ရန္ကုန္ၿမိဳ႕ဟာ အရင္ထက္ပိုတိုးတက္လာတယ္လို႔ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးေျပာ

အမႈိက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ေနာက္ေဖးလမ္းၾကားအမ်ားစုကို ဥယ်ာဥ္ေတြအျဖစ္ေျပာင္းလဲႏိုင္ခဲ့
(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕ဟာ အရင္ကထက္ ပိုတိုးတက္လာတယ္လို႔ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ဇန္နဝါရီ ၁၃ရက္ေန႔က ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။

ကားလမ္းေတြၾကပ္တာ၊ ေရဆိုးထုတ္လြတ္တဲ့စနစ္ေတြကို မထိန္းခ်ဳပ္ႏိုင္ ေသးတာေတြ အပါအဝင္ က်ဴးေက်ာ္ေတြကို အခုထိစနစ္တက် ေနရာျပန္ခ် မေပးႏိုင္ေသးတာေတြအေပၚ ၿမိဳ႕ေနလူထုအၾကား စည္ပင္သာယာေရးလုပ္ေဆာင္ခ်က္ေတြကို ေဝဖန္ေျပာဆိုတာေတြကလည္းရွိေနပါတယ္။

ဒါ့အျပင္စည္ပင္သာယာေရးကလုပ္ေနတဲ့ လုပ္ငန္းေတြမွာ ျပည့္သူ႔ဘ႑ာေငြေတြ ဘီလီယံနဲ႔ခ်ီ ဆုံးရႈံးေန တယ္လို႔ ၂၀၁၇၀-၁၈ခုႏွစ္ရဲ႕ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာမွာေဖာ္ျပထားၿပီး လႊတ္ေတာ္ အမတ္ေတြက ရန္ကုန္လႊတ္ေတာ္မွာ ေဆြးေႏြးၾကဖို႔ ျပင္ဆင္ေနတာေတြလည္းရွိပါတယ္။
 ေရဆိုးေျမာင္းအတြင္း ရွင္းလင္းေရးလုပ္ေနတဲ့ စည္ပင္လုပ္သားတစ္ဦး

'' တိုးတက္သင့္သေလာက္ မတိုးတက္ဘူးလို႔ ျမင္တာေပါ့။ ဒါေပမယ့္ ၂၀၁၆ မတိုင္ခင္ကတည္းက လမ္းေတြ တံတားေတြ အမႈိက္ေတြက အခုအေျခအေနက ပိုေကာင္းလာၿပီ။ ဒါက ျပည္သူလူထု လည္းပါသလို YCDC ရဲ႕အားက်ိဳးမာန္တက္လုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္းပါတယ္။''လို႔ ေဝဖန္မႈ ေတြရွိေနေပမဲ့ ရန္ကုန္ၿမိဳ႕တိုးတက္လာတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ဒါေပမဲ့လည္း ၿမိဳ႕နယ္တိုင္းက အမႈိက္သိမ္းစနစ္၊ ေရေျမာင္းစနစ္ေတြမေကာင္းမြန္မႈ၊ မိလႅာစနစ္ေတြ ကလည္း စနစ္က်မႈမရွိေသးဘူးလို႔ ၿမိဳ႕ေနလူထုအမ်ားစုက ထင္ျမင္ေနဆဲျဖစ္ပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕က စည္ပင္သာယာေကာ္မတီက စီမံခန႔္ခြဲပိုင္ခြင့္ရွိတဲ့ အခ်က္အခ်ာက်တဲ့ေနရာေတြကို အရင္အစိုးရ ေခတ္အဆက္ဆက္ ေပါက္ေဈးထက္ အဆမတန္နည္းပါးတဲ့ႏႈန္းနဲ႔ ငွားထားတဲ့ကိစၥေတြ ကိုလည္း အခုခ်ိန္ထိ မေျဖရွင္းႏိုင္ေသးဘူးလို႔ လႊတ္ေတာ္ကေန ေထာက္ျပထားပါတယ္။
ရန္ကုန္ၿမိဳ႕အတြင္းေနာက္ေဖးလမ္းၾကားဥယ်ာဥ္ေတြ ဖြင့္လွစ္လာႏိုင္ခဲ့
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အျပည့္အဝအားရမႈမရွိေသးေပမဲ့လည္း အရင္ထက္စာရင္ေတာ့ ပိုတိုးတက္လာတယ္ဆိုတာ လမ္းေတြ၊ တံတားေတြကိုေထာက္ျပၿပီး ၿမိဳ႕ေတာ္ဝန္က ေျပာပါ တယ္။

