တ႐ုတ္သမၼတနဲ႔ ျမန္မာတပ္ခ်ဳပ္ စစ္ေရးပူးေပါင္းမႈတိုးျမႇင့္ဖို႔ ေဆြးေႏြး

တ႐ုတ္သမၼတ Xi Jinping ႏွင့္ ေတြ႔ဆုံေဆြးေႏြးေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္။ (ဓာတ္ပုံ - AFP/OFFICE OF THE COMMANDER-IN-CHIEF OF DEFENCE SERVICES, ဇန္နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္သမၼတ Xi Jinping ရဲ႕ ျမန္မာႏုိင္ငံခရီးစဥ္ ဒုတိယေျမာက္ေန႔ ဒီေန႔မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။ ဒီေတြ႔ဆုံမႈမွာ ႏွစ္ႏုိင္ငံအစိုးရ၊ ျပည္သူနဲ႔ တပ္မေတာ္တို႔ရဲ႕ၾကား ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ဖို႔နဲ႔ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးကို အေလးေပး ေဆြးေႏြးခဲ့ၾကတယ္လို႔ တပ္မေတာ္က ေျပာပါတယ္။ အျပည့္အစုံကုိ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ရွိ Horizon Lake View ဟိုတယ္မွာ တ႐ုတ္ႏုိင္ငံသမၼတနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ ေတြ႔ဆုံခဲ့ၾကၿပီး ႏွစ္ႏုိင္ငံ တပ္မေတာ္အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေရး ေဆြးေႏြးခဲ့ၾကတယ္လို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“တ႐ုတ္ႏုိင္ငံသမၼတက စၿပီးေျပာတာေတာ့ ႏွစ္ႏုိင္ငံ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးတက္ခိုင္မာဖို႔ တြန္းအားေပးလိုတဲ့အေၾကာင္း၊ ႏွစ္ႏုိင္ငံဖြံ႔ၿဖိဳးတိုးတက္ဖို႔ ျပည္သူလူထု အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈနဲ႔ တပ္မတာ္အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈက အေရးႀကီးတဲ့အေၾကာင္း၊ တပ္မတာ္အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈကေတာ့ အရွိန္အဟုန္အျဖစ္ တိုးတက္မႈရွိတဲ့အေၾကာင္း၊ ႏွစ္ႏုိင္ငံ ေအးအတူပူအမွ် ျဖစ္တဲ့ အသိုက္အ၀န္း ပိုမို အေထာက္အကူ ျဖစ္ေပၚႏုိင္ဖ္ုိ႔ ႏွစ္ႏုိင္ငံလူထု အက်ိဳးစီးပြားကို ဖန္တီးေပးႏုိင္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။”

“တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ အေနနဲ႔ ျပန္လည္ေဆြးေႏြးတာကေတာ့ ႏွစ္ႏုိင္ငံ ျပည္သူလူထု၊ အစိုးရနဲ႔ ႏုိင္ငံရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ တပ္မေတာ္ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြမွာ ပိုမိုေလးနက္စြာ ေဆာင္ရြက္ၾကမွာ ျဖစ္တဲ့အေၾကာင္း၊ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈ ၉ ႏွစ္တာ ကာလအတြင္းမွာ အေတြ႔အႀကံဳမ်ားစြာ ရရွိခဲ့ၿပီး ေအာင္ျမင္မႈ ရရွိခဲ့သလို စိန္ေခၚမႈေတြ ရွိတဲ့အေၾကာင္း၊ အေရးႀကီးတဲ့ စိန္ေခၚမႈကေတာ့ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရး ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးက အဓိကက်တဲ့အေၾကာင္း၊ ၿငိမ္းခ်မ္းေရးကုိ အေရးထား ေဆာင္ရြက္လ်က္ရွိေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။”

ဒီေတြ႔ဆုံမႈမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ၿပီး ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ညိႇႏႈိင္းကြပ္ကဲေရးမွဴး ၾကည္း ေရ ေလနဲ႔ အရာရွိေတြ တက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေခါင္းေဆာင္ႏွစ္ဦး ေတြ႔ဆံုပြဲမွာ ႏွစ္ႏုိင္ငံ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး အတြက္ ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ႏုိင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အစိုးရရဲ႕ တည္ရွိမႈကို ဆန္႔က်င္ေနတဲ့ အၾကမ္းဖက္ ဆူပူမႈမ်ားကို ဘယ္ႏုိင္ငံမွ လက္ခံႏုိင္မွာ မဟုတ္သလို အစိုးရကို ဆန္႔က်င္ၿပီး တိုက္ခိုက္မႈမ်ားဆိုရင္ ပို၍ လက္မခံႏုိင္တဲ့အေၾကာင္း က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရး လုပ္ေဆာင္ရာမွာ ဥပေဒနဲ႔အညီ လုပ္ေဆာင္ရမည္ကို တိုင္းရင္းသားအားလုံးက နားလည္လက္ခံရမည့္အေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။ တ႐ုတ္သမၼတႀကီးက ျပန္လည္ေဆြးေႏြးရာမွာေတာ့ မည္သည့္အဖြဲ႔အစည္းျဖစ္ေစ တ႐ုတ္ပိုင္နက္ကို အသုံးခ်ၿပီး ျမန္မာႏုိင္ငံကို ထိခိုက္ေအာင္ ေဆာင္ရြက္ျခင္းတို႔ကို လက္မခံတဲ့အေၾကာင္း၊ နယ္ျခားေဒသဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ျပန္လည္ေဆြးေႏြးခဲ့ပါတယ္။”

