ပဲခူး ေက်ာက္ႀကီးမွာ တပ္မေတာ္ရိကၡာယာဥ္တန္း တိုက္ခိုက္ခံရ

ေက်ာက္ၾကီးျမိဳ႕နယ္အတြင္း မိုင္းဆြဲတိုက္ခိုက္ခံရေသာ တပ္မေတာ္ယာဥ္တန္း။( ဓါတ္ပုံခရစ္ဒစ္- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး)

(Zawgyi/ Unicode)

ျမန္မာအစိုးရျငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕နဲ႕ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တို႕အၾကား လာမယ့္ ေဖေဖၚ၀ါရီလ ဆန္း ေလာက္ မွာ ေတြ႕ဆုံေဆြးနိုင္ဖို႕ စီစဥ္ေနဆဲမွာဘဲ NCA အပစ္ရပ္အဖြဲ႕ျဖစ္တဲ့ ကရင္အမ်ိဳးသား အစည္းအရံုး KNUနဲ႕ ျမန္မာစစ္တပ္ တို႕အၾကား ေဒသအတြင္း စစ္ေရးတင္းမာမွဳေတြ ရွိလာေနတာပါ။

စစ္ေရး တင္းမာမႈ ျဖစ္ေပၚလာတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က ဆက္သြယ္ေမးျမန္းၿပီး သတင္းေပးပို႕ထား ပါတယ္။

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မူသဲေက်းရြာအေရွ႕ဘက္မွာ လမ္းေဖာက္လုပ္ေနတဲ့ အင္ဂ်င္နီယာ တပ္ဖြဲ႕ ၀င္ေတြနဲ႕ လံုၿခံဳေရး တပ္ဖြဲ႕၀င္ေတြ အတြက္ လိုအပ္တဲ့ စားနပ္ရိကၡာ ေတြ သြားေရာက္ပို႔ေဆာင္တဲ့ တပ္မေတာ္ယာဥ္ တန္းကို KNU အဖြဲ႕ကမိုင္းေထာင္ ေဖာက္ခြဲခဲ့တာေၾကာင့္ ထိခိုက္မွဳေတြရွိခဲ့တယ္လို႕ တပ္မေတာ္သတင္းမွန္ျပန္ ၾကားေရးအဖြဲ႕ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“ကြ်န္ေတာ္တို႕အေနနဲ႕က အဲဒီဘက္မွာကစခန္းေတြရွိတာေပါ့။ အဲဒီစခန္းေတြက (၂၀၀၄)(၂၀၀၅) ခုႏွစ္ကတည္းက စတည္တဲ့စခန္းေတြပါ။ အရင္ကတည္းကရွိၿပီးေတာ့ ႏွစ္စဥ္ဘဲ ရိကၡာ ပို႕ေနက်ျဖစ္တယ္။ ရိကၡာနဲ႕ပက္သက္ျပီး လမ္း ေၾကာင္းျပဳျပင္တာရွိတယ္။ ဒီၾကားထဲမွာဘဲ ကြ်န္ေတာ္တို႕က အုပ္ခ်ဳပ္မွဳ ကိစၥေဆာင္ရြက္ဖို႕ရိကၡာပို႕တဲ့အခါမွာေတာ့ မိုင္းေထာင္တဲ့အတြက္ ထိခိုက္တာမ်ိဳးရွိတယ္။ အဲဒီမွာေတာ့ သူတို႕ေျပာေနတာ ရွိတာေပါ့။ ဒီမိုင္းသူတို႕ဟာနဲ႕ပက္သက္ လို႕က က်ဴးေက်ာ္ ၀င္ေရာက္လာလို႕ ဘာတို႕ေျပာတာ။ ဒါေတြက အရင္က ရွိျပီးတာဟာေတြ လဲျဖစ္တယ္။”

