၂၀၁၉ ဒီဇင္ဘာ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းစဥ္\ Photo: Thet Su Aung/RFA
|
ဗစ္တိုးရီးယားအမႈမွန္ေပၚေပါက္ေရး ေကာ္မတီရဲ႕ ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ စာေရးဆရာ ဦးထင္လင္းဦးရဲ႕ ၫႊန္ၾကားခ်က္အရ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြကို ဥပေဒနဲ႔အညီ တရားစြဲဖို႔ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္းက စတင္ေဆာင္႐ြက္တာျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။
စြပ္စြဲခံရသူေတြဟာ ျပည္သူ႔ဝန္ထမ္းျဖစ္တဲ့အတြက္ သမၼတအမိန႔္ လိုအပ္တာေၾကာင့္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၉၇ (၁) အရ အခုလို ႀကိဳတင္ခြင့္ျပဳမိန႔္ ေတာင္းခံ ေလွ်ာက္ထားတာျဖစ္တယ္လို႔ ဦးသိန္းသန္းဦးက ဆိုပါတယ္။
“ျပည္သူ႔ဝန္ထမ္းနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕ တာဝန္ဝတၱရားေဆာင္႐ြက္စဥ္ ျဖစ္သြားတယ္လို႔ ေျပာလို႔ရတယ္။ သူတို႔တာဝန္ဝတၱရားေဆာင္႐ြက္စဥ္ တရားစြဲတာျဖစ္တဲ့အတြက္ သမၼတရဲ႕ ခြင့္ျပဳမိန႔္ မလႊဲမေသ လိုအပ္တယ္။ အဲဒါမပါဘဲနဲ႔ တရားစြဲလို႔မရဘူး။ ႏွစ္လအတြင္း အေျဖျပန္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”
ျမန္မာႏိုင္ငံမႈခင္းရဲတပ္ဖြဲ႕က မႈခင္းရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ စိုးႏိုင္ဦး၊ မႈခင္း ၫႊန္ၾကားေရးမႉး ရဲမႉးႀကီး မင္းဟန္၊ မႈခင္းရဲတပ္ဖြဲ႕ ဌာနမႉး ရဲမႉးႀကီး သာဒြန္းနဲ႔ ရဲဇာနည္ facebook စာမ်က္ႏွာ တာဝန္ခံစီစဥ္သူေတြကို ၂၀၁၉ ခုႏွစ္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရလည္းေကာင္း၊ အျခားသင့္ေတာ္ရာ ရာဇဝတ္ဥပေဒတစ္ရပ္ ရပ္အရလည္းေကာင္း တရားစြဲဆို အေရးယူေဆာင္႐ြက္ခြင့္ျပဳဖို႔ ၂၀၁၆ ႏွစ္ဆန္းပိုင္းမွာ စတင္ဖြဲ႕စည္းခဲ့တဲ့ ရန္ကုန္အေျခစိုက္ ျမန္မာႏိုင္ငံ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္းက ေလွ်ာက္ထားတာပါ။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲ မွာ လိင္အၾကမ္းဖက္ခံရတဲ့ ကေလးငယ္ရဲ႕ နာမည္၊ မိဘနာမည္ေတြကို ရဲအရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ အျပင္ လိပ္စာေတြနဲ႔ အလုပ္အကိုင္ေတြ၊ တိုင္ၾကားစာေတြကိုပါ ရဲဇာနည္ဆိုတဲ့ လူမႈကြန္ရက္စာမ်က္ႏွာကတဆင့္ တင္ခဲ့တာပါ။
ဗစ္တိုးရီးယားအမႈမွာ ကေလးငယ္ရဲ႕နာမည္ကို ထုတ္ေဖာ္တာဟာ ကေလးသူငယ္ဥပေဒနဲ႔ ၿငိစြန္းေနသလို ကေလးငယ္ကို ထိခိုက္ေစတာေၾကာင့္ ဗစ္တိုးရီးယားဖခင္ အပါအဝင္ တရားဥပေဒစိုးမိုးေရးနဲ႔ အမွန္တရားေပၚ ေပါက္ေရး ပံ့ပိုးကူညီသူမ်ားအဖြဲ႕က ပူးေပါင္းၿပီး ဥပေဒေၾကာင္းအရ တရားစြဲဖို႔ ျပင္ဆင္ေနတာလို႔ စာေရးဆရာ ဦးထင္လင္းဦးက RFA ကို ေျပာထားပါတယ္။
ဒီလိုက်ဴးလြန္ခံရတဲ့ ကေလးငယ္ရဲ႕ နာမည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့တာဟာ ဥပေဒ ခ်ိဳးေဖာက္တာျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ သမၼတအေနနဲ႔ တရားစြဲဆိုဖို႔ ခြင့္ျပဳမိန႔္ ေပးလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ တရားစီရင္ေရးႏွင့္ ဥပေဒေရးေကာ္မတီအဖြဲ႕ဝင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ သမၼတႀကီးကလည္း ေရွ႕ေနပဲေလ။ ဥပေဒသမားပဲ။ ဒါကိုခြင့္ျပဳမယ္လို႔ေတာ့ ထင္ပါတယ္။ ဥပေဒနဲ႔အညီ ေဆာင္႐ြက္မယ္လို႔ ထင္ပါတယ္”
ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ရဲက်င့္ဝတ္ခ်ိဳးေဖာက္ၿပီး နစ္နာသူရဲ႕ အမည္ကို ထုတ္ေျပာခဲ့တာေၾကာင့္ တာဝန္ရွိသူေတြ ကို အေရးယူေပးဖို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ရန္ကုန္၊ မႏၲေလး စတဲ့ ၿမိဳ႕ႀကီးေတြမွာ လူအင္အားရာခ်ီ စုေဝးဆႏၵ ေဖာ္ထုတ္ခဲ့ၾကပါေသးတယ္။