တ႐ုတ္-ျမန္မာ နယ္စပ္မွာဆိုရင္ ၀ အဖြဲ႔ (UWSA)၊ မိုင္းလားအဖြဲ႔ (NDAA)၊ ကခ်င္အဖြဲ႔ (KIA)၊ ရခိုင္အဖြဲ႔ (AA)၊ ကိုးကန္႔အဖြဲ႔ (MNDAA)၊ တအာင္းပေလာင္အဖြဲ႔ (TNLA) စတဲ့အဖြဲ႔ေတြ အေျချပဳေနၾကပါတယ္။ ျမန္မာအစိုးရနဲ႔ ဆက္ဆံတဲ့အခါ နယ္စပ္မွာရွိတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြကို ၾကားခံအျဖစ္ မသုံးဖို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ တ႐ုတ္ခရီးစဥ္တုန္းက တ႐ုတ္သမၼတကို ေျပာဆိုခဲ့တာ ရွိပါတယ္။

တပ္မေတာ္ဘက္ကေရာ တ႐ုတ္အစိုးရအေနနဲ႔ လက္နက္ကိုင္ အဖြဲ႔ေတြကို ၾကားခံအေနနဲ႔ အသုံးခ်ေနတဲ့သေဘာ သက္ေရာက္ေနတယ္လို႔ ျမင္ပါသလားလို႔ ဗြီအုိေအက ေမးတဲ့အခါမွာေတာ့ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“တ႐ုတ္-ျမန္မာ နယ္စပ္မွာရွိတဲ့ ေသာင္းက်န္းသူမ်ားရဲ႕ စတင္ျဖစ္တည္လာတဲ့ ဟာေတြကို က်ေနာ္တုိ႔ ၾကည့္ရလိမ့္မယ္။ ဒီဟာေတြသည္ ႏွစ္ႏုိင္ငံ နယ္စပ္ၾကားမွာေတာ့ က်ေနာ္တုိ႔ႏုိင္ငံရဲ႕ မူ၀ါဒသည္လည္း သည့္ျပင္ႏုိင္ငံရဲ႕ ဆန္႔က်င္ဘက္ အဖြဲ႔အစည္း အေျခခ်ၿပီး လုပ္ေဆာင္တာေတြကို က်ေနာ္တုိ႔အေနန႔ဲ ဗမာ့ပိုင္နက္အတြင္းမွာ အေျခခ်ၿပီး လုပ္ေဆာင္တာေတြ၊ တျခားႏုိင္ငံကို ဆန္႔က်င္ၿပီး လုပ္ေဆာင္မွာကို က်ေနာ္တုိ႔ လက္မခံပါဘူး။ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူက မူႀကီး ၅ ရပ္ အရကလည္း ဒါေတြကို လိုက္နာေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။”

တ႐ုတ္သမၼတ Xi Jinping နဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ ေတြ႔ဆုံမႈဟာ ဒီတႀကိမ္နဲ႔ဆို ၆ ႀကိမ္ေျမာက္ ရွိခဲ့ၿပီ ျဖစ္ပါတယ္။

---------------------------

(Unicode)

တရုတ်သမ္မတနဲ့ မြန်မာတပ်ချုပ် စစ်ရေးပူးပေါင်းမှုတိုးမြှင့်ဖို့ ဆွေးနွေး

တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒုတိယမြောက်နေ့ ဒီနေ့မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ တရုတ်နိုင်ငံသမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“တရုတ်နိုင်ငံသမ္မတက စပြီးပြောတာတော့ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာဖို့ တွန်းအားပေးလိုတဲ့အကြောင်း၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူလူထု အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်မတာ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတဲ့အကြောင်း၊ တပ်မတာ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကတော့ အရှိန်အဟုန်အဖြစ် တိုးတက်မှုရှိတဲ့အကြောင်း၊ နှစ်နိုင်ငံ အေးအတူပူအမျှ ဖြစ်တဲ့ အသိုက်အဝန်း ပိုမို အထောက်အကူ ဖြစ်ပေါ်နိုင်ဖို့ နှစ်နိုင်ငံလူထု အကျိုးစီးပွားကို ဖန်တီးပေးနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။”

