ရခိုင္မွာ ရိတ္သိမ္းဖို႔ခက္ေနတဲ့ လယ္ဧက တစ္ေသာင္းခြဲေက်ာ္ရွိ

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က မရိတ္သိမ္းရေသးတဲ့ စပါးခင္းမ်ား ႏွင့္ ႏြားမ်ားကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ေျမာက္ပိုင္းက တိုက္ပြဲေတြျပင္းထန္ေနတဲ့ ေျမာက္ဦး၊ မင္းျပား၊ ဘူးသီးေတာင္ စတဲ့ၿမိဳ႕နယ္ေတြ အပါအဝင္ ၿမိဳ႕နယ္ ခုႏွစ္ခုမွာ ရိတ္သိမ္းဖို႔ခက္ခဲေနတဲ့ စပါးစိုက္ခင္းေတြနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္လုံးဆိုင္ရာ ေတာင္သူလယ္သမားသမဂၢက မၾကာေသးခင္က စစ္တမ္း ေကာက္ယူခဲ့တာလို႔ ဆိုပါတယ္။

သူတို႔ ေတြ႕ရွိခ်က္နဲ႔ ပတ္သက္လို႔ ရခိုင္ျပည္လုံးဆိုင္ရာ ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ ဦးေက်ာ္ဇံ က RFA ကို အခုလိုေျပာပါတယ္။

“အခုလက္ရွိ စစ္ျဖစ္ေနတဲ့ ေဒသေပါ့ ၿမိဳ႕နယ္ ခုႏွစ္ခုမွာေတာ့ လယ္ဧက တစ္ေသာင္းခြဲေက်ာ္ေလာက္ေတာ့ ရိတ္သိမ္းႏိုင္တဲ့ အေျခအေန မရွိဘူးေပါ့ဗ်ာ။ လက္ရွိအေနအထားေတြေပါ့။ အခုက ရိတ္သိမ္းရာသီတစ္ဝက္ က်ိဳးၿပီေပါ့။ ေနာက္က်န္တဲ့တစ္ဝက္မွာလည္း ဘယ္ေလာက္အထိ မ်ားလာႏိုင္မလဲဆိုတာကိုလည္း ေရွ႕ဆက္ၿပီးေတာ့ ေစာင့္ၾကည့္ရမယ့္ အေနအထားေတာ့ရွိေနေသးတယ္”

ရိတ္သိမ္းဖို႔ခက္ခဲေနတဲ့ ၿမိဳ႕နယ္ ခုႏွစ္ခု အနက္ ဘူးသီးေတာင္ၿမိဳ႕နယ္မွာဆိုရင္ ဧက  သုံးေထာင္ေက်ာ္ေလာက္ ရွိတယ္လို႔လည္းဆိုပါတယ္။

ရိတ္သိမ္းကာလ ၿပီးဆုံးတဲ့အခါ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကို ျပည္ေထာင္စုအစိုးရထံ တင္ျပဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ စပါးစိုက္ဧက ဆယ္သိန္းေက်ာ္ရွိတဲ့အနက္ တိုက္ပြဲ အေျခအေနေတြေၾကာင့္ မိုးရာသီ ကာလကပင္ စပါးမစိုက္ပ်ိဳးႏိုင္ခဲ့တဲ့ လယ္ဧက သုံးေသာင္းခြဲေက်ာ္ရွိခဲ့တယ္လို႔ဆိုပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ေက်း႐ြာက ေတာင္သူ ဦးထြန္းေအးကေတာ့ သူစိုက္ခဲ့တဲ့ လယ္ ငါးဧကကို ဒီေန႔အထိ မရိတ္သိမ္းႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ စပါးရိတ္သိမ္းမယ့္အခ်ိန္မွာ အဲဒီမွာ တိုက္ပြဲေတြက ေတာ္ေတာ္ေလးကိုျဖစ္ေနတာ။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က အဲဒီမွာမေနရဲလို႔ ဒီရေသ့ေတာင္ၿမိဳ႕ကို စစ္ေဘးေရွာင္အျဖစ္နဲ႔ ထြက္ေျပး လာၾကရတယ္။ ကြၽန္ေတာ့အိမ္ကိုလည္း လက္နက္ႀကီးက်ၿပီးေတာ့ မီးေလာင္သြားၿပီ။ ကြၽန္ေတာ္တို႔က အဲဒီမွာ စပါးရိတ္သိမ္းလို႔ ရမလားဆိုၿပီးေတာ့ သြားၿပီးေတာ့ ႀကိဳးစားခဲ့တယ္။ ဒါေပမဲ့ ရိတ္သိမ္းမယ္လုပ္ေရာ ဗ်ဴဟာကေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္တယ္ခင္ဗ်။ ကြၽန္ေတာ္တို႔႐ြာမွာလည္း စပါးမရိတ္သိမ္းရတဲ့လူ ၃၀ ဝန္းက်င္ေလာက္ ေတာင္ရွိတယ္”

