အိုင္စီေဂ်ဆုံးျဖတ္ခ်က္အေပၚ တုံ႔ျပန္မႈမ်ား

 ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈက ကာကြယ္ေပးဖို႔ အပါအဝင္ ျမန္မာလိုက္နာေဆာင္႐ြက္ရမယ့္ အခ်က္ေလးခ်က္ဆုံးျဖတ္
(Zawgyi)⤵⤵⤵
လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးတဲ့ ဂ်ီႏိုဆိုက္ကြန္ဗန္းရွင္းကို ျမန္မာက ခ်ိဳးေဖာက္တယ္ဆိုၿပီး ဂမ္ဘီယာက တရားစြဲဆို ၾကားျဖတ္အစီအမံေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုတာကို ကုလသမဂၢ တရား႐ုံး အိုင္စီေဂ်က ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈက ကာကြယ္ေပးဖို႔ အပါအဝင္ ျမန္မာလိုက္နာေဆာင္႐ြက္ရမယ့္ အခ်က္ေလးခ်က္ကို ဇန္နဝါရီ ၂၃ ရက္မွာ ဆုံးျဖတ္ခဲ့ပါတယ္။

အိုင္စီေဂ်ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံက ႏိုင္ငံေရးပါတီ၊ လႊတ္ေတာ္ကိုယ္စားလွယ္ တခ်ိဳ႕နဲ႔ ကုလသမဂၢရဲ႕ တုံ႔ျပန္မႈကို ေဖာ္ျပလိုက္ပါတယ္။

ဘူးသီးေတာင္ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊ
 သူတို႔ ဘယ္လို ေျဖရွင္းမလဲဆိုတာကို ကြၽန္ေတာ္တို႔ကေတာ့ ေစာင့္ၾကည့္႐ုံပဲ ရွိတယ္။
ဒါသူတို႔ ဘယ္လိုေဆာင္႐ြက္ခဲ့လဲေပၚမွာ မူတည္တာေပါ့။ ကြၽန္ေတာ္တို႔ ပထမဆုံး ရခိုင္ျပႆနာကို ေျဖရွင္းတဲ့အခါမွာ သူတို႔က ကိုဖီအာနန္အစီရင္ခံစာတို႔ ဘာတို႔ ေပၚမွာ မူတည္ၿပီးမွ လုပ္ခဲ့တာ ရွိတယ္။

ကြၽန္ေတာ္တို႔ကေတာ့ ေဒသခံေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေတာ့ ေျပာခဲ့ပါတယ္။ ဒီကိုဖီအာနန္ အစီရင္ခံစာ လုပ္ဖို႔အတြက္ အဖြဲ႕ဖြဲ႕ဖို႔အတြက္ လုပ္တဲ့အခါမွာေတာင္မွ ကြၽန္ေတာ္တို႔ ကန႔္ကြက္ၿပီးမွ လုပ္ခဲ့တယ္ေလ။

ဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အသံေတြက ဘာမွ မပါဘူး။ သူတို႔အစိုးရနဲ႔ သူတို႔ လုပ္ေနတဲ့ဟာပဲ အဓိကေပါ့ေနာ္။ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္အေပၚမွာပဲ ေျပာရမွာေပါ့။ ကြၽန္ေတာ္တို႔က ဘာမွ ပူးေပါင္းပါဝင္မႈ မရခဲ့ဘူးေပါ့ေလ။

ဒါေၾကာင့္ အခုလည္း ဒီအတိုင္းျဖစ္လာတယ္ဆိုေတာ့ သူတို႔ ဘယ္လို ေျဖရွင္းမလဲဆိုတာကို ကြၽန္ေတာ္တို႔ကေတာ့ ေစာင့္ၾကည့္႐ုံပဲ ရွိတယ္။

တစ္ဖက္ကေတာ့ ေျပာတယ္၊ ဒီၾကားျဖတ္ဆုံးျဖတ္ခ်က္ ေလးခုကို ခ်မွတ္တယ္။ အဲဒီအေပၚမွာ အစိုးရက ဘယ္လို ပူးေပါင္းေဆာင္႐ြက္လဲ အဲဒီေပၚမွာ မူတည္ၿပီးမွ ျဖစ္လာပါလိမ့္မယ္၊ အက်ိဳးသက္ေရာက္မႈေတြဆိုတာက။

ဒါေၾကာင့္ အစိုးရရဲ႕ ခ်ဥ္းကပ္မႈ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေပၚမွာ အမ်ားႀကီး မူတည္ပါလိမ့္မယ္။

