ျမန္မာႏိုင္ငံ အက်ဥ္းေထာင္မ်ား အေျခအေန ဆိုး႐ြား

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံက အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသားဦးေရ အဆမတန္မ်ားလာတဲ့ အတြက္ အက်ဥ္းေထာင္ ဆူပူမႈေတြ၊ အက်ဥ္းသားအခြင့္အေရး ခ်ိဳးေဖာက္မႈေတြလည္း ရွိေနတယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္က ေျပာပါတယ္။ အက်ဥ္းသား အခြင့္ေရး ေစာင့္ၾကည့္ေနသူေတြကေတာ့ အက်ဥ္းသား ဦးေရကို စနစ္တက် ေလွ်ာ့ခ်ဖို႔ မလုပ္ရင္ မလိုလား အပ္တဲ့ ျပႆနာေတြ ေပၚလာႏိုင္တယ္လို႔ ေထာက္ျပပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမင္းၿခံအက်ဥ္းေထာင္မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၃၀ရက္က အခြင့္ေရး ေတာင္းဆိုတဲ့ အက်ဥ္းသားဆူပူမႈတခု ျဖစ္ခဲ့ပါတယ္။ ဒီျမင္းၿခံအက်ဥ္းေထာင္ဟာ ၂၀၁၉ ခုႏွစ္ထဲ ဆူပူမႈျဖစ္ခဲ့တဲ့ ငါးခုေျမာက္ အက်ဥ္းေထာင္ပါ။ ၂၀၁၈ထဲမွာ တႏိုင္ငံလုံးက အက်ဥ္းေထာင္နဲ႔ အက်ဥ္းစခန္းေတြကို သြားေရာက္ေလ့လာခဲ့တဲ့ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ ကေတာ့ အခုလို အက်ဥ္းေထာင္ ဆူပူမႈေတြဟာ အက်ဥ္းသားဦးေရ ရွိသင့္တာထက္ အဆမတန္ပိုမ်ား ေနတာေၾကာင့္ ေပၚေပါက္လာတဲ့ ေနာက္ဆက္တြဲ ျပႆနာမ်ိဳး ျဖစ္ၿပီး လူအခြင့္ေရး ထိခိုက္ နစ္နာမႈေတြပါ ရွိလာႏိုင္တယ္လို႔ ေျပာပါတယ္။

“ အက်ဥ္းသားဦးေရ မ်ားေနတယ္။ တခ်ိဳ႕ဟာေတြက ၂ဆ၊ ၃ဆ အဲေလာက္မ်ားေနတဲ့ ေထာင္ေတြရွိတယ္။ လူဦးေရ က်ပ္ၿပီဆိုမွေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ဆိုတာထက္ လူ႔အခြင့္အေရး ထိခိုက္နစ္နာမႈေတြ ရွိေနတာေပါ့ဗ်ာ။ သေဘာကေတာ့ လူေတြက ျပည့္က်ပ္သိပ္ေနေအာင္ အိပ္တဲ့အခါက်ေတာ့ အိမ္သာနား ကပ္အိပ္ရတဲ့သူလည္း ရွိသြားၿပီေပါ့။ အဲဒီလိုေတြ ျဖစ္တာေပါ့။ ျပည့္က်ပ္သိပ္ အိပ္ရၿပီဆိုမွေတာ့ တေယာက္နဲ႔တေယာက္ ေရာဂါကူးတာတို႔၊ အိပ္လို႔အဆင္မေျပတာတို႔၊ တေစာင္းအိပ္ေနရတာတို႔ ဒါမ်ိဳးေတြ ျဖစ္ၾကတာေပါ့ဗ်ာ။ အဲဒီေတာ့ ေရာဂါကူးစက္ႏိုင္တဲ့ ႏႈန္းတားေတြလည္း ပိုမ်ားတာေပါ့ဗ်ာ။”

ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ေျပာခြင့္ရ ဦးယုလြင္ေအာင္က ဗြီအိုေအကို ေျပာျပခဲ့တာပါ။ အက်ဥ္းဦးစီးဌာနေအာက္မွာ အက်ဥ္းထာင္ ၄၆ခု၊ အခ်ဳပ္ေထာင္ ၂၀၊ စိုက္/ေမြးစခန္း ၃၀၊ ကုန္ထုတ္စခန္း ၁၈ခုနဲ႔ ျပဳျပင္ေျပာင္းလဲေရးစခန္း ၂ခု ရွိပါတယ္။ ေနာက္ထပ္ အက်ဥ္းေထာင္ အသစ္ ၃ခုထပ္ေဆာက္ဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနက စီစဥ္ေနတာပါ။