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြန်လည်ဆွေးနွေးတာကတော့ နှစ်နိုင်ငံ ပြည်သူလူထု၊ အစိုးရနဲ့ နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုလေးနက်စွာ ဆောင်ရွက်ကြမှာ ဖြစ်တဲ့အကြောင်း၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၉ နှစ်တာ ကာလအတွင်းမှာ အတွေ့အကြုံများစွာ ရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သလို စိန်ခေါ်မှုတွေ ရှိတဲ့အကြောင်း၊ အရေးကြီးတဲ့ စိန်ခေါ်မှုကတော့ နိုင်ငံတည်ငြိမ်အေးချမ်းရေး ဖြစ်ပြီး ငြိမ်းချမ်းရေးက အဓိကကျတဲ့အကြောင်း၊ ငြိမ်းချမ်းရေးကို အရေးထား ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါတယ်။”

ဒီတွေ့ဆုံမှုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း ရေ လေနဲ့ အရာရှိတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရရဲ့ တည်ရှိမှုကို ဆန့်ကျင်နေတဲ့ အကြမ်းဖက် ဆူပူမှုများကို ဘယ်နိုင်ငံမှ လက်ခံနိုင်မှာ မဟုတ်သလို အစိုးရကို ဆန့်ကျင်ပြီး တိုက်ခိုက်မှုများဆိုရင် ပို၍ လက်မခံနိုင်တဲ့အကြောင်း ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ဆောင်ရာမှာ ဥပဒေနဲ့အညီ လုပ်ဆောင်ရမည်ကို တိုင်းရင်းသားအားလုံးက နားလည်လက်ခံရမည့်အကြောင်း ဆွေးနွေးခဲ့ပါတယ်။ တရုတ်သမ္မတကြီးက ပြန်လည်ဆွေးနွေးရာမှာတော့ မည်သည့်အဖွဲ့အစည်းဖြစ်စေ တရုတ်ပိုင်နက်ကို အသုံးချပြီး မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းတို့ကို လက်မခံတဲ့အကြောင်း၊ နယ်ခြားဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အရေးကြီးတဲ့အကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။”

တရုတ်-မြန်မာ နယ်စပ်မှာဆိုရင် ၀ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIA)၊ ရခိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းပလောင်အဖွဲ့ (TNLA) စတဲ့အဖွဲ့တွေ အခြေပြုနေကြပါတယ်။ မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့အခါ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကြားခံအဖြစ် မသုံးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တရုတ်ခရီးစဉ်တုန်းက တရုတ်သမ္မတကို ပြောဆိုခဲ့တာ ရှိပါတယ်။

တပ်မတော်ဘက်ကရော တရုတ်အစိုးရအနေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ကြားခံအနေနဲ့ အသုံးချနေတဲ့သဘော သက်ရောက်နေတယ်လို့ မြင်ပါသလားလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ သောင်းကျန်းသူများရဲ့ စတင်ဖြစ်တည်လာတဲ့ ဟာတွေကို ကျနော်တို့ ကြည့်ရလိမ့်မယ်။ ဒီဟာတွေသည် နှစ်နိုင်ငံ နယ်စပ်ကြားမှာတော့ ကျနော်တို့နိုင်ငံရဲ့ မူဝါဒသည်လည်း သည့်ပြင်နိုင်ငံရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်း အခြေချပြီး လုပ်ဆောင်တာတွေကို ကျနော်တို့အနေနဲ့ ဗမာ့ပိုင်နက်အတွင်းမှာ အခြေချပြီး လုပ်ဆောင်တာတွေ၊ တခြားနိုင်ငံကို ဆန့်ကျင်ပြီး လုပ်ဆောင်မှာကို ကျနော်တို့ လက်မခံပါဘူး။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူက မူကြီး ၅ ရပ် အရကလည်း ဒါတွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

တရုတ်သမ္မတ Xi Jinping နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုဟာ ဒီတကြိမ်နဲ့ဆို ၆ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ႏုိင္ကြန္းအိန္/VOA (Burmese)
https://burmese.voanews.com
တ႐ုတ္သမၼတနဲ႔ ျမန္မာတပ္ခ်ဳပ္ စစ္ေရးပူးေပါင္းမႈတိုးျမႇင့္ဖို႔ ေဆြးေႏြး တ႐ုတ္သမၼတနဲ႔ ျမန္မာတပ္ခ်ဳပ္ စစ္ေရးပူးေပါင္းမႈတိုးျမႇင့္ဖို႔ ေဆြးေႏြး Reviewed by THITHTOOLWIN on 03:34 Rating: 5
Powered by Blogger.