အခမ္းအနားေတြကို အသုံးမခ်နဲ႔လို႔ ဆႏၵျပေက်ာင္းသားေတြကို ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ဆႏၵျပေက်ာင္းသားေတြ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ေတြ႕ခြင့္မရ
(Zawgyi)⤵⤵
ေနျပည္ေတာ္က ပညာေရး အခမ္းအနားတစ္ခုမွာ ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းေျပာေနစဥ္ ဆႏၵျပတဲ့ ေက်ာင္းသားေတြကို အခမ္းအနားေတြကို ကိုယ့္အဖြဲ႕ ကိုယ့္အျမင္တစ္ခုတည္းအတြက္ အသုံးမခ်ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ဇန္နဝါရီ ၂၈ ရက္မွာ က်င္းပတဲ့ အေျခခံပညာက႑ ပညာေရး တိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲမွာ ပညာေရး တကၠသိုလ္နဲ႔ ေကာလိပ္ ေက်ာင္းသားေက်ာင္းသူ ၁၁ ဦးက ပြဲခင္း ေနာက္ဆုံးတန္းနားမွာ ဆိုင္းဘုတ္ေတြကိုင္ၿပီး ၁၅ မိနစ္နီးပါး မတ္တပ္ရပ္ ဆႏၵျပခဲ့ပါတယ္။

အေျခခံပညာအတန္းတခ်ိဳ႕ကို မတ္လကုန္မွာ စာေမးပြဲစစ္ဖို႔စီစဥ္တဲ့အေပၚ ကန႔္ကြက္တာနဲ႔ မႏၲေလးတကၠသိုလ္က ေက်ာင္းသားသပိတ္ေျဖရွင္းေပးဖို႔အပါအဝင္ အခ်က္ ငါးခ်က္ကို ေတာင္းဆိုဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီလို ဆႏၵျပခံရတဲ့အေပၚ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ပြဲခင္းထဲမွာ အခုလို တုံ႔ျပန္ခဲ့ပါတယ္။

"အခမ္းအနားေတြကို ကိုယ့္အတြက္ ကိုယ့္အဖြဲ႕အတြက္ ကိုယ္တစ္ေယာက္တည္းရဲ႕ အျမင္အတြက္ အသုံးမခ်ပါနဲ႔။ ဒါဟာ လုံးဝျဖစ္သင့္တဲ့ ကိစၥ မဟုတ္ပါဘူး။ လူတိုင္းလူတိုင္းမွာ အခြင့္အေရးရွိသလို တာဝန္ရွိတယ္ဆိုတာလည္း သိရပါမယ္။စည္းကမ္းဆိုတာလည္း ကိုယ့္စည္းကိုယ္ကိုယ္ ထိန္းရပါလိမ့္မယ္"

"တင္ျပခ်င္လို႔ရွိရင္ တင္ျပႏိုင္တဲ့ အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္။ တင္ျပႏိုင္တဲ့ ပုံစံေတြရွိတယ္။ ဒါကို ပြင့္ပြင့္လင္းလင္း ကိုယ့္ဟာကိုယ္ ကိုယ့္နာမည္ကိုယ္ထိုးၿပီးေတာ့ ကိုယ့္ရဲ႕အျမင္ေတြကို တင္ျပႏိုင္ပါတယ္"

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေျပာၾကားခ်က္အေပၚ ဆႏၵျပေက်ာင္းသားေတြထဲကတစ္ဦးျဖစ္တဲ့ ရန္ကုန္ ပညာေရးတကၠသိုလ္ စတုတၳႏွစ္ေက်ာင္းသား ကိုအာင္ျပည့္စုံက "သူလည္း သူ႔လုပ္ပိုင္ခြင့္နဲ႔သူ ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔ လုပ္ပိုင္ခြင့္နဲ႔ လုပ္တာ ျဖစ္တဲ့အတြက္ သိပ္ၿပီးေတာ့ ေျပာစရာေတာ့မရွိပါဘူး အဲဒါ။ ထိေရာက္မႈ ရွိမရွိဆိုတာ တျခားလႈပ္ရွားမႈေတြကေန ဆက္သြားပါလိမ့္မယ္" လို႔ ေျပာပါတယ္။

