အပစ္ရပ္ေၾကညာတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြ အေျပာနဲ႔အလုပ္ညီဖို႔ တပ္မေတာ္ ေျပာ

တပ္မေတာ္က ၿငိမ္းခ်မ္းေရးတံခါးဖြင့္ထားတယ္လို႔ ေျပာပါတယ္။
(Zawgyi)⤵⤵⤵
ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕ရဲ႕ အပစ္ရပ္ေၾကညာခ်က္ဟာ အေျပာနဲ႔ အလုပ္ညီဖို႔လိုတယ္လို႔ တပ္မေတာ္ သတင္း မွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒါ့အျပင္ တပ္မေတာ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း အပစ္အခတ္ရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ၿပီး တစ္ဖတ္သတ္ အပစ္ရပ္ေလးႀကိမ္ ရပ္စဲထားခဲ့ၿပီး ၿငိမ္းခ်မ္းေရးတံခါးဖြင့္ေပးခဲ့တယ္လို႔ သူက ဆက္ေျပာပါတယ္။

ဒါေပမဲ့ အဲဒီလိုအပစ္ရပ္စဲခဲ့ၿပီးေနာက္ပိုင္း ဘာေတြျဖစ္ခဲ့လဲဆိုတာ သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာၾကားခဲ့ၿပီးျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

"ပထမတစ္ႀကိမ္ (ေျမာက္ပိုင္းအဖြဲ႕က အပစ္ရပ္ေၾကာင္း ေၾကညာခ်က္) ထုတ္ျပန္ၿပီးတဲ့အခ်ိန္မွာပဲ ရခိုင္မွာရွိတဲ့ တပ္ဌာနခ်ဳပ္တစ္ခုကို ပစ္ခတ္ခဲ့တာရွိတယ္။ ၿပီးရင္ ေျမာက္ပိုင္းမွာဆိုရင္ အေရွ႕ေျမာက္ဘက္မွာ ျပည္ေထာင္စု လမ္းမႀကီးေပၚမွာ တက္လာတာရွိတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆမ္ၿမိဳ႕နားထိ တက္လာၿပီး ဘုရားကုန္းေပၚထိ တပ္စြဲခဲ့တာရွိတယ္။ ဒါေၾကာင့္ ဒါေတြ(အပစ္ရပ္ေၾကညာတာ) ကို အခြင့္ေကာင္းယူၿပီးေတာ့ အင္အားတိုးခ်ဲ႕တာေတြ၊ နယ္ေျမတိုးခ်ဲ႕ တာတြေတာ့ မလုပ္ဖို႔လိုမယ္လို႔ ေျပာလိုပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
 ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ အစိုးရတို႔ ၂၀၁၉ ခုႏွစ္အတြင္း ေျခာက္ႀကိမ္ေတြ႕ဆုံေဆြးေႏြးထားပါတယ္။
ရခိုင့္တပ္မေတာ္ ေအေအ၊ တအားန္းအဖြဲ႕ TNLA နဲ႔ ကိုးကန႔္အဖြဲ႕ MNDAA စတဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ဘက္ကေတာ့ သူတို႔ဘက္က အပစ္ရပ္ထုတ္ျပန္ၿပီးေနာက္ တပ္မေတာ္ဘက္က ထိုးစစ္ေတြဆင္လာလို႔ တိုက္ပြဲေတြျဖစ္ရတယ္လို႔ ေျပာၾကားတာေတြရွိပါတယ္။

အခုတစ္ႀကိမ္ ေျမာက္ပိုင္းအဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္မွာလည္း တစ္ဖတ္သတ္အပစ္ရပ္ထားခ်ိန္မွာ တပ္မေတာ္ဘက္က ထိုးစစ္ဆင္လာမယ္ဆိုရင္ ခုခံကာကြယ္သြားမယ္ လို႔ပါဝင္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက

"ျဖစ္ခဲ့တဲ့တိုက္ပြဲေတြျပန္ၾကည့္ရင္ အမ်ားစုက ျပည္ေထာင္စုလမ္းမႀကီးနဲ႔ ၿမိဳ႕ေတြ႐ြာေတြနဲ႔ ကပ္တဲ့ေနရာေတြမွာ ျဖစ္ပြားတာမ်ားပါတယ္။ ဒါေတြၾကည့္ျခင္းအားျဖင့္ သူတို႔စြပ္စြဲမႈေတြ မွန္မမွန္ သိပါလိမ့္မယ္" လို႔ သူက ေျပာပါတယ္။