ကေလးငယ္ရဲ႕ အမည္နဲ႔ မိဘအမည္ေတြကို ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက ရည္႐ြယ္ခ်က္ရွိရွိ ထုတ္ေျပာခဲ့တာျဖစ္ တာေၾကာင့္ တာဝန္ရွိသူေတြကို အေရးယူသင့္တယ္လို႔ လူ႔အခြင့္အေရးျမႇင့္တင္သူမ်ားအဖြဲ႕က ကိုေအာင္ေဇာ္ဦး က ေျပာပါတယ္။
“အဲဒီျပႆနာမွာ ေဖာ္ျပခဲ့တယ္ဆိုတာ ရည္႐ြယ္ခ်က္ရွိရွိလုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္တို႔က ယူဆထားတာရွိတယ္။ ဒါေတြကို တာဝန္ရွိသူေတြက ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာေတြက မေဖာ္ျပသင့္ဘဲနဲ႔ သတင္းစာရွင္းလင္းပြဲမွာ ေဖာ္ျပခဲ့တာကို ေတာင္းပန္သင့္တယ္။ ဒါမွမဟုတ္ အျပစ္ရွိသူေတြကိုလည္း အျပစ္ရွိသေလာက္ သူတို႔ဘက္က အေရးယူသင့္တယ္။ အစိုးရဘက္ ဒါကိုမလုပ္တဲ့အတြက္ တာဝန္ရွိသူေတြက လုပ္ရတဲ့အပိုင္းျဖစ္သြားတယ္”
ဗစ္တိုးရီးယားကိစၥေျပာခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို တရားစြဲဆိုဖို႔ သမၼတထံ ခြင့္ျပဳမိန႔္ေတာင္းခံတာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားခဲ့ျခင္း မရွိပါဘူး။
၂၀၁၉ ခုႏွစ္မွာ ျပဌာန္းခဲ့တဲ့ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒပုဒ္မ ၉၆ မွာ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးရာ မွာျဖစ္ေစ၊ ကေလးသူငယ္ တရား႐ုံးေရွ႕ျဖစ္ေစ၊ တရား႐ုံး တစ္ခုခုမွာျဖစ္ေစ ျပစ္မႈက်ဴးလြန္တာခံရတဲ့ ကေလး သူငယ္ေတြ၊ သက္ေသအျဖစ္ ထြက္ဆိုတဲ့ ကေလးသူငယ္ေတြကို နာမည္နဲ႔ မႈခင္းသတင္းအခ်က္အလက္ေတြ ရယူတာ၊ ဓာတ္ပုံ႐ိုက္တာ ၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္နဲ႔ စာအုပ္စာတမ္းေတြ ထည့္သြင္းတာ၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားနဲ႔ လူမႈကြန္ရက္ ဆက္သြယ္ေရးနည္းလမ္းေတြမွာ ထုတ္လႊင့္ျခင္းမျပဳရလို႔ ျပ႒ာန္းထားပါတယ္။
အဲဒီျပ႒ာန္းခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားရင္ က်ဴးလြန္သူဟာ အနည္းဆုံး ေထာင္ဒဏ္ ေလးလကေန အမ်ားဆုံး တစ္ႏွစ္ထိျဖစ္ေစ၊ ေငြဒဏ္အေနနဲ႔ အနည္းဆုံးက်ပ္ ေလးသိန္းကေန အမ်ားဆုံး က်ပ္ေျခာက္သိန္းအထိျဖစ္ေစ၊ ဒါမွမဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားပါတယ္။
RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရဲကျင့်ဝတ်ချိုးဖောက်သူကို တရားစွဲခွင့် သမ္မတထံ လျှောက်ထား
၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းစဉ်
Photo: Thet Su Aung/RFA
ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ကော်မတီရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးထင်လင်းဦးရဲ့ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ တရားစွဲဖို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက စတင်ဆောင်ရွက်တာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
စွပ်စွဲခံရသူတွေဟာ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် သမ္မတအမိန့် လိုအပ်တာကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇ (၁) အရ အခုလို ကြိုတင်ခွင့်ပြုမိန့် တောင်းခံ လျှောက်ထားတာဖြစ်တယ်လို့ ဦးသိန်းသန်းဦးက ဆိုပါတယ်။
“ပြည်သူ့ဝန်ထမ်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ တာဝန်ဝတ္တရားဆောင်ရွက်စဉ် ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ သူတို့တာဝန်ဝတ္တရားဆောင်ရွက်စဉ် တရားစွဲတာဖြစ်တဲ့အတွက် သမ္မတရဲ့ ခွင့်ပြုမိန့် မလွှဲမသေ လိုအပ်တယ်။ အဲဒါမပါဘဲနဲ့ တရားစွဲလို့မရဘူး။ နှစ်လအတွင်း အဖြေပြန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့က မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်း ညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာဒွန်းနဲ့ ရဲဇာနည် facebook စာမျက်နှာ တာဝန်ခံစီစဉ်သူတွေကို ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ အခြားသင့်တော်ရာ ရာဇဝတ်ဥပဒေတစ်ရပ် ရပ်အရလည်းကောင်း တရားစွဲဆို အရေးယူဆောင်ရွက်ခွင့်ပြုဖို့ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက လျှောက်ထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ်ရဲ့ နာမည်၊ မိဘနာမည်တွေကို ရဲအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့တဲ့ အပြင် လိပ်စာတွေနဲ့ အလုပ်အကိုင်တွေ၊ တိုင်ကြားစာတွေကိုပါ ရဲဇာနည်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် တင်ခဲ့တာပါ။
