ျမန္မာအတိုင္ပင္ခံပုဂိၢိဳလ္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အႀကီးအကဲနဲ႔ေတြ႕ဆံု

(ဓါတ္ပံု- KBC KACHIN)

(Zawgyi/Unicode)

မနက္ျဖန္ ဇန္နဝါရီ ၁၀ရက္မွာလုပ္မယ့္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားကိုတက္ေရာက္ဖို႔ ျမစ္ႀကီးနားကို ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ကို ဒီကေန႔သြားခဲ့ၿပီး ဦးေဆာင္ဆရာေတာ္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ကခ်င္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပမွာပါ။

နိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမစ္ႀကီးနားၿမိဳ႕ မွာရွိတဲ့ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ကို ဒီကေန႔ ဇန္နဝါရီ ၉ရက္ ညေန ၄နာရီမွာ သြားေရာက္ခဲ့ၿပီး KBC ဥကၠ႒ ေဒါက္တာခါလမ္ဆမ္ဆြန္နဲ႔တနာရီၾကာ ေတြ႕ဆုံခဲ့ပါတယ္။

အခုလို ေတြ႔ဆံုခ်ိန္မွာ ၁၉၄၇ ပင္လုံစာခ်ဳပ္အတိုင္း လုပ္ေဆာင္ေပးဖို႔ ေဒၚေအာင္ဆန္း စုၾကည္ကို ပထမအခ်က္အေနနဲ႔ အႀကံျပဳခဲ့ တယ္လို႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဥကၠ႒ ဆရာေတာ္ ေဒါက္တာခါလမ္ဆမ္ဆြန္ က ဗြီအိုေအကို ေျပာပါတယ္။

“ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ သေဘာတူညီခဲ့တဲ့ သေဘာတူညီခ်က္ကေတာ့ အျမန္ျဖစ္ေစခ်င္တာေပါ့။ ဒါေပမဲ့ ၂၁ရာစု အေခၚအေဝၚေပၚမွာေတာ့ က်ေနာ္နားမလည္ဘူးေပါ့ တခ်က္။ အဲဒါကေတာ့ ႏိုင္ငံေရး ဦးေဆာင္တဲ့သူေတြပဲ သိၾကေပါ့။ က်ေနာ္တို႔ ကေတာ့နားမလည္ႏိုင္ဘူး။ ၂၁ ပင္လုံမွာ ၿငိမ္းခ်မ္းေရး develop ၊ တိုင္းရင္းသားအေရး develop ေဖာ္ေဆာင္ေပးႏိုင္မယ္ ဆိုေတာ့လည္း က်ေနာ္တို႔ မသိရေသးဘူးေပါ့။”

ေတြ႔ဆံုခ်ိန္မွာ အခ်က္ ၃ ခ်က္ကို အဓိက ေဆြးေႏြးခဲ့ၾကတာ ျဖစ္ၿပီး ပင္လုံညီလာခံကိစၥ၊ ဘာသာေရး တရားမွ်တမႈ ဆိုင္ရာကိစၥနဲ႔ ၂၀၀၈ဖြဲ႕စည္းပုံျပင္ဆင္ေရးကိစၥ ရပ္ေတြကို ေဆြးေႏြးခဲ့ ၾကတယ္ လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ ကခ်င္ျပည္နယ္ထဲက စစ္ေဘးေရွာင္ ျပည္သူေတြ ေနရပ္ျပန္ေရးကိစၥ နဲ႔ ပတ္သက္ၿပီး သူတို႔ ေနရပ္ျပန္ဖို႔ မလုပ္ခင္ တပ္မေတာ္နဲ႔ ေျမာက္ပိုင္း လက္နက္ကိုင္အဖြဲ႕ေတြၾကားမွာ အရင္ဦးဆုံး အပစ္ရပ္လက္မွတ္ ထိုးဖို႔လည္း ေဒါက္တာ ခါလမ္ဆမ္ဆြန္က အႀကံျပဳခဲ့တာပါ။