ဇန္န၀ါ ရီလ ၂၈ ရက္က မူသဲေက်းရြာအလြန္ တပ္မေတာ္ယာဥ္ တန္းမိုင္းဆြဲခံရျပီး ေမာ္ေတာ္ယာဥ္ ၁ စီး နဲ႕ဆန္အိတ္ ေတြေတာ္ေတာ္ မ်ားမ်ား ပ်က္စီးဆံုး႐ံႈးခဲ့တယ္လို႕ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ ထားပါတယ္။

ပဲခူးတိုင္းေက်ာက္ႀကီးၿမိဳ႕နယ္နဲ႕ ကရင္ျပည္နယ္ဖားပြန္ၿမိဳ႕နယ္အတြင္းတပ္မေတာ္ကေန လမ္းေဖာက္လုပ္ မွဳအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႕ KNU အဆင့္ျမင့္အရာရွိတုိ႕ အၾကား ညိွႏွိဳင္းေဆြးေႏြးမွဳ ရွိေနေပမဲ့ ေဒသ အတြင္း အေျချပဳေနတဲ့ KNU တပ္ဖြဲ႕ေတြကေန ေႏွာက္ယွက္ ပစ္ခတ္ တိုက္ခိုက္မွဳေတြ လုပ္ေဆာင္ေနတာလို႕လဲ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

“တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႕ KNU ဥကၠဌနဲ ကေတြ႕တဲ့ အခ်ိန္မွာေကာ အဲဒီေနာက္ပိုင္း အေျခအေနမွာေကာ ေနာက္ပိုင္း ဆိုတာကေတာ့ ေက်ာက္ၾကီးမွာ လုပ္ခဲ့တဲ့ေတြ႕ဆုံပြဲေတြ မွာေရာ KNU တပ္မဟာ (၂)(၃)(၅) အဖြဲ႕ တာ၀န္ရွိ သူေတြေတြ႕ဆုံ အခါမွာေရာ ေျပာျပၿပီး ျဖစ္တယ္။ ညိွႏွိဳင္းထားတဲ့ၾကားထဲကမွ ျဖစ္လာတဲ့ ဟာေတြပါဘဲ။ ျပီးရင္တပ္ရင္းမွဴး တေယာက္ (၂၇) ရက္ေန႕က က်သြားတာ ရွိ တယ္။ အဲဒီမွာလဲ သူတို႕ေျပာေနတဲ့ ပုံစံကေတာ့ မိုင္းရွင္းလင္းရင္းနဲ ႕ျဖစ္ခဲ့တာဟာေတြ ဆိုျပီးေျပာတယ္။ သို႕ေသာ္လဲ ပုံေတြ ၾကည့္လိုက္ပါ။ လမ္းေပၚ တဲ့တဲ့မွာဘဲ ေထာင္ထားတဲ့ ဟာေတြ႕ရမယ္။ ဒါနဲ႔ပက္သက္ၿပီး ကြ်န္ေတာ္တို႕ အေနနဲ႕ လုံျခံဳေရးအရ ဆက္လက္ေဆာင္ရြက္ သင့္တဲ့ဟာေတြ ဆက္လက္ေဆာင္ရြက္ သြားမွာျဖစ္တယ္။”

ေက်ာက္ၾကီးၿမိဳ႕ KNU ဆက္ဆံေရးရံုး တာ၀န္ရွိသူ တဦးျဖစ္တဲ့ ဗိုလ္ႀကီးေစာသိုးမားကို ဆက္သြယ္ေမးျမန္း ရာမွာ ဇန္န၀ါ ရီလ ၂၈ ရက္က မူသဲေက်းရြာအလြန္ KNU တပ္မဟာ(၃) နဲ႕ တပ္မဟာ(၅) အစပ္မွာ ႏွစ္ဖက္ ထိေတြ႕မွဳ ျဖစ္ပြားခဲ့တာ ကို အတည္ျပဳေပမဲ့ ထိခိုက္မွဳကိုေတာ့ မသိရွိဘူးလို႕ဆိုပါတယ္။