ဗစ်တိုးရီးယားအမှုမှာ ကလေးငယ်ရဲ့နာမည်ကို ထုတ်ဖော်တာဟာ ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်းနေသလို ကလေးငယ်ကို ထိခိုက်စေတာကြောင့် ဗစ်တိုးရီးယားဖခင် အပါအဝင် တရားဥပဒေစိုးမိုးရေးနဲ့ အမှန်တရားပေါ် ပေါက်ရေး ပံ့ပိုးကူညီသူများအဖွဲ့က ပူးပေါင်းပြီး ဥပဒေကြောင်းအရ တရားစွဲဖို့ ပြင်ဆင်နေတာလို့ စာရေးဆရာ ဦးထင်လင်းဦးက RFA ကို ပြောထားပါတယ်။
ဒီလိုကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုခဲ့တာဟာ ဥပဒေ ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတအနေနဲ့ တရားစွဲဆိုဖို့ ခွင့်ပြုမိန့် ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
“ကျွန်တော်တို့ သမ္မတကြီးကလည်း ရှေ့နေပဲလေ။ ဥပဒေသမားပဲ။ ဒါကိုခွင့်ပြုမယ်လို့တော့ ထင်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ထင်ပါတယ်”
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲကျင့်ဝတ်ချိုးဖောက်ပြီး နစ်နာသူရဲ့ အမည်ကို ထုတ်ပြောခဲ့တာကြောင့် တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ လူအင်အားရာချီ စုဝေးဆန္ဒ ဖော်ထုတ်ခဲ့ကြပါသေးတယ်။
ကလေးငယ်ရဲ့ အမည်နဲ့ မိဘအမည်တွေကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောခဲ့တာဖြစ် တာကြောင့် တာဝန်ရှိသူတွေကို အရေးယူသင့်တယ်လို့ လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့က ကိုအောင်ဇော်ဦး က ပြောပါတယ်။
“အဲဒီပြဿနာမှာ ဖော်ပြခဲ့တယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်လို့ ကျွန်တော်တို့က ယူဆထားတာရှိတယ်။ ဒါတွေကို တာဝန်ရှိသူတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေက မဖော်ပြသင့်ဘဲနဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖော်ပြခဲ့တာကို တောင်းပန်သင့်တယ်။ ဒါမှမဟုတ် အပြစ်ရှိသူတွေကိုလည်း အပြစ်ရှိသလောက် သူတို့ဘက်က အရေးယူသင့်တယ်။ အစိုးရဘက် ဒါကိုမလုပ်တဲ့အတွက် တာဝန်ရှိသူတွေက လုပ်ရတဲ့အပိုင်းဖြစ်သွားတယ်”
ဗစ်တိုးရီးယားကိစ္စပြောခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တရားစွဲဆိုဖို့ သမ္မတထံ ခွင့်ပြုမိန့်တောင်းခံတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပါဘူး။
၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၉၆ မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ မှာဖြစ်စေ၊ ကလေးသူငယ် တရားရုံးရှေ့ဖြစ်စေ၊ တရားရုံး တစ်ခုခုမှာဖြစ်စေ ပြစ်မှုကျူးလွန်တာခံရတဲ့ ကလေး သူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ်တွေကို နာမည်နဲ့ မှုခင်းသတင်းအချက်အလက်တွေ ရယူတာ၊ ဓာတ်ပုံရိုက်တာ ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေ ထည့်သွင်းတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက် ဆက်သွယ်ရေးနည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် လေးလကနေ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် လေးသိန်းကနေ အများဆုံး ကျပ်ခြောက်သိန်းအထိဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
RFA Burmese
https://www.rfa.org
ရဲက်င့္ဝတ္ခ်ိဳးေဖာက္သူကို တရားစြဲခြင့္ သမၼတထံ ေလွ်ာက္ထား
Reviewed by THITHTOOLWIN
on
07:31
Rating: