မူဆယ္ၿမိဳ႕ လမ္းမီးတုိင္မ်ား မီးမလင္းမႈေၾကာင့္ ဒုစရိုက္သမားမ်ား ပိုမ်ားေန

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၇၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕တြင္းရွိ မီးတုိင္းမ်ား မီးမလင္းသည္ကုိ ဒုစရုိက္သမားမ်ား အခြင့္ေကာင္းယူကာ ခုိး၊လုယက္မႈမ်ားျပဳလုပ္ေနေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

မူဆယ္ၿမိဳ႕ လယ္ေခါင္ လမ္းမီးတုိင္ ၄၀ ေက်ာ္ရွိသည့္ အနက္ ၂တိုင္ တာ မီးလင္းေၾကာင္း၊ ထိုသို႔ လမ္းမီးတိုင္ ပ်က္စီးမႈေၾကာင့္ မူဆယ္ၿမိဳ႕ တြင္ ဒုစရိုက္သမားမ်ား မၾကာခဏ ခိုး၊ လုယက္မႈ ျပဳလုပ္ေၾကာင္းလည္း မူဆယ္ၿမိဳ႕ေဒသခံ စိုင္းလ်န္း က သွ်မ္းသံေတာ္ဆင့္ သုိ႔ေျပာသည္။

“ ျပည္ေထာင္စု လမ္းမေပၚ ရွိ တဲ့ လမ္းမီးတုိင္ေတြ က ကံေကာ္လမ္းခြဲ ကေန အလယ္ေပါက္ ထိမီးမလင္းဘူး။ တခ်ိဳ႕ က ကားတုိက္လို႔ ပ်က္စီးတာ၊ တခ်ိဳ႕ က မီးသီးမရွိတာ၊ တခ်ိဳ႕ တုိင္က မီးသီးရွိၿပီး မီးမလင္းဘူး” ဟု စိုင္းလ်န္း က ဆုိသည္။

ထိုျပည္ေထာင္စု လမ္းမေပၚ မီးတိုင္မ်ား မီးမလင္းမႈကို အခြင့္ေကာင္းကာ လုယက္မႈမ်ားလည္း မၾကာခဏ ျဖစ္သည္။

အဆိုပါ လမ္းမီးတိုင္မ်ားပ်က္စီးေနသည္မွာ တႏွစ္ေက်ာ္ၾကာသြားေသာ္လည္း သက္ဆိုင္ရာမွ လာေရာက္ျပင္ဆင္ေပးျခင္းမရွိေၾကာင္း လည္း စိုင္းလ်န္း က ထပ္ေလာင္းေျပာသည္။

“ လမ္းမီးက ပ်က္ေနတာၾကာၿပီ၊ ၿမိဳ႕ထဲ လမ္းမ မီးပ်က္တာ မသိသာေပမယ့္။ ေဆးရံု ကေန စၿပီးေတာ့ တရုတ္ျပည္ဘက္ သြားတဲ့လမ္းတေလ်ာက္ဆုိ ေမွာင္သြားၿပီ။ အဲ့ဘက္မွာ ေန႔တုိင္း လုယက္မႈျဖစ္တယ္” ဟု မူဆယ္ၿမိဳ႕ ေစ်းရပ္ကြက္ ေနထိုင္တဲ့ စိုင္းဆမ္ က ေျပာသည္။

မူဆယ္ၿမိဳ႕လယ္ေခါင္ လမ္းမီးတုိင္မ်ား မလင္းသည့္အတြက္ ၿမိဳ႕ အဂၤ ါရပ္ႏွင့္လည္း မညီေၾကာင္း၊ ထုိ႔ေၾကာင့္ သက္ဆုိင္ရာ မ်ားအေနျဖင့္ လမ္းမီးတုိင္မ်ား အျမန္ ျပန္လည္ ျပင္ဆင္ေပးေစလိုေၾကာင္း၊လမ္းမီးတုိင္မ်ား မျပင္ဆင္ပါက မူဆယ္ေဒသခံမ်ား သူခုိး၊ လုယက္မႈမ်ား ပိုမ်ားလာႏိုင္ေၾကာင္း လည္း စိုင္းဆမ္ က ဆုိသည္။

