အေမရိကန္ေရာက္ ေဆာ္ဒီ စစ္သင္တန္းသားေတြကို ေနရပ္ျပန္ပို႔မည္

ဒီဇင္ဘာလက Florida ျပည္နယ္ Pensacola မွာ႐ွိတဲ့ ေရတပ္အေျခစိုက္စခန္းမွာ ျပစ္ခတ္မႈျဖစ္ခဲ့
(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ စစ္ပညာသင္ေနတဲ့ Saudi Arabia စစ္မႈထမ္း ၂၀ ေက်ာ္ကို အေမရိကန္အစိုးရက ေနရပ္ႏိုင္ငံျပန္ပို႔မယ့္အေၾကာင္း ေၾကညာဖို႔ ႐ွိေနပါတယ္။ ၿပီးခဲ့တဲလက Florida ျပည္နယ္ Pensacola မွာ႐ွိတဲ့ ေရတပ္အေျခစိုက္စခန္းမွာ Saudi ေလတပ္အရာ႐ွိတေယာက္ရဲ႕ ပစ္ခတ္မႈေၾကာင့္ အေမရိကန္တပ္ဖဲြ႔ဝင္ေတြ ေသဆံုးခဲ့ၿပီးေနာက္ Pentagon စစ္ဌာနခ်ဳပ္က ျပန္လည္သံုးသပ္ၿပီး Saudi စစ္မႈထမ္းေတြကို ႏိုင္ငံထဲကေန ႏွင္ထုတ္မွာျဖစ္တဲ့အေၾကာင္း အေမရိကန္သတင္းေတြမွာ ေဖာ္ျပပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ Saudi ေလတပ္ဒုဗိုလ္တေယာက္ရဲ႕ ပစ္ခတ္မႈေၾကာင့္ အေမရိကန္ ေရတပ္သား ၃ ေယာက္ေသဆံုးၿပီး ၈ ေယာက္ ဒဏ္ရာရခဲ့ၾကပါတယ္။ အခုလို ႏိုင္ငံထဲကေန ႏွင္ထုတ္မယ့္ Saudi စစ္မႈထမ္းေတြဟာ ေသနတ္သမားကို ပစ္ခတ္ဖို႔ ကူညီေပးခဲ့ၾကသူေတြမဟုတ္ေပမဲ့ တခ်ဳိ႕ဟာ အစြန္းေရာက္လုပ္ရပ္ေတြနဲ႔ ဆက္ႏြယ္ေနေၾကာင္း အေမရိကန္ တာဝန္႐ွိသူေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး သတင္းေတြထဲမွာ ေဖာ္ျပၾကပါတယ္။

အစြန္းေရာက္လုပ္ရပ္ေတြ ေသနတ္သမားေလ့လာခဲ့တဲ့အေၾကာင္း တခ်ဳိ႕ Saudi စစ္မႈထမ္းေတြက အာဏာပိုင္ေတြကို အသိေပးဖုိ႔ ပ်က္ကြက္ခဲ့ၾကတယ္လုိ႔ ေျပာပါတယ္။ ပစ္ခတ္မႈမျဖစ္ခင္ ပါတီပြဲတခုမွာ အစုလိုက္ အၿပံဳလိုက္ကို ပစ္ခတ္တဲ့ Video ေတြကို ေသနတ္သမားနဲ႔အတူ တခ်ဳိ႕ၾကည့္ခဲ့ၾကတယ္လို႔ စံုစမ္းစစ္ေဆးသူေတြ ယံုၾကည္ေနၾကပါတယ္။

