ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားမ်ား ျပန္ေခၚေရး ညွိႏႈိင္းေဆာင္ရြက္ေန

၀ူဟန္ၿမိဳ႕တေနရာ

(Zawgyi/ Unicode)

တ႐ုတ္ႏိုင္ငံမွာ corona ဗိုင္းရပ္ကူးစက္ျပန္ႏွံမႈ စတင္သလို ေရာဂါကူးစက္မႈအဆိုးဆုံးျဖစ္ေနတဲ့ ဝူဟန္ၿမိဳ႕ကို ပညာသင္ေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသား အေယာက္ ၆၀ ေနရပ္အျမန္ျပန္ႏိုင္ေရး အတြက္ ျမန္မာအစိုးရနဲ႔ တ႐ုတ္အာဏာပိုင္ေတြ ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။

ဒီေက်ာင္းသားေတြ ျပန္ေရာက္လာရင္ က်န္းမာေရး စစ္ေဆးမႈေတြကို အရင္ဆုံးျပဳလုပ္သြားမယ္လို႔ ျမန္မာက်န္းမာေရး တာဝန္ရွိသူေတြကေတာ့ ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

တရုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ ျမန္မာေက်ာင္းသား အေယာက္ ၆၀ က ျမန္မာႏုိင္ငံကို သူတုိ႔ ျပန္လာႏိုင္ ဖို႔ ႔ ၿပီးခဲ့တဲ့ စေနေန႔က ျမန္မာအစုိးရ ဆီမွာ ေတာင္းဆိုခဲ့ၾကတဲ့ အတြက္ ေပက်င္းၿမိဳ႕မွာရွိတဲ့ ျမန္မာသံရံုးတာဝန္ရွိသူေတြက ဝူဟန္ၿမိဳ႕ရွိရာ ဟူေပ ျပည္နယ္က အစုိးရ တာဝန္ရွိသူေတြ ဆီကို တင္ျပခဲ့ ၾက ပါတယ္။

Novel Corona Virus (nCoV) ျဖစ္ေပၚလာသည့္ အေၾကာင္း

ဟူေပ ျပည္နယ္အစုိးရကေတာ့ ဒီေက်ာင္းသားေတြကုိ ထြက္ခြာဖုိ႔ခြင့္မျပဳခင္မွာ က်န္းမာေရးစစ္ေဆးမႈ အရင္ျပဳလုပ္ မွာ ျဖစ္ၿပီး ေစာင့္ၾကည့္ကာလအျဖစ္လည္း ရက္သတၱပတ္ ႏွစ္ပတ္ သတ္မွတ္သြားမယ္လို႔ ျမန္မာအစိုးရထံ အေၾကာင္းၾကား လာခဲ့တယ္လို႔ ဆုိပါတယ္။

ဒါေပမယ့္ ဒီ့ထက္ေစာၿပီး ျမန္မာျပည္ကို ျပန္ႏိုင္ဖို႔ ျမန္မာေက်ာင္းသားေတြက လိုလားေနၾကတာပါ။ အဲဒါေၾကာင့္ ေက်ာင္းသားေတြ အျမန္ဆံုး ေနရပ္ျပန္ႏုိင္ဖို႔ တရုတ္အစုိးရနဲ႔ ထပ္ၿပီး ညွိႏႈိင္းထားတယ္လို႔ ေပက်င္းၿမိဳ႕အေျခစုိက္ ျမန္မာသံရံုးက ဒုတိယအတြင္းဝန္ ဦးစုိးျပည့္ဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ေဆးစစ္မႈကုိ ခံယူပါမယ္။ ဒါေပမယ့္ေပါ့ေနာ္ ေက်ာင္းသားေတြအေနနဲ႔ကေတာ့ ျမန္မာႏုိင္ငံကို အျမန္ျပန္လိုတဲ့ ဆႏၵရွိေနေတာ့ က်ေနာ္တို႔က ေဆးလည္းစစ္ပါမယ္။ ဒါေပမယ့္ ၿပီးရင္ ျမန္ျမန္ဆန္ဆန္ထြက္လို႔ရေအာင္ေပါ့ေနာ္။ ရက္အတိုဆံုးအတြင္းမွာ ထြက္လို႔ရေအာင္ဆုိၿပီး ေလာေလာဆယ္ညွိႏႈိင္းထားပါတယ္ ခင္ဗ်။ သူတုိ႔ဘက္ကေတာ့ လက္ရွိေတာ့ အေၾကာင္းျပန္လာျခင္းေတာ့ မရွိေသးပါဘူး။ အဲလိုေလးေတာ့ လက္ရွိအေျခအေနက ရွိေနပါတယ္။”