“ က်ေနာ္တို႔ ကခ်င္ KIA နဲ႔ တပ္မေတာ္နဲ႔ bilateral ceasefire မွာ ေျမာက္ပိုင္းအဖြဲ႕နဲ႔ ေပၚလစီအရ first step မွာ အားလုံးထိုးဖို႔လိုတယ္ ဆိုတဲ့အေၾကာင္း၊ next step က်မွ ကိုယ့္ရဲ႕ လမ္းေၾကာင္းအရ သြားဖို႔လိုပါတယ္ဆိုတဲ့ အေၾကာင္း၊ တပ္မေတာ္က သီးခံၿပီးမွ စိတ္ရွည္ဖို႔ လိုတယ္ဆိုတဲ့အေၾကာင္း အဲဒါေတြကို ေျပာၾကားခဲ့ပါတယ္။”

ဒါ့အျပင္ေတာ္လွန္ေရးေကာင္စီေခတ္က ျပည္သူပိုင္ အသိမ္းခံခဲ့ရတဲ့ သာသနာေရးအေဆာက္အဦး ေတြနဲ႔ ပတ္သက္ၿပီး ျပန္စဥ္းစားေပးဖို႔ တင္ျပခဲ့တယ္လို႔လည္း ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ဘက္ကေတာ့ ဘာသာေရး ဆိုင္ရာ တရားမွ်တမႈကိစၥေတြ နဲ႔ပတ္သက္ၿပီး ေပၚလစီအရ ျပန္လုပ္ေပးႏိုင္တာေတြ ရွိေနေၾကာင္း ေျပာၾကားခဲ့တဲ့ အျပင္ လက္ရွိမွာ အစိုးရအေနနဲ႔ ၂၁ ရာစုပင္လုံညီလာခံကို လုပ္ေဆာင္ေန ေၾကာင္း နဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ျပင္ဆင္ ဖို႔ အတြက္ အားလုံး ပူးေပါင္းပါဝင္ဖို႔ ေတြကို ဆြးေႏြးခဲ့တယ္လို႔လည္း ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ ေတြ႔ဆံုတဲ့ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဟာ ကခ်င္လူထု အေပၚမွာေရာ၊ ကခ်င္ႏိုင္ငံေရး အင္အားစု ေတြ အေပၚမွာပါ ဩဇာလႊမ္းမိုးႏိုင္တဲ့ ဘာသာေရးအဖြဲ႕အစည္း တခု အျဖစ္ အမ်ားက အသိမွတ္ျပဳထားတာပါ။

နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒ျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ထဲမွာ ျပည္နယ္နဲ႔ တိုင္း အေတာ္မ်ားမ်ား ကို သြားေရာက္ခဲ့ၿပီး လူထုနဲ႔ေတြ႕ဆုံခဲ့တာ ျဖစ္ၿပီး ဒီလိုေတြ႔ဆံုမႈကေန ရလဒ္ေကာင္းေတြ ရလာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

“ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ဟာ သူဟာ တႏိုင္ငံလုံးမွာရွိတဲ့ တိုင္းနဲ႔ျပည္နယ္ေတြကို ႀကိဳးစားၿပီး သြားေရာက္ေနပါတယ္။ ၿပီးေတာ့ ေဒသခံ ျပည္သူေတြ တိုင္းရင္းသားေတြရဲ႕ လိုလားခ်က္၊ သူတို႔ ခံစားေနရတာေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္နားေထာင္တဲ့ အခါမွာ၊ တိုင္းရင္းသားေတြနဲ႔ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ လုပ္တဲ့အခါမွာ အက်ိဳးသက္ေရာက္မႈေတြရွိမယ္ သို႔မဟုတ္ ေကာင္းမြန္တဲ့ ရလဒ္ေတြ ထြက္လာမယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္ ခင္ဗ်။”

