စစ္ကိုင္းၿမိဳ႕တြင္ ၁၂ဘီးယာဥ္ ႏွင့္ အန္စာတုံးခရီးသည္တင္ယာဥ္ တိုက္မိ ၊ တစ္ဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရရွိ

(Zawgyi)⤵⤵⤵
စစ္ကိုင္း ဇန္နဝါရီ ၄

စစ္ကိုင္းၿမိဳ႕၊မႏၲေလး- မုံ႐ြာ၊ေ႐ႊဘိုကားလမ္း‌ ျပဴကန္ရပ္ကြက္ မိုင္တိုင္ အမွတ္ ၁၅/၃အနီးတြင္ ဇန္နဝါရီ ၄ ရက္ နံနက္ ၇ နာရီခြဲ ခန္႔က ၁၂ ဘီးယာဥ္ ႏွင့္ အန္စာတုံးခရီးသည္တင္ယာဥ္တို႔ တိုက္မႈျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံး ႏွစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း စစ္ကိုင္းခ႐ိုင္ မီးသတ္ ဦးစီးဌာနမွ သိရသည္။

ျဖစ္စဥ္မွာ မႏၲေလး- မုံ႐ြာ၊ေ႐ႊဘိုကားလမ္း၊စစ္ကိုင္းၿမိဳ႕၊ျပဴကံရပ္ကြက္၊ မိုင္တိုင္အမွတ္ ၁၅/၃တြင္ စစ္ကိုင္းၿမိဳ႕၊႐ြာေထာင္ရပ္ေန ဦးျမင့္လြင္ဦး ေမာင္းႏွင္းလာေသာ SGG-1Q/------(၁၂ )ဘီး ယာဥ္သည္ စစ္ကိုင္းဘက္မွ မုံ႐ြာဘက္ကို သြားစဥ္ လမ္းေၾကာေပၚတြင္ စစ္ကိုင္းဘက္သို႔ ေခါင္းျပန္လွည့္ရန္ ဂ ငယ္ ေကြ႕ ေကြ႕ရာ ပခုကၠဴၿမိဳ႕ေန ယာဥ္ေမာင္း ဦးေက်ာ္မ်ိဳးခိုင္ ေမာင္းႏွင္းလာေသာ MDY -5Q/------HAISE အင္ၾကင္းျဖဴယာဥ္ လိုင္းမွ ခရီးသည္ ၁၃ ဦး တင္ေဆာင္လာေသာ အန္တုံးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ ၁၂ ဘီးယာဥ္၏ ေနာက္မွီးပိုင္သို႔ တိုက္မိၿပီး ရန္ေအာင္မဂၤလာေက်ာင္းတိုက္ အုတ္တံတိုင္းသို႔ ဝင္ေရာက္ တိုက္မိခဲ့သျဖင့္ ယာဥ္ေမာင္းျဖစ္သူ ဦးေက်ာ္မ်ိဳးခိုင္မွာ အခင္းျဖစ္ပြားရာ ေနရာမွာပင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။


ယာဥ္တိုက္မႈေၾကာင့္ ကား၏ေရွ႕ ေခါင္းခန္းတြင္ ညႇက္ေနသည့္ ယာဥ္ေမာင္း(ေသဆုံး ) ႏွင့္ ယာဥ္ေမာင္းထိုင္ခုံေနာက္တြင္ ညႇက္ေနေသာ မအိမြန္သိန္းႏွင့္အျခားတစ္ဦးကို စစ္ကိုင္းခ႐ိုင္/ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕၊ခ႐ိုင္ယာဥ္ထိန္းတပ္ဖြဲ႕၊ခ႐ိုင္/ၿမိဳ႕နယ္ၾကက္ေျခနီတပ္ဖြဲ႕၊အိုးဘို RESCUE၊ပညာေမာင္ေဖာင္ေဒးရွင္း တို႔ႏွင့္ အတူ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕( စစ္ကိုင္း) SERT မွ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕ဝင္မ်ားသည္ ညႇက္ေနသည့္ လူနာမ်ားကို Hydraulic Tools ေတြ အသုံးျပဳ၍ ကယ္ထုတ္ခဲ့ရေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ကိုင္းၿမိဳ႕မရဲစခန္းမွ ၁၂ ဘီးကား ယာဥ္ေမာင္း ျမင့္လြင္ဦးႏွင့္ ခရီးသည္တင္ အန္စာတုံးယာဥ္ေမာင္း ေက်ာ္မ်ိဳးခိုင္တို႔ကို ယာဥ္ထိန္း ဒုရဲအုပ္မိုးေဇာ္ဦးက တရားလိုျပဳလုပ္၍ စစ္ကိုင္းၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။