ႏွစ္ဖက္ သေဘာတူ အပစ္ရပ္စာခ်ဳပ္ Bilateral သေဘာတူလက္မွတ္ေရးထိုးႏိုင္ေရး လက္ေတြ႕က်က်ေဆာင္႐ြက္ႏိုင္ဖို႔နဲ႔ ၂၀၂၀ ေ႐ြး ေကာက္ပြဲမွာ ၿငိမ္းခ်မ္းတဲ့ပတ္ဝန္းက်င္ တည္ေဆာက္ႏိုင္ၿပီး ျပည္တြင္းစစ္ လုံးဝခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ဖို႔ တစ္ဖတ္သတ္အပစ္ရပ္ဆိုင္းျခင္းကို ဇန္နဝါရီ ၁ ရက္ကေန ေဖေဖာ္ဝါရီ ၂၉ ရက္အထိ ထပ္မံတိုးျမႇင့္လိုက္တယ္လို႔ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕အပစ္ရပ္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
တစ္ဖတ္သတ္အပစ္ရပ္ထားခ်ိန္မွာ တပ္မေတာ္ဘက္က ထိုးစစ္ဆင္လာမယ္ဆိုရင္ ခုခံကာကြယ္သြားမယ္ လို႔ပါဝင္
ဒီလို အပစ္ရပ္ေၾကညာခ်က္ေတြဟာ ဘယ္ဘက္က ထုတ္ထုတ္ ထုတ္တဲ့သူေတြဟာ ၿငိမ္းခ်မ္းေရးလိုလားသူအျဖစ္ ပုံေဖာ္လိုၿပီး လက္ေတြ႕မွာေတာ့ စစ္ပြဲကို ရပ္ခ်င္ပုံမရဘူးလို႔ စစ္ေရးေလ့လာသုံးသပ္သူ စာေရးဆရာ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

တပ္မေတာ္က အပစ္ရပ္ခဲ့တဲ့ ကိုးလအတြင္းမွာလည္း ၿငိမ္းခ်မ္းေရးအတြက္ မယ္မယ္ရရ အက်ိဳးရွိတဲ့ေျခလွမ္းမရွိခဲ့ဘဲ ခုလည္း သံသယနဲ႔ ေစာင့္ၾကည့္ရ မယ့္အေနအထားျဖစ္တယ္လို႔ သူကဆိုပါတယ္။

"ႏွစ္ဦးႏွစ္ဖက္ bilateral အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးဖို႔အတြက္ အႀကိဳညႇိႏႈိင္းဖို႔အစည္းအေဝးကိုေတာင္ ေနရာေ႐ြးမရတဲ့ကိစၥနဲ႔ ရပ္ဆိုင္း လာတာ ခုထိလည္း ညႇိလို႔မရဘူး။ အဲဒီလိုဘက္ႏွစ္ဘက္ကျဖစ္ေနတဲ့ဟာက ၿငိမ္းခ်မ္းေရးေရာ တကယ္ရခ်င္ရဲ႕လားလို႔ ေမးခြန္းထုတ္ရေတာ့မလိုျဖစ္ လာၿပီ" လို႔ သူက ေျပာပါတယ္။
ငါးႀကိမ္ေျမာက္အျဖစ္ က်ိဳင္းတုံမွာလုပ္တဲ့ေဆြးေႏြးပြဲမွာ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။
အပစ္ရပ္ထားတဲ့အခ်ိန္အတြင္း ေျမာက္ပိုင္းအဖြဲ႕ေတြဘက္က တပ္က ထိုးစစ္ဆင္လို႔ လို႔ အေၾကာင္းျပၿပီး တပ္မေတာ္ဘက္ကေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြက အျပင္စည္းကို ထြက္လႈပ္ရွားလို႔ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳး ျပၾကၿပီး ျဖစ္ခဲ့တဲ့ တိုက္ပြဲၾကား တကယ္လက္ေတြ႕ ဒုကၡ ခံစားရတာ ျပည္သူေတြျဖစ္တယ္လို႔ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

