တ႐ုတ္စီမံကိန္း ဧရိယာက ေဒသခံေတြရဲ႕ အခက္အခဲေတြ တ႐ုတ္သမၼတထံ တင္ျပလို

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕မွာ တ႐ုတ္ရင္းႏွီးျမႇပ္ႏွံမႈ ကုမၸဏီတခုျဖစ္တဲ့ CNPC ရဲ႕ အေကာင္အထည္ေဖာ္ေနတဲ့ ေ႐ႊဂတ္စ္စီမံကိန္းကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ျပည္ဟာ ျမန္မာႏိုင္ငံရဲ႕ အဓိကရင္းႏွီးျမဳပ္ႏွံတဲ့ ႏိုင္ငံျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္းမွာ တ႐ုတ္ရဲ႕ လုပ္လက္စ စီမံကိန္းေတြ အမ်ားအျပားရွိသလို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔ စီစဥ္ေနတဲ့ စီမံကိန္း ေတြကလည္း အမ်ားအျပားရွိေနပါတယ္။

တ႐ုတ္သမၼတ ရွီက်င္းဖ်င္ရဲ႕ အခုလ ၁၇ ရက္ေန႔နဲ႔ ၁၈ ရက္ေန႔ ျမန္မာျပည္ခရီးစဥ္မွာ ႏိုင္ငံေတာ္သမၼ တ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔နဲ႔ သီးသန႔္စီေတြ႕ဆုံဖို႔ ရွိေပမယ့္ ျမန္မာျပည္တြင္း တ႐ုတ္ကုမၸဏီေတြ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတဲ့ စီမံကိန္း ဧရိယာေတြကိုေတာ့ သမၼတရွီက သြားေရာက္ဖို႔ မရွိပါဘူး။

ဒါေပမဲ့လို႔ တ႐ုတ္စီမံကိန္းဧရိယာအတြင္းက ေဒသခံေတြကေတာ့ တ႐ုတ္သမၼတ သိေစဖို႔ တင္ျပလိုတဲ့ အေၾကာင္းအရာေတြ ရွိေနပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက တ႐ုတ္ကုမၸဏီ ဝမ္ေပါင္နဲ႔ ျမန္မာရန္စီတို႔ အေကာင္အထည္ေဖာ္ ေနၾကတဲ့ ေၾကးနီစီမံကိန္း၊ တ႐ုတ္ႏိုင္ငံပိုင္ေကာ္ပိုေရးရွင္း CITIC  က အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ဖို႔ ရွိေနတဲ့ ရခိုင္ျပည္နယ္အတြင္းက ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္း၊ ကခ်င္ျပည္ နယ္အတြင္း တ႐ုတ္ႏိုင္ငံ လွ်ပ္စစ္ဓါတ္အားရင္းႏွီးျမဳပ္ႏွံမႈ ေကာ္ပိုေရးရွင္း SPIC က အေကာင္အထည္ ေဖာ္ဖို႔ရွိတဲ့ ျမစ္ဆုံစီမံကိန္း ဧရိယာက ေဒသခံေတြကို တ႐ုတ္သမၼတထံ တင္ျပလိုတဲ့ အေၾကာင္းအရာ  ေတြကို RFA က ေမးၾကည့္ခဲ့ပါတယ္။

“က်ေနာ္တို႔ ေက်း႐ြာေတြက ေျမေအာက္ေရပ်က္လို႔ ပိုက္လိုင္းက ေရမေပးႏိုင္တာ၊ ကုမၸဏီက လိုအပ္ေနတာေတြဆို တခ်ိဳ႕ဟာေတြ အစိုးရေတာင္မသိဘူး။ သူတို႔ဟာသူတို႔ လုပ္သြားၾကတာ။ အဓိက ဘယ္လိုကိစၥေတြလည္းဆို သူတို႔က တန္ျပည့္မွီဖို႔အေရး၊ ေျမယာတိုးခ်ဲ႕ဖို႔အေရးတို႔။ တ႐ုတ္စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး လက္ေတြ႕ခံစားေနရတာ။ က်ေနာ္တို႔ဆို ရန္စီေကာ၊ ဝမ္ေပါင္ေကာ၊ အဲဒီမွာ တကယ္ ထိခိုက္နစ္နာတဲ့ လူေတြအေပၚမွာ ေျပလည္ေအာင္မေျဖရွင္းဘဲ သူတို႔အက်ိဳးစီးပြား တစ္ခု ရဖို႔အတြက္ လုပ္ေနတာေတြကိုေတာ့ မျဖစ္သင့္ဘူးေပါ့ဗ်ာ။ ဒါေတြကို တ႐ုတ္သမၼတအေနနဲ႔ သူ႔ႏိုင္ငံက ကုမၸဏီေတြကို ေျပာေစခ်င္တာေပါ့ဗ်ာ။”