ေဒၚေအာင္ဆန္းစုၾကည္ဟာ ၂၀၁၉ မတ္လ ၂၈ရက္တုန္းကလည္း ျမစ္ႀကီးနားကိုသြားခဲ့ၿပီး ကခ်င္အရပ္ဘက္ အဖြဲ႕ေတြ၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး အက်ိဳးေဆာင္အဖြဲ႕ PCG ေတြနဲ႔ ေတြ႔ဆံုခဲ့သလို၊ စစ္ေရွာင္စခန္းတခ်ိဳ႕ကို ပါ သြားေရာက္ခဲ့တာ ျဖစ္ၿပီး အဲဒီလူထုေတြ႕ဆုံပြဲ ေတြမွာ NCA နဲ႔ ၂၁ ရာစု ပင္လုံညီလာခံ အပါအဝင္ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရး၊ မူးယစ္ေဆးဝါး ကိစၥေတြကို ပါ ေဆြးေႏြးခဲ့တာပါ။

အခု ျမစ္ႀကီးနားကို ေရာက္ေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ မနက္ျဖန္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကို တက္ေရာက္မွာ ျဖစ္သလို အဲဒီေနာက္မွာေတာ့ ပူတာအိုၿမိဳ႕ ရဝမ္အမ်ိဳးသားဥယ်ာဥ္မွာရွိတဲ့ ျမန္မာႏိုင္ငံ ရဝမ္စာေပႏွင့္ ယဥ္ေက်းမႈအသင္း (ဗဟို) ကိုလည္း သြားေရာက္ ဖို႔ရွိပါတယ္။

...................

မြန်မာအတိုင်ပင်ခံပုဂ္ဂိိုလ် ကချင်နှစ်ခြင်းခရစ်ယာန်အကြီးအကဲနဲ့တွေ့ဆုံ

(Unicode)

မနက်ဖြန် ဇန်နဝါရီ ၁၀ရက်မှာလုပ်မယ့် ကချင်ပြည်နယ်နေ့အခမ်းအနားကိုတက်ရောက်ဖို့ မြစ်ကြီးနားကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကို ဒီကနေ့သွားခဲ့ပြီး ဦးဆောင်ဆရာတော်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ခရီးစဉ်နဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြမှာပါ။

နိင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့ မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ကို ဒီကနေ့ ဇန်နဝါရီ ၉ရက် ညနေ ၄နာရီမှာ သွားရောက်ခဲ့ပြီး KBC ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန်နဲ့တနာရီကြာ တွေ့ဆုံခဲ့ပါတယ်။

အခုလို တွေ့ဆုံချိန်မှာ ၁၉၄၇ ပင်လုံစာချုပ်အတိုင်း လုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်ကို ပထမအချက်အနေနဲ့ အကြံပြုခဲ့ တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် က ဗွီအိုအေကို ပြောပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူညီခဲ့တဲ့ သဘောတူညီချက်ကတော့ အမြန်ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ၂၁ရာစု အခေါ်အဝေါ်ပေါ်မှာတော့ ကျနော်နားမလည်ဘူးပေါ့ တချက်။ အဲဒါကတော့ နိုင်ငံရေး ဦးဆောင်တဲ့သူတွေပဲ သိကြပေါ့။ ကျနော်တို့ ကတော့နားမလည်နိုင်ဘူး။ ၂၁ ပင်လုံမှာ ငြိမ်းချမ်းရေး develop ၊ တိုင်းရင်းသားအရေး develop ဖော်ဆောင်ပေးနိုင်မယ် ဆိုတော့လည်း ကျနော်တို့ မသိရသေးဘူးပေါ့။”

တွေ့ဆုံချိန်မှာ အချက် ၃ ချက်ကို အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပင်လုံညီလာခံကိစ္စ၊ ဘာသာရေး တရားမျှတမှု ဆိုင်ရာကိစ္စနဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ရပ်တွေကို ဆွေးနွေးခဲ့ ကြတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်ရေးကိစ္စ နဲ့ ပတ်သက်ပြီး သူတို့ နေရပ်ပြန်ဖို့ မလုပ်ခင် တပ်မတော်နဲ့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကြားမှာ အရင်ဦးဆုံး အပစ်ရပ်လက်မှတ် ထိုးဖို့လည်း ဒေါက်တာ ခါလမ်ဆမ်ဆွန်က အကြံပြုခဲ့တာပါ။

