ႏိုင္ငံအက်ိဳးျပဳဖို႔ ျပည္ပေရာက္ျမန္မာေတြကို အစိုးရဖိတ္ေခၚ

ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ၂ဝ၁၉ ဒီဇင္ဘာလက နယ္သာလန္ႏိုင္ငံတြင္ေတြ႕ဆုံစဥ္။ / Photo: Myanmar State Counsellor Office
(Zawgyi)⤵⤵⤵
ျပည္ပမွာေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေဟာင္းေတြ၊ အသိပညာရွင္၊ အတတ္ပညာရွင္ေတြအေနနဲ႔ ျမန္မာႏိုင္ငံအတြက္ ကူညီပံ့ပိုးခ်င္တယ္ဆိုရင္ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕က ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးကတဆင့္ ဆက္သြယ္ၾကဖို႔  ျမန္မာအစိုးရက ဖိတ္ေခၚလိုက္ပါတယ္။

အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံျခားခရီးစဥ္ေတြမွာလည္း  ျမန္မာႏိုင္ငံျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းေတြမွာ လူ႔စြမ္းအားရင္းအျမစ္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ ဖိတ္ေခၚခဲ့တာေတြ၊ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြဘက္က ကမ္းလွမ္းတာေတြလည္း ရွိခဲ့တယ္လို႔ မေန႔ကထုတ္ျပန္တဲ့ ဂ်ီနီဗာၿမိဳ႕က ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံကိုျပန္ၿပီး တိုင္းျပည္အက်ိဳးျပဳလုပ္ငန္းေတြကို လုပ္ခ်င္သူေတြအေနနဲ႔ အခ်က္ ၁၅ ခ်က္ပါတဲ့ ေလွ်ာက္လႊာပုံစံကိုျဖည့္ၿပီး ေကာင္စစ္တာဝန္ခံ အရာရွိ ဦးေက်ာ္ေက်ာ္လြင္ဆီကို ေပးပို႔ရပါလိမ့္မယ္။ အဲဒီေလွ်ာက္လႊာထဲမွာ ဘယ္ပညာရပ္ေတြကို ကြၽမ္းက်င္တာလဲ၊ ျမန္မာႏိုင္ငံအတြက္ ဘယ္ေနရာမွာ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ ကူညီခ်င္တာလဲ စတဲ့အခ်က္ေတြကို ထည့္သြင္းေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

ျပည္ပေရာက္ျမန္မာေတြထဲမွာ ျမန္မာႏိုင္ငံကိုျပန္ၿပီး ကူညီခ်င္ၾကသူေတြ အမ်ားအျပားရွိတယ္ဆိုေပမယ့္ အစိုးရက အခုလို တရားဝင္ဖိတ္ေခၚတာမ်ိဳး အရင္က မရွိခဲ့ပါဘူး။ သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္ ၂၀၁၂ ခုႏွစ္တုန္းကေတာ့ အမည္မဲစာရင္းသြင္းခံထားရတဲ့ ျပည္ပေရာက္ျမန္မာႏွစ္ေထာင္ေက်ာ္ကို အမည္မဲစာရင္းက ပယ္ဖ်က္ေၾကာင္း ေၾကညာခဲ့ဖူးပါတယ္။

ျပည္ပေရာက္ျမန္မာေတြထဲမွာ ဒီမိုကေရစီေရးလႈပ္ရွားမႈနဲ႔ပတ္သက္တဲ့သူေတြ အမ်ားအျပားရွိၾကၿပီး သူတို႔ေတြထဲမွာလည္း ပညာရပ္ဆိုင္ရာကြၽမ္းက်င္သူေတြ ရွိပါတယ္။ အရပ္သားအစိုးရ တက္လာၿပီးေနာက္ပိုင္း ဒီမိုကေရစီေရး လႈပ္ရွားသူအခ်ိဳ႕ ျမန္မာျပည္ျပန္ဖို႔ႀကိဳးစားတဲ့အခါ သံ႐ုံးရဲ႕ ခြင့္ျပဳခ်က္မရတာေတြ၊ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ အကန႔္အသတ္ေတြေၾကာင့္ အဆင္မေျပတာေတြရွိခဲ့ပါတယ္။