ဒါက စပယ္ေတာင္နဲ႔ ေၾကးစင္ေတာင္ ေၾကးနီထုတ္လုပ္ေရး ဧရိယာျဖစ္တဲ့ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ကံကုန္းေက်း႐ြာက ေဒသခံ ဦးတင့္ေအာင္စိုး ေျပာသြားတာပါ။

ေၾကးနီထုတ္လုပ္ေရး စီမံကိန္းေတြေၾကာင့္ သူတို႔႐ြာဟာ ေျမေအာက္ေရပ်က္စီးခဲ့ပါတယ္။

ဆားလင္းႀကီးၿမိဳ႕နယ္ အတြင္းက ကံကုန္း၊ ဒုံးေတာ၊ ဂုန္ေတာ အစရွိတဲ့ ေက်း႐ြာေတြဟာ ေျမေအာက္ေရ ပ်က္စီးမႈေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္ထဲက ေသာက္သုံးေရ ရွားပါးမႈဒဏ္ကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဒီအခက္အခဲကို ေျဖရွင္းဖို႔ ခ်င္းတြင္းျမစ္ေရကေန ပိုက္လိုင္းဆြဲၿပီး ႐ြာေတြကို ေသာက္သုံးေရေပးဖို႔ ကုမၸဏီနဲ႔ အစိုးရထံ ေဒသခံေတြက ေတာင္းဆိုထားေပမယ့္ မရရွိေသးပါဘူး။

ကုမၸဏီက လိုအပ္တဲ့ ေရအတြက္ ခ်င္းတြင္းျမစ္ကေန ပိုက္လိုင္းဆြဲတာကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉ ဒီဇင္ဘာလ အတြင္းက ေဆာင္႐ြက္ခဲ့တယ္လို႔ ေျပာပါတယ္။

ဒီေန႔မွာလည္း ကခ်င္အရပ္ဘက္အဖြဲ႕အစည္းေတြက သမၼတရွီထံ ျမစ္ဆုံေရကာတာကို အၿပီးတိုင္ ဖ်တ္သိမ္း ေပးဖို႔အိတ္ဖြင့္ ေပးစာေပးပို႔ခဲ့ပါတယ္။

အဲဒီစာမွာ ကခ်င္ျပည္နယ္မွာ တ႐ုတ္စီမံကိန္းေတြျဖစ္တဲ့ ကန္ပိုက္တီ နယ္စပ္ကုန္သြယ္ေရးဇုန္၊ ျမစ္ႀကီးနား စီးပြားေရးဇုန္စီမံကိန္းေတြအျပင္ ေက်ာက္စိမ္းလုပ္ငန္း၊ တစ္သွ်ဴးငွက္ေပ်ာနဲ႔ ႀကံစိုက္ပ်ိဳးမႈ၊ ေျမရွားသတၱဳ တူးေဖာ္ေရး လုပ္ငန္းေတြရွိတယ္လို႔ ေရးသားထားပါတယ္။

အဲဒီစီမံကိန္းေတြမွာ ေျမယာျပႆနာေတြ၊ သဘာဝပတ္ဝန္းက်င္ ျပႆနာေတြရွိသလို သမိုင္းဝင္ ေနရာေတြ ပ်က္စီးၿပီး ေဒသခံေတြရဲ႕ တည္ရွိမႈေတြကို ၿခိမ္းေျခာက္တဲ့ အျဖစ္မ်ိဳးေတြရွိေနတယ္လို႔  ေဖာ္ျပထားပါတယ္။

