ဘူသီးေတာင္မွာ ကေလးတစ္ဦး က်ည္ထိမွန္ဒဏ္ရာရ

ေျခေထာက္မွာ ေသနတ္က်ည္ဆန္ထိမွန္ခဲ့တဲ့ ဆင္ေသျပင္႐ြာက ကေလးငယ္တစ္ဦးကို ေတြ႕ရစဥ္ / Photo: MP Oung Thaung Shway
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ မြတ္စလင္ေက်း႐ြာမွာ ဒီေန႔မနက္ ၄ နာရီ ေလာက္က ႐ြာထဲကေနအိမ္တစ္လုံးကို ေသနတ္က်ည္က်ေရာက္လို႔ အသက္ ၇ ႏွစ္အ႐ြယ္ ကေလးတစ္ဦး ယာဘက္ေျခေထာက္မွာ က်ည္ထိမွန္ဒဏ္ရာရသြားပါတယ္။

ထိခိုက္ဒဏ္ရာရသြားတဲ့ မိန္းကေလးငယ္ဟာ မဇာႏိုကာျဖစ္ၿပီး ဘူးသီးေတာင္ေဆး႐ုံကို ပို႔ေဆာင္ထားရပါတယ္။

ကေလးရဲ႕အေဖ ဦးေရာ္ဖီးကေတာ့ မိသားစုအိပ္ေပ်ာ္ေနစဥ္ သုံးဆယ့္တစ္ဘုံဘုရားအနီးမွာ တပ္စြဲထားတဲ့ တပ္မေတာ္က ပစ္ခတ္လိုက္တဲ့က်ည္ဟာ သူ႔ရဲ႕သမီးေလးဆီ ထိမွန္ခဲ့တာလို႔ RFA ကို ေျပာပါတယ္။

“စစ္သားေတြက သုံးဆယ့္တစ္ဘုံေစတီကေန ပစ္တာပါ။ ကေလးကအိပ္ေနတာ အဲဒါ မနက္ ၄ နာရီေလာက္မွာ က်ည္က်လာလို႔ ကေလးဆီ ထိသြားမွ ကြၽန္ေတာ္တို႔သိတာ။ အခုေတာ့ ဘူးသီးေတာင္ ေဆး႐ုံမွာပါ”

တပ္မေတာ္ကပစ္ခတ္တဲ့က်ည္လို႔ ဘာေၾကာင့္ေျပာႏိုင္တာလဲလို႔ ဦးေရာ္ဖီးကို RFA က ေမးျမန္းရာမွာ ေသနတ္ပစ္သံ သုံးခ်က္စလုံးဟာ သုံးဆယ့္တစ္ဘုံဘုရားအနီးဘက္ကေန ထြက္ေပၚလာခဲ့တာေၾကာင့္ အဲဒီေနရာမွာ တပ္စြဲထားတဲ့ တပ္မေတာ္က ပစ္ခတ္တယ္ဆိုတာကို သူ႔အေနနဲ႔ယုံၾကည္တာလို႔ ေျပာပါတယ္။

ဆင္ေသျပင္မြတ္စလင္ေက်း႐ြာဟာ တပ္မေတာ္စစ္ေၾကာင္းရွိတဲ့ သုံးဆယ့္တစ္ဘုံဘုရားရဲ႕ ေျမာက္ဘက္ သုံးဖာလုံခန႔္သာ ကြာေဝးတယ္လို႔ ဆိုပါတယ္။

ကေလးကို က်ည္ထိမွန္တဲ့ကိစၥနဲ႔ ပတ္သက္လို႔ အဲဒီတပ္မေတာ္စစ္ေၾကာင္း တာဝန္ရွိသူက မိသားစုကိုေခၚၿပီး ဒီေန႔မနက္က စုံစမ္းေမးျမန္းရာမွာ တပ္မေတာ္က ပစ္ခတ္တဲ့က်ည္ ထိမွန္တာလို႔ ဦးေရာ္ဖီးက ေျပာဆိုခဲ့ေပမယ့္ တပ္မေတာ္ဘက္ကေတာ့ သူတို႔ပစ္ခတ္တာ မရွိဘူးလို႔ ျငင္းဆိုလိုက္ေၾကာင္း ဦးေရာ္ဖီးက ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက အဲဒီေနရာမွာ ဒီေန႔တိုက္ပြဲျဖစ္တာ မရွိဘူးလို႔ ေျပာပါတယ္။

