ထိုင္ဝမ္ ဗိုလ္ခ်ဳပ္ႀကီး ရဟတ္ယာဥ္ပ်က္က်လို႔ ေသဆုံး

ရာသီဥတု ဆိုး႐ြားလို႔ အေရးေပၚဆင္းသက္ခဲ့ရ
(Zawgyi)⤵⤵⤵
ထိုင္ဝမ္ စစ္တပ္က အရာရွိႀကီးေတြ လိုက္ပါလာတဲ့ ရဟတ္ယဥ္တစ္စင္း ရာသီဥတု ဆိုး႐ြားလို႔ ထိုင္ဝမ္က ေတာင္ထူထပ္တဲ့ ေနရာမွာ အေရးေပၚဆင္းခဲ့ရရာက ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးအပါအဝင္ လူရွစ္ေယာက္ ေသဆုံးခဲ့တယ္လို႔ ထိုင္ဝမ္အာဏာပိုင္ေတြက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ရွန္ယီမင္းနဲ႔ တျခား လူ ၁၂ ဦး ဟာ ပ်က္က်ခဲ့တဲ့ Black Hawk ရဟတ္ယာဥ္မွာ လိုက္ပါလာခဲ့ပါတယ္။ အဲဒီေနာက္ ရာသီဥတု ဆိုး႐ြားလာလို႔ ၿမိဳ႕ေတာ္ တိုင္ေပနားမွာ အေရးေပၚ ဆင္းသက္ခဲ့ရပါတယ္။

အေစာပိုင္း ထုတ္ျပန္ခ်က္ေတြအရ လူတခ်ိဳ႕ကို အသက္ရွင္လ်က္ ေတြ႕ခဲ့ၿပီး တခ်ိဳကေတာ့ ရဟတ္ယာဥ္ အပ်က္အစီး အပိုင္းအစေတြၾကားမွာ ပိတ္မိေနတယ္လို႔ သိရပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးက စစ္တပ္အေျခစိုက္စခန္းရွိတဲ့ ထိုင္ဝမ္ အေရွ႕ေျမာက္ပိုင္းကို သြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီရဟတ္ယာဥ္မွာ တျခား ထိပ္တန္း အရာရွိႀကီးေတြလည္း ပါသြားတယ္လို႔ သတင္းထုတ္ျပန္ခ်က္ေတြ ထုတ္ထားပါတယ္။
 ရဟတ္ယာဥ္မပ်က္က်ခင္ တစ္ရက္မွာ တိုင္ေပမွာ အလံတင္အခမ္းအနားတက္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီး ရွန္ယီမင္း
အခုေတာ့ ထိုင္ဝမ္ေလတပ္က ေနာက္ထပ္ Black Hawk ရဟတ္ယာဥ္ ႏွစ္စင္းနဲ႔ တပ္ဖြဲ႕ဝင္ ၈၀ ကို အဲဒီ ရဟတ္ယာဥ္ပ်က္က်ခဲ့တဲ့ ေနရာကို လႊတ္ထားတယ္လို႔ ဆိုပါတယ္။

အဲဒီ ရဟတ္ယာဥ္ဟာ တိုင္ေပက ေဆာင္ရွန္း ေလတပ္ အေျခစိုက္စခန္းကေန ေဒသစံေတာ္ခ်ိန္ မနက္ ၇ နာရီ ၄၅ မိနစ္မွာ ထြက္ခြာသြားတာ ျဖစ္ပါတယ္။ အဲဒီကေန တျခား စစ္စခန္းတစ္ခုကို စစ္ေဆးေရး သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ မနက္ ၈ နာရီ ၂၂ မိနစ္မွာ ေလေၾကာင္းထိန္းသိမ္းေရးနဲ႔ အဆက္အသြယ္ျပတ္သြားတယ္လို႔ ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ရွာေဖြကယ္ဆယ္ေရးကို တတ္ႏိုင္သမွ် အျမန္ဆုံးလုပ္ေနေပမဲ့ ေျမအေနအထားအရ ကယ္ဆယ္ေရးလုပ္ငန္းက ရႈပ္ေထြးခက္ခဲတယ္လို႔ တာဝန္ရွိသူေတြက ဘီဘီစီကို ေျပာပါတယ္။

အေမရိကန္က ထိုင္ဝမ္ကို ၂၀၁၀ မွာ UH-60M Black Hawk အစင္း ၆၀ ေရာင္းထားပါတယ္။ အခုပ်က္က်တဲ့ အစင္းကေတာ့ အဲဒီ ရဟတ္ယာဥ္ေတြမွာ ပါမပါ မသိရေသးပါဘူး။
 လူရွစ္ဦးေသဆုံးၿပီး ငါးဦးအသက္ရွင္ခဲ့ပါတယ္
ဇန္နဝါရီ ၁၁ ေ႐ြးေကာက္ပြဲကေန အာဏာျပန္ရလာဖြယ္ရွိတဲ့ ထိုင္ဝမ္ သမၼတ ခ်ိဳင္အင္ဝမ္လည္း ေ႐ြးေကာက္ပြဲ မဲဆြယ္ ခရီးကို ဖ်က္သိမ္းလိုက္ပါတယ္။

ဒီမိုကရက္တစ္ တိုးတက္ေရးပါတီက မစၥ ခ်ိဳင္ဟာ ကူမင္တန္ပါတီက တ႐ုတ္ျပည္မႀကီးကိုေထာက္ခံတဲ့ ဟန္ေကာင္းယုနဲ႔ ယွဥ္ၿပိဳင္ေနတာ ျဖစ္ပါတယ္။