မူဆယ္ၿမိဳ႕သည္ တရုတ္နယ္စပ္ျဖစ္ကာ လက္နက္မ်ား၊ မူးယစ္ေဆးဝါးမ်ား အလြယ္တကူရသည့္ ေဒသျဖစ္ၿပီး မၾကာခဏ ခုိးမႈ၊ လုယက္မႈမ်ားျဖစ္ပြားသည့္ေနရာ လည္း ျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------
(Unicode)⤵⤵⤵
မူဆယ်မြို့ လမ်းမီးတိုင်များ မီးမလင်းမှုကြောင့် ဒုစရိုက်သမားများ ပိုများနေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၇၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင်းရှိ မီးတိုင်းများ မီးမလင်းသည်ကို ဒုစရိုက်သမားများ အခွင့်ကောင်းယူကာ ခိုး၊လုယက်မှုများပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

မူဆယ်မြို့ လယ်ခေါင် လမ်းမီးတိုင် ၄၀ ကျော်ရှိသည့် အနက် ၂တိုင် တာ မီးလင်းကြောင်း၊ ထိုသို့ လမ်းမီးတိုင် ပျက်စီးမှုကြောင့် မူဆယ်မြို့ တွင် ဒုစရိုက်သမားများ မကြာခဏ ခိုး၊ လုယက်မှု ပြုလုပ်ကြောင်းလည်း မူဆယ်မြို့ဒေသခံ စိုင်းလျန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ပြည်ထောင်စု လမ်းမပေါ် ရှိ တဲ့ လမ်းမီးတိုင်တွေ က ကံကော်လမ်းခွဲ ကနေ အလယ်ပေါက် ထိမီးမလင်းဘူး။ တချို့ က ကားတိုက်လို့ ပျက်စီးတာ၊ တချို့ က မီးသီးမရှိတာ၊ တချို့ တိုင်က မီးသီးရှိပြီး မီးမလင်းဘူး” ဟု စိုင်းလျန်း က ဆိုသည်။

ထိုပြည်ထောင်စု လမ်းမပေါ် မီးတိုင်များ မီးမလင်းမှုကို အခွင့်ကောင်းကာ လုယက်မှုများလည်း မကြာခဏ ဖြစ်သည်။

အဆိုပါ လမ်းမီးတိုင်များပျက်စီးနေသည်မှာ တနှစ်ကျော်ကြာသွားသော်လည်း သက်ဆိုင်ရာမှ လာရောက်ပြင်ဆင်ပေးခြင်းမရှိကြောင်း လည်း စိုင်းလျန်း က ထပ်လောင်းပြောသည်။

“ လမ်းမီးက ပျက်နေတာကြာပြီ၊ မြို့ထဲ လမ်းမ မီးပျက်တာ မသိသာပေမယ့်။ ဆေးရုံ ကနေ စပြီးတော့ တရုတ်ပြည်ဘက် သွားတဲ့လမ်းတလျောက်ဆို မှောင်သွားပြီ။ အဲ့ဘက်မှာ နေ့တိုင်း လုယက်မှုဖြစ်တယ်” ဟု မူဆယ်မြို့ ဈေးရပ်ကွက် နေထိုင်တဲ့ စိုင်းဆမ် က ပြောသည်။

မူဆယ်မြို့လယ်ခေါင် လမ်းမီးတိုင်များ မလင်းသည့်အတွက် မြို့ အင်္ဂ ါရပ်နှင့်လည်း မညီကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ များအနေဖြင့် လမ်းမီးတိုင်များ အမြန် ပြန်လည် ပြင်ဆင်ပေးစေလိုကြောင်း၊လမ်းမီးတိုင်များ မပြင်ဆင်ပါက မူဆယ်ဒေသခံများ သူခိုး၊ လုယက်မှုများ ပိုများလာနိုင်ကြောင်း လည်း စိုင်းဆမ် က ဆိုသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်ဖြစ်ကာ လက်နက်များ၊ မူးယစ်ဆေးဝါးများ အလွယ်တကူရသည့် ဒေသဖြစ်ပြီး မကြာခဏ ခိုးမှု၊ လုယက်မှုများဖြစ်ပွားသည့်နေရာ လည်း ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မူဆယ္ၿမိဳ႕ လမ္းမီးတုိင္မ်ား မီးမလင္းမႈေၾကာင့္ ဒုစရိုက္သမားမ်ား ပိုမ်ားေန မူဆယ္ၿမိဳ႕ လမ္းမီးတုိင္မ်ား မီးမလင္းမႈေၾကာင့္ ဒုစရိုက္သမားမ်ား ပိုမ်ားေန Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.