ၾသစေၾတးလ်ေတာမီး ေသဆံုးသူ ၂၃ ဦးရွိၿပီ

ေတာမီးၿငိႇမ္းသတ္ရန္ ႀကိဳစားေနသည့္ ၾသစေၾတးလ် မီးသတ္တပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၃၊ ၂၀၂၀)
(Zawgyi / Unicode)

ၾသစေၾတးလ်ႏုိင္ငံမွာ ေလာင္ေနတဲ့ ေတာမီးေတြေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ ၂၃ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ ၾသစေၾတးလ်၀န္ႀကီးခ်ဳပ္ Scott Morrison က ေျပာၾကားလိုက္ပါတယ္။

ေတာမီးက အခုသီတင္းပတ္ကုန္ ပိုၿပီးေတာ့ အရွိန္ျပင္းလာတာေၾကာင့္ အဲဒီေတာမီးေတြကို ၿငိႇမ္းသတ္ဖို႔အတြက္ ေနာက္ထပ္ အရန္တပ္ဖဲြ႔၀င္ ၃ ေထာင္ေလာက္ကို ေခၚယူလိုက္တယ္လို႔ သူကေျပာပါတယ္။

လာမယ့္ ၂၄ နာရီကာလဟာ ၾသစေၾတးလ်ႏုိင္ငံအတြက္ အလြန္ကိုခက္ခဲတဲ့ ကာလကို ရင္ဆုိင္ေနရတာ ျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္ Morrison က ႐ုပ္သံကေန တဆင့္ ေျပာပါတယ္။

ၾသစေၾတးလ်ႏုိင္ငံက အနည္းဆုံး ျပည္နယ္ ၃ ခုမွာ မေန႔ စေနေန႔ ေလတုိက္ႏႈန္း ျပင္းထန္တာရယ္၊ အပူခ်ိန္ျမင့္တာေတြေၾကာင့္ ေတာမီးေလာင္ကၽြမ္းတဲ့ေနရာဟာ ပိုမ်ားလာခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ရက္အတြင္း အဲဒီေတာမီးေတြကို ၿငိႇမ္းသတ္ဖို႔ ႀကိဳးစားရင္းနဲ႔ သားအဖႏွစ္ေယာက္ ေသဆုံးခဲ့တာျဖစ္ပါတယ္။

ေသဆုံးသြားတဲ့ သားအဖႏွစ္ေယာက္ဟာ အသက္ ၇၈ ႏွစ္အရြယ္ Dick Lang ဆုိသူနဲ႔ သူ႔ရဲ႕သားျဖစ္သူ အသက္ ၄၃ ႏွစ္အရြယ္ Claton တုိ႔ ျဖစ္ၾကပါတယ္။

သူတုိ႔ရဲ႕ ႐ုပ္အေလာင္းေတြကို Kangaroo ကၽြန္းက လမ္းမေပၚမွာ စေနေန႔က ေတြ႔ရွိခဲ့တာျဖစ္တယ္လို႔ ၾသစေၾတးလ် အာဏာပိုင္ေတြက ေျပာပါတယ္။

ဒီေတာမီးဟာ ၾသစေၾတးလ်ႏုိင္ငံသမုိင္းမွာ အဆုိးရြားဆုံး ေလာင္ကၽြမ္းတဲ့ ေတာမီးျဖစ္ပါတယ္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ ၾသစေၾတးလ်ႏုိင္ငံတ၀ွမ္း အပူခ်ိန္ဟာ စံခ်ိန္တင္ေလာက္ေအာင္ ျမင့္တက္ခဲ့ၿပီး ၿမိဳ႕ေတာ္ ကင္ဘာရာမွာဆုိရင္ အပူခ်ိန္ဟာ ၁၀၉ ဒီဂရီ ဖာရင္ဟိုက္အထိ ရွိခဲ့ၿပီး ဆစ္ဒနီၿမိဳ႕ အေနာက္ဘက္က Penrith ၿမိဳ႕မွာဆုိရင္ ၁၂၀ ဒီဂရီ ဖာရင္ဟုိက္အထိ ရွိခဲ့ပါတယ္။