'' ေရစီးေရလာရွိမယ္။ ေရရရွိမႈရွိမယ္။ ေရၾကည္႐ုံနဲ႔မရဘူး ။ ေရေကာင္းေရသန႔္ တင္မကဘူး ကြာလတီက လည္းေကာင္းရမယ္။ ေနာက္လမ္းေတြ ဆက္သြယ္ေရးႀကိဳးေတြ အဲဒါေတြလည္းရွင္းရမယ္။ ဒါက ကြၽန္ေတာ္တို႔နဲ႔မဆိုင္ေပမဲ့ ၿမိဳ႕အလွပ်က္တယ္။ ကြၽန္ေတာ္တို႔ ရေအာင္ရွင္းတယ္ ။ေနာက္တစ္ခုက အလင္းေရာင္ရဖို႔ စိမ္းလန္းစိုေျပဖို႔ ။ နံပါတ္တစ္ အလိုခ်င္ဆုံးက လာဘ္မစားဖို႔ ၊ျခမစားဖို႔။ အဲဒါ အဓိကပဲ။ ေက်နပ္လားလို႔ ေမးရင္ေတာ့မေက်နပ္ေပမယ့္ သို႔ေသာ္ တိုးတက္လားလို႔ေမးရင္ေတာ့ တိုးတက္တယ္''

ရန္ကုန္က တိုးတက္ေနတယ္လို႔ဆိုေပမဲ့လည္း ႏွစ္စဥ္စာရင္းစစ္အစီရင္ခံစာေတြအရ ရန္ကုန္ စည္ပင္ရဲ႕ လုပ္ငန္းေဆာင္တာေတြဟာ အရႈံးေပၚေနတာ၊ ျပည္သူ႔ဘ႑ာေငြေတြဆုံးရႈံးေနတာက အမ်ားစုျဖစ္ေနေသး ပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ရန်ကုန်မြို့ဟာ အရင်ထက်ပိုတိုးတက်လာတယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးပြော

ဓာတ်ပုံ မူပိုင် PCCD
Image caption အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့နောက်ဖေးလမ်းကြားအများစုကို ဥယျာဉ်တွေအဖြစ်ပြောင်းလဲနိုင်ခဲ့

ရန်ကုန်မြို့ဟာ အရင်ကထက် ပိုတိုးတက်လာတယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ဇန်နဝါရီ ၁၃ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ကားလမ်းတွေကြပ်တာ၊ ရေဆိုးထုတ်လွတ်တဲ့စနစ်တွေကို မထိန်းချုပ်နိုင် သေးတာတွေ အပါအဝင် ကျူးကျော်တွေကို အခုထိစနစ်တကျ နေရာပြန်ချ မပေးနိုင်သေးတာတွေအပေါ် မြို့နေလူထုအကြား စည်ပင်သာယာရေးလုပ်ဆောင်ချက်တွေကို ဝေဖန်ပြောဆိုတာတွေကလည်းရှိနေပါတယ်။

ဒါ့အပြင်စည်ပင်သာယာရေးကလုပ်နေတဲ့ လုပ်ငန်းတွေမှာ ပြည့်သူ့ဘဏ္ဍာငွေတွေ ဘီလီယံနဲ့ချီ ဆုံးရှုံးနေ တယ်လို့ ၂၀၁၇၀-၁၈ခုနှစ်ရဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာမှာဖော်ပြထားပြီး လွှတ်တော် အမတ်တွေက ရန်ကုန်လွှတ်တော်မှာ ဆွေးနွေးကြဖို့ ပြင်ဆင်နေတာတွေလည်းရှိပါတယ်။

ဓာတ်ပုံ မူပိုင် PCCD
Image caption ရေဆိုးမြောင်းအတွင်း ရှင်းလင်းရေးလုပ်နေတဲ့ စည်ပင်လုပ်သားတစ်ဦး

'' တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ မြင်တာပေါ့။ ဒါပေမယ့် ၂၀၁၆ မတိုင်ခင်ကတည်းက လမ်းတွေ တံတားတွေ အမှိုက်တွေက အခုအခြေအနေက ပိုကောင်းလာပြီ။ ဒါက ပြည်သူလူထု လည်းပါသလို YCDC ရဲ့အားကျိုးမာန်တက်လုပ်ဆောင်ချက်တွေကြောင့်လည်းပါတယ်။''လို့ ဝေဖန်မှု တွေရှိနေပေမဲ့ ရန်ကုန်မြို့တိုးတက်လာတယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါပေမဲ့လည်း မြို့နယ်တိုင်းက အမှိုက်သိမ်းစနစ်၊ ရေမြောင်းစနစ်တွေမကောင်းမွန်မှု၊ မိလ္လာစနစ်တွေ ကလည်း စနစ်ကျမှုမရှိသေးဘူးလို့ မြို့နေလူထုအများစုက ထင်မြင်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က စည်ပင်သာယာကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အချက်အချာကျတဲ့နေရာတွေကို အရင်အစိုးရ ခေတ်အဆက်ဆက် ပေါက်ဈေးထက် အဆမတန်နည်းပါးတဲ့နှုန်းနဲ့ ငှားထားတဲ့ကိစ္စတွေ ကိုလည်း အခုချိန်ထိ မဖြေရှင်းနိုင်သေးဘူးလို့ လွှတ်တော်ကနေ ထောက်ပြထားပါတယ်။
ဓာတ်ပုံ မူပိုင် PCCD
Image caption ရန်ကုန်မြို့အတွင်းနောက်ဖေးလမ်းကြားဥယျာဉ်တွေ ဖွင့်လှစ်လာနိုင်ခဲ့

ရန်ကုန်မြို့တော် စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝအားရမှုမရှိသေးပေမဲ့လည်း အရင်ထက်စာရင်တော့ ပိုတိုးတက်လာတယ်ဆိုတာ လမ်းတွေ၊ တံတားတွေကိုထောက်ပြပြီး မြို့တော်ဝန်က ပြောပါ တယ်။

'' ရေစီးရေလာရှိမယ်။ ရေရရှိမှုရှိမယ်။ ရေကြည်ရုံနဲ့မရဘူး ။ ရေကောင်းရေသန့် တင်မကဘူး ကွာလတီက လည်းကောင်းရမယ်။ နောက်လမ်းတွေ ဆက်သွယ်ရေးကြိုးတွေ အဲဒါတွေလည်းရှင်းရမယ်။ ဒါက ကျွန်တော်တို့နဲ့မဆိုင်ပေမဲ့ မြို့အလှပျက်တယ်။ ကျွန်တော်တို့ ရအောင်ရှင်းတယ် ။နောက်တစ်ခုက အလင်းရောင်ရဖို့ စိမ်းလန်းစိုပြေဖို့ ။ နံပါတ်တစ် အလိုချင်ဆုံးက လာဘ်မစားဖို့ ၊ခြမစားဖို့။ အဲဒါ အဓိကပဲ။ ကျေနပ်လားလို့ မေးရင်တော့မကျေနပ်ပေမယ့် သို့သော် တိုးတက်လားလို့မေးရင်တော့ တိုးတက်တယ်''

ရန်ကုန်က တိုးတက်နေတယ်လို့ဆိုပေမဲ့လည်း နှစ်စဉ်စာရင်းစစ်အစီရင်ခံစာတွေအရ ရန်ကုန် စည်ပင်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ အရှုံးပေါ်နေတာ၊ ပြည်သူ့ဘဏ္ဍာငွေတွေဆုံးရှုံးနေတာက အများစုဖြစ်နေသေး ပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္ၿမိဳ႕ဟာ အရင္ထက္ပိုတိုးတက္လာတယ္လို႔ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးေျပာ ရန္ကုန္ၿမိဳ႕ဟာ အရင္ထက္ပိုတိုးတက္လာတယ္လို႔ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးေျပာ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.