ရခိုင္အမ်ိဳးသားပါတီ ဒုတိယဥကၠ႒၊ ေဒၚေအးႏုစိန္
တိက်ခိုင္မာတဲ့ ေတာင္းဆိုခ်က္ေတြကို ကြၽန္မတို႔ ေတာင္းခဲ့သင့္တယ္
ျမန္မာႏိုင္ငံဘက္က ေတာင္းဆိုခ်က္က ကြၽန္မတို႔ အျမင္မွာေတာ့ ေယဘူယ်ဆန္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီစြပ္စြဲထားခ်က္ေတြကို ေခ်ဖ်က္ေပးဖို႔ ၾကားျဖတ္အမိန႔္ ခ်မေပးဖို႔ဆိုတာဟာ အျမင္အားျဖင့္ေတာင္မွ အမႈျဖစ္လာရင္ ျငင္းၾကတာပဲ။ မဟုတ္ဘူးလို႔ ေျပာၾကတာပဲ။ ပယ္ဖ်က္ေပးပါဆိုတာ ေယဘူယ်ဆန္တယ္လို႔ပဲ ကြၽန္မတို႔ေျပာပါရေစ။

ဒီ့ထက္တိတိက်က် ခိုင္ခိုင္မာမာ ေတာင္းဆိုခ်က္ေတြနဲ႔ လုပ္ခဲ့သင့္တယ္လို႔လည္း ကြၽန္မတို႔ ျမင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမႈပယ္ဖ်က္ဖို႔ ေတာင္းထားၿပီးၿပီ၊ ဒီ့ထက္ႀကီးက်ယ္တာဘာရွိလဲလို႔ ေျပာစရာရွိတယ္။ ဒါေပမဲ့ ဒီလိုလြယ္လြယ္ကူကူ ေယဘူယ်ဆန္ဆန္ထက္ တကယ္ကို တိက်ခိုင္မာတဲ့ ေတာင္းဆိုခ်က္ေတြကို ကြၽန္မတို႔ ေတာင္းခဲ့သင့္တယ္လို႔ပဲ ေျပာခ်င္တယ္။

ေျခာက္ခ်က္ေတာင္းတဲ့ထဲမွာ ႏွစ္ခ်က္က ပယ္တယ္ဆိုေပမဲ့လည္း အက်ဳံးဝင္သလိုပါပဲ။ ဆိုေတာ့ သူတို႔ရဲ႕ လိုအင္ဆႏၵကို အိုင္စီေဂ်က ျဖည့္ေပးလိုက္တယ္လို႔ပဲ ကြၽန္မတို႔ ျမင္ပါတယ္။

ရခိုင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚထုေမ
လူသားေတြ ထိခိုက္နစ္နာတဲ့ အေပၚမွာ ဆင္ျခင္တုံတရားနဲ႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တဲ့ အေၾကာင္းအရာလို႔ပဲ သုံးသပ္တယ္။
အိုင္စီေဂ် ဆုံးျဖတ္ခ်က္ကေတာ့ ကြၽန္မ အျမင္အရေတာ့ အေၾကာင္းအရင္း ႏွစ္ခုေပၚမွာ အေျခခံတယ္။ ပထမ တစ္ခုက တရားဥပေဒ ဆိုတာထက္ ႏိုင္ငံတကာမွာ လူ႔အခြင့္အေရးက ပိုၿပီးေတာ့ ေရွ႕တန္းေရာက္လာတယ္။

ဒီေရွ႕တန္းေရာက္လာရတဲ့ အေၾကာင္းအရင္းကလည္း ထိခိုက္နစ္နာသူေတြ ရွိခဲ့တယ္။ ဒါေၾကာင့္မို႔လို႔ သူတို႔အေနနဲ႔ ဒီလူသားေတြ ထိခိုက္မႈ အေပၚမွာ အိုင္စီေဂ်ထဲမွာပါတဲ့ တရားသူႀကီးမ်ားရဲ႕ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ သူတို႔ရဲ႕ ဆင္ျခင္တုံတရားသည္ ရခိုင္ျပည္နယ္မွာ ျဖစ္ပ်က္ခဲ့တဲ့ အတိတ္သမိုင္းေၾကာင္းကို ေသခ်ာ ဂဃနဏ မေလ့လာခင္မွာပဲ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။ Provisional Measure ခ်လိုက္တဲ့အေၾကာင္းအရင္းကေနၿပီးေတာ့ ထြက္ေျပးသြားတဲ့ ဘဂၤါလီအုပ္စုရဲ႕ စိတ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာမႈ၊ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာမႈ၊ အစုလိုက္အၿပဳံလိုက္ေျပာင္းေ႐ႊ႕သြားမႈ ဒီအေျခအေနမွာ မူတည္ၿပီး ဆုံးျဖတ္တယ္လို႔ ကြၽန္မအေနနဲ႔ သုံးသပ္တယ္။