စပါးခင္းေတြက ရင့္မွည့္ခ်ိန္ လြန္သြားခဲ့ၿပီ ျဖစ္တာေၾကာင့္ ရိတ္သိမ္းလို႔ မရႏိုင္ေတာ့ေလာက္ေအာင္ ဆုံးရႈံးသြားခဲ့တယ္လို႔ဆိုပါတယ္။

ဒီႏွစ္အတြက္ ဝမ္းစာစပါးမရွိတာေၾကာင့္ မိသားစုအတြက္ အခက္ေတြ႕ႏိုင္တယ္လို႔ေျပာပါတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကေတာ့ ရိတ္သိမ္းဖို႔ခက္ခဲေနတဲ့ လယ္ဧက အနည္းငယ္သာ ရွိေတာ့တယ္လို႔ ဆိုပါတယ္။

ေတာင္သူေတြရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊  သစ္ေတာနဲ႔ သတၱဳဝန္ႀကီး ဦးေက်ာ္လြင္က တုံ႔ျပန္ပါတယ္။

“စပါးက ရိတ္သိမ္းရမယ့္ စပါးသိပ္မရွိေတာ့ဘူးဗ်။ အခုက ေပၚဆန္းေမႊး နည္းနည္းေလာက္ပဲက်န္ေတာ့တယ္။ က်န္တာေတြအကုန္လုံးက ရိတ္သိမ္းလို႔ ၿပီးေနတဲ့အဆင့္မွာရွိပါတယ္။ တိုက္ပြဲျဖစ္တဲ့ေနရာမွာေတာ့ ျပည့္ျပည့္စုံစုံ ရိတ္ႏိုင္ဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ဘူး။ ဒါေပမယ့္ တိုက္ပြဲမျဖစ္တဲ့ အခ်ိန္မွာေတာ့ ေအးေအးေဆးေဆးေပါ့။ အကူအညီေပးရမွာနဲ႔ပတ္သက္လို႔ အတိအက် ဘယ္ေလာက္ရွိတယ္ ဆိုတာကို လိုခ်င္တဲ့သူေတြ ေျပာလိုက္ပါ ကြၽန္ေတာ့ဆီကို ကြၽန္ေတာ္နဲ႔ ေဆြးေႏြးရေအာင္”

ေတာင္သူေတြအေရးနဲ႔ ပတ္သက္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး(REC)က ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၆ ရက္ေန႔က သေဘာထား ေၾကျငာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထုတ္ျပန္ခ်က္မွာ ေတာင္သူေတြ စပါးရိတ္သိမ္း၊ သိမ္းဆည္းေနတဲ့ လုပ္ငန္းခြင္အတြင္းမွာ တိုက္ပြဲေတြ မေဖာ္ေဆာင္ဖို႔ (ဒါမွမဟုတ္) ေရွာင္ရွားၾကဖို႔ ႏွစ္ဘက္လက္နက္ကိုင္တပ္ဖြဲ႕ တာဝန္ရွိသူေတြက ေအာက္ေျခ တပ္ဖြဲ႕ေတြကို ၫႊန္ၾကားေပးဖို႔ တိုက္တြန္းထားပါတယ္။

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခကေတာ့ အရပ္သား ျပည္သူေတြ ထိခိုက္နစ္နာမႈ မရွိေအာင္ ကူညီဖို႔ သူတို႔တပ္ဖြဲ႕ေတြကို ၫႊန္ၾကားထားတယ္လို႔ဆိုပါတယ္။

ေတာင္သူေတြ စပါးရိတ္သိမ္းဖို႔ခက္ခဲေနတဲ့ကိစၥနဲ႔ပတ္သက္လို႔ ခိုင္သုခက

“ျမန္မာစစ္တပ္ဘက္က ေနၿပီးေတာ့ သူတို႔လက္နက္ႀကီးေတြကို စည္းမရွိကမ္းမရွိ ရမ္းသမ္းပစ္ခတ္ေနတဲ့ အတြက္ေၾကာင့္မို႔လို႔ စပါးမရိတ္ႏိုင္ျဖစ္ေနၾကရတာ။ ျမန္မာစစ္တပ္ရဲ႕ ေျမျပင္တပ္ဖြဲ႕ေတြကလည္းပဲ လယ္ကြင္းမွာ ေတြ႕လို႔ရွိရင္လည္းပဲ ရခိုင္ဆိုလို႔ရွိရင္ အကုန္လိုက္ၿပီးေတာ့ ေသနတ္နဲ႔ ေလွ်ာက္ပစ္တာေတြ လုပ္တာေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ဒီလယ္သမားေတြက စပါးသြားမရိတ္ရဲတာျဖစ္တယ္။ ေျပာရမယ္ဆိုရင္ လယ္သမားေတြ သူတို႔လယ္ထဲကို မသြားရဲတဲ့ဥစၥာက ျမန္မာစစ္တပ္ကို ေၾကာက္လို႔ သူတို႔မသြားရဲဘူး ျဖစ္ေနၾကတာဗ်။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ျပည္သူေတြကို အကူအညီေပးဖို႔ေတာ့ အဆင္သင့္ရွိတယ္” လို႔‌ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီလိုတုံ႔ျပန္ပါတယ္။

“ဒီဟာေတြသည္ ကြၽန္ေတာ္တို႔ တပ္မေတာ္ကေန ေဆာင္႐ြက္ေနတဲ့ ကိစၥမဟုတ္ပါဘူး။ အဲဒီလိုေနရာေတြမွာ ႐ြာနားေလးေတြမွာ တိုက္ပြဲျဖစ္တာတို႔၊ ႐ြာထဲကေန ပစ္ၿပီးထြက္ေျပးတာတို႔၊ ႐ြာထဲကေန ထြက္ၿပီး မိုင္းေထာင္တာတို႔ဆိုတာ AA အဖြဲ႕ကိုယ္တိုင္ လုပ္ေနတဲ့ကိစၥေတြပဲ။ ကြၽန္ေတာ္တို႔ကေတာ့ အၿမဲတမ္း ေျပာေနတာပဲ။ ႐ြာနားေလးေတြမွာ၊ လမ္းတံတားေနရာေတြအနီးမွာ တိုက္ပြဲမလုပ္နဲ႔။ လုပ္တယ္ဆိုလို႔ရွိရင္ ေဒသခံျပည္သူေတြပဲ နစ္နာမယ္လို႔ အႀကိမ္ႀကိမ္ သတိေပးေနတာပဲျဖစ္ပါတယ္”

တပ္မေတာ္အေနနဲ႔ ေသာင္းက်န္းသူနဲ႔ ျပည္သူေတြကို ခြဲျခားၿပီးေတာ့ စစ္ဆင္ေရး ေဆာင္႐ြက္ေနတာသာျဖစ္ၿပီး စစ္ဘက္နဲ႔မသက္ဆိုင္တဲ့ ျပည္သူေတြကို ေႏွာင့္ယွက္တားဆီးတာေတြ လုပ္ေလ့လုပ္ထ မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ရိတ္သိမ္းဖို႔ခက္ခဲေနတဲ့ စပါးစိုကခင္းေတြနဲ႔ ပတ္သက္လို႔ ရိတ္သိမ္းကာလၿပီး ဆုံးတဲ့အခါမွာ ဧကအေရအတြက္ ထပ္တိုးလာမလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ ရခိုင္ျပည္လုံးဆိုင္ရာ ေတာင္သူလယ္သမားသမဂၢက ေျပာပါတယ္။

အခု လက္ရွိအခ်ိန္အထိ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရတဲ့ လူအေရအတြက္ဟာ တစ္သိန္းေက်ာ္ရွိေနၿပီလို႔ အကူအညီ ေပးေနသူေတြက ေျပာဆိုပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ရခိုင်မှာ ရိတ်သိမ်းဖို့ခက်နေတဲ့ လယ်ဧက တစ်သောင်းခွဲကျော်ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့က မရိတ်သိမ်းရသေးတဲ့ စပါးခင်းများ နှင့် နွားများကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေ အပါအဝင် မြို့နယ် ခုနှစ်ခုမှာ ရိတ်သိမ်းဖို့ခက်ခဲနေတဲ့ စပါးစိုက်ခင်းတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက မကြာသေးခင်က စစ်တမ်း ကောက်ယူခဲ့တာလို့ ဆိုပါတယ်။

သူတို့ တွေ့ရှိချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံ က RFA ကို အခုလိုပြောပါတယ်။

