သီေပါတြင္ အမ်ိဳသား ၂ဦး၊ အမ်ိဳးသမီး ၁ဦး ေသနတ္ထပ္မံ ပစ္ခံရ

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၄၊၂၀၂၀

သွ်မ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ကံုးမံုေက်းရြာ အနီးတြင္ ယေန႔ မနက္ပိုင္း ၌ အမ်ိဳးသား ၂ဦး၊ အမ်ိဳးသမီး ၁ဦး ေသနတ္ ထပ္မံ ပစ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔မနက္ ၈နာရီခြဲတြင္ သီေပါၿမိဳ႕နယ္ ကံုးမံုေက်းရြာ အနီး တြင္ ေသနတ္ပစ္ခံရသည့္ အေလာင္း ၃ေလာင္းေတြ႔ရွိေၾကာင္း၊ အပစ္ခံရၿပီး ေသဆံုးသူမ်ားမွာ အမ်ိဳးသား ၂ဦး ႏွင့္ အမ်ိဳးသမီး ၁ဦးျဖစ္ေၾကာင္း၊ ထိုမည္သည့္အဖြဲ႔ က လာေရာက္ ပစ္ခတ္သည္ကို မသိရွိေၾကာင္း သီေပါၿမိဳ႕ နယ္စည္းမျခား ပရဟိတ မွ ကိုမ်ိဳး က ေျပာသည္။

“ က်ေနာ္တို႔ကို အေၾကာင္းၾကားလာလုိ႔ အေလာင္းသြားသယ္ခဲ့တယ္။ ဘယ္သူေတြဆုိတာ ေတာ့ မသိေသးဘူး။ပိုင္ရွင္လည္း မသိရေသးဘူး။ အေလာင္းကိုသီေပါၿမိဳ႕ ျပည္သူ႔ေဆးရံု ရင္ခြဲရံု မွာ ပို႔ထားပါတယ္” ဟု ကိုမ်ိဳး က ေျပာသည္။

အဆုိပါ ေသနတ္ပစ္ခံရၿပီး ေသဆံုးသည့္ ေနရာ သည္ မူးယစ္ေဆးေရာင္းဝယ္ေဖာက္ကားသည့္ေနရာျဖစ္ၿပီး ယခု သည္ တတိယ အႀကိမ္ ပစ္ခံရျခင္းျဖစ္ေၾကာင္းလည္း သီေပါၿမိဳ႕ ေဒသခံမ်ားက ေျပာသည္။

“ အဲ့ေနရာက အခုနဲ႔ဆို ၃ႀကိမ္ရွိၿပီး ေသနတ္ပစ္ခံရတာ။ ဘာေၾကာင့္ ပစ္တယ္ဆိုတာလည္း ရွင္းရွင္းလင္းလင္း တခါမွ မသိရဘူး။ အဲ့ေနရာက မူးယစ္ေဆးသံုးစြဲတဲ့သူ၊ ေရာင္းတဲ့သူေတြပဲ သြားတာ” ဟု သီေပါၿမိဳ႕ ေဒသခံ အမ်ိဳးသား တဦးျဖစ္သည့္ စိုင္းစိုး က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

အဆိုပါ မၾကာခဏ ေသနတ္ပစ္ခံရသည့္ေနရာသည့္ သာမာန္ ျပည္သူမ်ား မသြားရဲသည့္ေနရာျဖစ္ေၾကာင္းလည္း စိုင္းစိုး က ေျပာသည္။

ထုိ ကံုးမံု ေက်းရြာ အနီးတြင္ ယခုႏွစ္ ဇန္နဝါရီ ၁၁ရက္ေန႔တြင္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္သတ္ခံရၿပီး၊ ယမန္ႏွစ္ ဒီဇင္ဘာ ၂၈ရက္တြင္လည္း အမ်ိဳးသား ၃ဦး ေသနတ္ပစ္သတ္ခံခဲ့ရေသးေၾကာင္း သိရသည္။