ေနာက္တစ္ခုက ႏိုင္ငံတကာရဲ႕ ႏိုင္ငံေရး Trend သည္ လူ႔အခြင့္အေရးေပၚမွာ ပိုၿပီးေတာ့ ေဇာင္းေပးလာတယ္။ ကမာၻမွာ ဘယ္လူသား တစ္ေယာက္ကိုမွ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာထိခိုက္လို႔မရဘူး။ ဒီအေျခအေနေပၚမွာ အေျခခံတယ္။ Root cause ကို သူတို႔ နည္းနည္းေလ့လာဖို႔ လိုအပ္ေသးတယ္လို႔ ယူဆတယ္။

ဒါေၾကာင့္မို႔လို႔ သူတို႔ေတြသည္ လူသားေတြ ထိခိုက္နစ္နာတဲ့ အေပၚမွာ ဆင္ျခင္တုံတရားနဲ႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တဲ့ အေၾကာင္းအရာလို႔ပဲ သုံးသပ္တယ္။

ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္
အစြန္းထြက္ေနတဲ့ တခ်ိဳ႕အဖြဲ႕အစည္းေတြက ဘာပဲျဖစ္ျဖစ္ ဒါေတြ အစြန္းထြက္လို႔မရဘူးေတာ့ဘူးဆိုတာ သူတို႔ သိတာေပါ့။
ႏိုင္ငံတကာနဲ႔ ေပါင္းသင္းဆက္ဆံရမယ္ဆိုေတာ့ ႏိုင္ငံတကာရဲ႕ က်င့္ဝတ္ကေတာ့ ကြၽန္ေတာ္တို႔လည္း ေလးစားရမွာေပါ့။

ႏိုင္ငံေရးအေနနဲ႔ေတာ့ ပိုေကာင္းတာေပါ့။ ကြၽန္ေတာ္တို႔သြားတဲ့ ခရီးလမ္းမွာ ဘာပဲျဖစ္ျဖစ္ အားလုံးအဆင္ေျပဖို႔ဟာကေတာ့ အဲဒီမွာ အစြန္းထြက္ေနတဲ့ တခ်ိဳ႕အဖြဲ႕အစည္းေတြက ဘာပဲျဖစ္ျဖစ္ ဒါေတြ အစြန္းထြက္လို႔မရဘူးေတာ့ဘူးဆိုတာ သူတို႔ သိတာေပါ့။

အစြန္းထြက္ေနရင္သူတို႔ကို ႏိုင္ငံတကာက Watch လုပ္ေနတယ္ဆိုတာေပါ့။ အားလုံးက ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ ပူးေပါင္းၿပီး လုပ္ရင္ေတာ့ ေကာင္းတာေပါ့။
ကုလသမဂၢ

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရတ္စ္က တရား႐ုံးဆုံးျဖတ္ခ်က္ကို ႀကိဳဆိုေၾကာင္းေျပာပါတယ္။

ကုလသေဘာတူညီခ်က္နဲ႔ တရား႐ုံးရဲ႕ စည္းမ်ဥ္းဥပေဒေတြအရ တရား႐ုံးဆုံးျဖတ္ခ်က္ကို လိုက္နာေဆာင္႐ြက္ဖို႔လိုၿပီး ျမန္မာကလည္း လိုက္နာမယ္လို႔ ယုံၾကည္ပါတယ္လို႔ ကုလ ေျပာခြင့္ရသူ စတက္ဖနီ ဂ်ာရစ္က ထုတ္ျပန္ခ်က္ထုတ္ ေျပာၾကားပါတယ္။

တရား႐ုံးဆုံးျဖတ္ခ်က္ကို လိုက္နာေဆာင္႐ြက္ဖို႔လိုၿပီး ျမန္မာကလည္း လိုက္နာမယ္လို႔ ယုံၾကည္ပါတယ္။ 

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အိုင်စီဂျေဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများ


Image caption ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ဆုံးဖြတ်

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကုလသမဂ္ဂ တရားရုံး အိုင်စီဂျေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ ကုလသမဂ္ဂရဲ့ တုံ့ပြန်မှုကို ဖော်ပြလိုက်ပါတယ်။

ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ
ဓာတ်ပုံ မူပိုင် Aung Thura
Image caption သူတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကျွန်တော်တို့ကတော့ စောင့်ကြည့်ရုံပဲ ရှိတယ်။