“အဲဒီသုံးဆယ့္တစ္ဘုံဘက္မွာေတာ့ ကြၽန္ေတာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာ လုံးဝမရွိဘူးဗ်။ ဗမာစစ္တပ္ဘက္ကေတာ့ သူတို႔ ေန႔စဥ္ေန႔တိုင္း ရမ္းသမ္းပစ္ခတ္မႈေတြ လုပ္ေနတာေပါ့ေနာ္။ လက္နက္ငယ္ေတြနဲ႔ ပစ္တာေတြရွိတယ္။ ေနာက္လက္နက္ႀကီးနဲ႔ ပစ္တာေတြလည္းရွိတယ္။ သူတို႔က ေတာက္ေလွ်ာက္ ရမ္းသမ္းပစ္ခတ္မႈေတြကို လုပ္ေနတာ။ တိုက္ပြဲျဖစ္တာေတာ့ လုံးဝမရွိဘူးဗ်။ အခု ဒီမြတ္စလင္ အမ်ိဳးငယ္တစ္ေယာက္ က်ည္ထိမွန္တယ္ ဆိုတဲ့ဥစၥာကလည္း ျမန္မာစစ္တပ္ကေနၿပီးေတာ့ ရမ္းသမ္းပစ္တဲ့က်ည္ဆံပဲျဖစ္ပါလိမ့္မယ္”

ဒီကိစၥနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို RFA က ဒီေန႔ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။

ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊကေတာ့ စစ္ေရးနဲ႔မဆိုင္တဲ့ ေဒသခံေတြဟာ လုံၿခဳံမႈမရွိဘူးျဖစ္ေနတယ္လို႔ ေျပာပါတယ္။

အရပ္သားေတြကို အကာအကြယ္ေပးဖို႔ သက္ဆိုင္ရာအႀကီးအကဲေတြက ေအာက္ေျခတပ္ဖြဲ႕ေတြကို ထိထိေရာက္တဲ့ ၫႊန္ၾကားမႈေတြ လုပ္ဖို႔လိုအပ္တယ္လို႔လည္း သူက ေျပာပါတယ္။

“တိုက္ပြဲမွာ လက္နက္ကိုင္ၿပီး တိုက္ေနတဲ့လူေတြက လူ႔အခြင့္အေရးနဲ႔အညီေပါ့ေနာ္၊ ကြၽန္ေတာ္တို႔အရပ္သားေတြကို အကာအကြယ္ေပးဖို႔ လိုအပ္တယ္။ မလိုအပ္ဘဲနဲ႔ ဒီလိုအရပ္သားဘက္ကို ဒီလိုပစ္ေနတာတို႔ မလုပ္ဖို႔အတြက္ လိုအပ္တာေပါ့။ ဒီေအာက္ေျခကလူေတြက ဒီလိုအေပၚက ၫႊန္ၾကားထားေတြကို မလိုက္နာဘူးလို႔ေျပာလို႔ ရတာေပါ့။ ဘယ္အဖြဲ႕ေတြက ဘယ္လိုလုပ္ေနလဲဆိုတာ ဒီထိခိုက္ခံေနရတဲ့ လူေတြက အသိဆုံးျဖစ္ေနတယ္။ ဒါေၾကာင့္ ဒီလူေတြရဲ႕စိတ္ထဲမွာ ကာကြယ္မႈရေအာင္ အေပၚကလည္း ေအာက္ေျခကလူေတြကို ထိထိေရာက္ေရာက္ ၫႊန္ၾကားဖို႔လိုတာေပါ့”

တပ္မေတာ္ ေျပာခြင့္ရသူေတြဘက္ကေတာ့ တပ္မေတာ္ဟာ ထိေတြ႕တိုက္ခိုက္မႈဆိုင္ရာ စည္းမ်ဥ္းေတြအရ တိတိက်က်ေဆာင္႐ြက္ေနတာျဖစ္ၿပီး အရပ္သားေတြကို ထိခိုက္ေအာင္မလုပ္ဘူးလို႔ ေျပာဆိုထားၾကပါတယ္။

ၿပီးခဲတဲ့ႏွစ္ ေအာက္တိုဘာလ ၈ ရက္ေန႔ကလည္း အဲဒီဆင္ေသျပင္ေက်း႐ြာက အသက္ ၇၀ ဝန္းက်င္အ႐ြယ္ လူႀကီးတစ္ဦးဟာ ပုစြန္ကန္ကိုငါးရွာသြားစဥ္မွာ ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ ေသဆုံးခဲ့ပါတယ္။