ခိုင္ေဇယ် (075)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
----------
(Unicode)⤵⤵⤵
စစ်ကိုင်းမြို့တွင် ၁၂ဘီးယာဉ် နှင့် အန်စာတုံးခရီးသည်တင်ယာဉ် တိုက်မိ ၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ

စစ်ကိုင်း ဇန်နဝါရီ ၄

စစ်ကိုင်းမြို့၊မန္တလေး- မုံရွာ၊ရွှေဘိုကားလမ်း‌ ပြူကန်ရပ်ကွက် မိုင်တိုင် အမှတ် ၁၅/၃အနီးတွင် ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခွဲ ခန့်က ၁၂ ဘီးယာဉ် နှင့် အန်စာတုံးခရီးသည်တင်ယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် မီးသတ် ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေး- မုံရွာ၊ရွှေဘိုကားလမ်း၊စစ်ကိုင်းမြို့၊ပြူကံရပ်ကွက်၊ မိုင်တိုင်အမှတ် ၁၅/၃တွင် စစ်ကိုင်းမြို့၊ရွာထောင်ရပ်နေ ဦးမြင့်လွင်ဦး မောင်းနှင်းလာသော SGG-1Q/------(၁၂ )ဘီး ယာဉ်သည် စစ်ကိုင်းဘက်မှ မုံရွာဘက်ကို သွားစဉ် လမ်းကြောပေါ်တွင် စစ်ကိုင်းဘက်သို့ ခေါင်းပြန်လှည့်ရန် ဂ ငယ် ကွေ့ ကွေ့ရာ ပခုက္ကူမြို့နေ ယာဉ်မောင်း ဦးကျော်မျိုးခိုင် မောင်းနှင်းလာသော MDY -5Q/------HAISE အင်ကြင်းဖြူယာဉ် လိုင်းမှ ခရီးသည် ၁၃ ဦး တင်ဆောင်လာသော အန်တုံးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ၁၂ ဘီးယာဉ်၏ နောက်မှီးပိုင်သို့ တိုက်မိပြီး ရန်အောင်မင်္ဂလာကျောင်းတိုက် အုတ်တံတိုင်းသို့ ဝင်ရောက် တိုက်မိခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ ဦးကျော်မျိုးခိုင်မှာ အခင်းဖြစ်ပွားရာ နေရာမှာပင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ကား၏ရှေ့ ခေါင်းခန်းတွင် ညှက်နေသည့် ယာဉ်မောင်း(သေဆုံး ) နှင့် ယာဉ်မောင်းထိုင်ခုံနောက်တွင် ညှက်နေသော မအိမွန်သိန်းနှင့်အခြားတစ်ဦးကို စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့၊ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊အိုးဘို RESCUE၊ပညာမောင်ဖောင်ဒေးရှင်း တို့နှင့် အတူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့( စစ်ကိုင်း) SERT မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ညှက်နေသည့် လူနာများကို Hydraulic Tools တွေ အသုံးပြု၍ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်းမှ ၁၂ ဘီးကား ယာဉ်မောင်း မြင့်လွင်ဦးနှင့် ခရီးသည်တင် အန်စာတုံးယာဉ်မောင်း ကျော်မျိုးခိုင်တို့ကို ယာဉ်ထိန်း ဒုရဲအုပ်မိုးဇော်ဦးက တရားလိုပြုလုပ်၍ စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ခိုင်ဇေယျ (075)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စစ္ကိုင္းၿမိဳ႕တြင္ ၁၂ဘီးယာဥ္ ႏွင့္ အန္စာတုံးခရီးသည္တင္ယာဥ္ တိုက္မိ ၊ တစ္ဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရရွိ စစ္ကိုင္းၿမိဳ႕တြင္ ၁၂ဘီးယာဥ္ ႏွင့္ အန္စာတုံးခရီးသည္တင္ယာဥ္ တိုက္မိ ၊ တစ္ဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရရွိ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.