ေျမာက္ကုိရီးယားကုမၸဏီ ၂ ခုကုိ ကန္ ဒဏ္ခတ္ အေရးယူ


(Zawgyi / Unicode)

ကုလသမဂၢ ဒဏ္ခတ္ပိတ္ဆို႔မႈကို ခ်ိဳးေဖာက္ၿပီး အလုပ္သမား တင္ပို႔မႈ အတြက္ ေျမာက္ကိုရီးယား လုပ္ငန္းႀကီး ၂ ခုကို အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္လုိက္ပါတယ္။ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက အဂၤါေန႔ထုတ္ ေၾကညာခ်က္ထဲမွာေတာ့ Korea Namgang Trading Corp (NTC) နဲ႔ Beijing Sukbakso လုပ္ငန္းႀကီးေတြလို႔ ေဖာ္ျပပါတယ္။

ကုလသမဂၢရဲ႕ အေရးယူဒဏ္ခတ္မႈကို ခ်ိဳးေဖာက္ၿပီး ေျမာက္ကိုရီးယား အစိုးရက ၀င္ေငြရွာဖို႔ ျပည္ပကို ေျမာက္ကိုရီးယား အလုပ္သမားေတြ တရားမ၀င္ ဆက္လက္ ေစလႊတ္ေနတယ္၊ ဒီကေန႔ ပစ္မွတ္ထား အေရးယူ ေဆာင္ရြက္မႈကေတာ့ ေျမာက္ကိုရီးယား ကုန္သြယ္ေရး ေကာ္ပိုေရးရွင္းနဲ႔ တရုတ္ အေျခစိုက္ ေျမာက္ကိုရီးယား ပို႔ေဆာင္ေရး လုပ္ငန္းတို႔ ျဖစ္ၿပီး အဲဒီ လုပ္ငန္းႀကီးကေန တဆင့္ ေျမာက္ကိုရီးယားက ျပည္ပကို လုပ္သားေတြ ေစလႊတ္ေနတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ကုလသမဂၢ ဆံုးျဖတ္ခ်က္ အရ ႏုိင္ငံေတြ အေနနဲ႔ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ေန႔ မတိုင္ခင္ ေျမာက္ကိုရီးယား အလုပ္သမား အားလံုးကို ျပည္ေတာ္ ျပန္ပို႔ရမွာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယား အစိုးရက ႏုိင္ငံရဲ႕ စီးပြားေရးကို ထိန္းထားႏုိင္ဖို႔ ႏုိင္ငံသားေတြကို ျပည္ပကို ေစလႊတ္ၿပီး အဓမၼခိုင္းေစေနေၾကာင္း၊ ဒီအလုပ္သမားေတြရဲ႕ လစာေတြက အစိုးရထံကို တိုက္ရိုက္ ေရာက္သြားတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက မၾကာခဏ စြပ္စြဲခဲ႔ၾကတာပါ။

ေျမာက္ကိုရီးယားဟာ ၾကမ္းတမ္းတဲ႔ လုပ္ငန္းခြင္ အေျခအေနေတြမွာ အလုပ္သမားေတြ ေစလႊတ္ေနၿပီး ႏုိင္ငံတကာ အလုပ္သမား က်င့္၀တ္ေတြကို ခ်ိဳးေဖာက္တယ္လို႔လည္း သတ္မွတ္ထားၾကတာပါ။ အဂၤါေန႔က အေမရိကန္ရဲ႕ ဒဏ္ခတ္ အေရးယူမႈေၾကာင့္ NTC နဲ႔ Beijing Sukbakso လုပ္ငန္းႀကီးႏွစ္ခုရဲ႕ အေမရိကန္ ျပည္ေထာင္စု အတြင္းက ပိုင္ဆိုင္မႈ၊ ဒါမွမဟုတ္လည္း အေမရိကန္ေတြ ထိန္းခ်ဳပ္ထားတဲ႔ ပိုင္ဆိုင္မႈေတြကို တားျမစ္ပိတ္ပင္မွာ ျဖစ္သလို ဒီပိုင္ဆိုင္မႈ အားလံုးကိုလည္း အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာန ျပည္ပ ပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး ဌာနကို အေၾကာင္းၾကားရမွာ ျဖစ္ပါတယ္။

.................

မြောက်ကိုရီးယားကုမ္ပဏီ ၂ ခုကို ကန် ဒဏ်ခတ် အရေးယူ
(Unicode)

ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အလုပ်သမား တင်ပို့မှု အတွက် မြောက်ကိုရီးယား လုပ်ငန်းကြီး ၂ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အင်္ဂါနေ့ထုတ် ကြေညာချက်ထဲမှာတော့ Korea Namgang Trading Corp (NTC) နဲ့ Beijing Sukbakso လုပ်ငန်းကြီးတွေလို့ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို ချိုးဖောက်ပြီး မြောက်ကိုရီးယား အစိုးရက ဝင်ငွေရှာဖို့ ပြည်ပကို မြောက်ကိုရီးယား အလုပ်သမားတွေ တရားမဝင် ဆက်လက် စေလွှတ်နေတယ်၊ ဒီကနေ့ ပစ်မှတ်ထား အရေးယူ ဆောင်ရွက်မှုကတော့ မြောက်ကိုရီးယား ကုန်သွယ်ရေး ကော်ပိုရေးရှင်းနဲ့ တရုတ် အခြေစိုက် မြောက်ကိုရီးယား ပို့ဆောင်ရေး လုပ်ငန်းတို့ ဖြစ်ပြီး အဲဒီ လုပ်ငန်းကြီးကနေ တဆင့် မြောက်ကိုရီးယားက ပြည်ပကို လုပ်သားတွေ စေလွှတ်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် အရ နိုင်ငံတွေ အနေနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ မတိုင်ခင် မြောက်ကိုရီးယား အလုပ်သမား အားလုံးကို ပြည်တော် ပြန်ပို့ရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရက နိုင်ငံရဲ့ စီးပွားရေးကို ထိန်းထားနိုင်ဖို့ နိုင်ငံသားတွေကို ပြည်ပကို စေလွှတ်ပြီး အဓမ္မခိုင်းစေနေကြောင်း၊ ဒီအလုပ်သမားတွေရဲ့ လစာတွေက အစိုးရထံကို တိုက်ရိုက် ရောက်သွားတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက မကြာခဏ စွပ်စွဲခဲ့ကြတာပါ။

မြောက်ကိုရီးယားဟာ ကြမ်းတမ်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေမှာ အလုပ်သမားတွေ စေလွှတ်နေပြီး နိုင်ငံတကာ အလုပ်သမား ကျင့်ဝတ်တွေကို ချိုးဖောက်တယ်လို့လည်း သတ်မှတ်ထားကြတာပါ။ အင်္ဂါနေ့က အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုကြောင့် NTC နဲ့ Beijing Sukbakso လုပ်ငန်းကြီးနှစ်ခုရဲ့ အမေရိကန် ပြည်ထောင်စု အတွင်းက ပိုင်ဆိုင်မှု၊ ဒါမှမဟုတ်လည်း အမေရိကန်တွေ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို တားမြစ်ပိတ်ပင်မှာ ဖြစ်သလို ဒီပိုင်ဆိုင်မှု အားလုံးကိုလည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ပ ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာနကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ေျမာက္ကုိရီးယားကုမၸဏီ ၂ ခုကုိ ကန္ ဒဏ္ခတ္ အေရးယူ ေျမာက္ကုိရီးယားကုမၸဏီ ၂ ခုကုိ ကန္ ဒဏ္ခတ္ အေရးယူ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.