ေဟာင္ေကာင္ဆက္ဆံေရး႐ုံးအႀကီးအကဲကို ရာထူးက ထုတ္ပယ္

 သူဟာ ဆႏၵျပမႈေတြကို ျဖစ္ေစတဲ့ ဥပေဒၾကမ္းကို ေထာက္ခံခဲ့သူျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
ေဟာင္ေကာင္အစိုးရဆက္ဆံေရး႐ုံးအႀကီးအကဲ မစၥတာဝမ္ဇီမင္းကို တ႐ုတ္အစိုးရက ရာထူးက ထုတ္ပယ္လိုက္ပါတယ္။

ေဟာင္ေကာင္မွာ တ႐ုတ္အစိုးရကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြျဖစ္ပြားၿပီး ေျခာက္လအၾကာမွာ အခုလို ထုတ္ပယ္လိုက္တာပါ။

ဆႏၵျပမႈေတြကို စတင္ျဖစ္ပြားေစခဲ့တဲ့ အဓိကအေၾကာင္းရင္းျဖစ္တဲ့ ေဟာင္ေကာင္ႏိုင္ငံသားေတြကို တ႐ုတ္ ျပည္မႀကီးဆီ လႊဲေျပာင္းစီရင္ခြင့္ဆိုင္ရာ ဥပေဒၾကမ္းကို မစၥတာ ဝမ္ဇီမင္းက အျပင္းအထန္ ေထာက္ခံခဲ့သူ ျဖစ္ပါတယ္။

အခုအခါ ဆႏၵျပမႈေတြ ေလ်ာ့က်သြားမယ့္ပုံမျမင္ရဘဲ မစၥတာဝမ္ရဲ႕ေနရာမွာ ရွန္ဇီျပည္နယ္ရဲ႕ ကြန္ျမဴနစ္ ပါတီေခါင္းေဆာင္ေဟာင္းတစ္ဦးကို တ႐ုတ္အစိုးရက အစားထိုးခန႔္အပ္လိုက္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
(၄) ဟောင်ကောင်ဆက်ဆံရေးရုံးအကြီးအကဲကို ရာထူးက ထုတ်ပယ်
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူဟာ ဆန္ဒပြမှုတွေကို ဖြစ်စေတဲ့ ဥပဒေကြမ်းကို ထောက်ခံခဲ့သူဖြစ်ပါတယ်။

ဟောင်ကောင်အစိုးရဆက်ဆံရေးရုံးအကြီးအကဲ မစ္စတာဝမ်ဇီမင်းကို တရုတ်အစိုးရက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ဟောင်ကောင်မှာ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားပြီး ခြောက်လအကြာမှာ အခုလို ထုတ်ပယ်လိုက်တာပါ။

ဆန္ဒပြမှုတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဟောင်ကောင်နိုင်ငံသားတွေကို တရုတ် ပြည်မကြီးဆီ လွှဲပြောင်းစီရင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို မစ္စတာ ဝမ်ဇီမင်းက အပြင်းအထန် ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

အခုအခါ ဆန္ဒပြမှုတွေ လျော့ကျသွားမယ့်ပုံမမြင်ရဘဲ မစ္စတာဝမ်ရဲ့နေရာမှာ ရှန်ဇီပြည်နယ်ရဲ့ ကွန်မြူနစ် ပါတီခေါင်းဆောင်ဟောင်းတစ်ဦးကို တရုတ်အစိုးရက အစားထိုးခန့်အပ်လိုက်ပါတယ်။

BBC Burmese
https://www.bbc.com
ေဟာင္ေကာင္ဆက္ဆံေရး႐ုံးအႀကီးအကဲကို ရာထူးက ထုတ္ပယ္  ေဟာင္ေကာင္ဆက္ဆံေရး႐ုံးအႀကီးအကဲကို ရာထူးက ထုတ္ပယ္ Reviewed by THITHTOOLWIN on 14:17 Rating: 5
Powered by Blogger.