ဒီဆင္ေသျပင္ေက်း႐ြာမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းက လက္နက္ႀကီးေတြနဲ႔ ႐ြာထဲကိုပစ္ခတ္ခံရလို႔ ေနအိမ္ေတြ မီးေလာင္သြားတာ၊ အမ်ိဳးသမီးအခ်ိဳ႕ ထိခိုက္ဒဏ္ရာရတာ၊ တစ္ခါတစ္ခါ ႐ြာအနီးမွာ တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ တိုက္ပြဲျဖစ္လို႔ ႐ြာသားေတြ အျခားေနရာေတြကို ထြက္ေျပးတိမ္းေရွာင္ရတာေတြ ရွိေနတဲ့႐ြာျဖစ္ပါတယ္။

စစ္ေရးပဋိပကၡေတြ ျပင္းထန္ေနတဲ့ ရခိုင္ေျမာက္ပိုင္းေဒသမွာ ၿပီးခဲ့တဲ့တစ္ႏွစ္တာအတြင္း အရပ္သား ေသဆုံးမႈ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈက ၂၅၀ ေက်ာ္အထိရွိခဲ့တယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ဆိုပါတယ္။

အခုႏွစ္ဆန္းပိုင္းမွာလည္း ၿပီးခဲ့တဲ့ဇန္နဝါရီ ၅ ရက္ကေန ဒီေန႔အထိ အခ်ိန္ ႏွစ္ပတ္အတြင္းမွာ ထိခိုက္ဒဏ္ရာရသူ ၂၀ ေက်ာ္နဲ႔ ေသဆုံးသူ ကိုးဦးထက္မနည္းရွိေနပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ဘူသီးတောင်မှာ ကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

ခြေထောက်မှာ သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ ဆင်သေပြင်ရွာက ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: MP Oung Thaung Shway

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၄ နာရီ လောက်က ရွာထဲကနေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့ မိန်းကလေးငယ်ဟာ မဇာနိုကာဖြစ်ပြီး ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ကလေးရဲ့အဖေ ဦးရော်ဖီးကတော့ မိသားစုအိပ်ပျော်နေစဉ် သုံးဆယ့်တစ်ဘုံဘုရားအနီးမှာ တပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်လိုက်တဲ့ကျည်ဟာ သူ့ရဲ့သမီးလေးဆီ ထိမှန်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“စစ်သားတွေက သုံးဆယ့်တစ်ဘုံစေတီကနေ ပစ်တာပါ။ ကလေးကအိပ်နေတာ အဲဒါ မနက် ၄ နာရီလောက်မှာ ကျည်ကျလာလို့ ကလေးဆီ ထိသွားမှ ကျွန်တော်တို့သိတာ။ အခုတော့ ဘူးသီးတောင် ဆေးရုံမှာပါ”

တပ်မတော်ကပစ်ခတ်တဲ့ကျည်လို့ ဘာကြောင့်ပြောနိုင်တာလဲလို့ ဦးရော်ဖီးကို RFA က မေးမြန်းရာမှာ သေနတ်ပစ်သံ သုံးချက်စလုံးဟာ သုံးဆယ့်တစ်ဘုံဘုရားအနီးဘက်ကနေ ထွက်ပေါ်လာခဲ့တာကြောင့် အဲဒီနေရာမှာ တပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်တယ်ဆိုတာကို သူ့အနေနဲ့ယုံကြည်တာလို့ ပြောပါတယ်။

ဆင်သေပြင်မွတ်စလင်ကျေးရွာဟာ တပ်မတော်စစ်ကြောင်းရှိတဲ့ သုံးဆယ့်တစ်ဘုံဘုရားရဲ့ မြောက်ဘက် သုံးဖာလုံခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

ကလေးကို ကျည်ထိမှန်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အဲဒီတပ်မတော်စစ်ကြောင်း တာဝန်ရှိသူက မိသားစုကိုခေါ်ပြီး ဒီနေ့မနက်က စုံစမ်းမေးမြန်းရာမှာ တပ်မတော်က ပစ်ခတ်တဲ့ကျည် ထိမှန်တာလို့ ဦးရော်ဖီးက ပြောဆိုခဲ့ပေမယ့် တပ်မတော်ဘက်ကတော့ သူတို့ပစ်ခတ်တာ မရှိဘူးလို့ ငြင်းဆိုလိုက်ကြောင်း ဦးရော်ဖီးက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက အဲဒီနေရာမှာ ဒီနေ့တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။

