ရခုိင္ျပည္နယ္ စည္ပင္ညႊန္မွဴးတိုင္ၾကားခံရသျဖင့္ စစ္ေဆးခံရ

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ဇန္နဝါရီ ၃၀ /၂၀၂၀

ရခုိင္ျပည္နယ္ စည္ပင္သာယာေရး ညႊန္မွဴးအား ျမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဝင္ တစ္ဦးက စည္ပင္လုပ္ငန္းမ်ားကို ဥပေဒႏွင့္ အညီ ေဆာင္ရြက္ျခင္း မရွိဟု တိုင္ၾကားထားသည့္ အတြက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္းရရွိသည္။

ျမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဝင္တစ္ဦးက လုပ္ပိုင္ခြင့္ႏွင့္ ဥပေဒပိုင္း အားနည္းခ်က္ မ်ားရွိေၾကာင့္ တိုင္ၾကားခ်က္အေပၚအေျခခံၿပီး ရခုိင္ျပည္နယ္ စည္ပင္ညႊန္မွဴးအား စစ္ေဆး ေနရျခင္းျဖစ္သည္ဟု ရခုိင္ျပည္နယ္အစိုးရအဖြဲ႔ စည္ပင္ဝန္ၾကီး ဦးဝင္းျမင့္က နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

“ဒါက စည္ပင္ညြန္မွဴးတစ္ဦးနဲ႔ ဒါ ျမိဳ႕နယ္စည္ပင္ေကာ္မတီဝင္တစ္ဦးရဲ႕ တုိင္ၾကားခ်က္အေပၚမွာ က်ေနာ္တို႔က ဒါစစ္ေဆးတဲ့အဆင့္ဘဲျဖစ္တယ္။ အဂတိလုိက္စားမႈႏွင့္တိုင္တာလည္းမဟုတ္ဘူး။ အစိုးရကို ဒီလိုဒီလို ဥပေဒေၾကာင့္ပါ။ စည္ပင္သာယာေရး ဥပေဒအားနည္းခ်က္ေတြ ေထာက္ျပတယ္။ စည္ပင္သာယာေရး လုပ္ပိုင္ခြင့္ေတြကို ေကာ္မတီရဲ႕လုပ္ပိုင္ခြင့္ေတြကို တိုင္ထားတာေတြဆိုျပီးေတာ့ ဥပေဒနဲ႔ပတ္သက္တာေတြမ်ားပါတယ္။ အဲဒါေတြကို တိုင္ၾကားတဲ့အတြက္ျပန္ျပီးေတာ့ စစ္ေဆးေနတဲ့အပိုင္းဘဲ ျဖစ္ပါတယ္” ဟု ဦးဝင္းျမင့္က ေျပာသည္။

ဥပေဒႏွင့္ မညီညြတ္သည့္ အရာမ်ားကို ေဆာင္ရြက္ထားသည့္အတြက္ ထိုကိစၥႏွင့္ပတ္သက္ျပီး ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔သို႔ တင္ျပထားေၾကာင္း၊ ထိုသို႔တင္ျပထားသည့္အတြက္ ရခုိင္ျပည္နယ္ စည္ပင္သာယာေရးအဖြဲ႔ ညြန္မွဴး အစစ္အေဆးခံေနရသည္ဟု ေက်ာက္ျဖဴျမိဳ႕နယ္ စည္ပင္ သာယာေရး ဥကၠ႒ ဦးသန္းလြင္က နိရဥၥရာသို႔ ေျပာသည္။

“က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ ၂၀၁၃ ေနာက္ပိုင္းမွာ စည္ပင္သာယာေရး ဥပေဒ ဆိုတာ ေပၚလာတယ္။ အဲဒီစည္ပင္သာယာေရး ဥပေဒသည္ ရခုိင္ျပည္သူေတြက စည္ပင္သာယာေရး ဥပေဒႏွင့္အညီ ကိုယ့္ရန္ပံုေငြနဲ႔ ကိုယ့္ဟာကို စီမံခန္႔ခြဲႏိုင္ေအာင္ လုပ္ေပးထားတဲ့ဟာကို စည္ပင္သာယာေရး အဖြဲ႔က ဥပေဒနဲ႔ မညီဘဲ ေဆာင္ရြက္တဲ့ အတြက္ က်ေနာ္က တင္ျပထားတာပါ။ စည္ပင္ ေကာ္မတီေတြကို ဘာလုပ္ပိုင္ခြင့္မွ မေပး ဆိုတာေတြလည္း ပါ၀င္ပါတယ္” ဟု ဦးသန္းလြင္က ေျပာသည္။

ထိုသို႕ ျဖစ္ေပၚေနမႈကို ဥပေဒႏွင့္အညီ ျပန္လည္ေဆာင္ရြက္ႏိုင္ရန္ စီစစ္ေပးပါဟု ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔ထံ တင္ျပထားေၾကာင္း၊ ထိုသို႔ တင္ျပထားသည့္အတြက္ တာဝန္ရွိသူမ်ားအား စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း ဦးသန္းလြင္က ဆက္ေျပာသည္။