“အခုလက်ရှိ စစ်ဖြစ်နေတဲ့ ဒေသပေါ့ မြို့နယ် ခုနှစ်ခုမှာတော့ လယ်ဧက တစ်သောင်းခွဲကျော်လောက်တော့ ရိတ်သိမ်းနိုင်တဲ့ အခြေအနေ မရှိဘူးပေါ့ဗျာ။ လက်ရှိအနေအထားတွေပေါ့။ အခုက ရိတ်သိမ်းရာသီတစ်ဝက် ကျိုးပြီပေါ့။ နောက်ကျန်တဲ့တစ်ဝက်မှာလည်း ဘယ်လောက်အထိ များလာနိုင်မလဲဆိုတာကိုလည်း ရှေ့ဆက်ပြီးတော့ စောင့်ကြည့်ရမယ့် အနေအထားတော့ရှိနေသေးတယ်”

ရိတ်သိမ်းဖို့ခက်ခဲနေတဲ့ မြို့နယ် ခုနှစ်ခု အနက် ဘူးသီးတောင်မြို့နယ်မှာဆိုရင် ဧက  သုံးထောင်ကျော်လောက် ရှိတယ်လို့လည်းဆိုပါတယ်။

ရိတ်သိမ်းကာလ ပြီးဆုံးတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြည်ထောင်စုအစိုးရထံ တင်ပြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ဆယ်သိန်းကျော်ရှိတဲ့အနက် တိုက်ပွဲ အခြေအနေတွေကြောင့် မိုးရာသီ ကာလကပင် စပါးမစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်ဧက သုံးသောင်းခွဲကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။

ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာက တောင်သူ ဦးထွန်းအေးကတော့ သူစိုက်ခဲ့တဲ့ လယ် ငါးဧကကို ဒီနေ့အထိ မရိတ်သိမ်းနိုင်သေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ စပါးရိတ်သိမ်းမယ့်အချိန်မှာ အဲဒီမှာ တိုက်ပွဲတွေက တော်တော်လေးကိုဖြစ်နေတာ။ အဲဒါကြောင့် ကျွန်တော်တို့က အဲဒီမှာမနေရဲလို့ ဒီရသေ့တောင်မြို့ကို စစ်ဘေးရှောင်အဖြစ်နဲ့ ထွက်ပြေး လာကြရတယ်။ ကျွန်တော့အိမ်ကိုလည်း လက်နက်ကြီးကျပြီးတော့ မီးလောင်သွားပြီ။ ကျွန်တော်တို့က အဲဒီမှာ စပါးရိတ်သိမ်းလို့ ရမလားဆိုပြီးတော့ သွားပြီးတော့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ရိတ်သိမ်းမယ်လုပ်ရော ဗျူဟာကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်ခင်ဗျ။ ကျွန်တော်တို့ရွာမှာလည်း စပါးမရိတ်သိမ်းရတဲ့လူ ၃၀ ဝန်းကျင်လောက် တောင်ရှိတယ်”

စပါးခင်းတွေက ရင့်မှည့်ချိန် လွန်သွားခဲ့ပြီ ဖြစ်တာကြောင့် ရိတ်သိမ်းလို့ မရနိုင်တော့လောက်အောင် ဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။

ဒီနှစ်အတွက် ဝမ်းစာစပါးမရှိတာကြောင့် မိသားစုအတွက် အခက်တွေ့နိုင်တယ်လို့ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ ရိတ်သိမ်းဖို့ခက်ခဲနေတဲ့ လယ်ဧက အနည်းငယ်သာ ရှိတော့တယ်လို့ ဆိုပါတယ်။

တောင်သူတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊  သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က တုံ့ပြန်ပါတယ်။

“စပါးက ရိတ်သိမ်းရမယ့် စပါးသိပ်မရှိတော့ဘူးဗျ။ အခုက ပေါ်ဆန်းမွှေး နည်းနည်းလောက်ပဲကျန်တော့တယ်။ ကျန်တာတွေအကုန်လုံးက ရိတ်သိမ်းလို့ ပြီးနေတဲ့အဆင့်မှာရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ ပြည့်ပြည့်စုံစုံ ရိတ်နိုင်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် တိုက်ပွဲမဖြစ်တဲ့ အချိန်မှာတော့ အေးအေးဆေးဆေးပေါ့။ အကူအညီပေးရမှာနဲ့ပတ်သက်လို့ အတိအကျ ဘယ်လောက်ရှိတယ် ဆိုတာကို လိုချင်တဲ့သူတွေ ပြောလိုက်ပါ ကျွန်တော့ဆီကို ကျွန်တော်နဲ့ ဆွေးနွေးရအောင်”