Bilateral အတြက္ အႀကိဳညႇိႏႈိင္းမႈ ခ်ဳပ္ဆိုႏိုင္တဲ့အဆင့္မေရာက္သေ႐ြ႕ကေတာ့ ဒီေၾကညာခ်က္ေတြက ၿငိမ္းခ်မ္းေရးအတြက္ ဘာမွထူးျခားမႈမရွိဘူးလို႔ သူက ဆိုပါတယ္။

လက္ရွိမွာ အခု အပစ္ရပ္ေၾကညာခ်က္ထုတ္တဲ့ ေျမာက္ပိုင္းသုံးဖြဲ႕ထဲက ရကၡိဳင့္တပ္ေတာ္ ေအေအ နဲ႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းထိ တိုက္ပြဲေတြက်ယ္ျပန႔္လာသလို စစ္ေရွာင္အေရအတြက္ တစ္သိန္းေက်ာ္ရွိလာၿပီျဖစ္တဲ့အျပင္ ေသဆုံး ႏွစ္ရာ နီးပါး နဲ႔ ဒဏ္ရာရသူ သုံးရာ ေက်ာ္ရွိ လာၿပီျဖစ္ တယ္လို႔ ရခိုင္ျပည္နယ္ အေျခစိုက္ ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အပစ်ရပ်ကြေညာတဲ့ မြောက်ပိုင်းအဖွဲ့တွေ အပြောနဲ့အလုပ်ညီဖို့ တပ်မတော် ပြော

Image caption တပ်မတော်က ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်ဟာ အပြောနဲ့ အလုပ်ညီဖို့လိုတယ်လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး တစ်ဖတ်သတ် အပစ်ရပ်လေးကြိမ် ရပ်စဲထားခဲ့ပြီး ငြိမ်းချမ်းရေးတံခါးဖွင့်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အဲဒီလိုအပစ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ပထမတစ်ကြိမ် (မြောက်ပိုင်းအဖွဲ့က အပစ်ရပ်ကြောင်း ကြေညာချက်) ထုတ်ပြန်ပြီးတဲ့အချိန်မှာပဲ ရခိုင်မှာရှိတဲ့ တပ်ဌာနချုပ်တစ်ခုကို ပစ်ခတ်ခဲ့တာရှိတယ်။ ပြီးရင် မြောက်ပိုင်းမှာဆိုရင် အရှေ့မြောက်ဘက်မှာ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တက်လာတာရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့နားထိ တက်လာပြီး ဘုရားကုန်းပေါ်ထိ တပ်စွဲခဲ့တာရှိတယ်။ ဒါကြောင့် ဒါတွေ(အပစ်ရပ်ကြေညာတာ) ကို အခွင့်ကောင်းယူပြီးတော့ အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့ တာတွတော့ မလုပ်ဖို့လိုမယ်လို့ ပြောလိုပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Tarchilake News agency
Image caption မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတို့ ၂၀၁၉ ခုနှစ်အတွင်း ခြောက်ကြိမ်တွေ့ဆုံဆွေးနွေးထားပါတယ်။

ရခိုင့်တပ်မတော် အေအေ၊ တအားန်းအဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA စတဲ့ မြောက်ပိုင်းသုံးဖွဲ့ဘက်ကတော့ သူတို့ဘက်က အပစ်ရပ်ထုတ်ပြန်ပြီးနောက် တပ်မတော်ဘက်က ထိုးစစ်တွေဆင်လာလို့ တိုက်ပွဲတွေဖြစ်ရတယ်လို့ ပြောကြားတာတွေရှိပါတယ်။

အခုတစ်ကြိမ် မြောက်ပိုင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာလည်း တစ်ဖတ်သတ်အပစ်ရပ်ထားချိန်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင် ခုခံကာကွယ်သွားမယ် လို့ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"ဖြစ်ခဲ့တဲ့တိုက်ပွဲတွေပြန်ကြည့်ရင် အများစုက ပြည်ထောင်စုလမ်းမကြီးနဲ့ မြို့တွေရွာတွေနဲ့ ကပ်တဲ့နေရာတွေမှာ ဖြစ်ပွားတာများပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် သူတို့စွပ်စွဲမှုတွေ မှန်မမှန် သိပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

