ျပည္ပေရာက္ ျမန္မာေတြရဲ႕ အကူအညီ အတိုင္ပင္ခံပုဂၢိဳလ္ ဖိတ္ေခၚ

၂၀၁၂ ေဒၚေအာင္ဆန္းစုၾကည္ အဂၤလန္ခရီးစဥ္
(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လုိအပ္ေနတဲ့ လူ႔စြမ္းအားအရင္းအျမစ္ လုိအပ္ခ်က္ကုိ ျဖည့္ဆည္းႏုိင္ေရးအတြက္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္ပခရီးစဥ္ေတြအတြင္း ျမန္မာႏုိင္ငံသား၊ ျမန္မာႏုိင္ငံသားေဟာင္းမ်ားက မိမိတုိ႔ တတ္သိ ကၽြမ္းက်င္တဲ့ ပညာ၊ အေတြ႔အႀကံဳတုိ႔နဲ႔ တတ္အားသမွ် ပါ၀င္ကူညီပံ့ပုိး အက်ဳိးျပဳႏုိင္ရန္ တင္ျပခဲ့ၾကတဲ့အတြက္ ျမန္မာႏုိင္ငံသားမ်ားကုိ ဖိတ္ေခၚေၾကာင္း ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာၿမိဳ႕မွာရွိတဲ့ ျမန္မာသံရုံးက ဇန္န၀ါရီလ ၁၃ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္လုိက္တာပါ။

ျမန္မာႏုိင္ငံမွာ လက္ရွိေဖာ္ေဆာင္ေနတဲ့ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းေတြအတြက္ လူ႔စြမ္းအား အရင္းအျမစ္ လုိအပ္ေနတာေၾကာင့္ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ပါ၀င္ကူညီပုံပုိုး အက်ဳိးျပဳၾကဖုိ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြနဲ႔ ေတြ႔ဆုံပြဲေတြမွာ ဖိတ္ေခၚခဲ့တဲ့အတြက္ အခုလုိ ေၾကညာခ်က္ ထုတ္ျပန္တာလုိ႔ ဆုိပါတယ္။

ျပည္ပေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေဟာင္းေတြနဲ႔ ျမန္မာႏုိင္ငံသား တတ္သိပညာရွင္၊ အတတ္ပညာရွင္ေတြအေနနဲ႔ မိမိတုိ႔ တတ္သိ ကၽြမ္းက်င္တဲ့ ပညာ၊ အေတြ႔အႀကံဳေတြနဲ႔ တတ္အားသမွ် ပါ၀င္ကူညီပံ့ပုိး အက်ဳိးျပဳလုိတယ္ဆုိရင္ ဂ်နီဗာမွာရွိတဲ့ ျမန္မာေကာင္စစ္တာ၀န္ခံ အရာရွိထံ ဆက္သြယ္ၾကဖုိ႔နဲ႔ ဆက္သြယ္ရမယ့္ ဖုန္းနံပတ္နဲ႔ အီးေမး လိပ္စာအျပင္ အဲဒီအတြက္ လုိအပ္တဲ့ ပုံစံ ေဖာင္ျဖည့္ဖုိ႔အတြက္ပါ ပူးတြဲ ထုတ္ျပန္လုိက္တာပါ။

ျဖည့္စြက္ရမယ့္ ေဖာင္ထဲမွာေတာ့ မိမိတုိ႔ရဲ႕ အမည္၊ ေမြးဖြားရာဇာတိ၊ လူမ်ဳိး၊ လက္ရွိ အလုပ္အကုိင္၊ ႏုိင္ငံကူးလက္မွတ္ နံပတ္၊ ေလ့လာ သင္ယူခဲ့တဲ့ ပညာရပ္၊ တကၠသုိလ္၊ ကၽြမ္းက်င္တဲ့နယ္ပယ္၊ ပါ၀င္ အက်ဳိးျပဳလုိတဲ့အခန္းက႑၊ ပါ၀င္ကူညီႏုိင္တဲ့ ျပည္တြင္း၊ ျပည္ပ ေနရာ စတာေတြအျပင္ တျခား ကုိယ္ေရးအခ်က္တခ်ဳိ႕ကုိလည္း ေဖာ္ျပေပးရမွာ ျဖစ္ပါတယ္။

................

ပြည်ပရောက် မြန်မာတွေရဲ့ အကူအညီ အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

(Unicode)

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေအတွင်း မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများက မိမိတို့ တတ်သိ ကျွမ်းကျင်တဲ့ ပညာ၊ အတွေ့အကြုံတို့နဲ့ တတ်အားသမျှ ပါဝင်ကူညီပံ့ပိုး အကျိုးပြုနိုင်ရန် တင်ပြခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံသားများကို ဖိတ်ခေါ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာရှိတဲ့ မြန်မာသံရုံးက ဇန်နဝါရီလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် လူ့စွမ်းအား အရင်းအမြစ် လိုအပ်နေတာကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပါဝင်ကူညီပုံပိုး အကျိုးပြုကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲတွေမှာ ဖိတ်ခေါ်ခဲ့တဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသား တတ်သိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ မိမိတို့ တတ်သိ ကျွမ်းကျင်တဲ့ ပညာ၊ အတွေ့အကြုံတွေနဲ့ တတ်အားသမျှ ပါဝင်ကူညီပံ့ပိုး အကျိုးပြုလိုတယ်ဆိုရင် ဂျနီဗာမှာရှိတဲ့ မြန်မာကောင်စစ်တာဝန်ခံ အရာရှိထံ ဆက်သွယ်ကြဖို့နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပတ်နဲ့ အီးမေး လိပ်စာအပြင် အဲဒီအတွက် လိုအပ်တဲ့ ပုံစံ ဖောင်ဖြည့်ဖို့အတွက်ပါ ပူးတွဲ ထုတ်ပြန်လိုက်တာပါ။

ဖြည့်စွက်ရမယ့် ဖောင်ထဲမှာတော့ မိမိတို့ရဲ့ အမည်၊ မွေးဖွားရာဇာတိ၊ လူမျိုး၊ လက်ရှိ အလုပ်အကိုင်၊ နိုင်ငံကူးလက်မှတ် နံပတ်၊ လေ့လာ သင်ယူခဲ့တဲ့ ပညာရပ်၊ တက္ကသိုလ်၊ ကျွမ်းကျင်တဲ့နယ်ပယ်၊ ပါဝင် အကျိုးပြုလိုတဲ့အခန်းကဏ္ဍ၊ ပါဝင်ကူညီနိုင်တဲ့ ပြည်တွင်း၊ ပြည်ပ နေရာ စတာတွေအပြင် တခြား ကိုယ်ရေးအချက်တချို့ကိုလည်း ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျပည္ပေရာက္ ျမန္မာေတြရဲ႕ အကူအညီ အတိုင္ပင္ခံပုဂၢိဳလ္ ဖိတ္ေခၚ ျပည္ပေရာက္ ျမန္မာေတြရဲ႕ အကူအညီ အတိုင္ပင္ခံပုဂၢိဳလ္ ဖိတ္ေခၚ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.