အေျခအေနပိုၿပီးတင္းမာလာေအာင္၊စစ္မက္ျဖစ္ပြားေအာင္ အီရန္က လုပ္ေဆာင္ျခင္းမဟုတ္ ဟု ဆို

အီရန္ႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ ဂ်ာဗက္ဇာရစ္ဖ္ (Mohammad Javad Zarif)အား ေတြ႕ရစဥ္ (ဓါတ္ပုံ- အင္တာနက္)
(Zawgyi)⤵⤵⤵
    ဘဂၢဒက္၊ ဇန္နဝါရီ ၈ ရက္(ဆင္ဟြာ)

    အီရန္က အေျခအေနပိုတင္းမာလာေအာင္ ၊ စစ္မက္ျဖစ္ပြားေအာင္ လုပ္ေဆာင္ေနျခင္း မဟုတ္ေသာ္လည္း က်ဴးေက်ာ္မႈမွန္သမွ်ကို ကာကြယ္သြားမည္ဟု အီရန္ႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ ဂ်ာဗက္ဇာရစ္ဖ္ (Mohammad Javad Zarif)က  ဇန္နဝါရီ ၈ ရက္တြင္ ေျပာၾကားခဲ့သည္။

အေမရိကန္တပ္မ်ားအေျခစိုက္ရာ အီရတ္စစ္ေျခစိုက္စခန္းကို ဒုံးက်ည္ျဖင့္တိုက္ခိုက္ျခင္းသည္ ကုလသမဂၢပဋိညာဥ္စာခ်ဳပ္မူေဘာင္အတြင္းက မိမိကိုယ္ကိုကာကြယ္ျခင္းျဖစ္ၿပီး ပစ္မွတ္သည္ အီရန္ ျပည္သူအမ်ားႏွင့္အဆင့္ျမင့္အရာရွိမ်ားကို လက္နက္ျဖင့္တိုက္ခိုက္သည့္ အေမရိကန္တပ္၏ အေျခစိုက္စခန္းျဖစ္ေၾကာင္း၊ အီရန္က တင္းမာမႈကို အရွိန္ျမင့္ေအာင္၊ စစ္မက္ျဖစ္ပြားေအာင္လုပ္ေဆာင္ျခင္းမဟုတ္ေသာ္လည္း မည္သည့္က်ဴးေက်ာ္မႈကို မဆို ကာကြယ္သြားမည္ဟု  မိုဟာမက္ ဂ်ာဗက္ဇာရစ္ဖ္က ဇန္နဝါရီ ၈ ရက္တြင္ လူမႈကြန္ရက္၌ ေရးသား ေဖာ္ျပခဲ့သည္။

အီရန္ သတင္းမီဒီယာမ်ား၏ သတင္းမ်ားအရ အီရန္ စစ္ေရးထိပ္တန္းေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဗိုလ္ခ်ဳပ္ႀကီး ဆိုလီမန္နီေသဆုံးမႈကို လက္တုန႔္ျပန္သည့္အေနျဖင့္ ဇန္နဝါရီ ၈ ရက္နံနက္ပိုင္းတြင္ အီရန္ အစၥလာမ္မစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕(IRGC)သည္  အီရတ္ရွိ အေမရိကန္ စစ္အေျခစိုက္စခန္းကို ဒုံးက်ည္ဒါဇင္ႏွင့္ခ်ီပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။

အခ်င္းျဖစ္ပြားမႈကို အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ အတည္ျပဳ ခဲ့ၿပီး ယင္းအေပၚ အေမရိကန္အေနျဖင့္ မည္သို႔ ကိုင္တြယ္မည္ကို ခ်ိန္ဆေန ေၾကာင္း ၊ အခ်င္းျဖစ္ပြားသည့္ေန႔ ေန႔လည္ပိုင္းတြင္ သမၼတ ထရမ့္က“အခုထိကေတာ့ အားလုံးအဆင္ေျပေသးတယ္”ဟု ဆိုကာ  ၎၏ တြစ္တာလူမႈကြန္ရက္တြင္ ေဖာ္ျပခဲ့ေၾကာင္း သိရသည္။