“ ကျနော်တို့ ကချင် KIA နဲ့ တပ်မတော်နဲ့ bilateral ceasefire မှာ မြောက်ပိုင်းအဖွဲ့နဲ့ ပေါ်လစီအရ first step မှာ အားလုံးထိုးဖို့လိုတယ် ဆိုတဲ့အကြောင်း၊ next step ကျမှ ကိုယ့်ရဲ့ လမ်းကြောင်းအရ သွားဖို့လိုပါတယ်ဆိုတဲ့ အကြောင်း၊ တပ်မတော်က သီးခံပြီးမှ စိတ်ရှည်ဖို့ လိုတယ်ဆိုတဲ့အကြောင်း အဲဒါတွေကို ပြောကြားခဲ့ပါတယ်။”

ဒါ့အပြင်တော်လှန်ရေးကောင်စီခေတ်က ပြည်သူပိုင် အသိမ်းခံခဲ့ရတဲ့ သာသနာရေးအဆောက်အဦး တွေနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားပေးဖို့ တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဘက်ကတော့ ဘာသာရေး ဆိုင်ရာ တရားမျှတမှုကိစ္စတွေ နဲ့ပတ်သက်ပြီး ပေါ်လစီအရ ပြန်လုပ်ပေးနိုင်တာတွေ ရှိနေကြောင်း ပြောကြားခဲ့တဲ့ အပြင် လက်ရှိမှာ အစိုးရအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံကို လုပ်ဆောင်နေ ကြောင်း နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ အတွက် အားလုံး ပူးပေါင်းပါဝင်ဖို့ တွေကို ဆွးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဟာ ကချင်လူထု အပေါ်မှာရော၊ ကချင်နိုင်ငံရေး အင်အားစု တွေ အပေါ်မှာပါ ဩဇာလွှမ်းမိုးနိုင်တဲ့ ဘာသာရေးအဖွဲ့အစည်း တခု အဖြစ် အများက အသိမှတ်ပြုထားတာပါ။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ထဲမှာ ပြည်နယ်နဲ့ တိုင်း အတော်များများ ကို သွားရောက်ခဲ့ပြီး လူထုနဲ့တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဒီလိုတွေ့ဆုံမှုကနေ ရလဒ်ကောင်းတွေ ရလာဖို့ မျှော်လင့်ထားတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ သူဟာ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ကြိုးစားပြီး သွားရောက်နေပါတယ်။ ပြီးတော့ ဒေသခံ ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ သူတို့ ခံစားနေရတာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်နားထောင်တဲ့ အခါမှာ၊ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ အကျိုးသက်ရောက်မှုတွေရှိမယ် သို့မဟုတ် ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၉ မတ်လ ၂၈ရက်တုန်းကလည်း မြစ်ကြီးနားကိုသွားခဲ့ပြီး ကချင်အရပ်ဘက် အဖွဲ့တွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG တွေနဲ့ တွေ့ဆုံခဲ့သလို၊ စစ်ရှောင်စခန်းတချို့ကို ပါ သွားရောက်ခဲ့တာ ဖြစ်ပြီး အဲဒီလူထုတွေ့ဆုံပွဲ တွေမှာ NCA နဲ့ ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ မူးယစ်ဆေးဝါး ကိစ္စတွေကို ပါ ဆွေးနွေးခဲ့တာပါ။

အခု မြစ်ကြီးနားကို ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်မှာ ဖြစ်သလို အဲဒီနောက်မှာတော့ ပူတာအိုမြို့ ရဝမ်အမျိုးသားဥယျာဉ်မှာရှိတဲ့ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ကိုလည်း သွားရောက် ဖို့ရှိပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ျမန္မာအတိုင္ပင္ခံပုဂိၢိဳလ္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အႀကီးအကဲနဲ႔ေတြ႕ဆံု ျမန္မာအတိုင္ပင္ခံပုဂိၢိဳလ္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အႀကီးအကဲနဲ႔ေတြ႕ဆံု Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.