
(Zawgyi)⤵⤵⤵




(Xinhua)
-------------
(Unicode)⤵⤵⤵
ဒေသတွင်းမှ အမေရိကန် ထွက်သွားရန် အီရန် ထိပ်တန်းခေါင်းဆောင် တောင်းဆို

အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီအား တွေ့ရစဉ် (ဆင်ဟွာ)
တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရတ်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှ အမေရိကန် တပ်ဖွဲ့များထွက်သွားရန် ဇန်နဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။

အမေရိကန် စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ရည်ညွှန်းကာ ခါမေနီက “သူတို့အဆော်ခံရတာပေါ့” ဟု ပြောကြားခဲ့သည်။

သို့သော် ယခုကဲ့သို့ “စစ်ဆင်ရေးများက မလုံလောက်သေးကြောင်း” နှင့် “ဒေသတွင်းရှိ အမေရိကန် တည်ရှိမှုကို အဆုံးသတ်ရေး လုပ်ဆောင်မှုက အရေးကြီးကြောင်း” ၎င်းက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ဒေသတွင်းမှ အမေရိကန် ထွက်သွားရန် အီရန် ထိပ်တန်းခေါင်းဆောင် တောင်းဆို ဒေသတွင်းမှ အမေရိကန် ထွက်သွားရန် အီရန် ထိပ်တန်းခေါင်းဆောင် တောင်းဆို Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.