တ႐ုတ္ျပည္တြင္းစစ္ ၁၉၄၉မွာ ၿပီးကတည္းက ထိုင္ဝမ္ကို သီးျခားအုပ္ခ်ဳပ္ေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ တ႐ုတ္အစိုးရကေတာ့ ထိုင္ဝမ္ကြၽန္းကို ဖိအားေပးၿပီးပဲျဖစ္ေစ တ႐ုတ္ျပည္မႀကီးနဲ႔ တစ္ခ်ိန္မွာ ျပန္ေပါင္းစည္းႏိုင္မယ့္ ျပည္နယ္တစ္ခုလို႔ ရႈျမင္ေနပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ထိုင်ဝမ် ဗိုလ်ချုပ်ကြီး ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံး


Image caption ရာသီဥတု ဆိုးရွားလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ထိုင်ဝမ် စစ်တပ်က အရာရှိကြီးတွေ လိုက်ပါလာတဲ့ ရဟတ်ယဉ်တစ်စင်း ရာသီဥတု ဆိုးရွားလို့ ထိုင်ဝမ်က တောင်ထူထပ်တဲ့ နေရာမှာ အရေးပေါ်ဆင်းခဲ့ရရာက ဗိုလ်ချုပ်ကြီး တစ်ဦးအပါအဝင် လူရှစ်ယောက် သေဆုံးခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ရှန်ယီမင်းနဲ့ တခြား လူ ၁၂ ဦး ဟာ ပျက်ကျခဲ့တဲ့ Black Hawk ရဟတ်ယာဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ အဲဒီနောက် ရာသီဥတု ဆိုးရွားလာလို့ မြို့တော် တိုင်ပေနားမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အစောပိုင်း ထုတ်ပြန်ချက်တွေအရ လူတချို့ကို အသက်ရှင်လျက် တွေ့ခဲ့ပြီး တချိုကတော့ ရဟတ်ယာဉ် အပျက်အစီး အပိုင်းအစတွေကြားမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီးက စစ်တပ်အခြေစိုက်စခန်းရှိတဲ့ ထိုင်ဝမ် အရှေ့မြောက်ပိုင်းကို သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီရဟတ်ယာဉ်မှာ တခြား ထိပ်တန်း အရာရှိကြီးတွေလည်း ပါသွားတယ်လို့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ထားပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ရဟတ်ယာဉ်မပျက်ကျခင် တစ်ရက်မှာ တိုင်ပေမှာ အလံတင်အခမ်းအနားတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရှန်ယီမင်း

အခုတော့ ထိုင်ဝမ်လေတပ်က နောက်ထပ် Black Hawk ရဟတ်ယာဉ် နှစ်စင်းနဲ့ တပ်ဖွဲ့ဝင် ၈၀ ကို အဲဒီ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ နေရာကို လွှတ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ တိုင်ပေက ဆောင်ရှန်း လေတပ် အခြေစိုက်စခန်းကနေ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အဲဒီကနေ တခြား စစ်စခန်းတစ်ခုကို စစ်ဆေးရေး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မနက် ၈ နာရီ ၂၂ မိနစ်မှာ လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်နေပေမဲ့ မြေအနေအထားအရ ကယ်ဆယ်ရေးလုပ်ငန်းက ရှုပ်ထွေးခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို ၂၀၁၀ မှာ UH-60M Black Hawk အစင်း ၆၀ ရောင်းထားပါတယ်။ အခုပျက်ကျတဲ့ အစင်းကတော့ အဲဒီ ရဟတ်ယာဉ်တွေမှာ ပါမပါ မသိရသေးပါဘူး။
ဓာတ်ပုံ မူပိုင် AFP
Image caption လူရှစ်ဦးသေဆုံးပြီး ငါးဦးအသက်ရှင်ခဲ့ပါတယ်

ဇန်နဝါရီ ၁၁ ရွေးကောက်ပွဲကနေ အာဏာပြန်ရလာဖွယ်ရှိတဲ့ ထိုင်ဝမ် သမ္မတ ချိုင်အင်ဝမ်လည်း ရွေးကောက်ပွဲ မဲဆွယ် ခရီးကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီမိုကရက်တစ် တိုးတက်ရေးပါတီက မစ္စ ချိုင်ဟာ ကူမင်တန်ပါတီက တရုတ်ပြည်မကြီးကိုထောက်ခံတဲ့ ဟန်ကောင်းယုနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းစစ် ၁၉၄၉မှာ ပြီးကတည်းက ထိုင်ဝမ်ကို သီးခြားအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ ထိုင်ဝမ်ကျွန်းကို ဖိအားပေးပြီးပဲဖြစ်စေ တရုတ်ပြည်မကြီးနဲ့ တစ်ချိန်မှာ ပြန်ပေါင်းစည်းနိုင်မယ့် ပြည်နယ်တစ်ခုလို့ ရှုမြင်နေပါတယ်။

BBC Burmese
https://www.bbc.com
ထိုင္ဝမ္ ဗိုလ္ခ်ဳပ္ႀကီး ရဟတ္ယာဥ္ပ်က္က်လို႔ ေသဆုံး ထိုင္ဝမ္ ဗိုလ္ခ်ဳပ္ႀကီး ရဟတ္ယာဥ္ပ်က္က်လို႔ ေသဆုံး Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.