“အဲဒီဖက္ျခမ္းက်ေတာ့ ထိခိုက္နယ္ေျမျဖစ္ေတာ့ (၅)နဲ႕(၃)နဲ႕အစပ္ေပါ့။ အဲဒီမွာ ၾကားေတာ့ၾကားတယ္ အဲဒီမွာ။ တပ္ ရိကၡာေပါ့ အဲဒီမွာ။ တခု ႏွစ္ခု ထိသြားတာေပါ့ အဲဒီမွာ။ ထိခိုက္မွဳကေတာ့ ကြ်န္ေတာ္တို႕ကလဲ ေက်ာက္ၾကီးၿမိဳ႕ေပၚမွာဘဲ ေနေနတယ္ ဆိုေတာ့ သိပ္ျပီးေတာ့ဟိုဥစၥာ ေသေသခ်ာခ်ာ မသိရဘူး။ ဟုတ္တယ္။ ျဖစ္တာေတာ့ျဖစ္တယ္။”

ေက်ာက္ၾကီးၿမိဳ႕နယ္ဘက္မွာ လမ္းေဖာက္လုပ္မွဳကိစၥေၾကာင့္ တပ္မေတာ္နဲ႕ KNUတို႕အၾကား ပဋိပကၡျဖစ္ပြါးတာ ရွိခဲ့သလို ဒီစစ္ေရးတင္းမာမွဳျဖစ္စဥ္ အတြင္း အရပ္သားေတြ သြားလာမွဳကန္႕သတ္ခံေနရတယ္လို႕ ေက်ာက္ၾကီးျမိဳ႕နယ္ ကရင္ စာေပနဲ႕ ယဥ္ေက်းမွဳ တာ၀န္ခံ မန္းဇင္ကေျပာပါတယ္။

“လမ္းေဖာက္လုပ္မွဳကိစၥနဲ႕ပက္သက္ေတာ့ ပဋိပကၡေတာ့ရွိၾကတယ္ေပါ့။ ပစ္ၾကခတ္ၾက လို႕ေတာ့ ၾကားရတာ ဘဲေလ။ ရြာသားေတြ ကေတာ့ အဲဒီအခ်ိန္ ေတာအတြင္းမွာေတာ့ တပ္ဘက္က အသြားအလာေတြေတာ့ ကန္႕သတ္ထားတာ ေပါ့ေနာ္။”

ဇန္န၀ါရီ(၂၇)ရက္ေန႕မွာလဲ ကရင္ျပည္နယ္ ဖါးပြန္ျမိဳ႕နယ္အတြင္း နယ္ေျမလုံျခံဳေရးေဆာင္ရြက္ေနတဲ့ တပ္မေတာ္ စစ္ေၾကာင္းကို KNU တပ္ဖြဲ႕ေတြ ကေန မိုင္းခြဲ တိုက္ခိုက္ခဲ့လို႕ ျမန္မာစစ္တပ္ အရာရွိတဦး က်ဆုံးသြားတယ္လို႕ တပ္မေတာ္ဘက္ကေျပာပါတယ္။ ဒါေပမဲ့ KNU တပ္မဟာ (၅)ေျပာခြင့္ရ ဗိုလ္မႈးေစာကလယ္ဒို ကေတာ့ တပ္မဟာ(၅) နယ္ေျမအတြင္း ခြင့္ျပဳခ်က္မရဘဲ ျမန္မာစစ္တပ္က ၀င္ေရာက္လာျပီး KNU ဘက္က ေထာင္ထားတဲ့ ေမာ္ေတာ္ကားမိုင္းကို ေဖာက္ခြဲစဥ္ ထိခိုက္သြားတာ လို႕ေျပာဆိုခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ လကုန္ေလာက္မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႕ KNU ကရင္အမ်ိဳးသား အစည္းအ႐ံုး ဥကၠ႒ ေစာမူတူးေစးဖိုး တို႔ ေတြ႕ဆံုေဆြးေႏြးမႈမွာ တပ္မေတာ္ကေန စစ္ေရး ရည္မွန္းခ်က္မပါဘဲ လမ္းေၾကာင္း ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္း ကိစၥရပ္ေတြကိုလည္း ေဆြးေႏြးခဲ့ၾကသလို ေက်ာက္ ၾကီးၿမိဳ႕နယ္အတြင္း တပ္မေတာ္နယ္ေျမခံတာ၀န္ရွိေတြ KNU တပ္မဟာ(၃)ခုက တာ၀န္ရွိသူေတြပါ၀င္တဲ့ ေအာက္ေျခ အဆင့္ ေဆြးေႏြးၫႇိႏိႈင္းမႈမ်ား စုစုေပါင္း ၂ ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ တပ္မေတာ္အုပ္ခ်ဳပ္မႈလုပ္ငန္းနဲ႕ စားနပ္ရိကၡာပို႔ေဆာင္တဲ့ ယာဥ္တန္းေတြကို KNU အဖြဲ႕က မိုင္းေထာင္ ေဖာက္ခြဲ တိုက္ခိုက္မႈ ၃ ႀကိမ္၊ ထိေတြ႕တိုက္ခိုက္မႈ ၆ ႀကိမ္၊ မိုင္းနင္း/မိုင္းကြဲမႈ ၆ ႀကိမ္ရွိတဲ့အျပင္ လံုၿခံဳေရးတပ္ဖြဲ႕ ၀င္ေတြ ကေန ေဒသႏၲရ မုိင္းေဖာ္ထုတ္သိမ္းဆည္းႏိုင္မႈ ၈ ႀကိမ္ ရွိခဲ့တယ္လို႕ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ရံုးကေန မေန႕ကရက္စြဲနဲ႕ သတင္း ထုတ္ျပန္ထားပါတယ္။