ထို႔ျပင္ ယခုလ ၁၅ ရက္ တြင္ လည္း လားရႈိးၿမိဳ႕ေနာင္မြန္ေက်းရြာတြင္ အမ်ိဳးသား ၂ဦးလည္း ထိုနည္းတူ ေသနတ္ပစ္သတ္ခံခဲ့ရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
သီပေါတွင် အမျိုသား ၂ဦး၊ အမျိုးသမီး ၁ဦး သေနတ်ထပ်မံ ပစ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၄၊၂၀၂၀

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် ယနေ့ မနက်ပိုင်း ၌ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦး သေနတ် ထပ်မံ ပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့မနက် ၈နာရီခွဲတွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး တွင် သေနတ်ပစ်ခံရသည့် အလောင်း ၃လောင်းတွေ့ရှိကြောင်း၊ အပစ်ခံရပြီး သေဆုံးသူများမှာ အမျိုးသား ၂ဦး နှင့် အမျိုးသမီး ၁ဦးဖြစ်ကြောင်း၊ ထိုမည်သည့်အဖွဲ့ က လာရောက် ပစ်ခတ်သည်ကို မသိရှိကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ မှ ကိုမျိုး က ပြောသည်။

“ ကျနော်တို့ကို အကြောင်းကြားလာလို့ အလောင်းသွားသယ်ခဲ့တယ်။ ဘယ်သူတွေဆိုတာ တော့ မသိသေးဘူး။ပိုင်ရှင်လည်း မသိရသေးဘူး။ အလောင်းကိုသီပေါမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံ မှာ ပို့ထားပါတယ်” ဟု ကိုမျိုး က ပြောသည်။

အဆိုပါ သေနတ်ပစ်ခံရပြီး သေဆုံးသည့် နေရာ သည် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသည့်နေရာဖြစ်ပြီး ယခု သည် တတိယ အကြိမ် ပစ်ခံရခြင်းဖြစ်ကြောင်းလည်း သီပေါမြို့ ဒေသခံများက ပြောသည်။

“ အဲ့နေရာက အခုနဲ့ဆို ၃ကြိမ်ရှိပြီး သေနတ်ပစ်ခံရတာ။ ဘာကြောင့် ပစ်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း တခါမှ မသိရဘူး။ အဲ့နေရာက မူးယစ်ဆေးသုံးစွဲတဲ့သူ၊ ရောင်းတဲ့သူတွေပဲ သွားတာ” ဟု သီပေါမြို့ ဒေသခံ အမျိုးသား တဦးဖြစ်သည့် စိုင်းစိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ မကြာခဏ သေနတ်ပစ်ခံရသည့်နေရာသည့် သာမာန် ပြည်သူများ မသွားရဲသည့်နေရာဖြစ်ကြောင်းလည်း စိုင်းစိုး က ပြောသည်။

ထို ကုံးမုံ ကျေးရွာ အနီးတွင် ယခုနှစ် ဇန်နဝါရီ ၁၁ရက်နေ့တွင် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရပြီး၊ ယမန်နှစ် ဒီဇင်ဘာ ၂၈ရက်တွင်လည်း အမျိုးသား ၃ဦး သေနတ်ပစ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။

ထို့ပြင် ယခုလ ၁၅ ရက် တွင် လည်း လားရှိုးမြို့နောင်မွန်ကျေးရွာတွင် အမျိုးသား ၂ဦးလည်း ထိုနည်းတူ သေနတ်ပစ်သတ်ခံခဲ့ရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သီေပါတြင္ အမ်ိဳသား ၂ဦး၊ အမ်ိဳးသမီး ၁ဦး ေသနတ္ထပ္မံ ပစ္ခံရ သီေပါတြင္ အမ်ိဳသား ၂ဦး၊ အမ်ိဳးသမီး ၁ဦး ေသနတ္ထပ္မံ ပစ္ခံရ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.