အီရန္တိုက္ခိုက္မႈအေပၚ အေမရိကန္ ပါတီ ၂ ရပ္ သေဘာထားကြဲ

အေမရိကန္ တုိုက္ခုိက္မႈအတြင္း ေသဆုံးသြားသည့္ အီရန္ အထူးတပ္ဖြဲ႔ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီး Qassem Soleimani ဓာတ္ပုံ ကုိင္ေဆာင္ ဆႏၵျပေနသူမ်ား။ (ဇန္နဝါရီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

အီရန္အထူးတပ္ဖဲြ႔ရဲ႕ ေခါင္းေဆာင္ကုိ အေမရိကန္က ေလေၾကာင္းကေန တုိက္ခုိက္သုတ္သင္လုိက္တဲ့အေပၚ အေမရိကန္က အဓိက ႏုိင္ငံေရးပါတီႀကီးႏွစ္ခုက လႊတ္ေတာ္အမတ္ေတြၾကား သေဘာထား ကဲြျပားေနၾကပါတယ္။ သမၼတ Donald Trump အမိန္႔နဲ႔ တုိက္ခုိက္ခဲ့တဲ့ လုပ္ရပ္ကုိေတာ့ သမၼတရဲ႕ ရီပတ္ဘလစ္ကန္ပါတီက လႊတ္ေတာ္အမတ္ေတြက ေထာက္ခံၾကေပမယ့္ အတုိက္အခံ ဒီမုိကရက္ေတြကေတာ့ အေရွ႕အလယ္ပုိင္း ေဒသမွာ မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ ေနာက္ဆက္တဲြ အက်ဳိးဆက္ေတြ ေပၚေပါက္လာမယ့္ အႏၱရာယ္ကုိ သတိေပးေနၾကတာပါ။ ဒီအေၾကာင္း ဗြီအုိေအ သတင္းေထာက္ Katherine Gypson သတင္းေပးပုိ႔ထားတာကုိ ကုိေအာင္လြင္ဦးက တင္ျပေပးထားပါတယ္။

အီရတ္ႏုိင္ငံ ဘဂၢဒက္ၿမိဳ႕ေတာ္က အေမရိကန္သံ႐ုံးကုိ အီရန္က အားေပးေနတဲ့ ျပည္သူ႔စစ္ေတြ ဦးေဆာင္ၿပီး အၾကမ္းပတမ္း ဆႏၵျပခဲ့ၿပီး ရက္ပုိင္းအတြင္းမွာပဲ အီရန္ႏုိင္ငံက Quds အထူးတပ္ဖဲြ႔ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီး Qassem Soleimani ကုိ ပစ္မွတ္ထားတဲ့ ေလေၾကာင္းတုိက္ခုိက္မႈကုိ သမၼတ Trump က အမိန္႔ေပးခဲ့တာပါ။ ဘဂၢဒက္ၿမိဳ႕ေတာ္ ႏုိင္ငံတကာ ေလဆိပ္အနီး တုိက္ခုိက္ခဲ့မႈေၾကာင့္ အီရန္နဲ႔ အီရတ္ႏုိင္ငံေတြမွာ အႀကီးအက်ယ္ ကန္႔ကြက္ဆႏၵျပေနၾကသလုိ ႏုိင္ငံတကာကလည္း စုိးရိမ္မကင္းတဲ့ သေဘာထားေတြ ထြက္ေပၚလာေနခ်ိန္မွာပဲ အေမရိကန္ ႏုိင္ငံေရးေလာကမွာလည္း အေခ်အတင္ ေျပာစရာ ျဖစ္လာေနပါတယ္။ သမၼတရဲ႕ ရီပတ္ဘလစ္ကန္ပါတီက အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္ ဥကၠ႒ Mitch McConnell ကေတာ့ တုိက္ခုိက္မႈအေပၚ ေထာက္ခံေၾကာင္း ေျပာခဲ့တာပါ။

“ဒီလူယုတ္မာဟာ အထိန္းအကြပ္မရွိ လုပ္ေနတာ ၾကာလွပါၿပီ။ သူ႔ေၾကာင့္ မေရမတြက္ႏုိင္တဲ့ အျပစ္မဲ့သူေတြ ဒုကၡေရာက္ခဲ့ၾကရပါတယ္။ အခုေတာ့ သူ႔ရဲ႕ အၾကမ္းဖက္၀ါဒနဲ႔ ေခါင္းေဆာင္မႈလည္း အဆုံးသတ္သြားပါၿပီ။”