ဒါေတြကို တ႐ုတ္သမၼတ သိေစလိုတယ္လို႔ Kachin Development Networking Group ရဲ႕ အေထြေထြ အတြင္းေရးမႉးျဖစ္သူ ျမစ္ႀကီးနားေဒသခံ ဦးစာဂ်ီးက ေျပာပါတယ္။

“ရပ္႐ြာေဒသကို ဆိုးက်ိဳးျဖစ္မယ့္ ထိခိုက္မယ့္ဟာေတြကို ေရွာင္ရွားေပးပါ။ တျခားစီးပြားေရးဇုန္ေတြ စက္မႈဇုန္ေတြလုပ္တဲ့အခါ ကိုယ့္ရဲ႕ အက်ိဳးစီးပြားတစ္ခုတည္းပဲ ထည့္သြင္းစဥ္းစားတာမဟုတ္ဘဲ ျမန္မာႏိုင္ငံ ျပည္သူျပည္သားကိုလည္း လူသားခ်င္း စာနာေထာက္ထားဖို႔ ေကာင္းတယ္ေပါ့။”

ဒီစီမံကိန္းဧရိယာေတြက ေဒသခံေတြနဲ႔ အရပ္ဘက္ အဖြဲ႕အစည္းေတြအေနနဲ႔ တ႐ုတ္သမၼတ ခရီးစဥ္အတြင္း သူတို႔ လိုလားခ်က္ေတြကို ဆႏၵထုတ္ေဖာ္ဖို႔ အစီစဥ္မရွိဘူးလို႔ ေျပာပါတယ္။

ေက်ာက္ျဖဴေဒသခံ ဦးထြန္းၾကည္ ကလည္း တိုက္ပြဲေတြ ေလ်ာ့ခ်ေရးအတြက္ တ႐ုတ္သမၼတအေနနဲ႔ ကူညီ ေဆာင္႐ြက္ေပးသင့္ၿပီး ရခိုင္ျပည္နယ္ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္း ျဖစ္သြားတဲ့အခ်ိန္မွာ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္လို စီမံကိန္းေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးသင့္တယ္လို႔ ေျပာပါတယ္။

“ေဒသခံေတြကို ဒီစီမံကိန္းနဲ႔ ပတ္သက္လို႔ ေရေရလည္လည္ နားလည္ႏိုင္တဲ့ အေျခအေနမ်ိဳး အစိုးရ ဘက္ကေကာ၊ ကုမၸဏီဘက္ကေကာ လာေရာက္ရွင္းျပတာမရွိေသးဘူး။ ဒီစီမံကိန္းကို ႐ုတ္တရက္ လက္မွတ္ေရးထိုးမယ္ ဆိုတာကေတာ့ နည္းနည္း ျမန္တယ္လို႔ က်ေနာ္ကေတာ့ ျမင္တယ္။ တ႐ုတ္သမၼတအေနနဲ႔ ၿငိမ္းခ်မ္းေရးကို ကူညီေပးသင့္တယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးႏိုင္တဲ့ အေျခအေန ေရာက္သြားၿပီ။ ရခိုင္ျပည္နယ္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္သြားတဲ့ အေျခအေနေရာက္သြားမွ အခုလို စီမံကိန္းေတြကို ဆက္ၿပီးေတာ့ ေဆြးေႏြးသင့္တယ္လို႔ က်ေနာ့္ အေနနဲ႔ ျမင္တယ္။”

လက္ေတြ႕မွာေတာ့ ဦးထြန္းၾကည္တို႔ ေမွ်ာ္လင့္သလို အေျခအေနက မျဖစ္ႏိုင္ပါဘူး။

ျမန္မာအစိုးရဘက္က စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက အခုလ ၉ ရက္ေန႔က တ႐ုတ္သမၼတ ရွီက်င္းဖ်င္ရဲ႕ ခရီးစဥ္အတြင္း ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းနဲ႔ ပတ္သက္တဲ့ သေဘာတူစာခ်ဳပ္ ႏွစ္ခုအပါအဝင္ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူ စာခ်ဳပ္ေတြကို အစိုးရနဲ႔ လက္မွတ္ေရးထိုးဖို႔ ရွိတယ္လို႔ တရားဝင္ထုတ္ေျပာထားၿပီး ျဖစ္ပါတယ္။

ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း စီမံကိန္းအတြက္ ျမန္မာနဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံ မူေဘာင္ သေဘာတူ လက္မွတ္ ေရးထိုးခဲ့တာရွိၿပီး အဲဒီမူေဘာင္ သေဘာတူညီခ်က္ထဲမွာပါတဲ့ လုပ္ငန္း ခုႏွစ္ခုထဲက ႏွစ္ခုကို တ႐ုတ္သမၼတနဲ႔ လက္မွတ္ထိုးမွာ ျဖစ္တယ္လို႔ ဒုတိယဝန္ႀကီးက အခုလ ၉ ရက္ေန႔မွာ  ေနျပည္ေတာ္ က သတင္းေထာက္ေတြကို ေျပာထားပါတယ္။

ဒါ့အျပင္ ဆန္နဲ႔ ဆန္ကြဲ တင္ပို႔ေရး၊ ကြၽဲႏြားအရွင္ေတြ တင္ပို႔ေရးနဲ႔ တစ္သွ်ဴးငွက္ေပ်ာ တင္ပို႔ေရး ကိစၥေတြကိုပါ ႏွစ္ဖက္သေဘာတူ လက္မွတ္ေရးထိုးဖို႔ ရွိပါတယ္။

အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြကေတာ့ တ႐ုတ္သမၼတခရီးစဥ္ကေန ျမန္မာႏိုင္ငံအတြက္ အက်ိဳးျမတ္  ေကာင္းေတြရေအာင္ ေဆာင္႐ြက္ႏိုင္မယ္လို႔ ေျပာဆိုေနၾကပါတယ္။

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က သမၼတရွီက်င္းဖ်င္ရဲ႕ ခရီးစဥ္မွာ ထိေရာက္ေကာင္းမြန္တဲ့ ရလဒ္ေကာင္းေတြ ေပၚထြက္လာဖို႔  ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ မေန႔က ရန္ကုန္ၿမိဳ႕မွာ က်င္းပတဲ့ တ႐ုတ္ - ျမန္မာ ေဆြးေႏြးပြဲ တစ္ခုမွာ ေျပာသြားပါတယ္။

“သမၼတရွီရဲ႕ ခရီးစဥ္မွာ ထိေရာက္ေကာင္းမြန္တဲ့ ရလဒ္ေကာင္းေတြ အမ်ားအျပား ထြက္ေပၚလာေစေရးနဲ႔ လႈိက္လွဲစြာ ႀကိဳဆိုေရးအတြက္ ညႇိႏႈိင္းေပးေနတဲ့ ဌာနျဖစ္ပါတယ္။ မိမိတို႔ ျမန္မာႏိုင္ငံအေနနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေအာင္ျမင္ေစေရး၊ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး၊ ဆင္းရဲမႈ ပေပ်ာက္ေစေရး၊ ႏိုင္ငံစီးပြား ေခတ္မွီတိုးတက္ေရးတို႔ကို အေကာင္အထည္ ေဖာ္ေဆာင္ရာမွာ တ႐ုတ္ႏိုင္ငံရဲ႕ စိတ္ရင္းေစတနာ ေကာင္းစြာ ပံ့ပိုးကူညီမႈ နားလည္စာနာေပးမႈ မ်ားစြာေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ ဆက္လက္ၿပီးေတာ့ ကူညီပံ့ပိုးေစလိုပါတယ္။”

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သန္းျမင့္ကလည္း သမၼတရွီရဲ႕ ဒီခရီးစဥ္ေၾကာင့္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမူနဲ႔ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးတက္လာမွာ ျဖစ္သလို ကုန္သြယ္ေရး အပိုင္းမွာလည္း လက္ရွိထက္ တိုးတက္ လာမယ္လို႔  ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံအတြက္ အဓိက ရင္းႏွီးျမဳပ္ႏွံသူျဖစ္ၿပီး တ႐ုတ္ႏိုင္ငံစီးပြားေရးနဲ႔ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာနရဲ႕ အခ်က္အလက္ေတြအရ ျမန္မာႏိုင္ငံမွာတ႐ုတ္ႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈဟာ ၂၀၁၈ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၄၆၈၀ သန္း ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၁၀၅ သန္းနဲ႔ အသစ္ တည္ေဆာက္မယ့္ ရင္းႏွီးျမဳပ္ႏွံမႈမွာ သန္း ၄၇၇၀ စာခ်ဳပ္တန္ဖိုးရွိတယ္လို႔ သိရပါ တယ္။