ေပက်င္းၿမိဳ႕က ျမန္မာသံရံုးအေနနဲ႔ ေက်ာင္းသားေတြကို ဝူဟန္ၿမိဳ႕ကေန ခ်န္းရွၿမိဳ႕ကို ဘတ္စ္ကားနဲ ႔ထြက္ခြာႏုိင္ဖို႔အတြက္ အရင္ဆံုး စီစဥ္ထားၿပီး၊ အဲဒီကေနတဆင့္ ခ်န္းရွၿမိဳ႕ တိုက္ရိုက္ေလေၾကာင္းနဲ႔ ျမန္မာႏုိင္ငံ၊ မႏၱေလးၿမိဳ႕ကို သြားႏိုင္ဖုိ႔ ဟူေပနဲ႔ ဟူနန္ျပည္နယ္က ႏုိင္ငံျခားေရးဌာန ေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ ေနတယ္လို႔ လည္း ေျပာပါတယ္။ အခုလို ျမန္မာဘက္က စီစဥ္ေနတဲ့အတိုင္း ျဖစ္ႏိုင္မယ္ မျဖစ္ႏုိင္ဘူး ဆိုတာကို တရုတ္အစုိးရဘက္က အေၾကာင္း မျပန္ေသးဘူးလို႔လည္း ေျပာပါတယ္။

“သူတို႔သတ္မွတ္ခ်က္နဲ႔ ကိုက္ညီမႈရွိတယ္ဆိုရင္ေတာ့ သူတုိ႔ကေတာ့ ခြင့္ျပဳေပးမွာေပါ့ေနာ္။ အဓိကေတာ့ ဒီဟာထြက္ခြင့္ဆိုတာ သူတို႔ခြင့္ျပဳတဲ့ အတိုင္းအတာေပၚမူတည္ၿပီး က်ေနာ္တို႔က ဆက္လက္ၿပီးေဆာင္ရြက္ ရမွာေပါ့ေနာ္။ ကိုယ့္ဘက္က အတတ္ႏိုင္ဆံုး လို္ခ်င္တဲ့ပံုစံကုိ ညွိေနတာပဲရွိေသးတာေပါ့။ သူတို႔တကယ္ပဲ က်န္းမာေရးေကာင္းမြန္တဲ့ပံုစံနဲ႔ အဆင္ေျပေျပနဲ႔ ျမန္မာျပည္ျပန္လို႔ရေအာင္ ေလာေလာဆယ္ ဦးစားေပး ေဆာင္ရြက္ေနပါၿပီ။”

ျမန္မာေက်ာင္းသားေတြအေနနဲ႔ ပံုမွန္က်န္းမာေရးစစ္ေဆးမႈကို ေက်ာင္းေတြမွာေန႔စဥ္လုပ္ေနရၿပီး အားလံုးရဲ့ က်န္းမာေရး အေျခ ေနက ေကာင္းမြန္တယ္လို႔ လည္း ဒုတိယအတြင္းဝန္ ဦးစုိးျပည့္ဝင္းက ေျပာပါတယ္။