မေန႔ကထုတ္ျပန္တဲ့ ေၾကညာခ်က္အရ ႏိုင္ငံေရးလႈပ္ရွားမႈေနာက္ခံရွိသူေတြ ျမန္မာျပည္ျပန္လာေရးအဆင္ေျပေအာင္ ေဆာင္႐ြက္ေပး မေပး ဆိုတာကိုေတာ့ အေသအခ်ာမသိေသးဘူးလို႔ ေကာင္စစ္တာဝန္ခံအရာရွိ ဦးေက်ာ္ေက်ာ္လြင္က RFAကို ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
နိုင်ငံအကျိုးပြုဖို့ ပြည်ပရောက်မြန်မာတွေကို အစိုးရဖိတ်ခေါ်

ပြည်ပရောက်မြန်မာနိုင်ငံသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၉ ဒီဇင်ဘာလက နယ်သာလန်နိုင်ငံတွင်တွေ့ဆုံစဉ်။
Photo: Myanmar State Counsellor Office

ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးချင်တယ်ဆိုရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကတဆင့် ဆက်သွယ်ကြဖို့  မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာလည်း  မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ လူ့စွမ်းအားရင်းအမြစ် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဖိတ်ခေါ်ခဲ့တာတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေဘက်က ကမ်းလှမ်းတာတွေလည်း ရှိခဲ့တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကိုပြန်ပြီး တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေကို လုပ်ချင်သူတွေအနေနဲ့ အချက် ၁၅ ချက်ပါတဲ့ လျှောက်လွှာပုံစံကိုဖြည့်ပြီး ကောင်စစ်တာဝန်ခံ အရာရှိ ဦးကျော်ကျော်လွင်ဆီကို ပေးပို့ရပါလိမ့်မယ်။ အဲဒီလျှောက်လွှာထဲမှာ ဘယ်ပညာရပ်တွေကို ကျွမ်းကျင်တာလဲ၊ မြန်မာနိုင်ငံအတွက် ဘယ်နေရာမှာ အချိန်ဘယ်လောက်ကြာအောင် ကူညီချင်တာလဲ စတဲ့အချက်တွေကို ထည့်သွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာတွေထဲမှာ မြန်မာနိုင်ငံကိုပြန်ပြီး ကူညီချင်ကြသူတွေ အများအပြားရှိတယ်ဆိုပေမယ့် အစိုးရက အခုလို တရားဝင်ဖိတ်ခေါ်တာမျိုး အရင်က မရှိခဲ့ပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တုန်းကတော့ အမည်မဲစာရင်းသွင်းခံထားရတဲ့ ပြည်ပရောက်မြန်မာနှစ်ထောင်ကျော်ကို အမည်မဲစာရင်းက ပယ်ဖျက်ကြောင်း ကြေညာခဲ့ဖူးပါတယ်။

ပြည်ပရောက်မြန်မာတွေထဲမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့သူတွေ အများအပြားရှိကြပြီး သူတို့တွေထဲမှာလည်း ပညာရပ်ဆိုင်ရာကျွမ်းကျင်သူတွေ ရှိပါတယ်။ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားသူအချို့ မြန်မာပြည်ပြန်ဖို့ကြိုးစားတဲ့အခါ သံရုံးရဲ့ ခွင့်ပြုချက်မရတာတွေ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကန့်အသတ်တွေကြောင့် အဆင်မပြေတာတွေရှိခဲ့ပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်အရ နိုင်ငံရေးလှုပ်ရှားမှုနောက်ခံရှိသူတွေ မြန်မာပြည်ပြန်လာရေးအဆင်ပြေအောင် ဆောင်ရွက်ပေး မပေး ဆိုတာကိုတော့ အသေအချာမသိသေးဘူးလို့ ကောင်စစ်တာဝန်ခံအရာရှိ ဦးကျော်ကျော်လွင်က RFAကို ပြောပါတယ်။

RFA Burmese
https://www.rfa.org
ႏိုင္ငံအက်ိဳးျပဳဖို႔ ျပည္ပေရာက္ျမန္မာေတြကို အစိုးရဖိတ္ေခၚ ႏိုင္ငံအက်ိဳးျပဳဖို႔ ျပည္ပေရာက္ျမန္မာေတြကို အစိုးရဖိတ္ေခၚ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.