မိဘေတြ စီးပြားေရး ပိုလုပ္ႏိုင္ဖို႔ အေျခခံပညာေက်ာင္းေတြကို မတ္လထိ ဖြင့္ဖို႔ ပညာေရးဝန္ႀကီးရဲ႕ ေျပာၾကားခ်က္ဟာ တိက်တဲ့ မူဝါဒေပၚ အေျခမခံတဲ့အျပင္ ပညာေရးဝန္ထမ္းေတြနဲ႔ ညႇိႏႈိင္းမႈမရွိဘူးဆိုၿပီး ဆရာ၊ဆရာမေတြက ကန႔္ကြက္တဲ့ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကပါတယ္။
ဆရာေတြကိုယ္တိုင္က လာေတာင္းဆိုမွ ေဆြးေႏြးခြင့္ရမယ္လို႔ဆို
ဒီမူဝါဒကို ျပန္သုံးသပ္ေပးဖို႔နဲ႔ မျပင္ဆင္ေပးရင္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ေတြမွာ ပါဝင္ေဆာင္႐ြက္ေပးမွာ မဟုတ္ဘူးလို႔ ျမန္မာႏိုင္ငံ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္ကလည္း ေၾကညာခ်က္ ထုတ္ထားပါတယ္။

ဆႏၵျပေက်ာင္းသားေတြကို အဆင့္ျမင့္ ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္းက ပြဲထဲမွာ လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ေတြ႕ခြင့္မရခဲ့ဘဲ အေျခခံပညာဦးစီးဌာန ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းနဲ႔ပဲ ေတြ႕ဆုံခဲ့ရၿပီး လိုလားခ်က္ေတြကို ေတာင္းဆိုခဲ့တယ္လို႔ ဆႏၵျပ ေက်ာင္းသူ တစ္ဦးျဖစ္တဲ့ စစ္ကိုင္း ပညာေရးတကၠသိုလ္ စတုတၳႏွစ္ေက်ာင္းသူ မစုလႈိင္ေထြးက ဘီဘီစီကိုေျပာပါတယ္။

"ဆရာဦးကိုေလးဝင္းနဲ႔ ေဆြးေႏြးလိုက္ေတာ့ ေက်ာင္းသားေတြကေန လာေရာက္ေတာင္းဆိုတဲ့အတြက္ သူကအဲဒါကို မလုပ္ေပးႏိုင္ဘူး။ ဆရာေတြကိုယ္တိုင္က လာေတာင္းဆိုမွသာလွ်င္ ဆရာေတြနဲ႔ ေတြ႕ၿပီးေတာ့မွ ေဆြးေႏြးပြဲ လုပ္ၿပီးမယ္ဆိုၿပီးေတာ့မွ ေျပာတယ္"

"ဖဲႀကိဳးစိမ္းေကာ္မတီဆိုတာက ဆရာနဲ႔ ဝန္ႀကီးဌာနၾကားက Joint Committee အေနနဲ႔ လာတာျဖစ္တဲ့အတြက္ ဦးကိုေလးဝင္းတို႔ကို စာတင္ခဲ့တယ္"

"အျမန္ဆုံး ဒီဆရာေတြနဲ႔ ေတြ႕ေပးဖို႔လုပ္ေပးပါဆိုၿပီး ေျပာလိုက္တယ္။ ေနာက္ပိုင္းမွာ သူတို႔ဘက္က ဘာမွ တုံ႔ျပန္မႈ မရွိဘူးဆိုရင္ေတာ့ ဆက္ၿပီးေတာ့ လုပ္စရာေတြေတာ့ရွိတယ္။အခုသူတို႔ အေျခအေနကို ေစာင့္ၾကည့္ေနတုန္းပဲ" လို႔ မစုလႈိင္ေထြးက ေျပာပါတယ္။