ဒါသူတို့ ဘယ်လိုဆောင်ရွက်ခဲ့လဲပေါ်မှာ မူတည်တာပေါ့။ ကျွန်တော်တို့ ပထမဆုံး ရခိုင်ပြဿနာကို ဖြေရှင်းတဲ့အခါမှာ သူတို့က ကိုဖီအာနန်အစီရင်ခံစာတို့ ဘာတို့ ပေါ်မှာ မူတည်ပြီးမှ လုပ်ခဲ့တာ ရှိတယ်။

ကျွန်တော်တို့ကတော့ ဒေသခံတွေ လွှတ်တော်ကိုယ်စားလှယ်တွေတော့ ပြောခဲ့ပါတယ်။ ဒီကိုဖီအာနန် အစီရင်ခံစာ လုပ်ဖို့အတွက် အဖွဲ့ဖွဲ့ဖို့အတွက် လုပ်တဲ့အခါမှာတောင်မှ ကျွန်တော်တို့ ကန့်ကွက်ပြီးမှ လုပ်ခဲ့တယ်လေ။

ဆိုတော့ ကျွန်တော်တို့ရဲ့ အသံတွေက ဘာမှ မပါဘူး။ သူတို့အစိုးရနဲ့ သူတို့ လုပ်နေတဲ့ဟာပဲ အဓိကပေါ့နော်။ အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ ပြောရမှာပေါ့။ ကျွန်တော်တို့က ဘာမှ ပူးပေါင်းပါဝင်မှု မရခဲ့ဘူးပေါ့လေ။

ဒါကြောင့် အခုလည်း ဒီအတိုင်းဖြစ်လာတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကျွန်တော်တို့ကတော့ စောင့်ကြည့်ရုံပဲ ရှိတယ်။

တစ်ဖက်ကတော့ ပြောတယ်၊ ဒီကြားဖြတ်ဆုံးဖြတ်ချက် လေးခုကို ချမှတ်တယ်။ အဲဒီအပေါ်မှာ အစိုးရက ဘယ်လို ပူးပေါင်းဆောင်ရွက်လဲ အဲဒီပေါ်မှာ မူတည်ပြီးမှ ဖြစ်လာပါလိမ့်မယ်၊ အကျိုးသက်ရောက်မှုတွေဆိုတာက။

ဒါကြောင့် အစိုးရရဲ့ ချဉ်းကပ်မှု နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။

ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်အေးနုစိန်
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တိကျခိုင်မာတဲ့ တောင်းဆိုချက်တွေကို ကျွန်မတို့ တောင်းခဲ့သင့်တယ်

မြန်မာနိုင်ငံဘက်က တောင်းဆိုချက်က ကျွန်မတို့ အမြင်မှာတော့ ယေဘူယျဆန်တယ်လို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီစွပ်စွဲထားချက်တွေကို ချေဖျက်ပေးဖို့ ကြားဖြတ်အမိန့် ချမပေးဖို့ဆိုတာဟာ အမြင်အားဖြင့်တောင်မှ အမှုဖြစ်လာရင် ငြင်းကြတာပဲ။ မဟုတ်ဘူးလို့ ပြောကြတာပဲ။ ပယ်ဖျက်ပေးပါဆိုတာ ယေဘူယျဆန်တယ်လို့ပဲ ကျွန်မတို့ပြောပါရစေ။

ဒီ့ထက်တိတိကျကျ ခိုင်ခိုင်မာမာ တောင်းဆိုချက်တွေနဲ့ လုပ်ခဲ့သင့်တယ်လို့လည်း ကျွန်မတို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အမှုပယ်ဖျက်ဖို့ တောင်းထားပြီးပြီ၊ ဒီ့ထက်ကြီးကျယ်တာဘာရှိလဲလို့ ပြောစရာရှိတယ်။ ဒါပေမဲ့ ဒီလိုလွယ်လွယ်ကူကူ ယေဘူယျဆန်ဆန်ထက် တကယ်ကို တိကျခိုင်မာတဲ့ တောင်းဆိုချက်တွေကို ကျွန်မတို့ တောင်းခဲ့သင့်တယ်လို့ပဲ ပြောချင်တယ်။

ခြောက်ချက်တောင်းတဲ့ထဲမှာ နှစ်ချက်က ပယ်တယ်ဆိုပေမဲ့လည်း အကျုံးဝင်သလိုပါပဲ။ ဆိုတော့ သူတို့ရဲ့ လိုအင်ဆန္ဒကို အိုင်စီဂျေက ဖြည့်ပေးလိုက်တယ်လို့ပဲ ကျွန်မတို့ မြင်ပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ
ဓာတ်ပုံ မူပိုင် Aung Thura
Image caption လူသားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းအရာလို့ပဲ သုံးသပ်တယ်။