ျမန္မာႏုိင္ငံတြင္းကို အျမန္ဆံုးျပန္ႏုိင္ေရးအတြက္ ဘာေတြ ျပင္ဆင္ေဆာင္ရြက္ ေနတယ္ ဆိုတာနဲ႔ သူတုိ႔ လက္ရွိ အေျခအေနေတြကုိ သိႏိုင္ဖုိ႔အတြက္ ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားတခ်ိဳ႕နဲ႔ ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ျမန္မာႏိုင္ငံအစုိးရ အေနနဲ႔ကေတာ့ အဲဒီေက်ာင္းသားေတြ ျပန္ ေရာက္လာရင္ က်န္းမာေရး စစ္ေဆးမႈေတြ ျပဳလုပ္ၿပီး ေစာင့္ၾကည့္သြားမယ္လို႔ ဆုိပါတယ္။ သူတို႔နဲ႔ပတ္သက္ၿပီး လိုအပ္တဲ့စီမံေဆာင္ရြက္ခ်က္ေတြကုိ အဆင္သင့္ျပဳလုပ္ ထားၿပီး ျဖစ္သလို ဒါကို မၾကာခင္မွာပဲ ေၾကျငာခ်က္ထုတ္ျပန္ ဖို႔ရွိတယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနခြဲက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“သူတုိ႔ေတြ ဒီေရာက္လာၿပီဆိုလို႔ရွိရင္ က်န္းမာေရးအရင္ဆံုး ေရာက္တဲ့အခ်ိန္မွာ စစ္ေဆးမွာရွိပါတယ္။ အစ္မတို႔အေနနဲ႔ကေတာ့ ကုိယ့္ႏုိင္ငံကုိ ဒီ ဝူဟန္ကစျဖစ္တဲ့ နမုိးနီးယားေရာဂါေပါ့ေနာ္ မဝင္ေရာက္ေစဖုိ႔အတြက္ အစြမ္းကုန္ႀကိဳးစား ေဆာင္ရြက္ေနပါတယ္။ အဲလို ေဆာင္ရြက္တဲ့ ေနရာမွာေတာ့ ဒီေက်ာင္းသား ၆၀ ဝူဟန္ကျပန္လာတယ္။ တနည္းအားျဖင့္ သူတို႔ဆီကေနၿပီးေတာ့ ကိုယ့္ရဲ႕ျမန္မာႏုိင္ငံက လူေတြကုိ မကူးစက္ဖုိ႔အတြက္ေတာ့ အစ္မတို႔အေနနဲ႔ လိုအပ္တဲ့အစီအမံေတြ အကုန္ေဆာင္ရြက္ၿပီး ျဖစ္ပါတယ္။ ဒါဆုိရင္ ဒီသူတို႔နဲ႔ပတ္သက္လို႔ ဘယ္လို ဆက္လက္ေဆာင္ရြက္ရမလဲ ဆိုတာကိုေတာ့ ေနာက္ထပ္မၾကာခင္ ထုတ္ျပန္ပါမယ္။ ဒါေပမယ့္လို႔ အဲဒီအတြက္ အစီအမံေတြေတာ့ ေဆာင္ရြက္ၿပီးျဖစ္ပါတယ္။”

တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာရွိတဲ့ ေက်ာင္းသား အေယာက္ ၆၀ လံုး ေနရပ္ျပန္ႏုိင္ေရး အတြက္ ျမန္မာအစိုးရရဲ့ ေတာင္းဆိုခ်က္ ေတြနဲ႔ ပတ္သက္ၿပီး တရုတ္အစုိးရ ဘက္က ဘယ္လို ဆံုးျဖတ္မယ္ ဆိုတာ မသိရေသးတဲ့ အတြက္ အေျဖကို ေစာင့္ဆိုင္း ေနရဆဲ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Coronavirus ကူးစက္ခံထားရသူ စုစုေပါင္း ႏွစ္ေထာင္နီးပါးရွိေနၿပီး ေသဆံုးႏႈန္းလည္း တိုးေနပါတယ္။ တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ေတြ႕ရွိခဲ့တဲ့ Coronavirus ပိုး အကူးစက္ခံရသူ ေတြကို ထုိင္း၊ ဂ်ပန္၊ ေတာင္ကိုရီးုယား၊ အေမရိကန္ျပည္ေထာင္စု၊ ဗီယက္နမ္၊ မေလးရွား၊ စကၤာပူ၊ ၾသစေၾတးလ်၊ ကေနဒါနဲ႔ နီေပါတို႔မွာ ေတြံ႔ေနရေပမယ့္ ျမန္မာႏုိင္ငံမွာေတာ့ သံသယလူနာမေတြ႕ရွိေသးဘူးလို႔ က်န္းမာေရး တာဝန္ရွိသူေတြ ဘက္က ေျပာဆိုထားပါတယ္။

.....................

ဝူဟန်ရောက် မြန်မာကျောင်းသားများ ပြန်ခေါ်ရေး ညှိနှိုင်းဆောင်ရွက်နေ

( Unicode)