အေမရိကန္ သံတမန္ေတြနဲ႔ စစ္သည္ေတြကုိ တုိက္ခုိက္ဖုိ႔ စီစဥ္ေနတာေတြကုိ ဟန္႔တားႏုိင္ခဲ့တဲ့ လုပ္ရပ္အျဖစ္ ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာဆုိခဲ့တဲ့ လုပ္ရပ္အေပၚ တျခား ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ေတြကလည္း ေထာက္ခံတဲ့ သေဘာထားေတြ ေျပာၾကားခဲ့ၾကတာပါ။

ဒါေပမယ့္လည္း အတုိက္အခံ ဒီမုိကရက္ေတြ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ကေတာ့ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ ခြင့္ျပဳခ်က္မယူဘဲ တုိက္ခုိက္တဲ့ လုပ္ရပ္အျဖစ္ ေျပာဆုိခဲ့တာပါ။ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Chuck Schumer ကလည္း လႊတ္ေတာ္နဲ႔ မတုိင္ပင္ဘဲ ေဆာင္ရြက္ခဲ့တဲ့ လုပ္ရပ္အေပၚ စုိးရိမ္ေၾကာင္း ေျပာဆုိခဲ့တာပါ။

“ကြန္ဂရက္လႊတ္ေတာ္နဲ႔ ႀကိဳတင္တုိင္ပင္ဖုိ႔ ပြင့္လင္းျမင္သာမႈရွိဖုိ႔ အေျခခံဥပေဒမွာ ျပ႒ာန္းထားတာ အေၾကာင္းရွိပါတယ္။ လႊတ္ေတာ္နဲ႔ ႀကိဳတင္တုိင္ပင္မႈေတြ၊ ပြင့္လင္းျမင္သာမႈေတြ မရွိခဲ့ရင္ အလ်င္စလုိနဲ႔ လဲြမွားတဲ့ ဆုံးျဖတ္ခ်က္မ်ဳိးေတြ ျဖစ္လာႏုိင္ပါတယ္။”

တုိက္ခုိက္မႈေၾကာင့္ စစ္ေရးစစ္ရာေတြမွာ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ အခြင့္အာဏာနဲ႔ ပတ္သက္လုိ႔ အျငင္းပြားစရာေတြလည္း တေက်ာ့ျပန္ ေပၚေပါက္ခဲ့တာပါ။ ဒါေပမယ့္လည္း အစုိးရအေနနဲ႔ စစ္ဘက္ဆုိင္ရာေတြမွာ သူ႔သေဘာနဲ႔သူ ဆုံးျဖတ္ခြင့္ ရွိတယ္လုိ႔လည္း Atlantic Council အေရွ႕အလယ္ပုိင္း လုံၿခံဳေရးဆုိင္ရာ ကၽြမ္းက်င္သူ Kirsten Fontenrose က ေျပာပါတယ္။

“Qassem Soleimani ကုိ ျပည္ပက အၾကမ္းဖက္၀ါဒီတဦးအျဖစ္ သတ္မွတ္ဖုိ႔ အေမရိကန္ အစုိးရက ႀကိဳးပမ္းခဲ့ပါတယ္။ ဒီလုိလုပ္ျခင္းအားျဖင့္ အာဏာပုိင္ေတြ အေနနဲ႔ အၾကမ္းဖက္၀ါဒ တန္ျပန္တုိက္ဖ်က္ေရးနဲ႔ အေရးယူလုိ႔ ရသြားပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္အစုိးရ အေနနဲ႔ Qassem Soleimani ကုိ ရွင္းဖုိ႔ လုပ္ပုိင္ခြင့္ ရခဲ့တာပါ။”

ဒီႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပဲြမွာ သမၼတ Trump နဲ႔ ယွဥ္ၿပိဳင္ႏုိင္ဖုိ႔ ႀကိဳးပမ္းေနတဲ့ ဒုသမၼတေဟာင္း Joe Biden အပါအ၀င္ ဒီမုိကရက္ ကုိယ္စားလွယ္ေတြကေတာ့ အီရန္အထူးတပ္ဖဲြ႔ ေခါင္းေဆာင္ကုိ သုတ္သင္လုိက္တဲ့အတြက္ ေနာက္ဆက္တဲြ ႀကံဳရႏုိင္တဲ့ အက်ဳိးဆက္ေတြအေပၚ စုိးရိမ္တဲ့ သေဘာထားေတြကုိ ေျပာဆုိေနၾကတာပါ။

