
(Zawgyi)⤵⤵⤵
တောင်ကြီး၊ ဇန်နဝါရီ ၁၈




-------------
(Unicode)⤵⤵⤵
တန့်ယန်းမှာ အမျိုးသားတစ်ဦးက စိတ်ဖောက်ပြန်ပြီး ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်(ကနဦးသတင်း)

တောင်ကြီး၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှယ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်၊ ညနေပိုင်းအချိန်က အမျိုးသားတစ်ဦးမှ စိတ်ဖောက်ပြန်ပြီး ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ကယ မိမိကိုယ်ကို ထပ်ထိုးမှုဖြစ်ပွားခဲ့တယ်လို့ တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းထံမှ သိရပါတယ်။

တန့်ယန်းမြို့၊ အမှတ် ၅ ရပ်ကွက်၊ အုပ်စု ၉ တိုးချဲ့ကွက်သစ်၊ ချယ်ရီလမ်းမှယ အမျိုးသား
တစ်ဦးမှ စိတ်ဖောက်ပြန်ကာ မိမိအမျိုးသမီးအား ဓားရှည်နဲ့ ထိုးသတ်တဲ့အတွက် အမျိုးသမီးဖြစ်သူ သေဆုံးပြီး မိမိကိုယ်ကို အဲဒီအမျိုးသားက ဓားရှည်နဲ့ ထပ်ထိုးတဲ့အတွက် ဝမ်းဗိုက်ပေါက်ထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအခင်းဖြစ်ပွားရာနေရာကို တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းမှ Ambulance ယာဉ်နဲ့ တပ်ဖွဲ့ဝင်တွေသွားရောက်ကာ ဒါဏ်ရာရ အမျိုးသားကို တန့်ယန်းပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တန့်ယန်းမှာ အမျိုးသားတစ်ဦးက စိတ်ဖောက်ပြန်ပြီး ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်(ကနဦးသတင်း) တန့်ယန်းမှာ အမျိုးသားတစ်ဦးက စိတ်ဖောက်ပြန်ပြီး ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်(ကနဦးသတင်း) Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.