အိုင်စီဂျေ ဆုံးဖြတ်ချက်ကတော့ ကျွန်မ အမြင်အရတော့ အကြောင်းအရင်း နှစ်ခုပေါ်မှာ အခြေခံတယ်။ ပထမ တစ်ခုက တရားဥပဒေ ဆိုတာထက် နိုင်ငံတကာမှာ လူ့အခွင့်အရေးက ပိုပြီးတော့ ရှေ့တန်းရောက်လာတယ်။

ဒီရှေ့တန်းရောက်လာရတဲ့ အကြောင်းအရင်းကလည်း ထိခိုက်နစ်နာသူတွေ ရှိခဲ့တယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ဒီလူသားတွေ ထိခိုက်မှု အပေါ်မှာ အိုင်စီဂျေထဲမှာပါတဲ့ တရားသူကြီးများရဲ့ သူတို့ရဲ့ဆုံးဖြတ်ချက် သူတို့ရဲ့ ဆင်ခြင်တုံတရားသည် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်သမိုင်းကြောင်းကို သေချာ ဂဃနဏ မလေ့လာခင်မှာပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ Provisional Measure ချလိုက်တဲ့အကြောင်းအရင်းကနေပြီးတော့ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီအုပ်စုရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့သွားမှု ဒီအခြေအနေမှာ မူတည်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်မအနေနဲ့ သုံးသပ်တယ်။

နောက်တစ်ခုက နိုင်ငံတကာရဲ့ နိုင်ငံရေး Trend သည် လူ့အခွင့်အရေးပေါ်မှာ ပိုပြီးတော့ ဇောင်းပေးလာတယ်။ ကမ္ဘာမှာ ဘယ်လူသား တစ်ယောက်ကိုမှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်လို့မရဘူး။ ဒီအခြေအနေပေါ်မှာ အခြေခံတယ်။ Root cause ကို သူတို့ နည်းနည်းလေ့လာဖို့ လိုအပ်သေးတယ်လို့ ယူဆတယ်။

ဒါကြောင့်မို့လို့ သူတို့တွေသည် လူသားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းအရာလို့ပဲ သုံးသပ်တယ်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်
ဓာတ်ပုံ မူပိုင် Amyotha Hluttaw
Image caption အစွန်းထွက်နေတဲ့ တချို့အဖွဲ့အစည်းတွေက ဘာပဲဖြစ်ဖြစ် ဒါတွေ အစွန်းထွက်လို့မရဘူးတော့ဘူးဆိုတာ သူတို့ သိတာပေါ့။

နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံရမယ်ဆိုတော့ နိုင်ငံတကာရဲ့ ကျင့်ဝတ်ကတော့ ကျွန်တော်တို့လည်း လေးစားရမှာပေါ့။

နိုင်ငံရေးအနေနဲ့တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့သွားတဲ့ ခရီးလမ်းမှာ ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေဖို့ဟာကတော့ အဲဒီမှာ အစွန်းထွက်နေတဲ့ တချို့အဖွဲ့အစည်းတွေက ဘာပဲဖြစ်ဖြစ် ဒါတွေ အစွန်းထွက်လို့မရဘူးတော့ဘူးဆိုတာ သူတို့ သိတာပေါ့။

အစွန်းထွက်နေရင်သူတို့ကို နိုင်ငံတကာက Watch လုပ်နေတယ်ဆိုတာပေါ့။ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းပြီး လုပ်ရင်တော့ ကောင်းတာပေါ့။
ကုလသမဂ္ဂ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းပြောပါတယ်။

ကုလသဘောတူညီချက်နဲ့ တရားရုံးရဲ့ စည်းမျဉ်းဥပဒေတွေအရ တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့လိုပြီး မြန်မာကလည်း လိုက်နာမယ်လို့ ယုံကြည်ပါတယ်လို့ ကုလ ပြောခွင့်ရသူ စတက်ဖနီ ဂျာရစ်က ထုတ်ပြန်ချက်ထုတ် ပြောကြားပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့လိုပြီး မြန်မာကလည်း လိုက်နာမယ်လို့ ယုံကြည်ပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်ဆုံးျဖတ္ခ်က္အေပၚ တုံ႔ျပန္မႈမ်ား အိုင္စီေဂ်ဆုံးျဖတ္ခ်က္အေပၚ တုံ႔ျပန္မႈမ်ား Reviewed by THITHTOOLWIN on 01:54 Rating: 5
Powered by Blogger.