......................

ပဲခူး ကျောက်ကြီးမှာ တပ်မတော်ရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရ

(Unicode)

မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား လာမယ့် ဖေဖေါ်ဝါရီလ ဆန်း လောက် မှာ တွေ့ဆုံဆွေးနိုင်ဖို့ စီစဉ်နေဆဲမှာဘဲ NCA အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNUနဲ့ မြန်မာစစ်တပ် တို့အကြား ဒေသအတွင်း စစ်ရေးတင်းမာမှုတွေ ရှိလာနေတာပါ။ စစ်ရေး တင်းမာမှု ဖြစ်ပေါ်လာတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထား ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာအရှေ့ဘက်မှာ လမ်းဖောက်လုပ်နေတဲ့ အင်ဂျင်နီယာ တပ်ဖွဲ့ ဝင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ တွေ သွားရောက်ပို့ဆောင်တဲ့ တပ်မတော်ယာဉ် တန်းကို KNU အဖွဲ့ကမိုင်းထောင် ဖောက်ခွဲခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့က အဲဒီဘက်မှာကစခန်းတွေရှိတာပေါ့။ အဲဒီစခန်းတွေက (၂၀၀၄)(၂၀၀၅) ခုနှစ်ကတည်းက စတည်တဲ့စခန်းတွေပါ။ အရင်ကတည်းကရှိပြီးတော့ နှစ်စဉ်ဘဲ ရိက္ခာ ပို့နေကျဖြစ်တယ်။ ရိက္ခာနဲ့ပက်သက်ပြီး လမ်း ကြောင်းပြုပြင်တာရှိတယ်။ ဒီကြားထဲမှာဘဲ ကျွန်တော်တို့က အုပ်ချုပ်မှု ကိစ္စဆောင်ရွက်ဖို့ရိက္ခာပို့တဲ့အခါမှာတော့ မိုင်းထောင်တဲ့အတွက် ထိခိုက်တာမျိုးရှိတယ်။ အဲဒီမှာတော့ သူတို့ပြောနေတာ ရှိတာပေါ့။ ဒီမိုင်းသူတို့ဟာနဲ့ပက်သက် လို့က ကျူးကျော် ဝင်ရောက်လာလို့ ဘာတို့ပြောတာ။ ဒါတွေက အရင်က ရှိပြီးတာဟာတွေ လဲဖြစ်တယ်။”

