ဝူဟန္က ျမန္မာေက်ာင္းသားေတြ ျပန္ဖို႔ ဘယ္ေလာက္နီးစပ္ၿပီလဲ

ဝူဟန္ၿမိဳ႕တြင္း လူေနရပ္ကြက္ေတြထဲမွာ အကာအကြယ္ဝတ္စုံေတြနဲ႔ ေတြ႕ရတဲ့ အငွားယာဥ္ေမာင္းေတြ
(Zawgyi)⤵⤵⤵
ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္စတင္ျပန႔္ပြားရာ ဝူဟန္ၿမိဳ႕ထဲ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသားေတြကို ေခၚဖို႔ တ႐ုတ္အစိုးရရဲ႕ ခြင့္ျပဳခ်က္ရတာနဲ႔ လာမယ့္ စေန၊တနဂၤေႏြေန႔မွာ ခ်က္ခ်င္းေခၚယူဖို႔ အားလုံး အသင့္ျပင္ ထားတယ္လို႔ ေဘဂ်င္းက ျမန္မာသံ႐ုံးက ဇန္နဝါရီ ၂၉ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။

သံ႐ုံးထုတ္ျပန္ခ်က္မွာ လူမႈ ကြန္ရက္မွာ စားနပ္ရိကၡာေတြ ျပတ္ေတာ့မယ္ဆိုတာအပါအဝင္ မမွန္ကန္တဲ့သတင္းေတြ ေျပာဆိုေရး သားတာမလုပ္ဖို႔ ျမန္မာေက်ာင္းသားေတြကို ေမတၱာရပ္ခံတယ္လို႔လည္း အဲဒီထုတ္ျပန္ခ်က္က ဆိုပါတယ္။

တ႐ုတ္အာဏာပိုင္ေတြကို တင္ရမယ့္ အခ်က္အလက္ေတြအကုန္ ျမန္မာဘက္က တင္ျပထားၿပီး ျမန္မာ နဲ႔အတူ ထြက္ခြာခြင့္ ေစာင့္ဆိုင္းေနတဲ့ တျခားႏိုင္ငံေတြလည္း ရွိေနတုန္း ျဖစ္တယ္လို႔ ေဘဂ်င္းက ျမန္မာသံ႐ုံးရဲ႕ ဒုတိယအတြင္းဝန္ ဦးစိုးျပည့္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

"Flight Permission မရရင္ က်န္တဲ့ဟာေတြ ဘာမွ အစီအစဥ္ ဆက္လုပ္လို႔ မရဘူး။ တ႐ုတ္က တင္ျပပါ၊ ခြင့္ျပဳမိန႔္ခ်ေပးမယ္၊ အထူးအေျခအေနဆိုေတာ့ ခြင့္ျပဳရင္ ျပဳလိုက္မယ္၊ ခြင့္မျပဳရင္ မျပဳေသးဘူး၊ အဲလိုေတာ့ရွိတယ္။ အေၾကာင္းေတာ့ မျပန္ေသးဘူး။ သံ႐ုံးအေနနဲ႔ ေတာက္ေလွ်ာက္ဆက္သြယ္တာေပါ့ေနာ္၊ သက္ဆိုင္ရာ တ႐ုတ္ဘက္ကိုေတာ့ အထပ္ထပ္ညႇိႏႈိင္းတယ္။ ေမတၱာရပ္ခံတယ္" လို႔ ေျပာပါတယ္။

ဝူဟန္ထဲက အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံသားေတြကို ထြက္ခြာခြင့္ေပးခဲ့တဲ့အတြက္ အဲဒီႏိုင္ငံေတြလို ခ်က္ခ်င္း ထြက္ခြာႏိုင္ဖို႔ သံတမန္လမ္းေၾကာင္းအရ လုပ္ေဆာင္ႏိုင္တဲ့နည္းလမ္းေတြကို ဘီဘီစီက ေမးတဲ့အခါ ဦးစိုးျပည့္ဝင္းက အဲဒီလိုထြက္ခြာဖို႔နည္းလမ္းကို စုံစမ္းေပမဲ့ တိက်တဲ့အခ်က္အလက္ မရေသးဘူးလို႔ ေျပာပါတယ္။