“အဲဒီသုံးဆယ့်တစ်ဘုံဘက်မှာတော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးဗျ။ ဗမာစစ်တပ်ဘက်ကတော့ သူတို့ နေ့စဉ်နေ့တိုင်း ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာပေါ့နော်။ လက်နက်ငယ်တွေနဲ့ ပစ်တာတွေရှိတယ်။ နောက်လက်နက်ကြီးနဲ့ ပစ်တာတွေလည်းရှိတယ်။ သူတို့က တောက်လျှောက် ရမ်းသမ်းပစ်ခတ်မှုတွေကို လုပ်နေတာ။ တိုက်ပွဲဖြစ်တာတော့ လုံးဝမရှိဘူးဗျ။ အခု ဒီမွတ်စလင် အမျိုးငယ်တစ်ယောက် ကျည်ထိမှန်တယ် ဆိုတဲ့ဥစ္စာကလည်း မြန်မာစစ်တပ်ကနေပြီးတော့ ရမ်းသမ်းပစ်တဲ့ကျည်ဆံပဲဖြစ်ပါလိမ့်မယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ စစ်ရေးနဲ့မဆိုင်တဲ့ ဒေသခံတွေဟာ လုံခြုံမှုမရှိဘူးဖြစ်နေတယ်လို့ ပြောပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်ရာအကြီးအကဲတွေက အောက်ခြေတပ်ဖွဲ့တွေကို ထိထိရောက်တဲ့ ညွှန်ကြားမှုတွေ လုပ်ဖို့လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

“တိုက်ပွဲမှာ လက်နက်ကိုင်ပြီး တိုက်နေတဲ့လူတွေက လူ့အခွင့်အရေးနဲ့အညီပေါ့နော်၊ ကျွန်တော်တို့အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်။ မလိုအပ်ဘဲနဲ့ ဒီလိုအရပ်သားဘက်ကို ဒီလိုပစ်နေတာတို့ မလုပ်ဖို့အတွက် လိုအပ်တာပေါ့။ ဒီအောက်ခြေကလူတွေက ဒီလိုအပေါ်က ညွှန်ကြားထားတွေကို မလိုက်နာဘူးလို့ပြောလို့ ရတာပေါ့။ ဘယ်အဖွဲ့တွေက ဘယ်လိုလုပ်နေလဲဆိုတာ ဒီထိခိုက်ခံနေရတဲ့ လူတွေက အသိဆုံးဖြစ်နေတယ်။ ဒါကြောင့် ဒီလူတွေရဲ့စိတ်ထဲမှာ ကာကွယ်မှုရအောင် အပေါ်ကလည်း အောက်ခြေကလူတွေကို ထိထိရောက်ရောက် ညွှန်ကြားဖို့လိုတာပေါ့”

တပ်မတော် ပြောခွင့်ရသူတွေဘက်ကတော့ တပ်မတော်ဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းတွေအရ တိတိကျကျဆောင်ရွက်နေတာဖြစ်ပြီး အရပ်သားတွေကို ထိခိုက်အောင်မလုပ်ဘူးလို့ ပြောဆိုထားကြပါတယ်။

ပြီးခဲတဲ့နှစ် အောက်တိုဘာလ ၈ ရက်နေ့ကလည်း အဲဒီဆင်သေပြင်ကျေးရွာက အသက် ၇၀ ဝန်းကျင်အရွယ် လူကြီးတစ်ဦးဟာ ပုစွန်ကန်ကိုငါးရှာသွားစဉ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ဒီဆင်သေပြင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်ခတ်ခံရလို့ နေအိမ်တွေ မီးလောင်သွားတာ၊ အမျိုးသမီးအချို့ ထိခိုက်ဒဏ်ရာရတာ၊ တစ်ခါတစ်ခါ ရွာအနီးမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်လို့ ရွာသားတွေ အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေတဲ့ရွာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက ၂၅၀ ကျော်အထိရှိခဲ့တယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်းမှာလည်း ပြီးခဲ့တဲ့ဇန်နဝါရီ ၅ ရက်ကနေ ဒီနေ့အထိ အချိန် နှစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူ ကိုးဦးထက်မနည်းရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ဘူသီးေတာင္မွာ ကေလးတစ္ဦး က်ည္ထိမွန္ဒဏ္ရာရ ဘူသီးေတာင္မွာ ကေလးတစ္ဦး က်ည္ထိမွန္ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.