အီရတ္မွာ ကန္ေလေၾကာင္း တိုက္ခိုက္မႈအတြင္း အီရန္အထူးတပ္ဖြဲ႔အႀကီးအကဲ ေသဆံုး

Quds အီရန္အထူးတပ္ဖဲြ႔ ေခါင္းေဆာင္ Qasem Soleimani

(Zawgyi/Unicode)

အီရတ္ႏုိင္ငံမွာ အေမရိကန္ရဲ႕ ေလေၾကာင္းတုိက္ခုိက္မႈအတြင္း အီရန္အထူးတပ္ဖဲြ႔ အႀကီးအကဲ ေသဆုံးသြားပါတယ္။ အေမရိကန္သမၼတ Donald Trump ရဲ႕ ညႊန္ၾကားခ်က္အရ ေလေၾကာင္းက တုိက္ခုိက္ခဲ့ရာမွာ Quds အီရန္အထူးတပ္ဖဲြ႔ ေခါင္းေဆာင္ Qasem Soleimani ေသဆုံးသြားေၾကာင္း အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္က မေန႔ေႏွာင္းပုိင္းမွာပဲ ေၾကညာခ်က္ထုတ္ျပန္ အတည္ျပဳခဲ့တာပါ။

ျပည္ပေရာက္ အေမရိကန္ ႏုိင္ငံသားေတြကုိ ကာကြယ္ဖုိ႔ ျပတ္သားတဲ့ ကာကြယ္ေရးဆုိင္ရာ လုပ္ရပ္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ အီရတ္ႏုိင္ငံ အပါအ၀င္ ေဒသတြင္းမွာ အေမရိကန္ သံတမန္ေတြနဲ႔ စစ္ဘက္ဆုိင္ရာ ၀န္ထမ္းေတြကို တုိက္ခုိက္ဖုိ႔ စီစဥ္ရာမွာ ထဲထဲ၀င္၀င္ ပါ၀င္ေနသူ တဦး အျဖစ္နဲ႔လည္း ေျပာဆုိခဲ့တာပါ။

အီရန္ႏုိင္ငံက ေနာက္ထပ္ တုိက္ခုိက္မယ့္ အစီအစဥ္ေတြကုိ ဟန္႔တားဖုိ႔ တုိက္ခုိက္ခဲ့တာျဖစ္သလုိ ကမာၻတ၀ွမ္းက အေမရိကန္ ႏုိင္ငံသားေတြနဲ႔ အက်ဳိးစီးပြားေတြကုိ ကာကြယ္ဖုိ႔ လုိအပ္သမွ် ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း သတိေပးထားပါတယ္။

တုိက္ခုိက္မႈနဲ႔ ပတ္သက္လုိ႔ အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာနက အက်ဥ္း႐ုံးေဖာ္ျပခဲ့ၿပီး အီရတ္အစုိးရ တာ၀န္ရွိသူေတြကေတာ့ ဘဂၢဒက္ၿမိဳ႕ေတာ္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္အနီး ေမာ္ေတာ္ကားတန္း တခုကုိ မေန႔ေႏွာင္းပုိင္းက ေရာ့ကတ္ဒုံး ထိမွန္ခဲ့ေၾကာင္း ေျပာဆုိခဲ့ၾကတာပါ။

တုိက္ခုိက္မႈအတြင္း အီရန္ႏုိင္ငံက အားေပးကူညီေနတဲ့ အီရတ္ျပည္သူ႔စစ္အဖဲြ႔ Popular Mobilization Forces ရဲ႕ ဒုတိယတပ္မွဴးျဖစ္သူ Abu Mahdi al-Muhandis ေသဆုံးခဲ့ေၾကာင္းလည္း အီရတ္တာ၀န္ရွိသူေတြ အတည္ျပဳခဲ့ၾကၿပီး တျခား အဆင့္ျမင့္ အရာရွိေတြလည္း ေသဆုံးေကာင္း ေသဆုံးႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။

အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးဌာနက တရား၀င္ အတည္ျပဳခ်က္ မထုတ္ျပန္ခင္မွာပဲ ေသဆုံးသူ အီရန္တပ္မွဴးရဲ႕ ဓာတ္ပုံလုိ႔ဆုိတဲ့ ပုံေတြဟာလည္း လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ခဲ့တာပါ။

