စက္ရံု အနံ႔ဆိုးေၾကာင့္ က်န္းမာေရးထိခုိက္

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၂၀၊ ၂၀၂၀

“ တရြာလံုး မီးခိုးမႊန္ေနတယ္။ အနံ႔ေတြ ေတာ္ေတာ္ဆုိးတယ္” လို႔ ဦးခြန္ခ်စ္ျပား က ေျပာပါတယ္။

ေတာင္ႀကီးၿမိဳ႕ နမ့္ဆီးေက်းရြာ အုပ္စု အတြင္း စက္႐ံု ၃ခု ျဖစ္တဲ့ အမွတ္(၂) ပင္းပက္ သံမဏိစက္႐ံု၊ ေငြကမၻာ ခေနာက္စိမ္း စက္႐ံု နဲ႔ ကေမၻာဇ ဘိလပ္ေျမ စက္႐ံု တုိ႔ကေနထြက္လာတဲ့ မီးခုိးနံ႕ေတြဘဲျဖစ္ပါတယ္။

မီးခုိးနံ႕အဆုိးဆုံးထြက္တာကေတာ့ နမ့္ဆီးေက်းရြာ အုပ္စုအတြင္းမွာရွိတဲ့ ေငြကမၻာ ခေနာက္စိမ္း သတၱဳရုိင္း သန္႔စင္စက္႐ံု ကေန ထြက္တာလုိ႔ ေဒသခံေတြက ေျပာပါတယ္။

အဆိုပါ ေလထုညစ္ညမ္းမႈ နဲ႔ အနံ႔ဆိုးေတြဟာ နမ့္ဆီးေက်းရြာ အုပ္စု အတြင္း ရွိ ေနာင္လံ၊ ဘုရား ငါးဆူ၊ ပံုးစိမ္း၊ ဟမ္းေျခာက္၊ ေညာင္ျဖဴ၊ လြယ္ေတာင္းရြာ ေတြမွာ ျပန္႔ႏွံ႔ေနပါတယ္။

ယခုရက္ပိုင္း ခေနာက္စိမ္း စက္႐ံုက ထြက္လာတဲ့ မီးခိုးေတြ က ပိုဆုိးရြားလာေၾကာင္း၊ ထိုမီးခိုးရွဴရႈိက္မႈေၾကာင့္ ေခါင္းမူးေခါင္းကုိက္တာေတြ ေန႔စဥ္အမွ် ရင္ဆုိင္ေနရတယ္လို႔ ဦးခြန္ခ်စ္ျပား က ေျပာဆုိလိုက္ပါတယ္။

“ တရြာလံုး မီးခုိးမႊန္တာေတာ့ ေတာ္ေတာ္ၾကာၿပီ။ ေလတုိက္တဲ့ ေနရာ ပါသြားတာပဲ။ အခုရက္ပိုင္း က ပိုဆုိးတယ္” လုိ႔ ဦးခြန္ခ်စ္ျပား က ဆုိျပန္ပါတယ္။

အနံ႔ဆုိးေတြ ရွဴရႈိက္တဲ့အတြက္ တေနကုန္ ထံုထုိင္းေနၿပီး ဘာပဲလုပ္လုပ္ စိတ္မေပ်ာ္ေၾကာင္း၊ အသက္ ရွဴရတာ မဝ ေၾကာင္း လည္း ေဒသခံေတြ ေျပာဆုိလုိက္ပါတယ္။

“ အနံ႔ က ယမ္းစိမ္းနံ႕ပဲ။ အဲ့အနံ႔ ေၾကာင့္ မူးၿပီး အန္ခ်င္တယ္။ ေနရတာလည္းခက္တယ္” ဟု ဦးခြန္ခ်စ္ျပား က ထပ္ေျပာပါတယ္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
စက်ရုံ အနံ့ဆိုးကြောင့် ကျန်းမာရေးထိခိုက်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဇန်နဝါရီ ၂၀၊ ၂၀၂၀

“ တရွာလုံး မီးခိုးမွှန်နေတယ်။ အနံ့တွေ တော်တော်ဆိုးတယ်” လို့ ဦးခွန်ချစ်ပြား က ပြောပါတယ်။

တောင်ကြီးမြို့ နမ့်ဆီးကျေးရွာ အုပ်စု အတွင်း စက်ရုံ ၃ခု ဖြစ်တဲ့ အမှတ်(၂) ပင်းပက် သံမဏိစက်ရုံ၊ ငွေကမ္ဘာ ခနောက်စိမ်း စက်ရုံ နဲ့ ကမ္ဘောဇ ဘိလပ်မြေ စက်ရုံ တို့ကနေထွက်လာတဲ့ မီးခိုးနံ့တွေဘဲဖြစ်ပါတယ်။

မီးခိုးနံ့အဆိုးဆုံးထွက်တာကတော့ နမ့်ဆီးကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ငွေကမ္ဘာ ခနောက်စိမ်း သတ္တုရိုင်း သန့်စင်စက်ရုံ ကနေ ထွက်တာလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ လေထုညစ်ညမ်းမှု နဲ့ အနံ့ဆိုးတွေဟာ နမ့်ဆီးကျေးရွာ အုပ်စု အတွင်း ရှိ နောင်လံ၊ ဘုရား ငါးဆူ၊ ပုံးစိမ်း၊ ဟမ်းခြောက်၊ ညောင်ဖြူ၊ လွယ်တောင်းရွာ တွေမှာ ပြန့်နှံ့နေပါတယ်။

ယခုရက်ပိုင်း ခနောက်စိမ်း စက်ရုံက ထွက်လာတဲ့ မီးခိုးတွေ က ပိုဆိုးရွားလာကြောင်း၊ ထိုမီးခိုးရှူရှိုက်မှုကြောင့် ခေါင်းမူးခေါင်းကိုက်တာတွေ နေ့စဉ်အမျှ ရင်ဆိုင်နေရတယ်လို့ ဦးခွန်ချစ်ပြား က ပြောဆိုလိုက်ပါတယ်။

“ တရွာလုံး မီးခိုးမွှန်တာတော့ တော်တော်ကြာပြီ။ လေတိုက်တဲ့ နေရာ ပါသွားတာပဲ။ အခုရက်ပိုင်း က ပိုဆိုးတယ်” လို့ ဦးခွန်ချစ်ပြား က ဆိုပြန်ပါတယ်။

အနံ့ဆိုးတွေ ရှူရှိုက်တဲ့အတွက် တနေကုန် ထုံထိုင်းနေပြီး ဘာပဲလုပ်လုပ် စိတ်မပျော်ကြောင်း၊ အသက် ရှူရတာ မဝ ကြောင်း လည်း ဒေသခံတွေ ပြောဆိုလိုက်ပါတယ်။

“ အနံ့ က ယမ်းစိမ်းနံ့ပဲ။ အဲ့အနံ့ ကြောင့် မူးပြီး အန်ချင်တယ်။ နေရတာလည်းခက်တယ်” ဟု ဦးခွန်ချစ်ပြား က ထပ်ပြောပါတယ်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
စက္ရံု အနံ႔ဆိုးေၾကာင့္ က်န္းမာေရးထိခုိက္ စက္ရံု အနံ႔ဆိုးေၾကာင့္ က်န္းမာေရးထိခုိက္ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.