“လက္ရွိအစုိးရအေနနဲ႔ လြန္ခဲ့တဲ့ ၃ ႏွစ္အတြင္း လုပ္ခဲ့တာေတြကုိ ၾကည့္မယ္ဆုိရင္ အခု သူတုိ႔ရင္ဆုိင္ရမယ့္ တကယ့္အႏၱရာယ္အတြက္ ျပင္ဆင္ထားတာမ်ဳိး ဘာမွမရွိခဲ့တာ ေတြ႔ရမွာပါ။”

ဒီမုိကရက္တစ္ပါတီ သမၼတေလာင္းျဖစ္ဖုိ႔ ႀကိဳးပမ္းေနတဲ့ Vermont ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sanders ကလည္း သမၼတ Trump ရဲ႕ ေရြးေကာက္ပဲြကတိကုိ ဖ်က္ခဲ့တဲ့ လုပ္ရပ္အျဖစ္ ေျပာဆုိခဲ့တာပါ။

“အဆုံးမရွိတဲ့ စစ္ပဲြေတြ အားလုံးကုိ ရပ္မယ္ဆုိၿပီး Trump က ကတိေပးခဲ့တယ္။ စိတ္မေကာင္းစရာ အေနနဲ႔ကေတာ့ သူ႔လုပ္ရပ္ေတြဟာ ေနာက္ထပ္စစ္ပဲြတပဲြကုိ ဦးတည္ေနပါတယ္။”

သမၼတေလာင္းျဖစ္ဖုိ႔ ႀကိဳးပမ္းေနတဲ့ ေထာက္လွမ္းေရး အရာရွိေဟာင္းလည္းျဖစ္၊ Indiana ျပည္နယ္ South Bend ၿမိဳ႕ေတာ္၀န္ေဟာင္းလည္း ျဖစ္တဲ့ Pete Buttigieg ကလည္း အီရန္ကုိ က်ဴးေက်ာ္တုိက္ခုိက္တာမ်ဳိး မဟုတ္ေပမယ့္လည္း အႀကီးမားဆုံး ရန္စမႈတခု ျဖစ္တာေၾကာင့္ အႏၱရာယ္ ႀကီးမားတဲ့အေၾကာင္း သတိေပးခဲ့တာပါ။

အျငင္းပြားစရာေတြ ႀကီးထြားလာေနခ်ိန္မွာပဲ ေရွ႕သီတင္းပတ္ထဲ အထက္လႊတ္ေတာ္ အမတ္ေတြကုိ ေထာက္လွမ္းေရးဆုိင္ရာ အစီရင္ခံဖုိ႔ ရွိေနတဲ့အတြက္ ထိန္းထိန္းသိမ္းသိမ္း ျပဳမူၾကဖုိ႔ လႊတ္ေတာ္ဥကၠ႒ McConnell က တုိက္တြန္းထားပါတယ္။

“လက္ရွိႏုိင္ငံေရး အခင္းအက်င္းအရ ႀကိဳတင္မွန္းဆထားတဲ့အတုိင္း Soleimani ေသဆုံးခဲ့တဲ့ စစ္ဆင္ေရးအေပၚ အျငင္းပြားစရာ သေဘာထား ကဲြလဲြစရာေတြ ရွိႏုိင္ပါတယ္။ အေရွ႕အလယ္ပုိင္းေဒသမွာ အေမရိကန္ အက်ဳိးစီးပြားနဲ႔ ပတ္သက္လုိ႔ အေခ်အတင္ေဆြးေႏြးဖုိ႔ ေမွ်ာ္လင့္ ႀကိဳဆုိေပမယ့္လည္း အထက္လႊတ္ေတာ္ အမတ္ေတြ အားလုံးအေနနဲ႔ အစုိးရဆီကရမယ့္ အခ်က္အလက္ေတြ၊ တင္ျပခ်က္ေတြကုိ အရင္မသိရေသးဘဲ စစ္ဆင္ေရးနဲ႔ ေနာက္ဆက္တဲြ အက်ဳိးဆက္ေတြအေပၚ လူသိရွင္ၾကား ဆုံးျဖတ္ခ်က္ခ် ေျပာဆုိတာမ်ဳိးေတြ မလုပ္ၾကဖုိ႔လည္း တုိက္တြန္းလုိပါတယ္။”

ဒါေပမယ့္လည္း အီရန္အေပၚ ေနာက္ထပ္ စစ္ေရးအရ ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္လုိ႔ ဥပေဒၾကမ္းတရပ္ကုိ တင္သြင္းမယ့္အေၾကာင္း ဒီမုိကရက္ အထက္လႊတ္ေတာ္အမတ္ Tim Kaine က ေၾကညာထားတဲ့အတြက္ အီရန္အေရး အေမရိကန္ ႏုိင္ငံေရးေလာကမွာ အေခ်အတင္ ျငင္းခုန္စရာေတြ ေရွ႕လာမယ့္ သီတင္းပတ္ေတြမွာ ဆက္လက္ေတြ႔ျမင္ရလိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ရပါတယ္။