ေဒသခံေတြကေတာ့ တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံၾကား စီးပြားေရးစီမံကိန္းေတြမွာ ေဒသခံေတြရဲ႕ သေဘာ တူညီခ်က္ဦးစြာရယူဖို႔၊ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ႏိုင္ငံတကာစံႏႈန္းေတြကို ေလးစားဖို႔၊ သဘာဝပတ္ဝန္း က်င္ ထိခိုက္ပ်က္စီးမႈ မရွိေစဖို႔၊ ပြင့္လင္းျမင္သာမႈရွိဖို႔ ေတာင္းဆိုေနၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တရုတ်စီမံကိန်း ဧရိယာက ဒေသခံတွေရဲ့ အခက်အခဲတွေ တရုတ်သမ္မတထံ တင်ပြလို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြုပ်နှံတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ လုပ်လက်စ စီမံကိန်းတွေ အများအပြားရှိသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ စီမံကိန်း တွေကလည်း အများအပြားရှိနေပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်သမ္မ တ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးသန့်စီတွေ့ဆုံဖို့ ရှိပေမယ့် မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်း ဧရိယာတွေကိုတော့ သမ္မတရှီက သွားရောက်ဖို့ မရှိပါဘူး။

ဒါပေမဲ့လို့ တရုတ်စီမံကိန်းဧရိယာအတွင်းက ဒေသခံတွေကတော့ တရုတ်သမ္မတ သိစေဖို့ တင်ပြလိုတဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ မြန်မာရန်စီတို့ အကောင်အထည်ဖော် နေကြတဲ့ ကြေးနီစီမံကိန်း၊ တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း CITIC  က အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ ကချင်ပြည် နယ်အတွင်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း SPIC က အကောင်အထည် ဖော်ဖို့ရှိတဲ့ မြစ်ဆုံစီမံကိန်း ဧရိယာက ဒေသခံတွေကို တရုတ်သမ္မတထံ တင်ပြလိုတဲ့ အကြောင်းအရာ  တွေကို RFA က မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့ ကျေးရွာတွေက မြေအောက်ရေပျက်လို့ ပိုက်လိုင်းက ရေမပေးနိုင်တာ၊ ကုမ္ပဏီက လိုအပ်နေတာတွေဆို တချို့ဟာတွေ အစိုးရတောင်မသိဘူး။ သူတို့ဟာသူတို့ လုပ်သွားကြတာ။ အဓိက ဘယ်လိုကိစ္စတွေလည်းဆို သူတို့က တန်ပြည့်မှီဖို့အရေး၊ မြေယာတိုးချဲ့ဖို့အရေးတို့။ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်တွေ့ခံစားနေရတာ။ ကျနော်တို့ဆို ရန်စီကော၊ ဝမ်ပေါင်ကော၊ အဲဒီမှာ တကယ် ထိခိုက်နစ်နာတဲ့ လူတွေအပေါ်မှာ ပြေလည်အောင်မဖြေရှင်းဘဲ သူတို့အကျိုးစီးပွား တစ်ခု ရဖို့အတွက် လုပ်နေတာတွေကိုတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါတွေကို တရုတ်သမ္မတအနေနဲ့ သူ့နိုင်ငံက ကုမ္ပဏီတွေကို ပြောစေချင်တာပေါ့ဗျာ။”

ဒါက စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီထုတ်လုပ်ရေး ဧရိယာဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာက ဒေသခံ ဦးတင့်အောင်စိုး ပြောသွားတာပါ။