ဇန်နဝါ ရီလ ၂၈ ရက်က မူသဲကျေးရွာအလွန် တပ်မတော်ယာဉ် တန်းမိုင်းဆွဲခံရပြီး မော်တော်ယာဉ် ၁ စီး နဲ့ဆန်အိတ် တွေတော်တော် များများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန် ထားပါတယ်။

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ်ဖားပွန်မြို့နယ်အတွင်းတပ်မတော်ကနေ လမ်းဖောက်လုပ် မှုအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU အဆင့်မြင့်အရာရှိတို့ အကြား ညှိနှိုင်းဆွေးနွေးမှု ရှိနေပေမဲ့ ဒေသ အတွင်း အခြေပြုနေတဲ့ KNU တပ်ဖွဲ့တွေကနေ နှောက်ယှက် ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့လဲ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ KNU ဥက္ကဌနဲ ကတွေ့တဲ့ အချိန်မှာကော အဲဒီနောက်ပိုင်း အခြေအနေမှာကော နောက်ပိုင်း ဆိုတာကတော့ ကျောက်ကြီးမှာ လုပ်ခဲ့တဲ့တွေ့ဆုံပွဲတွေ မှာရော KNU တပ်မဟာ (၂)(၃)(၅) အဖွဲ့ တာဝန်ရှိ သူတွေတွေ့ဆုံ အခါမှာရော ပြောပြပြီး ဖြစ်တယ်။ ညှိနှိုင်းထားတဲ့ကြားထဲကမှ ဖြစ်လာတဲ့ ဟာတွေပါဘဲ။ ပြီးရင်တပ်ရင်းမှူး တယောက် (၂၇) ရက်နေ့က ကျသွားတာ ရှိ တယ်။ အဲဒီမှာလဲ သူတို့ပြောနေတဲ့ ပုံစံကတော့ မိုင်းရှင်းလင်းရင်းနဲ့ဖြစ်ခဲ့တာဟာတွေ ဆိုပြီးပြောတယ်။ သို့သော်လဲ ပုံတွေ ကြည့်လိုက်ပါ။ လမ်းပေါ် တဲ့တဲ့မှာဘဲ ထောင်ထားတဲ့ ဟာတွေ့ရမယ်။ ဒါနဲ့ပက်သက်ပြီး ကျွန်တော်တို့ အနေနဲ့ လုံခြုံရေးအရ ဆက်လက်ဆောင်ရွက် သင့်တဲ့ဟာတွေ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တယ်။”

ကျောက်ကြီးမြို့ KNU ဆက်ဆံရေးရုံး တာဝန်ရှိသူ တဦးဖြစ်တဲ့ ဗိုလ်ကြီးစောသိုးမားကို ဆက်သွယ်မေးမြန်း ရာမှာ ဇန်နဝါ ရီလ ၂၈ ရက်က မူသဲကျေးရွာအလွန် KNU တပ်မဟာ(၃) နဲ့ တပ်မဟာ(၅) အစပ်မှာ နှစ်ဖက် ထိတွေ့မှု ဖြစ်ပွားခဲ့တာ ကို အတည်ပြုပေမဲ့ ထိခိုက်မှုကိုတော့ မသိရှိဘူးလို့ဆိုပါတယ်။

“အဲဒီဖက်ခြမ်းကျတော့ ထိခိုက်နယ်မြေဖြစ်တော့ (၅)နဲ့(၃)နဲ့အစပ်ပေါ့။ အဲဒီမှာ ကြားတော့ကြားတယ် အဲဒီမှာ။ တပ် ရိက္ခာပေါ့ အဲဒီမှာ။ တခု နှစ်ခု ထိသွားတာပေါ့ အဲဒီမှာ။ ထိခိုက်မှုကတော့ ကျွန်တော်တို့ကလဲ ကျောက်ကြီးမြို့ပေါ်မှာဘဲ နေနေတယ် ဆိုတော့ သိပ်ပြီးတော့ဟိုဥစ္စာ သေသေချာချာ မသိရဘူး။ ဟုတ်တယ်။ ဖြစ်တာတော့ဖြစ်တယ်။”

