မႏၲေလးမွာ စက္႐ုံ၊အလုပ္႐ုံေတြကို သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရးမလုပ္ရင္ ပိတ္သိမ္းတဲ့အထိ အေရးယူမယ္

(Zawgyi)⤵⤵⤵
မႏၲေလးတိုင္း ေဒသႀကီးအတြင္းက စက္႐ုံ၊အလုပ္႐ုံ တခ်ိဳ႕ကို သဘာဝပတ္ဝန္းက်င္ဆိုင္ရာစီမံခန႔္ခြဲမႈ EMP ကို သတ္မွတ္ကာလအတြင္း မတင္ျပႏိုင္ရင္ ပိတ္သိမ္းဖို႔အထိ အေရးယူဖို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရက ထုတ္ျပန္လိုက္ပါတယ္။

စက္႐ုံအမ်ိဳးစား ၉ မ်ိဳးသတ္မွတ္ထားၿပီး ဒီထဲမွာ အရက္ဘီယာ စက္႐ုံ၊ ပိုးသတ္ေဆးစက္႐ုံ၊ ဘိလပ္ေျမ/ထုံး နဲ႔ အဝတ္အထည္ေဆးဆိုးစက္႐ုံ၊ သတၱဳ အရည္က်ိဳ၊ သားေရနယ္ အစ ရွိတဲ့ စက္႐ုံအမ်ိဳးအစားေတြပါဝင္ၿပီး ဒီစက္႐ုံေတြဟာ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဆိုင္ရာစီမံခန႔္ခြဲေရး မူဝါဒေတြ ေရးဆြဲၿပီး သက္ဆိုင္ရာကို တင္ျပရမွာျဖစ္ပါတယ္။

'' သတ္မွတ္ကာလအတြင္း မတင္ျပႏိုင္ရင္ သဘာဝပတ္က်င္ထိန္းသိန္းေရးဆိုင္ရာ ဥပေဒနဲ႔ ဆက္လက္ အေရးယူ ေဆာင္႐ြက္သြားမယ္'' လို႔ မႏၲေလးတိုင္း သံယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးမ်ိဳးသစ္က ေျပာပါတယ္။

အဲဒီစက္႐ုံေတြကို ၂၀၁၈ ခုႏွစ္ကတည္းက သဘာဝပတ္ဝန္းက်င္စီမံခန႔္ခြဲမႈ Enviromental Management Plan ကို ေရးဆြဲဖို႔ အစိုးရကႏႈိးေဆာ္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မေရးဆြဲရေသးတဲ့ စက္႐ုံ ေတြအမ်ားအျပားရွိတာေၾကာင့္ သက္တမ္းဆက္တိုးၿပီး ေရးဆြဲဖို႔ တိုက္တြန္းလာခဲ့တာျဖစ္ၿပီး လာမယ့္ ဇန္နဝါရီလ ၂၉ ရက္ေန႔မွာေတာ့ သက္မွတ္ကာလ ျပည့္ေတာ့မွာပါ။

ဒီလို လုပ္ေဆာင္ဖို႔ ၫႊန္ၾကားတာဟာ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ ေလွ်ာ့ခ်ဖို႔ လုပ္တာျဖစ္တယ္လို႔ ဝန္ႀကီးဦးမ်ိဳးသစ္က ေျပာပါတယ္။

သဘာဝပတ္ဝန္းက်င္ စီမံခန႔္ခြဲမႈ (EMP )ေရးဆြဲၿပီးတဲ့ စက္႐ုံေတြကိုလည္း လိုက္နာမႈ ရွိမရွိဆိုတာ ဆက္လက္ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ သယံဇာတနဲ႔ သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးမ်ိဳးသစ္ကေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီးမွာ စက္မႈလုပ္ငန္း မွတ္ပုံတင္ထားတဲ့ လုပ္ငန္းေပါင္း ၈ ေထာင္နီးပါးအထိရွိၿပီး သတၱဳအရည္က်ိဳလုပ္ငန္းေတြနဲ႔ သားေရနယ္လုပ္ငန္းေတြက အမ်ားဆုံးရွိတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
မန္တလေးမှာ စက်ရုံ၊အလုပ်ရုံတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမလုပ်ရင် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်

ဓာတ်ပုံ မူပိုင် DEA / C. SAPPA
Image caption မန္တလေးတိုင်းဒေသကြီးမှာ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၈ ထောင်နီးပါးအထိရှိ

မန္တလေးတိုင်း ဒေသကြီးအတွင်းက စက်ရုံ၊အလုပ်ရုံ တချို့ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု EMP ကို သတ်မှတ်ကာလအတွင်း မတင်ပြနိုင်ရင် ပိတ်သိမ်းဖို့အထိ အရေးယူဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံအမျိုးစား ၉ မျိုးသတ်မှတ်ထားပြီး ဒီထဲမှာ အရက်ဘီယာ စက်ရုံ၊ ပိုးသတ်ဆေးစက်ရုံ၊ ဘိလပ်မြေ/ထုံး နဲ့ အဝတ်အထည်ဆေးဆိုးစက်ရုံ၊ သတ္တု အရည်ကျို၊ သားရေနယ် အစ ရှိတဲ့ စက်ရုံအမျိုးအစားတွေပါဝင်ပြီး ဒီစက်ရုံတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာစီမံခန့်ခွဲရေး မူဝါဒတွေ ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြရမှာဖြစ်ပါတယ်။

'' သတ်မှတ်ကာလအတွင်း မတင်ပြနိုင်ရင် သဘာဝပတ်ကျင်ထိန်းသိန်းရေးဆိုင်ရာ ဥပဒေနဲ့ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်'' လို့ မန္တလေးတိုင်း သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။

အဲဒီစက်ရုံတွေကို ၂၀၁၈ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု Enviromental Management Plan ကို ရေးဆွဲဖို့ အစိုးရကနှိုးဆော်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မရေးဆွဲရသေးတဲ့ စက်ရုံ တွေအများအပြားရှိတာကြောင့် သက်တမ်းဆက်တိုးပြီး ရေးဆွဲဖို့ တိုက်တွန်းလာခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ သက်မှတ်ကာလ ပြည့်တော့မှာပါ။

ဒီလို လုပ်ဆောင်ဖို့ ညွှန်ကြားတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချဖို့ လုပ်တာဖြစ်တယ်လို့ ဝန်ကြီးဦးမျိုးသစ်က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု (EMP )ရေးဆွဲပြီးတဲ့ စက်ရုံတွေကိုလည်း လိုက်နာမှု ရှိမရှိဆိုတာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ စက်မှုလုပ်ငန်း မှတ်ပုံတင်ထားတဲ့ လုပ်ငန်းပေါင်း ၈ ထောင်နီးပါးအထိရှိပြီး သတ္တုအရည်ကျိုလုပ်ငန်းတွေနဲ့ သားရေနယ်လုပ်ငန်းတွေက အများဆုံးရှိတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
မႏၲေလးမွာ စက္႐ုံ၊အလုပ္႐ုံေတြကို သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရးမလုပ္ရင္ ပိတ္သိမ္းတဲ့အထိ အေရးယူမယ္ မႏၲေလးမွာ စက္႐ုံ၊အလုပ္႐ုံေတြကို သဘာ၀ပတ္ဝန္းက်င္ထိန္းသိမ္းေရးမလုပ္ရင္ ပိတ္သိမ္းတဲ့အထိ အေရးယူမယ္ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.