------------------------------------

(Unicode)

အီရန်တိုက်ခိုက်မှုအပေါ် အမေရိကန် ပါတီ ၂ ရပ် သဘောထားကွဲ

အီရန်အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်သုတ်သင်လိုက်တဲ့အပေါ် အမေရိကန်က အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုက လွှတ်တော်အမတ်တွေကြား သဘောထား ကွဲပြားနေကြပါတယ်။ သမ္မတ Donald Trump အမိန့်နဲ့ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကိုတော့ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်အမတ်တွေက ထောက်ခံကြပေမယ့် အတိုက်အခံ ဒီမိုကရက်တွေကတော့ အရှေ့အလယ်ပိုင်း ဒေသမှာ မတည်မငြိမ် အခြေအနေတွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေ ပေါ်ပေါက်လာမယ့် အန္တရာယ်ကို သတိပေးနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က အမေရိကန်သံရုံးကို အီရန်က အားပေးနေတဲ့ ပြည်သူ့စစ်တွေ ဦးဆောင်ပြီး အကြမ်းပတမ်း ဆန္ဒပြခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အီရန်နိုင်ငံက Quds အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qassem Soleimani ကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကို သမ္မတ Trump က အမိန့်ပေးခဲ့တာပါ။ ဘဂ္ဂဒက်မြို့တော် နိုင်ငံတကာ လေဆိပ်အနီး တိုက်ခိုက်ခဲ့မှုကြောင့် အီရန်နဲ့ အီရတ်နိုင်ငံတွေမှာ အကြီးအကျယ် ကန့်ကွက်ဆန္ဒပြနေကြသလို နိုင်ငံတကာကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထွက်ပေါ်လာနေချိန်မှာပဲ အမေရိကန် နိုင်ငံရေးလောကမှာလည်း အချေအတင် ပြောစရာ ဖြစ်လာနေပါတယ်။ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ Mitch McConnell ကတော့ တိုက်ခိုက်မှုအပေါ် ထောက်ခံကြောင်း ပြောခဲ့တာပါ။

“ဒီလူယုတ်မာဟာ အထိန်းအကွပ်မရှိ လုပ်နေတာ ကြာလှပါပြီ။ သူ့ကြောင့် မရေမတွက်နိုင်တဲ့ အပြစ်မဲ့သူတွေ ဒုက္ခရောက်ခဲ့ကြရပါတယ်။ အခုတော့ သူ့ရဲ့ အကြမ်းဖက်ဝါဒနဲ့ ခေါင်းဆောင်မှုလည်း အဆုံးသတ်သွားပါပြီ။”

အမေရိကန် သံတမန်တွေနဲ့ စစ်သည်တွေကို တိုက်ခိုက်ဖို့ စီစဉ်နေတာတွေကို ဟန့်တားနိုင်ခဲ့တဲ့ လုပ်ရပ်အဖြစ် ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုခဲ့တဲ့ လုပ်ရပ်အပေါ် တခြား ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကလည်း ထောက်ခံတဲ့ သဘောထားတွေ ပြောကြားခဲ့ကြတာပါ။

ဒါပေမယ့်လည်း အတိုက်အခံ ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကတော့ ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ တိုက်ခိုက်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer ကလည်း လွှတ်တော်နဲ့ မတိုင်ပင်ဘဲ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်အပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။

“ကွန်ဂရက်လွှတ်တော်နဲ့ ကြိုတင်တိုင်ပင်ဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ အကြောင်းရှိပါတယ်။ လွှတ်တော်နဲ့ ကြိုတင်တိုင်ပင်မှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ မရှိခဲ့ရင် အလျင်စလိုနဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။”

တိုက်ခိုက်မှုကြောင့် စစ်ရေးစစ်ရာတွေမှာ ကွန်ဂရက်လွှတ်တော်ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေလည်း တကျော့ပြန် ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာတွေမှာ သူ့သဘောနဲ့သူ ဆုံးဖြတ်ခွင့် ရှိတယ်လို့လည်း Atlantic Council အရှေ့အလယ်ပိုင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ Kirsten Fontenrose က ပြောပါတယ်။

“Qassem Soleimani ကို ပြည်ပက အကြမ်းဖက်ဝါဒီတဦးအဖြစ် သတ်မှတ်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးနဲ့ အရေးယူလို့ ရသွားပါတယ်။ ဒါကြောင့်လည်း အမေရိကန်အစိုးရ အနေနဲ့ Qassem Soleimani ကို ရှင်းဖို့ လုပ်ပိုင်ခွင့် ရခဲ့တာပါ။”

ဒီနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Trump နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒုသမ္မတဟောင်း Joe Biden အပါအဝင် ဒီမိုကရက် ကိုယ်စားလှယ်တွေကတော့ အီရန်အထူးတပ်ဖွဲ့ ခေါင်းဆောင်ကို သုတ်သင်လိုက်တဲ့အတွက် နောက်ဆက်တွဲ ကြုံရနိုင်တဲ့ အကျိုးဆက်တွေအပေါ် စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုနေကြတာပါ။

“လက်ရှိအစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း လုပ်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် အခု သူတို့ရင်ဆိုင်ရမယ့် တကယ့်အန္တရာယ်အတွက် ပြင်ဆင်ထားတာမျိုး ဘာမှမရှိခဲ့တာ တွေ့ရမှာပါ။”

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ ကြိုးပမ်းနေတဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကလည်း သမ္မတ Trump ရဲ့ ရွေးကောက်ပွဲကတိကို ဖျက်ခဲ့တဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။

“အဆုံးမရှိတဲ့ စစ်ပွဲတွေ အားလုံးကို ရပ်မယ်ဆိုပြီး Trump က ကတိပေးခဲ့တယ်။ စိတ်မကောင်းစရာ အနေနဲ့ကတော့ သူ့လုပ်ရပ်တွေဟာ နောက်ထပ်စစ်ပွဲတပွဲကို ဦးတည်နေပါတယ်။”

သမ္မတလောင်းဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ်၊ Indiana ပြည်နယ် South Bend မြို့တော်ဝန်ဟောင်းလည်း ဖြစ်တဲ့ Pete Buttigieg ကလည်း အီရန်ကို ကျူးကျော်တိုက်ခိုက်တာမျိုး မဟုတ်ပေမယ့်လည်း အကြီးမားဆုံး ရန်စမှုတခု ဖြစ်တာကြောင့် အန္တရာယ် ကြီးမားတဲ့အကြောင်း သတိပေးခဲ့တာပါ။

အငြင်းပွားစရာတွေ ကြီးထွားလာနေချိန်မှာပဲ ရှေ့သီတင်းပတ်ထဲ အထက်လွှတ်တော် အမတ်တွေကို ထောက်လှမ်းရေးဆိုင်ရာ အစီရင်ခံဖို့ ရှိနေတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း ပြုမူကြဖို့ လွှတ်တော်ဥက္ကဋ္ဌ McConnell က တိုက်တွန်းထားပါတယ်။

“လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ကြိုတင်မှန်းဆထားတဲ့အတိုင်း Soleimani သေဆုံးခဲ့တဲ့ စစ်ဆင်ရေးအပေါ် အငြင်းပွားစရာ သဘောထား ကွဲလွဲစရာတွေ ရှိနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် အကျိုးစီးပွားနဲ့ ပတ်သက်လို့ အချေအတင်ဆွေးနွေးဖို့ မျှော်လင့် ကြိုဆိုပေမယ့်လည်း အထက်လွှတ်တော် အမတ်တွေ အားလုံးအနေနဲ့ အစိုးရဆီကရမယ့် အချက်အလက်တွေ၊ တင်ပြချက်တွေကို အရင်မသိရသေးဘဲ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပေါ် လူသိရှင်ကြား ဆုံးဖြတ်ချက်ချ ပြောဆိုတာမျိုးတွေ မလုပ်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။”

ဒါပေမယ့်လည်း အီရန်အပေါ် နောက်ထပ် စစ်ရေးအရ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ဥပဒေကြမ်းတရပ်ကို တင်သွင်းမယ့်အကြောင်း ဒီမိုကရက် အထက်လွှတ်တော်အမတ် Tim Kaine က ကြေညာထားတဲ့အတွက် အီရန်အရေး အမေရိကန် နိုင်ငံရေးလောကမှာ အချေအတင် ငြင်းခုန်စရာတွေ ရှေ့လာမယ့် သီတင်းပတ်တွေမှာ ဆက်လက်တွေ့မြင်ရလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ကိုေအာင္လြင္ဦး/VOA Burmese
https://burmese.voanews.com
အီရန္တိုက္ခိုက္မႈအေပၚ အေမရိကန္ ပါတီ ၂ ရပ္ သေဘာထားကြဲ အီရန္တိုက္ခိုက္မႈအေပၚ အေမရိကန္ ပါတီ ၂ ရပ္ သေဘာထားကြဲ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.