ပါကစၥတန္ေရခဲေတာင္ ၿပိဳက်မႈ ၅၀ ေက်ာ္ေသ


(Zawgyi / Unicode)

ပါကစၥတန္အုပ္ခ်ဳပ္တဲ့ Kashmir ေဒသမွာ ေရခဲေတာင္ ၿပိဳက်တဲ့အတြက္ အနည္းဆံုး လူ ၅၇ ဦးေသဆံုးျပီး လူတခ်ိဳ႕ ေပ်ာက္ဆံုးေနတယ္လို႔ အစိုးရ တာ၀န္ရွိသူေတြက ဒီကေန႔ေျပာပါတယ္။

အိႏၵိယအုပ္ခ်ဳပ္ခံ Kashmir ေျမာက္ပိုင္းမွာလည္း အလားတူျဖစ္ရပ္အတြင္း အနည္းဆံုး ၁၀ ဦးေသဆံုးခဲ့တာပါ။ မိုးသည္းထန္ျပီးေနာက္ ေျမျပိဳက်ခဲ့တဲ့ Neelum ေတာင္ၾကားေဒသတ၀ိုက္မွာလည္း ရြာသားအေတာ္မ်ားမ်ား ပိတ္မိေနတယ္လို႕ ပါကစၥတန္ တာ၀န္ရွိသူေတြက ေျပာပါတယ္။ အခင္းျဖစ္တဲ့ ေနရာေတြကို ကယ္ဆယ္ေရးေတြ ေစလႊတ္ထားျပီလို႕လည္း တာ၀န္ရွိသူ တဦးကေျပာပါတယ္။

နယ္ေျမအျငင္းပြါးမႈေတြရွိၿပီး စစ္တပ္ခ်ထားတဲ့ အိႏိၵယနဲ႔ ပါကစၥတန္ နယ္စပ္ၾကား ေသဆံုးသူ ၁၀ ဦးထဲမွာ စစ္သား ၅ ဦးပါ၀င္တယ္လို႔ အိႏၵိယ အၾကီးတန္း ရဲအရာရွိတဦးကေျပာပါတယ္။

၂၀၁၂ ခုနွစ္တုန္းက အိႏၵိယ နယ္စပ္ ပါကစၥတန္တပ္ ဌာနခ်ဳပ္နားမွာ အခုလို ေတာင္ေပၚက ႏွင္းထုနဲ႔ ေက်ာက္တံုးေတြျပိဳက်ခဲ့တဲ့ အတြက္ စစ္သား အနည္းဆံုး ၁၂၄ ဦးနဲ႔ အရပ္သား ၁၁ ဦးေသဆံုးခဲ့ပါတယ္။ ၁၉၄၇ ခုနွစ္လြတ္လပ္ေရး ရျပီးကတည္းက Kashmir ေဒသကို အိႏိၵယနဲ႔ ပါကစၥတန္ သီးျခားစီခြဲအုပ္ခ်ဳပ္ခဲ့တာျဖစ္ျပီး ဆယ္စုနွစ္မ်ားစြာတင္းမာမႈေတြၾကား လူေပါင္းေသာင္းနဲ႕ ခ်ီေသဆံုးခဲ့ရျပီ ျဖစ္ပါတယ္။


.....................

ပါကစ္စတန်ရေခဲတောင် ပြိုကျမှု ၅၀ ကျော်သေ

(Unicode)

ပါကစ္စတန်အုပ်ချုပ်တဲ့ Kashmir ဒေသမှာ ရေခဲတောင် ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၅၇ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။

အိန္ဒိယအုပ်ချုပ်ခံ Kashmir မြောက်ပိုင်းမှာလည်း အလားတူဖြစ်ရပ်အတွင်း အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့တာပါ။ မိုးသည်းထန်ပြီးနောက် မြေပြိုကျခဲ့တဲ့ Neelum တောင်ကြားဒေသတဝိုက်မှာလည်း ရွာသားအတော်များများ ပိတ်မိနေတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေ စေလွှတ်ထားပြီလို့လည်း တာဝန်ရှိသူ တဦးကပြောပါတယ်။

နယ်မြေအငြင်းပွါးမှုတွေရှိပြီး စစ်တပ်ချထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်ကြား သေဆုံးသူ ၁၀ ဦးထဲမှာ စစ်သား ၅ ဦးပါဝင်တယ်လို့ အိန္ဒိယ အကြီးတန်း ရဲအရာရှိတဦးကပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယ နယ်စပ် ပါကစ္စတန်တပ် ဌာနချုပ်နားမှာ အခုလို တောင်ပေါ်က နှင်းထုနဲ့ ကျောက်တုံးတွေပြိုကျခဲ့တဲ့ အတွက် စစ်သား အနည်းဆုံး ၁၂၄ ဦးနဲ့ အရပ်သား ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်လွတ်လပ်ရေး ရပြီးကတည်းက Kashmir ဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် သီးခြားစီခွဲအုပ်ချုပ်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်များစွာတင်းမာမှုတွေကြား လူပေါင်းသောင်းနဲ့ ချီသေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ပါကစၥတန္ေရခဲေတာင္ ၿပိဳက်မႈ ၅၀ ေက်ာ္ေသ ပါကစၥတန္ေရခဲေတာင္ ၿပိဳက်မႈ ၅၀ ေက်ာ္ေသ Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.