“က်ေနာ္လည္း အစစ္ေဆးခံရမယ္။ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ရံုးမွာဘဲ စစ္မယ္ထင္ပါတယ္ ။ ဝန္ထမ္းပိုင္းကဆိုရင္ ျပည္နယ္မွဴးကို စစ္တယ္လို႔ေျပာပါတယ္။ ၂၀ ရက္ေန႔ကေန စစ္ေနတယ္လို႔ေျပာပါတယ္ ” ဟု ယမန္ေန႔က ဆက္သြယ္ေမးျမန္းစဥ္ ထိုသို႔ေျပာ သည္။

စည္ပင္လုပ္ထံုး လုပ္နည္း၊ ဥပေဒ၊ ျပဳျပင္ေျပာင္းလဲရမည့္ ကိစၥမ်ားတြင္ တက္တက္ၾကြၾကြ လွဳပ္ရွားထားေသာ္လည္း ျဖစ္မလာသည့္အပိုင္းက မ်ားေနေၾကာင္း၊ ေတာင္ကုတ္ျမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႔ဥကၠ႒ ဦးစန္းေငြက ေျပာသည္။

ဦးစန္းေငြက “ဥပေဒေတြကို ျပဳျပင္ေျပာင္းလဲဖို႔ က်ေနာ္တို႔ၾကိမ္ၾကိမ္ၾကိဳးစားခဲ့တယ္။ စည္ပင္ဥကၠ႒၊ ေနာက္လႊတ္ေတာ္ဥကၠ႒ေတြ ကတိကဝတ္ေတြ ေပးထားခဲ့တာေတြရွိတယ္။ အဲဒီအတိုင္းျဖစ္မလာ။ ျဖစ္မလာဆိုတာက က်ေနာ္တို႔ အမ်ိဳးမ်ိဳး အၾကိမ္ၾကိမ္ ေတာင္းဆိုခဲ့တယ္။ ဒီလႊတ္ေတာ္ဖက္မွာ ဆိုရင္လည္း လႊတ္ေတာ္ဥကၠ႒ရယ္၊ တရားဥပေဒ ေရးဆြဲေရးအဖြဲ႔ေတြ က်ေနာ္တို႔က ေတာင္းဆိုတယ္။ သူတို႔က ဥပေဒအားနည္းခ်က္ေတြကို ခရိုင္အလိုက္ ျမိဳ႕နယ္အလိုက္ က်ေနာ္တို႔ ၾကိမ္ၾကိမ္ တင္ျပေပးခဲ့တာရွိတယ္။ ျဖစ္လာမယ္ ျဖစ္လာမယ္နဲ႔ အခုထိ ျဖစ္လာေသးဘူး။ အဲဒါေၾကာင့္ ဦးသန္းလြင္က အစိုးရအဖြဲ႔ကို တုိင္တယ္။ အခု တိုင္တဲ့လူနဲ႔ အတိုင္ခံရတဲ့လူ အစစ္ေဆးခံေနရတာပါ” ဟု ေျပာသည္။

ရခုိင္ျပည္နယ္ စည္ပင္သာယာေရး ညႊန္မွဴးႏွင့္ ဆက္သြယ္မႈ ရရိွရန္ ဖုန္းအၾကိ္မ္ၾကိမ္ ဆက္သြယ္ေသာ္လည္း ဖုန္းပိတ္ထားသျဖင့္ အဆက္အသြယ္ မရရွိခဲ့ပါ။

-----------------

Unicode:

ရခိုင်ပြည်နယ် စည်ပင်ညွှန်မှူးတိုင်ကြားခံရသဖြင့် စစ်ဆေးခံရ

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၃၀ /၂၀၂၀

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ညွှန်မှူးအား မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးက စည်ပင်လုပ်ငန်းများကို ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း မရှိဟု တိုင်ကြားထားသည့် အတွက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက လုပ်ပိုင်ခွင့်နှင့် ဥပဒေပိုင်း အားနည်းချက် များရှိကြောင့် တိုင်ကြားချက်အပေါ်အခြေခံပြီး ရခိုင်ပြည်နယ် စည်ပင်ညွှန်မှူးအား စစ်ဆေး နေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ဒါက စည်ပင်ညွန်မှူးတစ်ဦးနဲ့ ဒါ မြို့နယ်စည်ပင်ကော်မတီဝင်တစ်ဦးရဲ့ တိုင်ကြားချက်အပေါ်မှာ ကျနော်တို့က ဒါစစ်ဆေးတဲ့အဆင့်ဘဲဖြစ်တယ်။ အဂတိလိုက်စားမှုနှင့်တိုင်တာလည်းမဟုတ်ဘူး။ အစိုးရကို ဒီလိုဒီလို ဥပဒေကြောင့်ပါ။ စည်ပင်သာယာရေး ဥပဒေအားနည်းချက်တွေ ထောက်ပြတယ်။ စည်ပင်သာယာရေး လုပ်ပိုင်ခွင့်တွေကို ကော်မတီရဲ့လုပ်ပိုင်ခွင့်တွေကို တိုင်ထားတာတွေဆိုပြီးတော့ ဥပဒေနဲ့ပတ်သက်တာတွေများပါတယ်။ အဲဒါတွေကို တိုင်ကြားတဲ့အတွက်ပြန်ပြီးတော့ စစ်ဆေးနေတဲ့အပိုင်းဘဲ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ဥပဒေနှင့် မညီညွတ်သည့် အရာများကို ဆောင်ရွက်ထားသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ ထိုသို့တင်ပြထားသည့်အတွက် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန်မှူး အစစ်အဆေးခံနေရသည်ဟု ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေး ဥက္ကဋ္ဌ ဦးသန်းလွင်က နိရဥ္စရာသို့ ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၂၀၁၃ နောက်ပိုင်းမှာ စည်ပင်သာယာရေး ဥပဒေ ဆိုတာ ပေါ်လာတယ်။ အဲဒီစည်ပင်သာယာရေး ဥပဒေသည် ရခိုင်ပြည်သူတွေက စည်ပင်သာယာရေး ဥပဒေနှင့်အညီ ကိုယ့်ရန်ပုံငွေနဲ့ ကိုယ့်ဟာကို စီမံခန့်ခွဲနိုင်အောင် လုပ်ပေးထားတဲ့ဟာကို စည်ပင်သာယာရေး အဖွဲ့က ဥပဒေနဲ့ မညီဘဲ ဆောင်ရွက်တဲ့ အတွက် ကျနော်က တင်ပြထားတာပါ။ စည်ပင် ကော်မတီတွေကို ဘာလုပ်ပိုင်ခွင့်မှ မပေး ဆိုတာတွေလည်း ပါဝင်ပါတယ်” ဟု ဦးသန်းလွင်က ပြောသည်။

ထိုသို့ ဖြစ်ပေါ်နေမှုကို ဥပဒေနှင့်အညီ ပြန်လည်ဆောင်ရွက်နိုင်ရန် စီစစ်ပေးပါဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ ထိုသို့ တင်ပြထားသည့်အတွက် တာဝန်ရှိသူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးသန်းလွင်က ဆက်ပြောသည်။

“ကျနော်လည်း အစစ်ဆေးခံရမယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာဘဲ စစ်မယ်ထင်ပါတယ် ။ ဝန်ထမ်းပိုင်းကဆိုရင် ပြည်နယ်မှူးကို စစ်တယ်လို့ပြောပါတယ်။ ၂၀ ရက်နေ့ကနေ စစ်နေတယ်လို့ပြောပါတယ် ” ဟု ယမန်နေ့က ဆက်သွယ်မေးမြန်းစဉ် ထိုသို့ပြော သည်။

စည်ပင်လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ ပြုပြင်ပြောင်းလဲရမည့် ကိစ္စများတွင် တက်တက်ကြွကြွ လှုပ်ရှားထားသော်လည်း ဖြစ်မလာသည့်အပိုင်းက များနေကြောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းငွေက ပြောသည်။

ဦးစန်းငွေက “ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ စည်ပင်ဥက္ကဋ္ဌ၊ နောက်လွှတ်တော်ဥက္ကဋ္ဌတွေ ကတိကဝတ်တွေ ပေးထားခဲ့တာတွေရှိတယ်။ အဲဒီအတိုင်းဖြစ်မလာ။ ဖြစ်မလာဆိုတာက ကျနော်တို့ အမျိုးမျိုး အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ ဒီလွှတ်တော်ဖက်မှာ ဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌရယ်၊ တရားဥပဒေ ရေးဆွဲရေးအဖွဲ့တွေ ကျနော်တို့က တောင်းဆိုတယ်။ သူတို့က ဥပဒေအားနည်းချက်တွေကို ခရိုင်အလိုက် မြို့နယ်အလိုက် ကျနော်တို့ ကြိမ်ကြိမ် တင်ပြပေးခဲ့တာရှိတယ်။ ဖြစ်လာမယ် ဖြစ်လာမယ်နဲ့ အခုထိ ဖြစ်လာသေးဘူး။ အဲဒါကြောင့် ဦးသန်းလွင်က အစိုးရအဖွဲ့ကို တိုင်တယ်။ အခု တိုင်တဲ့လူနဲ့ အတိုင်ခံရတဲ့လူ အစစ်ဆေးခံနေရတာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ညွှန်မှူးနှင့် ဆက်သွယ်မှု ရရှိရန် ဖုန်းအကြိ်မ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
ရခုိင္ျပည္နယ္ စည္ပင္ညႊန္မွဴးတိုင္ၾကားခံရသျဖင့္ စစ္ေဆးခံရ ရခုိင္ျပည္နယ္ စည္ပင္ညႊန္မွဴးတိုင္ၾကားခံရသျဖင့္ စစ္ေဆးခံရ Reviewed by THITHTOOLWIN on 02:49 Rating: 5
Powered by Blogger.