ဒီဘက်ကနေ ထုတ်ပြန်တဲ့ သတင်းအရတော့ ဒီ ပင်လယ်စာ ရောင်းတဲ့ ဈေးက စပြီး ပျံ့နှံ့တယ်လို့ ပြောတယ်ပေါ့နော်။ ဒါပေမယ့် စဖြစ်တဲ့ အခြေအနေမှာ သူက လူလူချင်း မကူးဘူးလို့ သူတို့က ပြောတယ်။ အဲဒီအတွက် New Year မှာ ဆိုရင်လည်း လူတွေ အပြည့်ဘဲ။ ပုံမှန် တခြားနိုင်ငံတွေမှာ ဆင်နွှဲသလိုဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေကြသေးတယ်။ လွန်ခဲ့တဲ့ တပတ်ကမှသာလျင် တကယ့် Serious အခြေအနေ လူလူချင်း ကူးတယ်ဆိုပြီး သူတို့က ထုတ်ပြန်လိုက်တဲ့ အတွက် မြို့က တော်တော်ကြီး ခြောက်ခြားသွားတာပေါ့နော်။ အဲဒီ မတိုင်ခင်ကတော့ သူက ပုံမှန်သွားလာတာမျိုးတွေ ရှိနေသေးပါတယ်။

မအင်ကြင်းနိုင်။ ။ ကိုစည်သူထွန်းရဲ့ Facebook မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင် ကို ကြည့်ရတာ အရ ဆိုလို့ရှိရင် ဒီ Wuhan မြို့မှာ နေထိုင်နေတဲ့သူတွေက သူတို့ Wuhan Fighting ဆိုပြီး အော်နေတဲ့ အသံပေါ့ ဗွီဒီယိုဖိုင်လည်း တွေ့ရပါတယ်။ ဒီ ညဘက်မှာပေါ့နော်။ သူတို့ နေထိုင်နေတဲ့ အဆောက်အအုံထဲက နေပြီးတော့လေ။ အဲလိုတွေ့ရတဲ့ အတွက် ဒီ Wuhan မှာ ရှိနေတဲ့ လူတွေကနေပြီးတော့ ဒီဗိုင်းရပ်စ်ကို အခု ပျံ့နှံ့လာနေတဲ့ အပေါ်မှာ သူတို့ စိတ်ပိုင်းဆိုင်ရာ ဒီ ထိခိုက်တာ စိုးရိမ်တာတွေ ဘယ်လို အခြေအနေမျိုး တွေ့ရလဲပေ့ါလေ။

ကိုစည်သူထွန်း။ ။ တနေ့ထက် တနေ့ပေါ့နော်။ ကူးစက်ခံရတဲ့ နှုန်းကလည်း များလာတယ်။ သေတဲ့နှုန်းကလည်း များလာတဲ့ အတွက် စိုးရိမ်ထိတ်လန့်နေမှာတော့ အမှန်ဘဲ ခင်ဗျ။ ဒါပေမယ့် တချို့ ဒီ ဗွီဒီယို Clip လေးတွေ တွေ့ရတယ်ပေါ့နော် အဲဒါ သူတို့ အိမ်ထဲမှာ ကျန်းကျန်းမာမာရှိအောင် အားကစား လုပ်နေတာမျိုးတွေ တွေ့တယ်။ အဲတော့ လူကတော့ အမျိုးမျိုး ရှိမှာဘဲ ခင်ဗျ။ စိတ်ဓာတ်ကျနေတဲ့ သူတွေလည်း ရှိမယ်။ ပြီးတော့ အဲလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ မကူးစက်ခံရအောင်ကိုယ့်စိတ်ကို ပြင်ဆင်ထားတဲ့ လူတွေလည်း ရှိမှာပါဘဲ ခင်ဗျ။ ဒါပေမယ့် ရိပ်မိတာ တခုကတော့ ဒီမြို့က စဖြစ်တာ ဖြစ်တဲ့ အတွက် ကူးစက်မှုနှုန်းရော ဒီ သေတဲ့နှုန်းကရော အကြမ်းဖျဉ်း တက်နေတဲ့ အတွက် တော်တော်ကြီးတော့ ကြောက်လန့်နေမယ်လို့ ကျနော် ထင်ပါတယ် ခင်ဗျ။

မအင်ကြင်းနိုင်။ ။ Wuhan မှာ Coronavirus ကို စပြီးတော့ တွေ့တယ်၊ ကူးစက်ရောဂါ အန္တရာယ် ကြီးလာနေပြီ ဆိုတဲ့ အခြေအနေကို ကိုစည်သူထွန်းတို့က ဘယ်အချိန်မှာ သိလိုက်ရပြီးတော့ ကိုစည်သူထွန်းတို့ရဲ့ တက္ကသိုလ် ကျောင်းတွေမှာ မတက်ဖို့ပေါ့နော် ပိတ်လိုက်တာမျိုးက ဘယ်လို စဖြစ်လဲရှင့်။
ကိုစည်သူထွန်း။ ။ ကျောင်းကတော့ အခုက Winter Vacation (ဆောင်းရာသီပိတ်ရက်) ဖြစ်တဲ့ အတွက် ပိတ်ထားတာဗျ။ ဒါပေမယ့် အဲဒီ စသိတာကတော့ ဒီ ၂၂ ရက်ပေါ့နော်။ အဲဒီလောက်ကတည်းက ကျနော်တို့ သတင်း သဲ့သဲ့ကြားတယ်။ ဒါပေမယ့် Officially (တရားဝင်) Lock Down လုပ်တယ်ဆိုပြီးတော့ မြို့ကိုလုပ်လိုက်တာကတော့ ၂၃ ရက်နေ့ဗျ။ ၂၃ ရက်နေ့မှာ လုပ်လိုက်တာပါ။ အခုမှ အဲဒီ Lab တွေလည်း အကုန်ပိတ်ထားတယ်။ နောက် Winter Vacation မှာ ရှိနေကြတဲ့ တခြား Couse တွေလည်း အကုန် ပိတ်လိုက်တယ်ပေါ့နော်။ အခုလောလောဆယ်တော့ အဲလို အခြေအနေပါဗျ။

မအင်ကြင်းနိုင်။ ။ အဲဒီ အခြေအနေက ဘယ်တော့ ပုံမှန် ပြန်ရောက်လာမယ်လို့ မျှော်လင့်ထားလဲရှင့်။

ကိုစည်သူထွန်း။ ။ အဲဒီဟာတော့ ကျနော် အသေအချာ မသိဘူးဗျ။ ဘယ်သူမှလည်း မသိဘူးပေါ့နော်။ တချို့ တက္ကသိုလ်တွေမှာတော့ နောက်ထပ် Semester တခုကို Postponed လုပ်ဖို့ သူတို့ ကြေညာချက်တွေ ထုတ်တာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းကတော့ မထုတ်သေးဘူးပေါ့နော်။ အဲတော့ ဘယ်တော့ ပုံမှန် ပြန်ဖြစ်လာမယ်လို့လည်း အတိအကျ ပြောလို့ မရသေးဘူး ခင်ဗျ။

အင္ၾကင္းႏုုိင္/ VOA (Burmese)
https://burmese.voanews.com
ဝူဟန္အေျခအေန ျမန္မာေက်ာင္းသားကိုယ္ေတြ႕ ဝူဟန္အေျခအေန ျမန္မာေက်ာင္းသားကိုယ္ေတြ႕ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.