ဒီေတာမီးကို ၿငိႇမ္းသတ္ေနတဲ့ မီးသတ္သမားေတြကို အကူအညီေပးဖို႔အတြက္ ကမာၻတ၀ွမ္းကေန အလွဴေငြေတြ ထည့္၀င္ေနၾကတာမွာ အခု ဒီကေန႔မွာဆုိရင္ ၾသစေၾတးလ်ေဒၚလာ ၂၅ သန္း ရရွိထားၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

---------------------------------

(Unicode)

သြစတြေးလျတောမီး သေဆုံးသူ ၂၃ ဦးရှိပြီ

သြစတြေးလျနိုင်ငံမှာ လောင်နေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်သြစတြေးလျနိုင်ငံမှာ လောင်နေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၃ ယောက် ရှိသွားပြီဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က ပြောကြားလိုက်ပါတယ်။

တောမီးက အခုသီတင်းပတ်ကုန် ပိုပြီးတော့ အရှိန်ပြင်းလာတာကြောင့် အဲဒီတောမီးတွေကို ငြှိမ်းသတ်ဖို့အတွက် နောက်ထပ် အရန်တပ်ဖွဲ့ဝင် ၃ ထောင်လောက်ကို ခေါ်ယူလိုက်တယ်လို့ သူကပြောပါတယ်။

လာမယ့် ၂၄ နာရီကာလဟာ သြစတြေးလျနိုင်ငံအတွက် အလွန်ကိုခက်ခဲတဲ့ ကာလကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Morrison က ရုပ်သံကနေ တဆင့် ပြောပါတယ်။

သြစတြေးလျနိုင်ငံက အနည်းဆုံး ပြည်နယ် ၃ ခုမှာ မနေ့ စနေနေ့ လေတိုက်နှုန်း ပြင်းထန်တာရယ်၊ အပူချိန်မြင့်တာတွေကြောင့် တောမီးလောင်ကျွမ်းတဲ့နေရာဟာ ပိုများလာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရက်အတွင်း အဲဒီတောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်းနဲ့ သားအဖနှစ်ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ဟာ အသက် ၇၈ နှစ်အရွယ် Dick Lang ဆိုသူနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၄၃ နှစ်အရွယ် Claton တို့ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို Kangaroo ကျွန်းက လမ်းမပေါ်မှာ စနေနေ့က တွေ့ရှိခဲ့တာဖြစ်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတောမီးဟာ သြစတြေးလျနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး လောင်ကျွမ်းတဲ့ တောမီးဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သြစတြေးလျနိုင်ငံတဝှမ်း အပူချိန်ဟာ စံချိန်တင်လောက်အောင် မြင့်တက်ခဲ့ပြီး မြို့တော် ကင်ဘာရာမှာဆိုရင် အပူချိန်ဟာ ၁၀၉ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပြီး ဆစ်ဒနီမြို့ အနောက်ဘက်က Penrith မြို့မှာဆိုရင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိခဲ့ပါတယ်။

ဒီတောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို အကူအညီပေးဖို့အတွက် ကမ္ဘာတဝှမ်းကနေ အလှူငွေတွေ ထည့်ဝင်နေကြတာမှာ အခု ဒီကနေ့မှာဆိုရင် သြစတြေးလျဒေါ်လာ ၂၅ သန်း ရရှိထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

VOA Burmese
https://burmese.voanews.com
ၾသစေၾတးလ်ေတာမီး ေသဆံုးသူ ၂၃ ဦးရွိၿပီ ၾသစေၾတးလ်ေတာမီး ေသဆံုးသူ ၂၃ ဦးရွိၿပီ Reviewed by THITHTOOLWIN on 02:41 Rating: 5
Powered by Blogger.