ကျောက်ကြီးမြို့နယ်ဘက်မှာ လမ်းဖောက်လုပ်မှုကိစ္စကြောင့် တပ်မတော်နဲ့ KNUတို့အကြား ပဋိပက္ခဖြစ်ပွါးတာ ရှိခဲ့သလို ဒီစစ်ရေးတင်းမာမှုဖြစ်စဉ် အတွင်း အရပ်သားတွေ သွားလာမှုကန့်သတ်ခံနေရတယ်လို့ ကျောက်ကြီးမြို့နယ် ကရင် စာပေနဲ့ ယဉ်ကျေးမှု တာဝန်ခံ မန်းဇင်ကပြောပါတယ်။

“လမ်းဖောက်လုပ်မှုကိစ္စနဲ့ပက်သက်တော့ ပဋိပက္ခတော့ရှိကြတယ်ပေါ့။ ပစ်ကြခတ်ကြ လို့တော့ ကြားရတာ ဘဲလေ။ ရွာသားတွေ ကတော့ အဲဒီအချိန် တောအတွင်းမှာတော့ တပ်ဘက်က အသွားအလာတွေတော့ ကန့်သတ်ထားတာ ပေါ့နော်။”

ဇန်နဝါရီ(၂၇)ရက်နေ့မှာလဲ ကရင်ပြည်နယ် ဖါးပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းကို KNU တပ်ဖွဲ့တွေ ကနေ မိုင်းခွဲ တိုက်ခိုက်ခဲ့လို့ မြန်မာစစ်တပ် အရာရှိတဦး ကျဆုံးသွားတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။ ဒါပေမဲ့ KNU တပ်မဟာ (၅)ပြောခွင့်ရ ဗိုလ်မှုးစောကလယ်ဒို ကတော့ တပ်မဟာ(၅) နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ မြန်မာစစ်တပ်က ဝင်ရောက်လာပြီး KNU ဘက်က ထောင်ထားတဲ့ မော်တော်ကားမိုင်းကို ဖောက်ခွဲစဉ် ထိခိုက်သွားတာ လို့ပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ လကုန်လောက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး တို့ တွေ့ဆုံဆွေးနွေးမှုမှာ တပ်မတော်ကနေ စစ်ရေး ရည်မှန်းချက်မပါဘဲ လမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြသလို ကျောက် ကြီးမြို့နယ်အတွင်း တပ်မတော်နယ်မြေခံတာဝန်ရှိတွေ KNU တပ်မဟာ(၃)ခုက တာဝန်ရှိသူတွေပါဝင်တဲ့ အောက်ခြေ အဆင့် ဆွေးနွေးညှိနှိုင်းမှုများ စုစုပေါင်း ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ တပ်မတော်အုပ်ချုပ်မှုလုပ်ငန်းနဲ့ စားနပ်ရိက္ခာပို့ဆောင်တဲ့ ယာဉ်တန်းတွေကို KNU အဖွဲ့က မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ ထိတွေ့တိုက်ခိုက်မှု ၆ ကြိမ်၊ မိုင်းနင်း/မိုင်းကွဲမှု ၆ ကြိမ်ရှိတဲ့အပြင် လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ကနေ ဒေသန္တရ မိုင်းဖော်ထုတ်သိမ်းဆည်းနိုင်မှု ၈ ကြိမ် ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးကနေ မနေ့ကရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

ႏုိင္ကြန္းအိန္/ VOA (Burmese)
https://burmese.voanews.com
ပဲခူး ေက်ာက္ႀကီးမွာ တပ္မေတာ္ရိကၡာယာဥ္တန္း တိုက္ခိုက္ခံရ ပဲခူး ေက်ာက္ႀကီးမွာ တပ္မေတာ္ရိကၡာယာဥ္တန္း တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 03:00 Rating: 5
Powered by Blogger.