ျမန္မာသံ႐ုံးဘက္က အစြမ္းကုန္ ႀကိဳးစားေပးေနတာက သိရွိၿပီး ေက်းဇူးတင္ေပမယ့္ တျခားႏိုင္ငံေတြလို အင္တိုက္ အားတိုက္ေဆာင္႐ြက္မႈမ်ိဳး လုပ္ေဆာင္ေစခ်င္တယ္လို႔ ဝူဟန္ေဆးတကၠသိုလ္မွာ ေဆးပညာ မဟာဘြဲ႕ တက္ေရာက္ေနတဲ့ ေဒါက္တာ ခင္သီရိသန႔္ဇင္က ေျပာပါတယ္။

ဒါ့အျပင္ အစားအေသာက္ ျပတ္လပ္ေတာ့မယ္ဆိုတာနဲ႔ တျခားႏိုင္ငံသားေတြ အလြယ္တကူထြက္ခြာလို႔ရတယ္ဆိုတာ သတင္းအမွားေတြလို႔ သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ ေဒါက္တာခင္သီရိသန႔္ဇင္က "အေမရိကန္နဲ႔ ဂ်ပန္က ထြက္ခြာသြားၿပီဆိုတာေတာ့ confirm ပါ။ သူမ်ားႏိုင္ငံေတြနဲ႔ တန္းတူ သူတို႔လို အျမန္ဆုံး ျပန္ေခၚေစခ်င္တဲ့ စိတ္ေလးတစ္ခုပါ။ ေနာက္ စိတ္အားငယ္တယ္"

" စားနပ္ရိကၡာက ဒီမွာ အေယာက္ ၆၀ က ေက်ာင္းတစ္ေက်ာင္းတည္းမွာ စုေနၾကတာ မဟုတ္ဘူး။ Public Transportation ေတြ အကုန္လုံးပိတ္ထားတဲ့အတြက္ေၾကာင့္ သူတို႔အတြက္လည္း ပို႔ေပးဖို႔ အခက္အခဲရွိတာကို နားလည္တယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ သူ႔အတြက္ အစားအေသာက္က သုံးရက္စာေလာက္ပဲ က်န္ေတာ့တယ္လို႔ ေျပာပါတယ္။
အသြားအလာေတြ ပိတ္ထားၿပီးေနာက္ ဇန္နဝါရီ ၃၀ ရက္ ဝူဟန္ၿမိဳ႕တြင္းလမ္းတစ္ခုရဲ႕ အေျခအေန

ဝူဟန္နည္းပညာတကၠသိုလ္က ပါရဂူတန္းေက်ာင္းသူ မသင္းသင္းထက္က

"ကန္တင္းဖြင့္ေပးထားတယ္လို႔ ေျပာေပမဲ့ ကူးစက္ႏႈန္းျမန္ေနတဲ့ အခ်ိန္မွာ mask တပ္ၿပီး အျပင္မထြက္ရဲၾကဘူး။ ကိုယ့္အခန္းထဲကေန အေဆာင္ထဲ အဝတ္ေလွ်ာ္ဖို႔ သြားတာေတာ့ အဆင္ေျပေသးတယ္။ အေဆာင္ထဲကက်ေတာ့ ဟိုတစ္ေန႔က ေဆးျဖန္းထားတယ္"

"အေဆာင္ရဲ႕ အျပင္ဘက္ကို ထြက္သြားဖို႔ဆိုတာက ဘယ္လိုမွ အဆင္မေျပတဲ့အေနအထား။ တခ်ိဳ႕ေက်ာင္းက်ေတာ့ နည္းနည္းေလး အခက္အခဲရွိတယ္"

"ေက်ာင္းကပို႔တဲ့ သတင္းေတြအရဆိုရင္ အေဆာင္ထဲကေနၿပီးေတာ့ အျပင္ကို ထြက္သြားတာသည္ သူတို႔အတြက္က illegal ေပါ့။ သူတို႔ရဲ႕ rules and regulations ကို မလိုက္နာဘူးဆိုတဲ့ သေဘာေပါ့"လို႔ သူတို႔ေက်ာင္းရဲ႕ အေျခအေနကို ေျပာျပပါတယ္။