ကြေးနီထုတ်လုပ်ရေး စီမံကိန်းတွေကြောင့် သူတို့ရွာဟာ မြေအောက်ရေပျက်စီးခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် အတွင်းက ကံကုန်း၊ ဒုံးတော၊ ဂုန်တော အစရှိတဲ့ ကျေးရွာတွေဟာ မြေအောက်ရေ ပျက်စီးမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲက သောက်သုံးရေ ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီအခက်အခဲကို ဖြေရှင်းဖို့ ချင်းတွင်းမြစ်ရေကနေ ပိုက်လိုင်းဆွဲပြီး ရွာတွေကို သောက်သုံးရေပေးဖို့ ကုမ္ပဏီနဲ့ အစိုးရထံ ဒေသခံတွေက တောင်းဆိုထားပေမယ့် မရရှိသေးပါဘူး။

ကုမ္ပဏီက လိုအပ်တဲ့ ရေအတွက် ချင်းတွင်းမြစ်ကနေ ပိုက်လိုင်းဆွဲတာကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ အတွင်းက ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့မှာလည်း ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက သမ္မတရှီထံ မြစ်ဆုံရေကာတာကို အပြီးတိုင် ဖျတ်သိမ်း ပေးဖို့အိတ်ဖွင့် ပေးစာပေးပို့ခဲ့ပါတယ်။

အဲဒီစာမှာ ကချင်ပြည်နယ်မှာ တရုတ်စီမံကိန်းတွေဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဇုန်၊ မြစ်ကြီးနား စီးပွားရေးဇုန်စီမံကိန်းတွေအပြင် ကျောက်စိမ်းလုပ်ငန်း၊ တစ်သျှူးငှက်ပျောနဲ့ ကြံစိုက်ပျိုးမှု၊ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေရှိတယ်လို့ ရေးသားထားပါတယ်။

အဲဒီစီမံကိန်းတွေမှာ မြေယာပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင် ပြဿနာတွေရှိသလို သမိုင်းဝင် နေရာတွေ ပျက်စီးပြီး ဒေသခံတွေရဲ့ တည်ရှိမှုတွေကို ခြိမ်းခြောက်တဲ့ အဖြစ်မျိုးတွေရှိနေတယ်လို့  ဖော်ပြထားပါတယ်။

ဒါတွေကို တရုတ်သမ္မတ သိစေလိုတယ်လို့ Kachin Development Networking Group ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မြစ်ကြီးနားဒေသခံ ဦးစာဂျီးက ပြောပါတယ်။

“ရပ်ရွာဒေသကို ဆိုးကျိုးဖြစ်မယ့် ထိခိုက်မယ့်ဟာတွေကို ရှောင်ရှားပေးပါ။ တခြားစီးပွားရေးဇုန်တွေ စက်မှုဇုန်တွေလုပ်တဲ့အခါ ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုတည်းပဲ ထည့်သွင်းစဉ်းစားတာမဟုတ်ဘဲ မြန်မာနိုင်ငံ ပြည်သူပြည်သားကိုလည်း လူသားချင်း စာနာထောက်ထားဖို့ ကောင်းတယ်ပေါ့။”

ဒီစီမံကိန်းဧရိယာတွေက ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ တရုတ်သမ္မတ ခရီးစဉ်အတွင်း သူတို့ လိုလားချက်တွေကို ဆန္ဒထုတ်ဖော်ဖို့ အစီစဉ်မရှိဘူးလို့ ပြောပါတယ်။

ကျောက်ဖြူဒေသခံ ဦးထွန်းကြည် ကလည်း တိုက်ပွဲတွေ လျော့ချရေးအတွက် တရုတ်သမ္မတအနေနဲ့ ကူညီ ဆောင်ရွက်ပေးသင့်ပြီး ရခိုင်ပြည်နယ် ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်သွားတဲ့အချိန်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်လို စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။

“ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ရေရေလည်လည် နားလည်နိုင်တဲ့ အခြေအနေမျိုး အစိုးရ ဘက်ကကော၊ ကုမ္ပဏီဘက်ကကော လာရောက်ရှင်းပြတာမရှိသေးဘူး။ ဒီစီမံကိန်းကို ရုတ်တရက် လက်မှတ်ရေးထိုးမယ် ဆိုတာကတော့ နည်းနည်း မြန်တယ်လို့ ကျနော်ကတော့ မြင်တယ်။ တရုတ်သမ္မတအနေနဲ့ ငြိမ်းချမ်းရေးကို ကူညီပေးသင့်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်တဲ့ အခြေအနေ ရောက်သွားပြီ။ ရခိုင်ပြည်နယ် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတဲ့ အခြေအနေရောက်သွားမှ အခုလို စီမံကိန်းတွေကို ဆက်ပြီးတော့ ဆွေးနွေးသင့်တယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။”