အီရန္ႏုိင္ငံက အားေပးေနတဲ့ အီရတ္ႏုိင္ငံက ျပည္သူ႔စစ္အဖဲြ႔ေတြနဲ႔ အီရတ္အထူးတပ္ဖဲြ႔ ေတာ္လွန္ေရး ျပည္ေစာင့္တပ္ တုိ႔ကလည္း တုိက္ခုိက္မႈအတြင္း အီရန္တပ္မွဴး ေသဆုံးေၾကာင္း အတည္ျပဳခဲ့ၾကၿပီး အေမရိကန္ကုိ အျပစ္တင္ခဲ့ၾကပါတယ္။

အေမရိကန္ သမၼတ Trump ကေတာ့ တစုံတရာ မွတ္ခ်က္ေပးတာ မရွိဘဲ အေမရိကန္အလံပုံကုိသာ မေန႔ေႏွာင္းပုိင္းက Twitter လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့ပါတယ္။

[Unicode Version]

အီရတ်မှာ ကန်လေကြောင်း တိုက်ခိုက်မှုအတွင်း အီရန်အထူးတပ်ဖွဲ့အကြီးအကဲ သေဆုံး

အီရတ်နိုင်ငံမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်အထူးတပ်ဖွဲ့ အကြီးအကဲ သေဆုံးသွားပါတယ်။ အမေရိကန်သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်အရ လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ Quds အီရန်အထူးတပ်ဖွဲ့ ခေါင်းဆောင် Qasem Soleimani သေဆုံးသွားကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က မနေ့နှောင်းပိုင်းမှာပဲ ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့တာပါ။

ပြည်ပရောက် အမေရိကန် နိုင်ငံသားတွေကို ကာကွယ်ဖို့ ပြတ်သားတဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ အီရတ်နိုင်ငံ အပါအဝင် ဒေသတွင်းမှာ အမေရိကန် သံတမန်တွေနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်ဖို့ စီစဉ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်နေသူတဦး အဖြစ်နဲ့လည်း ပြောဆိုခဲ့တာပါ။

အီရန်နိုင်ငံက နောက်ထပ် တိုက်ခိုက်မယ့် အစီအစဉ်တွေကို ဟန့်တားဖို့ တိုက်ခိုက်ခဲ့တာဖြစ်သလို ကမ္ဘာတဝှမ်းက အမေရိကန် နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်သမျှ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အကျဉ်းရုံးဖော်ပြခဲ့ပြီး အီရတ်အစိုးရ တာဝန်ရှိသူတွေကတော့ ဘဂ္ဂဒက်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး မော်တော်ကားတန်း တခုကို မနေ့နှောင်းပိုင်းက ရော့ကတ်ဒုံး ထိမှန်ခဲ့ကြောင်း ပြောဆိုခဲ့ကြတာပါ။

တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံက အားပေးကူညီနေတဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့ Popular Mobilization Forces ရဲ့ ဒုတိယတပ်မှူးဖြစ်သူ Abu Mahdi al-Muhandis သေဆုံးခဲ့ကြောင်းလည်း အီရတ်တာဝန်ရှိသူတွေ အတည်ပြုခဲ့ကြပြီး တခြား အဆင့်မြင့် အရာရှိတွေလည်း သေဆုံးကောင်း သေဆုံးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် အတည်ပြုချက် မထုတ်ပြန်ခင်မှာပဲ သေဆုံးသူ အီရန်တပ်မှူးရဲ့ ဓာတ်ပုံလို့ဆိုတဲ့ ပုံတွေဟာလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာပါ။

အီရန်နိုင်ငံက အားပေးနေတဲ့ အီရတ်နိုင်ငံက ပြည်သူ့စစ်အဖွဲ့တွေနဲ့ အီရတ်အထူးတပ်ဖွဲ့ တော်လှန်ရေး ပြည်စောင့်တပ် တို့ကလည်း တိုက်ခိုက်မှုအတွင်း အီရန်တပ်မှူး သေဆုံးကြောင်း အတည်ပြုခဲ့ကြပြီး အမေရိကန်ကို အပြစ်တင်ခဲ့ကြပါတယ်။

အမေရိကန် သမ္မတ Trump ကတော့ တစုံတရာ မှတ်ချက်ပေးတာ မရှိဘဲ အမေရိကန်အလံပုံကိုသာ မနေ့နှောင်းပိုင်းက Twitter လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
အီရတ္မွာ ကန္ေလေၾကာင္း တိုက္ခိုက္မႈအတြင္း အီရန္အထူးတပ္ဖြဲ႔အႀကီးအကဲ ေသဆံုး အီရတ္မွာ ကန္ေလေၾကာင္း တိုက္ခိုက္မႈအတြင္း အီရန္အထူးတပ္ဖြဲ႔အႀကီးအကဲ ေသဆံုး Reviewed by THITHTOOLWIN on 23:53 Rating: 5
Powered by Blogger.