စိုင္ျပင္ စခန္းမွူးႏွင့္ရဲတပ္သားႏွစ္ဦးအား လူသတ္မွုျဖင့္ အမွုဖြင့္

(Zawgyi)⤵⤵⤵
ဒီပဲယင္း၊ဇန္နဝါရီ-၅

ေရႊဘိုခရိုင္ ဒီပဲယင္းၿမိဳ့နယ္ စိုင္ျပင္ရဲစခန္းမွ ဖမ္းေခၚသြားေသာ အခ်ဳပ္သားေသဆုံးမွုအတြက္ စခန္းမွူး၊ရဲတပ္သားႏွစ္ဦးႏွင့္ အရပ္သား တစ္ဦးတို့အား လူသတ္မွု ပုဒ္မ ၃၀၂ ျဖင့္အမွုဖြင့္မည္ဟု ၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး ရဲမွူးေအာင္ေဇာ္ကေျပာသည္။

စိုင္ျပင္ ရဲစခန္းပိုင္ နယ္ေျမ ေအးသာယာပ်ံက် ေက်းရြာ ကထိန္ေအာင္ပြဲ တြင္ ဒီဇင္ဘာ ၂၈ ရက္ည ဇာတ္ပြဲ၌ မူးဆူသူ ၃ ဦးအား ရဲတပ္ဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္ခဲ့သည္။

၎တို့ထဲမွ နဘဲလွရြာေန ဦးသိန္းဝင္း ၄၇ ႏွစ္မွာ မ်က္ႏွာညိဳမဲဖူးေရာင္၊ေမး​ေစ့ေပါက္ျပဲ၊သြားႏွစ္ေခ်ာင္းက်ိဳး၊ ဦးေခါင္းေနာက္ေစ့ ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့သည္။

"ေသဆုံးသူကို ေဆးစစ္လိုက္ေတာ့ ဦးေခါင္းအျပင္းအထန္နာက်င္ေစမွုလို့ေျပာတယ္။ေဆးစစ္ခ်က္အေပၚမူတည္ၿပီး ေသမွု့ေသခင္းကို လူသတ္မွုေျပာင္းလိုက္တာပါ။ယမန္ယူထားပါတယ္"ဟု ရဲမွူးေအာင္ေဇာ္ ကေျပာသည္။

ရဲစခန္းမွ မိသားစုအား အေၾကာင္းၾကားရာတြင္ ေနမေကာင္း၍ ေဆး႐ုံတင္ထားရသည္ဟု ေျပာခဲ့ၿပီး ေဆး႐ုံသို့သြားစဥ္ ပို့ေဆာင္စဥ္ကတည္းက အသက္မပါသျဖင့္ ရင္ခြဲ႐ုံတြင္ ပို့ထားေၾကာင္းေဆး႐ုံဝန္ထမ္းမ်ားက ေျပာခဲ့သည္ဟု က်န္ရစ္သူမိသားစုထံမွ သိရသည္။

"ေသတဲ့ေန႔က စခန္းကို လိုက္သြားေတာ့ စခန္းမွဴ းကိုယ္တိုင္ ရွိခိုးေတာင္းပန္ပါတယ္။မိသားစုစားျဖစ္ေအာင္လည္း ေပးပါ့မယ္ဆိုၿပီး ပိုက္ဆံညႇိပါတယ္။ကၽြန္မတို့ကလည္း တရားဥပေဒအတိုင္းလုပ္မွာ ပိုက္ဆံလက္မခံေတာ့ဘူးလို့ျပန္ေျပာလိုက္တယ္။စခန္းတစ္ခုလုံးကို တရားစြဲသြားမွာ"ဟု ေသဆုံးသူ၏ တူမ မေအးေအးမာ ကေျပာသည္။

နဘဲလွရြာအုပ္ခ်ဳပ္ေရးမွူး မွလည္း " ပြဲခင္းထဲမွာ ဘီယာဘူးကိုင္ၿပီး ကေနတာေတာ့ေတြ႕တယ္ေျပာတယ္။အဲဒါရဲက ပြဲခင္းထဲမွာ က်ဥ္စက္ေတြနဲ႔တို့ဖမ္းေတာ့ ေမ့လဲသြားတယ္။လက္ထိပ္ခတ္ၿပီး ရဲကိုင္တဲ့တုတ္နဲ႔ လ်ိဴၿပီး ပြဲခင္းထဲကေန ဒရြတ္ဆြဲေခၚသြားတယ္လို့ ရြာကျမင္လိုက္တဲ့သူေတြကေျပာတယ္ " ဟု ရွင္းျပသည္။

၎ျဖစ္စဥ္ကို စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕မွူး႐ုံး ညြန္ၾကားခ်က္ျဖင့္ ယင္းမာပင္ ခရိုင္ရဲတပ္မွူး ေခါင္းေဆာင္ေသာ အဖြဲ႕မွ စုံခုံဖြဲ႕ စစ္ေဆးခဲ့သည္။