အခု လက္ရွိ အက်ဥ္းေထာ္ေတြမွာ အက်ဥ္းသားဦးေရ ၆၆,၀၀၀ ေလာက္ပဲ လက္ခံထားႏိုင္ ေပမယ့္ အမွန္တကယ္ အက်ဥ္းက်ေနသူ စုစုေပါင္းက ၁၀၄,၀၀၀ ေက်ာ္ရွိေနတယ္လို႔ အစိုးရထုတ္ျပန္တဲ့ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။ ဒီအက်ဥ္းသား ဦးေရကို ေလွ်ာ့ခ် ႏိုင္တဲ့ အစီအစဥ္က လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးတာ ျဖစ္ပါတယ္။
အစိုးရရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ မရတဲ့အတြက္ အခုႏွစ္အေစာပိုင္းက ဘားအံ အက်ဥ္းေထာင္၊ ေမာ္လိုက္ - ကေလး အက်ဥ္းေထာင္၊ ေ႐ြဘို အက်ဥ္းေထာင္၊ စစ္ေတြ အက်ဥ္းေထာင္ ေတြမွာ ေထာင္ဆူပူမႈေတြ ျဖစ္ပြားခဲ့ပါတယ္။ မ်ားလာတဲ့ အက်ဥ္းသားဦးေရကို စနစ္တက် ေလွ်ာ့ခ်တာမ်ိဳး မလုပ္ႏိုင္ဘူဆိုရင္ မလိုလားအပ္တဲ့ ျပႆနာေတြ ေပၚႏိုင္တယ္လို႔ အက်ဥ္းသားေတြရဲ႕ အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ တြဲဖက္ အတြင္းေရးမႉး ကိုဘိုၾကည္က ေျပာပါတယ္။

“ တကယ္တမ္း အေျမာ္အျမင္နဲ႔ ေျဖရွင္းတယ္ဆိုရင္ criminal justice system ႀကီးတခုလုံးကို က်ေနာ္တို႔ ျပဳျပင္ေျပာင္းလဲရမွာေတြ ရွိတယ္။ ဥပေဒ တခုခ်င္းစီကို ျပဳျပင္ေျပာင္းလဲရမွာေတြ ရွိတယ္။ တခုခုျဖစ္တာနဲ႔ ေထာင္ဒဏ္အျပစ္ေပးတာမ်ိဳးထက္ စာရင္ အျခားပုံစံနဲ႔ အျပစ္ေပးတာမ်ိဳး စဥ္းစားဖို႔ လိုတယ္။ ဘာေၾကာင့္ ဒီလိုမ်ိဳးေတြ ျဖစ္ေနရတာလဲ အေၾကာင္းအရင္းေတြကို ရွာဖို႔လိုတယ္။ အခုက ျမန္မာႏိုင္ငံမွာ တရက္ကို အမႈေပါင္းက ၁၅၀နဲ႔ ၂၀၀ၾကား ျဖစ္ေနတာမ်ိဳးေတြရွိတယ္။ ရဲကလည္း တကယ့္ကို သီးျခားလြတ္လပ္တဲ့ အဖြဲ႕အစည္းျဖစ္ဖို႔လိုတယ္။ ကာကြယ္ေရးနဲ႔ တပ္မေတာ္ရဲ႕ လက္ေအာက္ကေန ကင္းလြတ္ဖို႔လိုတယ္။ ဒီလိုမ်ိဳးေတြကအစ က်ေနာ္တို႔ တၿပိဳင္နက္တည္း လုပ္ရမွာပါ။”

အက်ဥ္းသားေတြရဲ႕ စားဝတ္ေနေရး၊ လုံေလာက္တဲ့ေနရာ၊ က်န္းမာေရး ဒါေတြအားလုံးကို အစိုးရက လုံေလာက္ေအာင္ တာဝန္ယူေပးရမယ္လို႔ ကိုဘိုၾကည္က ေျပာပါတယ္။

“ အျပင္မွာရွိေနတဲ့သူေတြ ရတဲ့ အခြင့္အေရး၊ အခြင့္အလမ္းေတြအတိုင္း ေထာင္ထဲမွာရွိတဲ့သူကလည္း ရ ရမယ္ဆိုတဲ့ဟာ ႏိုင္ငံတကာ သတ္မွတ္ခ်က္ေတြမွာလည္း ရွိတယ္၊ ျပည္တြင္း ဥပေဒ သတ္မွတ္ခ်က္ေတြ မွာလည္း ရွိတယ္။ ဒီလိုဟာမ်ိဳးေတြက အသက္အႏၲရာယ္နဲ႔ ဆိုင္တဲ့ ကိစၥမ်ိဳးေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳးေတြမွာ အက်ဥ္းသားေတြ နစ္နာေနတာက အႀကီးမားဆုံး ဆုံးရႈံးမႈလို႔ က်ေနာ္တို႔ ေျပာလို႔ရပါတယ္”

