စစ္ေၾကာင္းက ျပန္လြတ္ေပးလိုက္သည့္ ကမ္းေထာင္းၾကီးျမိဳ႕မွလူငယ္တစ္ဦး ဒဏ္ရာျပင္းထန္၍ ေဆးရံုတင္ရ


(Zawgyi)⤵⤵⤵
နိရဥၥၥရာ၊ဇန္နဝါရီ ၃၀/၂၀၂၀

တပ္မေတာ္စစ္ေၾကာင္းတစ္ခု က ဖမ္းဆီးျပီးေနာက္ ျပန္လြတ္ေပးလိုက္သည့္ ကမ္းေထာင္းၾကီးျမိဳ႕ ေဒသခံလူ ငယ္ႏွစ္ဦးထဲမွ တစ္ဦးတြင္ ရိုက္ႏွက္ဒဏ္ရာမ်ား ရရွိလာသည့္အတြက္ ကမ္းေထာင္းၾကီး တိုက္နယ္ေဆးရံုတြင္ တင္ထားရျပီး ဒဏ္ရာမသက္သာသျဖင့္ စစ္ေတြေဆးရုံၾကီးသို႔ အေရးေပၚပို႔ ေဆာင္ရမည္ဟု သတင္းရရွိသည္။

ဒဏ္ရာရရွိသြားသူမွာ ေျမပံုျမိဳ႕နယ္ ကမ္းေထာင္းၾကီးျမိဳ႕မွ ကိုၾကီး(၂၁) ႏွစ္ ျဖစ္ျပီး ႏွာေခါင္းမွ ထြက္သည့္ေသြးမွာ မတန္႕ျဖစ္ေနေၾကာင္း သူႏွင့္ အတူ စစ္ေၾကာင္းမွ လြတ္ေျမာက္လာသူ ကိုေအာင္ဝင္းျမင့္က ေျပာသည္။

"မေန႔က ၆ နာရီမွာ အမ္းျမိဳ႕နယ္ မဲေတာင္နားမွာ ကြ်န္ေတာ္တို႔ဆိုင္ကယ္ကို တားျပီးေတာ့ ဖမ္းတယ္။ ျပီးေတာ့ ညဥ့္ ၁၁ နာရီေလာက္မွာျပန္လြတ္ေပးတယ္။ကြြ်န္ေတာ္နဲ႔ ပါတဲ့ ေနာက္တစ္ေယာက္ ကိုၾကီးမွာ ရိုုက္ႏွက္ခံရလို႔ မ်က္ႏွာမွာ ဒဏ္ရာေတြရလာတယ္။ ကမ္းေထာင္းၾကီး ေဆးရုံမွာ တင္ထားတာ။ သူ႔မွာ ႏွာေခါင္းေသြးလွ်ံတာ မရပ္လို႔ ဒီေန႔ စစ္ေတြကို ဘုတ္နဲ႔ ပို႔ဖို႔လုပ္ေနတယ္။ ဘယ္လို ျဖစ္သြားလဲဆိုတာ အဲဒီမွာ ဓာတ္မွန္ရိုက္ၾကည့္ရမယ္” ဟု ေအာင္ဝင္းျမင့္က ေျပာသည္။

၄င္းတို႔ႏွစ္ဦးသည္ ဇန္နဝါရီလ ၂၉ ရက္ေန႔ ညေန ၆ နာရီက ေျမပံုျမိဳ႕နယ္ စညွင္း ဒုကၡသည္စခန္းတြင္ ကယ္ဆယ္ေရးသြားရာမွအျပန္ တပ္မေတာ္စစ္ေၾကာင္း၏ ဖမ္းဆီးျခင္းကို ခံခဲ့ရေၾကာင္း ၄င္းက ဆက္ေျပာသည္။

စညွင္းဒုကၡသည္စခန္းတြင္ ကယ္ဆယ္ေရးေပးရန္ ေရာက္ရွိေနသည့္ ရခုိင္ရဟန္းေတာ္မ်ားအဖြဲ႔မွ အရွင္သဘာဝနဒီက"သူတို႔ကို ညက ဖမ္းသြားတယ္လို႔ လြတ္လာသူေတြက ေျပာတယ္။ ျပန္လြတ္လာ တ့ဲအခါ တစ္ေယာက္မွာ ရိုက္ႏွက္ခံထားရတယ္လို႔ေတာ့ ဖုန္းဆက္ေျပာတယ္”ဟု နိရဥၥရာသို႔ ေျပာသည္။

ေျမပံုျမိဳ႕နယ္၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းအား ဆက္သြယ္ေမးျမန္းရာ ယင္းကိစၥကို ၾကားသိရျပီး အေသးစိတ္ သိရွိရန္ စံုစမ္းလ်က္ရွိေၾကာင္း၊ ဖုန္းအဆက္အသြယ္ မရေသးဘဲ ျဖစ္ေနေၾကာင္း ေျပာသည္။