ဒီပညာေရးႏွီးေႏွာဖလွယ္ပြဲကို ေနျပည္ေတာ္မွာ ဇန္နဝါရီ ၂၈ နဲ႔ ၂၉ ရက္မွာ ႏွစ္ရက္ၾကာ က်င္းပေနတာျဖစ္ၿပီး ဒုတိယေန႔မွာေတာ့ ဆႏၵထပ္ျပဖို႔ အစီအစဥ္မရွိေတာ့ဘူးလို႔ မစုလႈိင္ေထြးက ဆက္ေျပာပါတယ္။

မႏၲေလးတကၠသိုလ္ထဲမွာ စားေသာက္ဆိုင္တန္း လုပ္ကိုင္ခြင့္ျပဳခဲ့တဲ့ ပါေမာကၡခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ မေက်နပ္ရာကတစ္ဆင့္ မႏၲေလးတကၠသိုလ္ထဲမွာလည္း ေက်ာင္းသားသမဂၢက ဦးေဆာင္သပိတ္ ေမွာက္ေနပါတယ္။

ဒီအေျခအေနနဲ႔ပတ္သက္ၿပီး အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္းကို ဆက္သြယ္ေမးျမန္းတဲ့အခါ မႏၲေလးတကၠသိုလ္ကို သြားေရာက္ေနၿပီျဖစ္ၿပီး အေသးစိတ္ကိုေတာ့ ေနာက္ရက္မွသာ ေျဖၾကားႏိုင္မယ္လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
အခမ်းအနားတွေကို အသုံးမချနဲ့လို့ ဆန္ဒပြကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ မူပိုင် MeKongNews / MPA
Image caption ဆန္ဒပြကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရ

နေပြည်တော်က ပညာရေး အခမ်းအနားတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ဆန္ဒပြတဲ့ ကျောင်းသားတွေကို အခမ်းအနားတွေကို ကိုယ့်အဖွဲ့ ကိုယ့်အမြင်တစ်ခုတည်းအတွက် အသုံးမချဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာ ကျင်းပတဲ့ အခြေခံပညာကဏ္ဍ ပညာရေး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ပညာရေး တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းသားကျောင်းသူ ၁၁ ဦးက ပွဲခင်း နောက်ဆုံးတန်းနားမှာ ဆိုင်းဘုတ်တွေကိုင်ပြီး ၁၅ မိနစ်နီးပါး မတ်တပ်ရပ် ဆန္ဒပြခဲ့ပါတယ်။

အခြေခံပညာအတန်းတချို့ကို မတ်လကုန်မှာ စာမေးပွဲစစ်ဖို့စီစဉ်တဲ့အပေါ် ကန့်ကွက်တာနဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသားသပိတ်ဖြေရှင်းပေးဖို့အပါအဝင် အချက် ငါးချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြခံရတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပွဲခင်းထဲမှာ အခုလို တုံ့ပြန်ခဲ့ပါတယ်။

"အခမ်းအနားတွေကို ကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက် ကိုယ်တစ်ယောက်တည်းရဲ့ အမြင်အတွက် အသုံးမချပါနဲ့။ ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရပါမယ်။စည်းကမ်းဆိုတာလည်း ကိုယ့်စည်းကိုယ်ကိုယ် ထိန်းရပါလိမ့်မယ်"

"တင်ပြချင်လို့ရှိရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်ဟာကိုယ် ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင်တွေကို တင်ပြနိုင်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် ဆန္ဒပြကျောင်းသားတွေထဲကတစ်ဦးဖြစ်တဲ့ ရန်ကုန် ပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား ကိုအာင်ပြည့်စုံက "သူလည်း သူ့လုပ်ပိုင်ခွင့်နဲ့သူ ကျွန်တော်တို့လည်း ကျွန်တော်တို့ လုပ်ပိုင်ခွင့်နဲ့ လုပ်တာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့ ပြောစရာတော့မရှိပါဘူး အဲဒါ။ ထိရောက်မှု ရှိမရှိဆိုတာ တခြားလှုပ်ရှားမှုတွေကနေ ဆက်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။