နှစ်ဖက် သဘောတူ အပစ်ရပ်စာချုပ် Bilateral သဘောတူလက်မှတ်ရေးထိုးနိုင်ရေး လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့နဲ့ ၂၀၂၀ ရွေး ကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင် တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ် လုံးဝချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တစ်ဖတ်သတ်အပစ်ရပ်ဆိုင်းခြင်းကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့အပစ်ရပ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Image caption တစ်ဖတ်သတ်အပစ်ရပ်ထားချိန်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင် ခုခံကာကွယ်သွားမယ် လို့ပါဝင်

ဒီလို အပစ်ရပ်ကြေညာချက်တွေဟာ ဘယ်ဘက်က ထုတ်ထုတ် ထုတ်တဲ့သူတွေဟာ ငြိမ်းချမ်းရေးလိုလားသူအဖြစ် ပုံဖော်လိုပြီး လက်တွေ့မှာတော့ စစ်ပွဲကို ရပ်ချင်ပုံမရဘူးလို့ စစ်ရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တပ်မတော်က အပစ်ရပ်ခဲ့တဲ့ ကိုးလအတွင်းမှာလည်း ငြိမ်းချမ်းရေးအတွက် မယ်မယ်ရရ အကျိုးရှိတဲ့ခြေလှမ်းမရှိခဲ့ဘဲ ခုလည်း သံသယနဲ့ စောင့်ကြည့်ရ မယ့်အနေအထားဖြစ်တယ်လို့ သူကဆိုပါတယ်။

"နှစ်ဦးနှစ်ဖက် bilateral အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးဖို့အတွက် အကြိုညှိနှိုင်းဖို့အစည်းအဝေးကိုတောင် နေရာရွေးမရတဲ့ကိစ္စနဲ့ ရပ်ဆိုင်း လာတာ ခုထိလည်း ညှိလို့မရဘူး။ အဲဒီလိုဘက်နှစ်ဘက်ကဖြစ်နေတဲ့ဟာက ငြိမ်းချမ်းရေးရော တကယ်ရချင်ရဲ့လားလို့ မေးခွန်းထုတ်ရတော့မလိုဖြစ် လာပြီ" လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Tarchilake News agency
Image caption ငါးကြိမ်မြောက်အဖြစ် ကျိုင်းတုံမှာလုပ်တဲ့ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အပစ်ရပ်ထားတဲ့အချိန်အတွင်း မြောက်ပိုင်းအဖွဲ့တွေဘက်က တပ်က ထိုးစစ်ဆင်လို့ လို့ အကြောင်းပြပြီး တပ်မတော်ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အပြင်စည်းကို ထွက်လှုပ်ရှားလို့ စသဖြင့် အကြောင်းအမျိုးမျိုး ပြကြပြီး ဖြစ်ခဲ့တဲ့ တိုက်ပွဲကြား တကယ်လက်တွေ့ ဒုက္ခ ခံစားရတာ ပြည်သူတွေဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

Bilateral အတွက် အကြိုညှိနှိုင်းမှု ချုပ်ဆိုနိုင်တဲ့အဆင့်မရောက်သရွေ့ကတော့ ဒီကြေညာချက်တွေက ငြိမ်းချမ်းရေးအတွက် ဘာမှထူးခြားမှုမရှိဘူးလို့ သူက ဆိုပါတယ်။

လက်ရှိမှာ အခု အပစ်ရပ်ကြေညာချက်ထုတ်တဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲက ရက္ခိုင့်တပ်တော် အေအေ နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းထိ တိုက်ပွဲတွေကျယ်ပြန့်လာသလို စစ်ရှောင်အရေအတွက် တစ်သိန်းကျော်ရှိလာပြီဖြစ်တဲ့အပြင် သေဆုံး နှစ်ရာ နီးပါး နဲ့ ဒဏ်ရာရသူ သုံးရာ ကျော်ရှိ လာပြီဖြစ် တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
အပစ္ရပ္ေၾကညာတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြ အေျပာနဲ႔အလုပ္ညီဖို႔ တပ္မေတာ္ ေျပာ အပစ္ရပ္ေၾကညာတဲ့ ေျမာက္ပိုင္းအဖြဲ႕ေတြ အေျပာနဲ႔အလုပ္ညီဖို႔ တပ္မေတာ္ ေျပာ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.