ကမ္းေထာင္းၾကီးေဆးရံုမွ ဆရာ၀န္ ေဒါက္တာမ်ိဳးမင္းေအာင္သို႕ ဆက္သြယ္ရာ စစ္ေတြသို႕ လူနာ တစ္ဦး ပို႕ေဆာင္ရန္ ရွိေၾကာင္း ေျပာဆိုျပီး အလုပ္မအားေသးဟုဆိုကာ ဖုန္းခ်သြားခဲ့သည္။

ယင္းကိစၥႏွင့္ ပတ္သက္ျပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ စစ္ဦးစီးပထမတန္း ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးထံ အၾကိမ္ၾကိမ္ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္မႈ မရရွိခဲ့ပါ။

----------------------

Unicode:

စစ်ကြောင်းက ပြန်လွတ်ပေးလိုက်သည့် ကမ်းထောင်းကြီးမြို့မှလူငယ်တစ်ဦး ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ရ

စိုးဇံအောင်
နိရဥ္စ္စရာ၊ဇန်နဝါရီ ၃၀/၂၀၂၀

တပ်မတော်စစ်ကြောင်းတစ်ခု က ဖမ်းဆီးပြီးနောက် ပြန်လွတ်ပေးလိုက်သည့် ကမ်းထောင်းကြီးမြို့ ဒေသခံလူ ငယ်နှစ်ဦးထဲမှ တစ်ဦးတွင် ရိုက်နှက်ဒဏ်ရာများ ရရှိလာသည့်အတွက် ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံတွင် တင်ထားရပြီး ဒဏ်ရာမသက်သာသဖြင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ ဆောင်ရမည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ကိုကြီး(၂၁) နှစ် ဖြစ်ပြီး နှာခေါင်းမှ ထွက်သည့်သွေးမှာ မတန့်ဖြစ်နေကြောင်း သူနှင့် အတူ စစ်ကြောင်းမှ လွတ်မြောက်လာသူ ကိုအောင်ဝင်းမြင့်က ပြောသည်။

"မနေ့က ၆ နာရီမှာ အမ်းမြို့နယ် မဲတောင်နားမှာ ကျွန်တော်တို့ဆိုင်ကယ်ကို တားပြီးတော့ ဖမ်းတယ်။ ပြီးတော့ ညဉ့် ၁၁ နာရီလောက်မှာပြန်လွတ်ပေးတယ်။ကွျွန်တော်နဲ့ ပါတဲ့ နောက်တစ်ယောက် ကိုကြီးမှာ ရိုုက်နှက်ခံရလို့ မျက်နှာမှာ ဒဏ်ရာတွေရလာတယ်။ ကမ်းထောင်းကြီး ဆေးရုံမှာ တင်ထားတာ။ သူ့မှာ နှာခေါင်းသွေးလျှံတာ မရပ်လို့ ဒီနေ့ စစ်တွေကို ဘုတ်နဲ့ ပို့ဖို့လုပ်နေတယ်။ ဘယ်လို ဖြစ်သွားလဲဆိုတာ အဲဒီမှာ ဓာတ်မှန်ရိုက်ကြည့်ရမယ်” ဟု အောင်ဝင်းမြင့်က ပြောသည်။

၄င်းတို့နှစ်ဦးသည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီက မြေပုံမြို့နယ် စညှင်း ဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေးသွားရာမှအပြန် တပ်မတော်စစ်ကြောင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ၄င်းက ဆက်ပြောသည်။

စညှင်းဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေးပေးရန် ရောက်ရှိနေသည့် ရခိုင်ရဟန်းတော်များအဖွဲ့မှ အရှင်သဘာဝနဒီက"သူတို့ကို ညက ဖမ်းသွားတယ်လို့ လွတ်လာသူတွေက ပြောတယ်။ ပြန်လွတ်လာ တဲ့အခါ တစ်ယောက်မှာ ရိုက်နှက်ခံထားရတယ်လို့တော့ ဖုန်းဆက်ပြောတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

မြေပုံမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စကို ကြားသိရပြီး အသေးစိတ် သိရှိရန် စုံစမ်းလျက်ရှိကြောင်း၊ ဖုန်းအဆက်အသွယ် မရသေးဘဲ ဖြစ်နေကြောင်း ပြောသည်။

ကမ်းထောင်းကြီးဆေးရုံမှ ဆရာဝန် ဒေါက်တာမျိုးမင်းအောင်သို့ ဆက်သွယ်ရာ စစ်တွေသို့ လူနာ တစ်ဦး ပို့ဆောင်ရန် ရှိကြောင်း ပြောဆိုပြီး အလုပ်မအားသေးဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

စိုးဇံေအာင္
Narinjara
https://www.facebook.com/narinjara.info
စစ္ေၾကာင္းက ျပန္လြတ္ေပးလိုက္သည့္ ကမ္းေထာင္းၾကီးျမိဳ႕မွလူငယ္တစ္ဦး ဒဏ္ရာျပင္းထန္၍ ေဆးရံုတင္ရ စစ္ေၾကာင္းက ျပန္လြတ္ေပးလိုက္သည့္ ကမ္းေထာင္းၾကီးျမိဳ႕မွလူငယ္တစ္ဦး ဒဏ္ရာျပင္းထန္၍ ေဆးရံုတင္ရ Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.