အိၿဖိဳး
Monywa Gazette
https://www.facebook.com/monywagazette/?epa=SEARCH_BOX
------------
(Unicode)⤵⤵⤵
စိုင်ပြင် စခန်းမှူးနှင့်ရဲတပ်သားနှစ်ဦးအား လူသတ်မှုဖြင့် အမှုဖွင့်

ဒီပဲယင်း၊ဇန်နဝါရီ-၅

ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းမှ ဖမ်းခေါ်သွားသော အချုပ်သားသေဆုံးမှုအတွက် စခန်းမှူး၊ရဲတပ်သားနှစ်ဦးနှင့် အရပ်သား တစ်ဦးတို့အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်မည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်ကပြောသည်။

စိုင်ပြင် ရဲစခန်းပိုင် နယ်မြေ အေးသာယာပျံကျ ကျေးရွာ ကထိန်အောင်ပွဲ တွင် ဒီဇင်ဘာ ၂၈ ရက်ည ဇာတ်ပွဲ၌ မူးဆူသူ ၃ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

၎င်းတို့ထဲမှ နဘဲလှရွာနေ ဦးသိန်းဝင်း ၄၇ နှစ်မှာ မျက်နှာညိုမဲဖူးရောင်၊မေးစေ့ပေါက်ပြဲ၊သွားနှစ်ချောင်းကျိုး၊ ဦးခေါင်းနောက်စေ့ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

"သေဆုံးသူကို ဆေးစစ်လိုက်တော့ ဦးခေါင်းအပြင်းအထန်နာကျင်စေမှုလို့ပြောတယ်။ဆေးစစ်ချက်အပေါ်မူတည်ပြီး သေမှု့သေခင်းကို လူသတ်မှုပြောင်းလိုက်တာပါ။ယမန်ယူထားပါတယ်"ဟု ရဲမှူးအောင်ဇော် ကပြောသည်။

ရဲစခန်းမှ မိသားစုအား အကြောင်းကြားရာတွင် နေမကောင်း၍ ဆေးရုံတင်ထားရသည်ဟု ပြောခဲ့ပြီး ဆေးရုံသို့သွားစဉ် ပို့ဆောင်စဉ်ကတည်းက အသက်မပါသဖြင့် ရင်ခွဲရုံတွင် ပို့ထားကြောင်းဆေးရုံဝန်ထမ်းများက ပြောခဲ့သည်ဟု ကျန်ရစ်သူမိသားစုထံမှ သိရသည်။

"သေတဲ့နေ့က စခန်းကို လိုက်သွားတော့ စခန်းမှူ းကိုယ်တိုင် ရှိခိုးတောင်းပန်ပါတယ်။မိသားစုစားဖြစ်အောင်လည်း ပေးပါ့မယ်ဆိုပြီး ပိုက်ဆံညှိပါတယ်။ကျွန်မတို့ကလည်း တရားဥပဒေအတိုင်းလုပ်မှာ ပိုက်ဆံလက်မခံတော့ဘူးလို့ပြန်ပြောလိုက်တယ်။စခန်းတစ်ခုလုံးကို တရားစွဲသွားမှာ"ဟု သေဆုံးသူ၏ တူမ မအေးအေးမာ ကပြောသည်။

နဘဲလှရွာအုပ်ချုပ်ရေးမှူး မှလည်း " ပွဲခင်းထဲမှာ ဘီယာဘူးကိုင်ပြီး ကနေတာတော့တွေ့တယ်ပြောတယ်။အဲဒါရဲက ပွဲခင်းထဲမှာ ကျဉ်စက်တွေနဲ့တို့ဖမ်းတော့ မေ့လဲသွားတယ်။လက်ထိပ်ခတ်ပြီး ရဲကိုင်တဲ့တုတ်နဲ့ လျိူပြီး ပွဲခင်းထဲကနေ ဒရွတ်ဆွဲခေါ်သွားတယ်လို့ ရွာကမြင်လိုက်တဲ့သူတွေကပြောတယ် " ဟု ရှင်းပြသည်။

၎င်းဖြစ်စဉ်ကို စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံး ညွန်ကြားချက်ဖြင့် ယင်းမာပင် ခရိုင်ရဲတပ်မှူး ခေါင်းဆောင်သော အဖွဲ့မှ စုံခုံဖွဲ့ စစ်ဆေးခဲ့သည်။

Monywa Gazette
https://www.facebook.com/monywagazette
စိုင္ျပင္ စခန္းမွူးႏွင့္ရဲတပ္သားႏွစ္ဦးအား လူသတ္မွုျဖင့္ အမွုဖြင့္ စိုင္ျပင္ စခန္းမွူးႏွင့္ရဲတပ္သားႏွစ္ဦးအား လူသတ္မွုျဖင့္ အမွုဖြင့္ Reviewed by THITHTOOLWIN on 13:47 Rating: 5
Powered by Blogger.