ႏိုင္ငံေတာ္ သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ၂၀၁၉ မွာ လြတ္လာတဲ့ အက်ဥ္းသားက ၂၃,၀၀၀ ေက်ာ္ရွိပါတယ္။ အက်ဥ္းသားအမ်ားစုက မူးယစ္ေဆးဝါးေၾကာင့္ ေထာင္ထဲေရာက္လာၾကတာပါ။ အက်ဥ္းသားေလွ်ာ့ခ်ဖို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြ၊ အက်ဥ္းေထာင္ တိုးခ်ဲ႕ေဆာက္လုပ္တာေတြ ထက္ ဆင္းရဲႏြမ္းပါးမႈ နည္းေအာင္၊ တရားဥပေဒ စိုးမိုးလာေအာင္၊ လာဘ္ေပးလာဘ္ယူ တိုက္ဖ်က္တာေတြ ပိုၿပီးလုပ္ဖို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက တိုက္တြန္း ေနၾကပါတယ္။


(Unicode)

မြန်မာနိုင်ငံ အကျဉ်းထောင်များ အခြေအနေ ဆိုးရွား

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ အဆမတန်များလာတဲ့ အတွက် အကျဉ်းထောင် ဆူပူမှုတွေ၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ အကျဉ်းသား အခွင့်ရေး စောင့်ကြည့်နေသူတွေကတော့ အကျဉ်းသား ဦးရေကို စနစ်တကျ လျှော့ချဖို့ မလုပ်ရင် မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်လာနိုင်တယ်လို့ ထောက်ပြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြင်းခြံအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်က အခွင့်ရေး တောင်းဆိုတဲ့ အကျဉ်းသားဆူပူမှုတခု ဖြစ်ခဲ့ပါတယ်။ ဒီမြင်းခြံအကျဉ်းထောင်ဟာ ၂၀၁၉ ခုနှစ်ထဲ ဆူပူမှုဖြစ်ခဲ့တဲ့ ငါးခုမြောက် အကျဉ်းထောင်ပါ။ ၂၀၁၈ထဲမှာ တနိုင်ငံလုံးက အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကတော့ အခုလို အကျဉ်းထောင် ဆူပူမှုတွေဟာ အကျဉ်းသားဦးရေ ရှိသင့်တာထက် အဆမတန်ပိုများ နေတာကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြဿနာမျိုး ဖြစ်ပြီး လူအခွင့်ရေး ထိခိုက် နစ်နာမှုတွေပါ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“ အကျဉ်းသားဦးရေ များနေတယ်။ တချို့ဟာတွေက ၂ဆ၊ ၃ဆ အဲလောက်များနေတဲ့ ထောင်တွေရှိတယ်။ လူဦးရေ ကျပ်ပြီဆိုမှတော့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာထက် လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေ ရှိနေတာပေါ့ဗျာ။ သဘောကတော့ လူတွေက ပြည့်ကျပ်သိပ်နေအောင် အိပ်တဲ့အခါကျတော့ အိမ်သာနား ကပ်အိပ်ရတဲ့သူလည်း ရှိသွားပြီပေါ့။ အဲဒီလိုတွေ ဖြစ်တာပေါ့။ ပြည့်ကျပ်သိပ် အိပ်ရပြီဆိုမှတော့ တယောက်နဲ့တယောက် ရောဂါကူးတာတို့၊ အိပ်လို့အဆင်မပြေတာတို့၊ တစောင်းအိပ်နေရတာတို့ ဒါမျိုးတွေ ဖြစ်ကြတာပေါ့ဗျာ။ အဲဒီတော့ ရောဂါကူးစက်နိုင်တဲ့ နှုန်းတားတွေလည်း ပိုများတာပေါ့ဗျာ။”

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရ ဦးယုလွင်အောင်က ဗွီအိုအေကို ပြောပြခဲ့တာပါ။ အကျဉ်းဦးစီးဌာနအောက်မှာ အကျဉ်းထာင် ၄၆ခု၊ အချုပ်ထောင် ၂၀၊ စိုက်/မွေးစခန်း ၃၀၊ ကုန်ထုတ်စခန်း ၁၈ခုနဲ့ ပြုပြင်ပြောင်းလဲရေးစခန်း ၂ခု ရှိပါတယ်။ နောက်ထပ် အကျဉ်းထောင် အသစ် ၃ခုထပ်ဆောက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်နေတာပါ။