တရုတ်နိုင်ငံမှာ corona ဗိုင်းရပ်ကူးစက်ပြန်နှံမှု စတင်သလို ရောဂါကူးစက်မှုအဆိုးဆုံးဖြစ်နေတဲ့ ဝူဟန်မြို့ကို ပညာသင်ရောက်ရှိနေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ နေရပ်အမြန်ပြန်နိုင်ရေး အတွက် မြန်မာအစိုးရနဲ့ တရုတ်အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒီကျောင်းသားတွေ ပြန်ရောက်လာရင် ကျန်းမာရေး စစ်ဆေးမှုတွေကို အရင်ဆုံးပြုလုပ်သွားမယ်လို့ မြန်မာကျန်းမာရေး တာဝန်ရှိသူတွေကတော့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ က မြန်မာနိုင်ငံကို သူတို့ ပြန်လာနိုင် ဖို့ ပြီးခဲ့တဲ့ စနေနေ့က မြန်မာအစိုးရ ဆီမှာ တောင်းဆိုခဲ့ကြတဲ့ အတွက် ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေက ဝူဟန်မြို့ရှိရာ ဟူပေ ပြည်နယ်က အစိုးရ တာဝန်ရှိသူတွေ ဆီကို တင်ပြခဲ့ ကြ ပါတယ်။

ဟူပေ ပြည်နယ်အစိုးရကတော့ ဒီကျောင်းသားတွေကို ထွက်ခွာဖို့ခွင့်မပြုခင်မှာ ကျန်းမာရေးစစ်ဆေးမှု အရင်ပြုလုပ် မှာ ဖြစ်ပြီး စောင့်ကြည့်ကာလအဖြစ်လည်း ရက်သတ္တပတ် နှစ်ပတ် သတ်မှတ်သွားမယ်လို့ မြန်မာအစိုးရထံ အကြောင်းကြား လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ့ထက်စောပြီး မြန်မာပြည်ကို ပြန်နိုင်ဖို့ မြန်မာကျောင်းသားတွေက လိုလားနေကြတာပါ။ အဲဒါကြောင့် ကျောင်းသားတွေ အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ တရုတ်အစိုးရနဲ့ ထပ်ပြီး ညှိနှိုင်းထားတယ်လို့ ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဆေးစစ်မှုကို ခံယူပါမယ်။ ဒါပေမယ့်ပေါ့နော် ကျောင်းသားတွေအနေနဲ့ကတော့ မြန်မာနိုင်ငံကို အမြန်ပြန်လိုတဲ့ ဆန္ဒရှိနေတော့ ကျနော်တို့က ဆေးလည်းစစ်ပါမယ်။ ဒါပေမယ့် ပြီးရင် မြန်မြန်ဆန်ဆန်ထွက်လို့ရအောင်ပေါ့နော်။ ရက်အတိုဆုံးအတွင်းမှာ ထွက်လို့ရအောင်ဆိုပြီး လောလောဆယ်ညှိနှိုင်းထားပါတယ် ခင်ဗျ။ သူတို့ဘက်ကတော့ လက်ရှိတော့ အကြောင်းပြန်လာခြင်းတော့ မရှိသေးပါဘူး။ အဲလိုလေးတော့ လက်ရှိအခြေအနေက ရှိနေပါတယ်။”

ပေကျင်းမြို့က မြန်မာသံရုံးအနေနဲ့ ကျောင်းသားတွေကို ဝူဟန်မြို့ကနေ ချန်းရှမြို့ကို ဘတ်စ်ကားနဲ့ထွက်ခွာနိုင်ဖို့အတွက် အရင်ဆုံး စီစဉ်ထားပြီး၊ အဲဒီကနေတဆင့် ချန်းရှမြို့ တိုက်ရိုက်လေကြောင်းနဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့ကို သွားနိုင်ဖို့ ဟူပေနဲ့ ဟူနန်ပြည်နယ်က နိုင်ငံခြားရေးဌာန တွေနဲ့ ဆက်သွယ် ဆောင်ရွက် နေတယ်လို့ လည်း ပြောပါတယ်။ အခုလို မြန်မာဘက်က စီစဉ်နေတဲ့အတိုင်း ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူး ဆိုတာကို တရုတ်အစိုးရဘက်က အကြောင်း မပြန်သေးဘူးလို့လည်း ပြောပါတယ်။

“သူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ သူတို့ကတော့ ခွင့်ပြုပေးမှာပေါ့နော်။ အဓိကတော့ ဒီဟာထွက်ခွင့်ဆိုတာ သူတို့ခွင့်ပြုတဲ့ အတိုင်းအတာပေါ်မူတည်ပြီး ကျနော်တို့က ဆက်လက်ပြီးဆောင်ရွက် ရမှာပေါ့နော်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး လိုချင်တဲ့ပုံစံကို ညှိနေတာပဲရှိသေးတာပေါ့။ သူတို့တကယ်ပဲ ကျန်းမာရေးကောင်းမွန်တဲ့ပုံစံနဲ့ အဆင်ပြေပြေနဲ့ မြန်မာပြည်ပြန်လို့ရအောင် လောလောဆယ် ဦးစားပေး ဆောင်ရွက်နေပါပြီ။”