တောင်သူတွေအရေးနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က သဘောထား ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ တောင်သူတွေ စပါးရိတ်သိမ်း၊ သိမ်းဆည်းနေတဲ့ လုပ်ငန်းခွင်အတွင်းမှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ (ဒါမှမဟုတ်) ရှောင်ရှားကြဖို့ နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတွေက အောက်ခြေ တပ်ဖွဲ့တွေကို ညွှန်ကြားပေးဖို့ တိုက်တွန်းထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ အရပ်သား ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင် ကူညီဖို့ သူတို့တပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ဆိုပါတယ်။

တောင်သူတွေ စပါးရိတ်သိမ်းဖို့ခက်ခဲနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ခိုင်သုခက

“မြန်မာစစ်တပ်ဘက်က နေပြီးတော့ သူတို့လက်နက်ကြီးတွေကို စည်းမရှိကမ်းမရှိ ရမ်းသမ်းပစ်ခတ်နေတဲ့ အတွက်ကြောင့်မို့လို့ စပါးမရိတ်နိုင်ဖြစ်နေကြရတာ။ မြန်မာစစ်တပ်ရဲ့ မြေပြင်တပ်ဖွဲ့တွေကလည်းပဲ လယ်ကွင်းမှာ တွေ့လို့ရှိရင်လည်းပဲ ရခိုင်ဆိုလို့ရှိရင် အကုန်လိုက်ပြီးတော့ သေနတ်နဲ့ လျှောက်ပစ်တာတွေ လုပ်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီလယ်သမားတွေက စပါးသွားမရိတ်ရဲတာဖြစ်တယ်။ ပြောရမယ်ဆိုရင် လယ်သမားတွေ သူတို့လယ်ထဲကို မသွားရဲတဲ့ဥစ္စာက မြန်မာစစ်တပ်ကို ကြောက်လို့ သူတို့မသွားရဲဘူး ဖြစ်နေကြတာဗျ။ ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အကူအညီပေးဖို့တော့ အဆင်သင့်ရှိတယ်” လို့‌ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီလိုတုံ့ပြန်ပါတယ်။

“ဒီဟာတွေသည် ကျွန်တော်တို့ တပ်မတော်ကနေ ဆောင်ရွက်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ အဲဒီလိုနေရာတွေမှာ ရွာနားလေးတွေမှာ တိုက်ပွဲဖြစ်တာတို့၊ ရွာထဲကနေ ပစ်ပြီးထွက်ပြေးတာတို့၊ ရွာထဲကနေ ထွက်ပြီး မိုင်းထောင်တာတို့ဆိုတာ AA အဖွဲ့ကိုယ်တိုင် လုပ်နေတဲ့ကိစ္စတွေပဲ။ ကျွန်တော်တို့ကတော့ အမြဲတမ်း ပြောနေတာပဲ။ ရွာနားလေးတွေမှာ၊ လမ်းတံတားနေရာတွေအနီးမှာ တိုက်ပွဲမလုပ်နဲ့။ လုပ်တယ်ဆိုလို့ရှိရင် ဒေသခံပြည်သူတွေပဲ နစ်နာမယ်လို့ အကြိမ်ကြိမ် သတိပေးနေတာပဲဖြစ်ပါတယ်”

တပ်မတော်အနေနဲ့ သောင်းကျန်းသူနဲ့ ပြည်သူတွေကို ခွဲခြားပြီးတော့ စစ်ဆင်ရေး ဆောင်ရွက်နေတာသာဖြစ်ပြီး စစ်ဘက်နဲ့မသက်ဆိုင်တဲ့ ပြည်သူတွေကို နှောင့်ယှက်တားဆီးတာတွေ လုပ်လေ့လုပ်ထ မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရိတ်သိမ်းဖို့ခက်ခဲနေတဲ့ စပါးစိုကခင်းတွေနဲ့ ပတ်သက်လို့ ရိတ်သိမ်းကာလပြီး ဆုံးတဲ့အခါမှာ ဧကအရေအတွက် ထပ်တိုးလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်နေတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

အခု လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ လူအရေအတွက်ဟာ တစ်သိန်းကျော်ရှိနေပြီလို့ အကူအညီ ပေးနေသူတွေက ပြောဆိုပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္မွာ ရိတ္သိမ္းဖို႔ခက္ေနတဲ့ လယ္ဧက တစ္ေသာင္းခြဲေက်ာ္ရွိ ရခိုင္မွာ ရိတ္သိမ္းဖို႔ခက္ေနတဲ့ လယ္ဧက တစ္ေသာင္းခြဲေက်ာ္ရွိ Reviewed by THITHTOOLWIN on 23:22 Rating: 5
Powered by Blogger.