"ေခြၽစားမယ္ဆိုရင္ေတာ့ သုံးေလးရက္စာေလာက္ေတာ့ က်န္ပါေသးတယ္။ တစ္ေန႔ကို ထမင္းတစ္နပ္ႏႈန္းနဲ႔ေပါ့" လည္း မသင္းသင္းထက္က ေျပာပါတယ္။

တခ်ိဳ႕ေက်ာင္းေတြမွာ အခန္းအေရာက္ ကိုယ္အပူခ်ိန္တိုင္းတာလုပ္ေပးၿပီး တခ်ိဳ႕ေက်ာင္းမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ သံသယရွိလာရင္ သတ္မွတ္ေနရာမွာ အပူခ်ိန္လာတိုင္းဖို႔ ေျပာထားတယ္ေတြ ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

ဒါ့အျပင္ စားနပ္ရိကၡာထက္ ေက်ာင္းသားေတြက ျပန္ဖို႔ကိုပဲ ဦးစားေပးၾကတယ္လို႔လည္း ေျပာပါတယ္။

လက္ရွိမွာ ျမန္မာက ေစလႊတ္မယ့္ အထူးေလယာဥ္ရဲ႕အေသးစိတ္ အခ်က္အလက္ေတြ၊ တ႐ုတ္ဘက္က ေဒသႏၲရ က်န္းမာေရးအာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္၊ ဝူဟန္ထဲက ေက်ာင္းသား ေတြရဲ႕ ခရီးသြားအေထာက္ အထားေတြ တင္ျပႏိုင္ေရးနဲ႔ အထူးေလယာဥ္ေပၚ လိုက္ပါမယ့္ က်န္းမာေရးအဖြဲ႕ အပါအဝင္ လိုအပ္တာေတြ အကုန္ျပင္ဆင္ထားတယ္လို႔ ျမန္မာသံ႐ုံး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၇၀ ဦးအထိရွိၿပီး တိဘက္ အပါအဝင္ တ႐ုတ္ျပည္မႀကီးရဲ႕ ေဒသအားလုံးကို ပ်ံ႕သြားၿပီးလို႔ တ႐ုတ္အစိုးရက အတည္ျပဳထားပါတယ္။

ကူးစက္ခံရသူက ဇန္နဝါရီ ၂၉ ရက္မွာ ၇၇၀၀ ေက်ာ္အထိရွိသြားၿပီလို႔လည္း တ႐ုတ္က်န္းမာေရးအာဏာပိုင္ အဖြဲ႕က အတည္ျပဳထားၿပီး အနည္းဆုံး တျခား ႏိုင္ငံ ၁၉ ႏိုင္ငံကိုလည္း ကူးစက္သြားၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဝူဟန်က မြန်မာကျောင်းသားတွေ ပြန်ဖို့ ဘယ်လောက်နီးစပ်ပြီလဲ

Image caption ဝူဟန်မြို့တွင်း လူနေရပ်ကွက်တွေထဲမှာ အကာအကွယ်ဝတ်စုံတွေနဲ့ တွေ့ရတဲ့ အငှားယာဉ်မောင်းတွေ

နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်စတင်ပြန့်ပွားရာ ဝူဟန်မြို့ထဲ ပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေကို ခေါ်ဖို့ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်ရတာနဲ့ လာမယ့် စနေ၊တနင်္ဂနွေနေ့မှာ ချက်ချင်းခေါ်ယူဖို့ အားလုံး အသင့်ပြင် ထားတယ်လို့ ဘေဂျင်းက မြန်မာသံရုံးက ဇန်နဝါရီ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

သံရုံးထုတ်ပြန်ချက်မှာ လူမှု ကွန်ရက်မှာ စားနပ်ရိက္ခာတွေ ပြတ်တော့မယ်ဆိုတာအပါအဝင် မမှန်ကန်တဲ့သတင်းတွေ ပြောဆိုရေး သားတာမလုပ်ဖို့ မြန်မာကျောင်းသားတွေကို မေတ္တာရပ်ခံတယ်လို့လည်း အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်အာဏာပိုင်တွေကို တင်ရမယ့် အချက်အလက်တွေအကုန် မြန်မာဘက်က တင်ပြထားပြီး မြန်မာ နဲ့အတူ ထွက်ခွာခွင့် စောင့်ဆိုင်းနေတဲ့ တခြားနိုင်ငံတွေလည်း ရှိနေတုန်း ဖြစ်တယ်လို့ ဘေဂျင်းက မြန်မာသံရုံးရဲ့ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ဘီဘီစီကို ပြောပါတယ်။

    ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေကို အမြန်ဆုံး ပြန်ခေါ်မယ်
    ရွှေလီမှာ ဗိုင်းရပ်စ်ကူးသူတွေ့လို့ အသွားအလာကန့်သတ်
    ဝူဟန် ဗိုင်းရပ်စ် တရုတ်ပြည် အနှံ့ ပျံ့နှံ့၊ သေဆုံးသူ တိုးလာနေ

"Flight Permission မရရင် ကျန်တဲ့ဟာတွေ ဘာမှ အစီအစဉ် ဆက်လုပ်လို့ မရဘူး။ တရုတ်က တင်ပြပါ၊ ခွင့်ပြုမိန့်ချပေးမယ်၊ အထူးအခြေအနေဆိုတော့ ခွင့်ပြုရင် ပြုလိုက်မယ်၊ ခွင့်မပြုရင် မပြုသေးဘူး၊ အဲလိုတော့ရှိတယ်။ အကြောင်းတော့ မပြန်သေးဘူး။ သံရုံးအနေနဲ့ တောက်လျှောက်ဆက်သွယ်တာပေါ့နော်၊ သက်ဆိုင်ရာ တရုတ်ဘက်ကိုတော့ အထပ်ထပ်ညှိနှိုင်းတယ်။ မေတ္တာရပ်ခံတယ်" လို့ ပြောပါတယ်။

ဝူဟန်ထဲက အမေရိကန်နဲ့ ဂျပန်နိုင်ငံသားတွေကို ထွက်ခွာခွင့်ပေးခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေလို ချက်ချင်း ထွက်ခွာနိုင်ဖို့ သံတမန်လမ်းကြောင်းအရ လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကို ဘီဘီစီက မေးတဲ့အခါ ဦးစိုးပြည့်ဝင်းက အဲဒီလိုထွက်ခွာဖို့နည်းလမ်းကို စုံစမ်းပေမဲ့ တိကျတဲ့အချက်အလက် မရသေးဘူးလို့ ပြောပါတယ်။

မြန်မာသံရုံးဘက်က အစွမ်းကုန် ကြိုးစားပေးနေတာက သိရှိပြီး ကျေးဇူးတင်ပေမယ့် တခြားနိုင်ငံတွေလို အင်တိုက် အားတိုက်ဆောင်ရွက်မှုမျိုး လုပ်ဆောင်စေချင်တယ်လို့ ဝူဟန်ဆေးတက္ကသိုလ်မှာ ဆေးပညာ မဟာဘွဲ့ တက်ရောက်နေတဲ့ ဒေါက်တာ ခင်သီရိသန့်ဇင်က ပြောပါတယ်။

ဒါ့အပြင် အစားအသောက် ပြတ်လပ်တော့မယ်ဆိုတာနဲ့ တခြားနိုင်ငံသားတွေ အလွယ်တကူထွက်ခွာလို့ရတယ်ဆိုတာ သတင်းအမှားတွေလို့ သံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဒေါက်တာခင်သီရိသန့်ဇင်က "အမေရိကန်နဲ့ ဂျပန်က ထွက်ခွာသွားပြီဆိုတာတော့ confirm ပါ။ သူများနိုင်ငံတွေနဲ့ တန်းတူ သူတို့လို အမြန်ဆုံး ပြန်ခေါ်စေချင်တဲ့ စိတ်လေးတစ်ခုပါ။ နောက် စိတ်အားငယ်တယ်"

" စားနပ်ရိက္ခာက ဒီမှာ အယောက် ၆၀ က ကျောင်းတစ်ကျောင်းတည်းမှာ စုနေကြတာ မဟုတ်ဘူး။ Public Transportation တွေ အကုန်လုံးပိတ်ထားတဲ့အတွက်ကြောင့် သူတို့အတွက်လည်း ပို့ပေးဖို့ အခက်အခဲရှိတာကို နားလည်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် သူ့အတွက် အစားအသောက်က သုံးရက်စာလောက်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption အသွားအလာတွေ ပိတ်ထားပြီးနောက် ဇန်နဝါရီ ၃၀ ရက် ဝူဟန်မြို့တွင်းလမ်းတစ်ခုရဲ့ အခြေအနေ