လက်တွေ့မှာတော့ ဦးထွန်းကြည်တို့ မျှော်လင့်သလို အခြေအနေက မဖြစ်နိုင်ပါဘူး။

မြန်မာအစိုးရဘက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အခုလ ၉ ရက်နေ့က တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ခရီးစဉ်အတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ သဘောတူစာချုပ် နှစ်ခုအပါအဝင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တွေကို အစိုးရနဲ့ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ တရားဝင်ထုတ်ပြောထားပြီး ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ မူဘောင် သဘောတူ လက်မှတ် ရေးထိုးခဲ့တာရှိပြီး အဲဒီမူဘောင် သဘောတူညီချက်ထဲမှာပါတဲ့ လုပ်ငန်း ခုနှစ်ခုထဲက နှစ်ခုကို တရုတ်သမ္မတနဲ့ လက်မှတ်ထိုးမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက အခုလ ၉ ရက်နေ့မှာ  နေပြည်တော် က သတင်းထောက်တွေကို ပြောထားပါတယ်။

ဒါ့အပြင် ဆန်နဲ့ ဆန်ကွဲ တင်ပို့ရေး၊ ကျွဲနွားအရှင်တွေ တင်ပို့ရေးနဲ့ တစ်သျှူးငှက်ပျော တင်ပို့ရေး ကိစ္စတွေကိုပါ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ တရုတ်သမ္မတခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် အကျိုးမြတ်  ကောင်းတွေရအောင် ဆောင်ရွက်နိုင်မယ်လို့ ပြောဆိုနေကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သမ္မတရှီကျင်းဖျင်ရဲ့ ခရီးစဉ်မှာ ထိရောက်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့  ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ် - မြန်မာ ဆွေးနွေးပွဲ တစ်ခုမှာ ပြောသွားပါတယ်။

“သမ္မတရှီရဲ့ ခရီးစဉ်မှာ ထိရောက်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ အများအပြား ထွက်ပေါ်လာစေရေးနဲ့ လှိုက်လှဲစွာ ကြိုဆိုရေးအတွက် ညှိနှိုင်းပေးနေတဲ့ ဌာနဖြစ်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်စေရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဆင်းရဲမှု ပပျောက်စေရေး၊ နိုင်ငံစီးပွား ခေတ်မှီတိုးတက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရာမှာ တရုတ်နိုင်ငံရဲ့ စိတ်ရင်းစေတနာ ကောင်းစွာ ပံ့ပိုးကူညီမှု နားလည်စာနာပေးမှု များစွာကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆက်လက်ပြီးတော့ ကူညီပံ့ပိုးစေလိုပါတယ်။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကလည်း သမ္မတရှီရဲ့ ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမူနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမှာ ဖြစ်သလို ကုန်သွယ်ရေး အပိုင်းမှာလည်း လက်ရှိထက် တိုးတက် လာမယ်လို့  ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အဓိက ရင်းနှီးမြုပ်နှံသူဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာတရုတ်နိုင်ငံရင်းနှီးမြုပ်နှံမှုဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၆၈၀ သန်း ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ အသစ် တည်ဆောက်မယ့် ရင်းနှီးမြုပ်နှံမှုမှာ သန်း ၄၇၇၀ စာချုပ်တန်ဖိုးရှိတယ်လို့ သိရပါ တယ်။

ဒေသခံတွေကတော့ တရုတ် - မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးစီမံကိန်းတွေမှာ ဒေသခံတွေရဲ့ သဘော တူညီချက်ဦးစွာရယူဖို့၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားဖို့၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုနေကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္စီမံကိန္း ဧရိယာက ေဒသခံေတြရဲ႕ အခက္အခဲေတြ တ႐ုတ္သမၼတထံ တင္ျပလို တ႐ုတ္စီမံကိန္း ဧရိယာက ေဒသခံေတြရဲ႕ အခက္အခဲေတြ တ႐ုတ္သမၼတထံ တင္ျပလို Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.