အခု လက်ရှိ အကျဉ်းထော်တွေမှာ အကျဉ်းသားဦးရေ ၆၆,၀၀၀ လောက်ပဲ လက်ခံထားနိုင် ပေမယ့် အမှန်တကယ် အကျဉ်းကျနေသူ စုစုပေါင်းက ၁၀၄,၀၀၀ ကျော်ရှိနေတယ်လို့ အစိုးရထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအကျဉ်းသား ဦးရေကို လျှော့ချ နိုင်တဲ့ အစီအစဉ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဖြစ်ပါတယ်။
အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် မရတဲ့အတွက် အခုနှစ်အစောပိုင်းက ဘားအံ အကျဉ်းထောင်၊ မော်လိုက် - ကလေး အကျဉ်းထောင်၊ ရွေဘို အကျဉ်းထောင်၊ စစ်တွေ အကျဉ်းထောင် တွေမှာ ထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ များလာတဲ့ အကျဉ်းသားဦးရေကို စနစ်တကျ လျှော့ချတာမျိုး မလုပ်နိုင်ဘူဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်နိုင်တယ်လို့ အကျဉ်းသားတွေရဲ့ အခွင့်အရေး လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ တကယ်တမ်း အမြော်အမြင်နဲ့ ဖြေရှင်းတယ်ဆိုရင် criminal justice system ကြီးတခုလုံးကို ကျနော်တို့ ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်။ ဥပဒေ တခုချင်းစီကို ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်။ တခုခုဖြစ်တာနဲ့ ထောင်ဒဏ်အပြစ်ပေးတာမျိုးထက် စာရင် အခြားပုံစံနဲ့ အပြစ်ပေးတာမျိုး စဉ်းစားဖို့ လိုတယ်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ အကြောင်းအရင်းတွေကို ရှာဖို့လိုတယ်။ အခုက မြန်မာနိုင်ငံမှာ တရက်ကို အမှုပေါင်းက ၂၅၀နဲ့ ၂၀၀ကြား ဖြစ်နေတာမျိုးတွေရှိတယ်။ ရဲကလည်း တကယ့်ကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့လိုတယ်။ ကာကွယ်ရေးနဲ့ တပ်မတော်ရဲ့ လက်အောက်ကနေ ကင်းလွတ်ဖို့လိုတယ်။ ဒီလိုမျိုးတွေကအစ ကျနော်တို့ တပြိုင်နက်တည်း လုပ်ရမှာပါ။”

အကျဉ်းသားတွေရဲ့ စားဝတ်နေရေး၊ လုံလောက်တဲ့နေရာ၊ ကျန်းမာရေး ဒါတွေအားလုံးကို အစိုးရက လုံလောက်အောင် တာဝန်ယူပေးရမယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“ အပြင်မှာရှိနေတဲ့သူတွေ ရတဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေအတိုင်း ထောင်ထဲမှာရှိတဲ့သူကလည်း ရ ရမယ်ဆိုတဲ့ဟာ နိုင်ငံတကာ သတ်မှတ်ချက်တွေမှာလည်း ရှိတယ်၊ ပြည်တွင်း ဥပဒေ သတ်မှတ်ချက်တွေ မှာလည်း ရှိတယ်။ ဒီလိုဟာမျိုးတွေက အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ ကိစ္စမျိုးတွေလည်း ရှိပါတယ်။ ဒီလိုမျိုးတွေမှာ အကျဉ်းသားတွေ နစ်နာနေတာက အကြီးမားဆုံး ဆုံးရှုံးမှုလို့ ကျနော်တို့ ပြောလို့ရပါတယ်”

နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၁၉ မှာ လွတ်လာတဲ့ အကျဉ်းသားက ၂၃,၀၀၀ ကျော်ရှိပါတယ်။ အကျဉ်းသားအများစုက မူးယစ်ဆေးဝါးကြောင့် ထောင်ထဲရောက်လာကြတာပါ။ အကျဉ်းသားလျှော့ချဖို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ၊ အကျဉ်းထောင် တိုးချဲ့ဆောက်လုပ်တာတွေ ထက် ဆင်းရဲနွမ်းပါးမှု နည်းအောင်၊ တရားဥပဒေ စိုးမိုးလာအောင်၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်တာတွေ ပိုပြီးလုပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း နေကြပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ျမန္မာႏိုင္ငံ အက်ဥ္းေထာင္မ်ား အေျခအေန ဆိုး႐ြား ျမန္မာႏိုင္ငံ အက်ဥ္းေထာင္မ်ား အေျခအေန ဆိုး႐ြား Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.