မြန်မာကျောင်းသားတွေအနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို ကျောင်းတွေမှာနေ့စဉ်လုပ်နေရပြီး အားလုံးရဲ့ ကျန်းမာရေး အခြေ နေက ကောင်းမွန်တယ်လို့ လည်း ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းကို အမြန်ဆုံးပြန်နိုင်ရေးအတွက် ဘာတွေ ပြင်ဆင်ဆောင်ရွက် နေတယ် ဆိုတာနဲ့ သူတို့ လက်ရှိ အခြေအနေတွေကို သိနိုင်ဖို့အတွက် ဝူဟန်ရောက် မြန်မာကျောင်းသားတချို့နဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံအစိုးရ အနေနဲ့ကတော့ အဲဒီကျောင်းသားတွေ ပြန် ရောက်လာရင် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ သူတို့နဲ့ပတ်သက်ပြီး လိုအပ်တဲ့စီမံဆောင်ရွက်ချက်တွေကို အဆင်သင့်ပြုလုပ် ထားပြီး ဖြစ်သလို ဒါကို မကြာခင်မှာပဲ ကြေငြာချက်ထုတ်ပြန် ဖို့ရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သူတို့တွေ ဒီရောက်လာပြီဆိုလို့ရှိရင် ကျန်းမာရေးအရင်ဆုံး ရောက်တဲ့အချိန်မှာ စစ်ဆေးမှာရှိပါတယ်။ အစ်မတို့အနေနဲ့ကတော့ ကိုယ့်နိုင်ငံကို ဒီ ဝူဟန်ကစဖြစ်တဲ့ နမိုးနီးယားရောဂါပေါ့နော် မဝင်ရောက်စေဖို့အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်။ အဲလို ဆောင်ရွက်တဲ့ နေရာမှာတော့ ဒီကျောင်းသား ၆၀ ဝူဟန်ကပြန်လာတယ်။ တနည်းအားဖြင့် သူတို့ဆီကနေပြီးတော့ ကိုယ့်ရဲ့မြန်မာနိုင်ငံက လူတွေကို မကူးစက်ဖို့အတွက်တော့ အစ်မတို့အနေနဲ့ လိုအပ်တဲ့အစီအမံတွေ အကုန်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ဒီသူတို့နဲ့ပတ်သက်လို့ ဘယ်လို ဆက်လက်ဆောင်ရွက်ရမလဲ ဆိုတာကိုတော့ နောက်ထပ်မကြာခင် ထုတ်ပြန်ပါမယ်။ ဒါပေမယ့်လို့ အဲဒီအတွက် အစီအမံတွေတော့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။”

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာရှိတဲ့ ကျောင်းသား အယောက် ၆၀ လုံး နေရပ်ပြန်နိုင်ရေး အတွက် မြန်မာအစိုးရရဲ့ တောင်းဆိုချက် တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ ဘက်က ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ မသိရသေးတဲ့ အတွက် အဖြေကို စောင့်ဆိုင်း နေရဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Coronavirus ကူးစက်ခံထားရသူ စုစုပေါင်း နှစ်ထောင်နီးပါးရှိနေပြီး သေဆုံးနှုန်းလည်း တိုးနေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ Coronavirus ပိုး အကူးစက်ခံရသူ တွေကို ထိုင်း၊ ဂျပန်၊ တောင်ကိုရီးုယား၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ သြစတြေးလျ၊ ကနေဒါနဲ့ နီပေါတို့မှာ တွေံ့နေရပေမယ့် မြန်မာနိုင်ငံမှာတော့ သံသယလူနာမတွေ့ရှိသေးဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေ ဘက်က ပြောဆိုထားပါတယ်။

 စုစု/ VOA (Burmese)
https://burmese.voanews.com
ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားမ်ား ျပန္ေခၚေရး ညွိႏႈိင္းေဆာင္ရြက္ေန ဝူဟန္ေရာက္ ျမန္မာေက်ာင္းသားမ်ား ျပန္ေခၚေရး ညွိႏႈိင္းေဆာင္ရြက္ေန Reviewed by THITHTOOLWIN on 00:39 Rating: 5
Powered by Blogger.