ဒါ့အျပင္ တခ်ဳိ႕က အစြန္းေရာက္ အျမင္ေတြ႐ွိတဲ့ Online chatroom ေတြမွာ ဝင္ေရာက္ ေျပာဆိုေဆြးေႏြးခဲ့ၾကသလို၊ တခ်ဳိ႕ကလည္း အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြကို မဖြယ္မရာလုပ္တဲ့ Video ေတြ ၾကည့္ခဲ့ၾကတာကို တာဝန္႐ွိသူေတြ သိ႐ွိခဲ့ၾကတာျဖစ္ပါတယ္။ ပစ္ခတ္မႈျဖစ္ၿပီးေနာက္ အေမရိကန္မွာ လာေရာက္စစ္ပညာသင္ၾကားေနတဲ့ Saudi စစ္မႈထမ္း ၈၅၀ ေလာက္ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို ျပည္ေထာင္စုစံုစမ္း စစ္ေဆးသူေတြ ျပန္လည္ သံုးသပ္ခဲ့ၾကတာျဖစ္ပါတယ္။

...................

အမေရိကန်ရောက် ဆော်ဒီ စစ်သင်တန်းသားတွေကို နေရပ်ပြန်ပို့မည်

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ စစ်ပညာသင်နေတဲ့ Saudi Arabia စစ်မှုထမ်း ၂၀ ကျော်ကို အမေရိကန်အစိုးရက နေရပ်နိုင်ငံပြန်ပို့မယ့်အကြောင်း ကြေညာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲလက Florida ပြည်နယ် Pensacola မှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းမှာ Saudi လေတပ်အရာရှိတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် Pentagon စစ်ဌာနချုပ်က ပြန်လည်သုံးသပ်ပြီး Saudi စစ်မှုထမ်းတွေကို နိုင်ငံထဲကနေ နှင်ထုတ်မှာဖြစ်တဲ့အကြောင်း အမေရိကန်သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၂၁ နှစ်အရွယ် Saudi လေတပ်ဒုဗိုလ်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် ရေတပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။ အခုလို နိုင်ငံထဲကနေ နှင်ထုတ်မယ့် Saudi စစ်မှုထမ်းတွေဟာ သေနတ်သမားကို ပစ်ခတ်ဖို့ ကူညီပေးခဲ့ကြသူတွေမဟုတ်ပေမဲ့ တချို့ဟာ အစွန်းရောက်လုပ်ရပ်တွေနဲ့ ဆက်နွယ်နေကြောင်း အမေရိကန် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွေထဲမှာ ဖော်ပြကြပါတယ်။

အစွန်းရောက်လုပ်ရပ်တွေ သေနတ်သမားလေ့လာခဲ့တဲ့အကြောင်း တချို့ Saudi စစ်မှုထမ်းတွေက အာဏာပိုင်တွေကို အသိပေးဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုမဖြစ်ခင် ပါတီပွဲတခုမှာ အစုလိုက် အပြုံလိုက်ကို ပစ်ခတ်တဲ့ Video တွေကို သေနတ်သမားနဲ့အတူ တချို့ကြည့်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေ ယုံကြည်နေကြပါတယ်။

ဒါ့အပြင် တချို့က အစွန်းရောက် အမြင်တွေရှိတဲ့ Online chatroom တွေမှာ ဝင်ရောက် ပြောဆိုဆွေးနွေးခဲ့ကြသလို၊ တချို့ကလည်း အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို မဖွယ်မရာလုပ်တဲ့ Video တွေ ကြည့်ခဲ့ကြတာကို တာဝန်ရှိသူတွေ သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အမေရိကန်မှာ လာရောက်စစ်ပညာသင်ကြားနေတဲ့ Saudi စစ်မှုထမ်း ၈၅၀ လောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြည်ထောင်စုစုံစမ်း စစ်ဆေးသူတွေ ပြန်လည် သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
အေမရိကန္ေရာက္ ေဆာ္ဒီ စစ္သင္တန္းသားေတြကို ေနရပ္ျပန္ပို႔မည္ အေမရိကန္ေရာက္ ေဆာ္ဒီ စစ္သင္တန္းသားေတြကို ေနရပ္ျပန္ပို႔မည္ Reviewed by THITHTOOLWIN on 01:24 Rating: 5
Powered by Blogger.