မိဘတွေ စီးပွားရေး ပိုလုပ်နိုင်ဖို့ အခြေခံပညာကျောင်းတွေကို မတ်လထိ ဖွင့်ဖို့ ပညာရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ တိကျတဲ့ မူဝါဒပေါ် အခြေမခံတဲ့အပြင် ပညာရေးဝန်ထမ်းတွေနဲ့ ညှိနှိုင်းမှုမရှိဘူးဆိုပြီး ဆရာ၊ဆရာမတွေက ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ မူပိုင် MeKongNews / MPA
Image caption ဆရာတွေကိုယ်တိုင်က လာတောင်းဆိုမှ ဆွေးနွေးခွင့်ရမယ်လို့ဆို

ဒီမူဝါဒကို ပြန်သုံးသပ်ပေးဖို့နဲ့ မပြင်ဆင်ပေးရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ဆရာ၊ဆရာမများအဖွဲ့ချုပ်ကလည်း ကြေညာချက် ထုတ်ထားပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပွဲထဲမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘဲ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းနဲ့ပဲ တွေ့ဆုံခဲ့ရပြီး လိုလားချက်တွေကို တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြ ကျောင်းသူ တစ်ဦးဖြစ်တဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မစုလှိုင်ထွေးက ဘီဘီစီကိုပြောပါတယ်။

"ဆရာဦးကိုလေးဝင်းနဲ့ ဆွေးနွေးလိုက်တော့ ကျောင်းသားတွေကနေ လာရောက်တောင်းဆိုတဲ့အတွက် သူကအဲဒါကို မလုပ်ပေးနိုင်ဘူး။ ဆရာတွေကိုယ်တိုင်က လာတောင်းဆိုမှသာလျှင် ဆရာတွေနဲ့ တွေ့ပြီးတော့မှ ဆွေးနွေးပွဲ လုပ်ပြီးမယ်ဆိုပြီးတော့မှ ပြောတယ်"

"ဖဲကြိုးစိမ်းကော်မတီဆိုတာက ဆရာနဲ့ ဝန်ကြီးဌာနကြားက Joint Committee အနေနဲ့ လာတာဖြစ်တဲ့အတွက် ဦးကိုလေးဝင်းတို့ကို စာတင်ခဲ့တယ်"

"အမြန်ဆုံး ဒီဆရာတွေနဲ့ တွေ့ပေးဖို့လုပ်ပေးပါဆိုပြီး ပြောလိုက်တယ်။ နောက်ပိုင်းမှာ သူတို့ဘက်က ဘာမှ တုံ့ပြန်မှု မရှိဘူးဆိုရင်တော့ ဆက်ပြီးတော့ လုပ်စရာတွေတော့ရှိတယ်။အခုသူတို့ အခြေအနေကို စောင့်ကြည့်နေတုန်းပဲ" လို့ မစုလှိုင်ထွေးက ပြောပါတယ်။

ဒီပညာရေးနှီးနှောဖလှယ်ပွဲကို နေပြည်တော်မှာ ဇန်နဝါရီ ၂၈ နဲ့ ၂၉ ရက်မှာ နှစ်ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဒုတိယနေ့မှာတော့ ဆန္ဒထပ်ပြဖို့ အစီအစဉ်မရှိတော့ဘူးလို့ မစုလှိုင်ထွေးက ဆက်ပြောပါတယ်။

မန္တလေးတက္ကသိုလ်ထဲမှာ စားသောက်ဆိုင်တန်း လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရာကတစ်ဆင့် မန္တလေးတက္ကသိုလ်ထဲမှာလည်း ကျောင်းသားသမဂ္ဂက ဦးဆောင်သပိတ် မှောက်နေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ မန္တလေးတက္ကသိုလ်ကို သွားရောက်နေပြီဖြစ်ပြီး အသေးစိတ်ကိုတော့ နောက်ရက်မှသာ ဖြေကြားနိုင်မယ်လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
အခမ္းအနားေတြကို အသုံးမခ်နဲ႔လို႔ ဆႏၵျပေက်ာင္းသားေတြကို ေဒၚေအာင္ဆန္းစုၾကည္ေျပာ အခမ္းအနားေတြကို အသုံးမခ်နဲ႔လို႔ ဆႏၵျပေက်ာင္းသားေတြကို ေဒၚေအာင္ဆန္းစုၾကည္ေျပာ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.