ဝူဟန်နည်းပညာတက္ကသိုလ်က ပါရဂူတန်းကျောင်းသူ မသင်းသင်းထက်က

"ကန်တင်းဖွင့်ပေးထားတယ်လို့ ပြောပေမဲ့ ကူးစက်နှုန်းမြန်နေတဲ့ အချိန်မှာ mask တပ်ပြီး အပြင်မထွက်ရဲကြဘူး။ ကိုယ့်အခန်းထဲကနေ အဆောင်ထဲ အဝတ်လျှော်ဖို့ သွားတာတော့ အဆင်ပြေသေးတယ်။ အဆောင်ထဲကကျတော့ ဟိုတစ်နေ့က ဆေးဖြန်းထားတယ်"

"အဆောင်ရဲ့ အပြင်ဘက်ကို ထွက်သွားဖို့ဆိုတာက ဘယ်လိုမှ အဆင်မပြေတဲ့အနေအထား။ တချို့ကျောင်းကျတော့ နည်းနည်းလေး အခက်အခဲရှိတယ်"

"ကျောင်းကပို့တဲ့ သတင်းတွေအရဆိုရင် အဆောင်ထဲကနေပြီးတော့ အပြင်ကို ထွက်သွားတာသည် သူတို့အတွက်က illegal ပေါ့။ သူတို့ရဲ့ rules and regulations ကို မလိုက်နာဘူးဆိုတဲ့ သဘောပေါ့"လို့ သူတို့ကျောင်းရဲ့ အခြေအနေကို ပြောပြပါတယ်။

"ချွေစားမယ်ဆိုရင်တော့ သုံးလေးရက်စာလောက်တော့ ကျန်ပါသေးတယ်။ တစ်နေ့ကို ထမင်းတစ်နပ်နှုန်းနဲ့ပေါ့" လည်း မသင်းသင်းထက်က ပြောပါတယ်။

တချို့ကျောင်းတွေမှာ အခန်းအရောက် ကိုယ်အပူချိန်တိုင်းတာလုပ်ပေးပြီး တချို့ကျောင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် သံသယရှိလာရင် သတ်မှတ်နေရာမှာ အပူချိန်လာတိုင်းဖို့ ပြောထားတယ်တွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာထက် ကျောင်းသားတွေက ပြန်ဖို့ကိုပဲ ဦးစားပေးကြတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ မြန်မာက စေလွှတ်မယ့် အထူးလေယာဉ်ရဲ့အသေးစိတ် အချက်အလက်တွေ၊ တရုတ်ဘက်က ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်၊ ဝူဟန်ထဲက ကျောင်းသား တွေရဲ့ ခရီးသွားအထောက် အထားတွေ တင်ပြနိုင်ရေးနဲ့ အထူးလေယာဉ်ပေါ် လိုက်ပါမယ့် ကျန်းမာရေးအဖွဲ့ အပါအဝင် လိုအပ်တာတွေ အကုန်ပြင်ဆင်ထားတယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၀ ဦးအထိရှိပြီး တိဘက် အပါအဝင် တရုတ်ပြည်မကြီးရဲ့ ဒေသအားလုံးကို ပျံ့သွားပြီးလို့ တရုတ်အစိုးရက အတည်ပြုထားပါတယ်။

ကူးစက်ခံရသူက ဇန်နဝါရီ ၂၉ ရက်မှာ ၇၇၀၀ ကျော်အထိရှိသွားပြီလို့လည်း တရုတ်ကျန်းမာရေးအာဏာပိုင် အဖွဲ့က အတည်ပြုထားပြီး အနည်းဆုံး တခြား နိုင်ငံ ၁၉ နိုင်ငံကိုလည်း ကူးစက်သွားပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဝူဟန္က ျမန္မာေက်ာင္းသားေတြ ျပန္ဖို႔ ဘယ္ေလာက္နီးစပ္ၿပီလဲ ဝူဟန္က ျမန္မာေက်ာင္းသားေတြ ျပန္ဖို႔ ဘယ္ေလာက္နီးစပ္ၿပီလဲ Reviewed by THITHTOOLWIN on 02:56 Rating: 5
Powered by Blogger.