ဇန္နဝါရီ ၃ ရက္က အီရန္ ဗိုလ္ခ်ဳပ္ႀကီး ဆိုလီမန္နီသည္ အီရတ္ႏိုင္ငံ ဘဂၢဒက္ ႏိုင္ငံတကာ ေလဆိပ္ ျပင္ပတြင္ အေမရိကန္ေလတပ္၏ ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့ၿပီးသိပ္မၾကာမီမွာပင္ အီရန္ ထိပ္တန္း ေခါင္းေဆာင္ အလီ ခါေမနီက လက္တုန႔္ျပန္သြားမည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
အခြေအနေပိုပြီးတင်းမာလာအောင်၊စစ်မက်ဖြစ်ပွားအောင် အီရန်က လုပ်ဆောင်ခြင်းမဟုတ် ဟု ဆို

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)အား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

 အီရန်က အခြေအနေပိုတင်းမာလာအောင် ၊ စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း ကျူးကျော်မှုမှန်သမျှကို ကာကွယ်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က  ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်တပ်များအခြေစိုက်ရာ အီရတ်စစ်ခြေစိုက်စခန်းကို ဒုံးကျည်ဖြင့်တိုက်ခိုက်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်မူဘောင်အတွင်းက မိမိကိုယ်ကိုကာကွယ်ခြင်းဖြစ်ပြီး ပစ်မှတ်သည် အီရန် ပြည်သူအများနှင့်အဆင့်မြင့်အရာရှိများကို လက်နက်ဖြင့်တိုက်ခိုက်သည့် အမေရိကန်တပ်၏ အခြေစိုက်စခန်းဖြစ်ကြောင်း၊ အီရန်က တင်းမာမှုကို အရှိန်မြင့်အောင်၊ စစ်မက်ဖြစ်ပွားအောင်လုပ်ဆောင်ခြင်းမဟုတ်သော်လည်း မည်သည့်ကျူးကျော်မှုကို မဆို ကာကွယ်သွားမည်ဟု  မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ဇန်နဝါရီ ၈ ရက်တွင် လူမှုကွန်ရက်၌ ရေးသား ဖော်ပြခဲ့သည်။

အီရန် သတင်းမီဒီယာများ၏ သတင်းများအရ အီရန် စစ်ရေးထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီသေဆုံးမှုကို လက်တုန့်ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းတွင် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)သည်  အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ဒုံးကျည်ဒါဇင်နှင့်ချီပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် အတည်ပြု ခဲ့ပြီး ယင်းအပေါ် အမေရိကန်အနေဖြင့် မည်သို့ ကိုင်တွယ်မည်ကို ချိန်ဆနေ ကြောင်း ၊ အချင်းဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းတွင် သမ္မတ ထရမ့်က“အခုထိကတော့ အားလုံးအဆင်ပြေသေးတယ်”ဟု ဆိုကာ  ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်က အီရန် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီသည် အီရတ်နိုင်ငံ ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ် ပြင်ပတွင် အမေရိကန်လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးသိပ်မကြာမီမှာပင် အီရန် ထိပ်တန်း ခေါင်းဆောင် အလီ ခါမေနီက လက်တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အေျခအေနပိုၿပီးတင္းမာလာေအာင္၊စစ္မက္ျဖစ္ပြားေအာင္ အီရန္က လုပ္ေဆာင္ျခင္းမဟုတ္ ဟု ဆို အေျခအေနပိုၿပီးတင္းမာလာေအာင္၊စစ္မက္ျဖစ္ပြားေအာင္ အီရန္က လုပ္ေဆာင္ျခင္းမဟုတ္ ဟု ဆို Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.