ကာဆမ္ဆူေလမာနီ - အေမရိကန္ က်ဆုံးပါေစလို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီး ဈာပနမွာ ေႂကြးေၾကာ္

ဆူေလမာနီရဲ႕ ႐ုပ္အေလာင္းသယ္လာတဲ့ကားနားကို လူေတြ စု႐ုံးဝိုင္းရံခဲ့ၾက
(Zawgyi)⤵⤵⤵
အီရန္ဗိုလ္ခ်ဳပ္ႀကီး အီရတ္ေလဆိပ္က အထြက္မွာ အေမရိကန္ရဲ႕ ဒီဇင္ဘာ ၃ ရက္ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားၿပီး ေနာက္တစ္ေန႔မွာ ေလေၾကာင္းတိုက္ခိုက္ခံရမႈ ထပ္ျဖစ္ခဲ့တယ္လို႔ အီရတ္အစိုးရ ႐ုပ္သံက ေၾကညာပါတယ္။

ဒီတိုက္ခိုက္မႈမွာ လူေျခာက္ဦးေသဆုံးသြားတယ္လို႔ အီရတ္စစ္တပ္က သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

အီရတ္ စစ္ေသြးႂကြတပ္ဖြဲ႕ ယာဥ္တန္းတစ္ခု စေနေန႔ ေဒသအခ်ိန္ မနက္ပိုင္းအေစာပိုင္း တိုက္ခိုက္ခံရတာလို႔ ဆိုပါတယ္။

ဒါေပမဲ့ အေမရိကန္စစ္တပ္က ေျပာခြင့္ရသူကေတာ့ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြက အဲဒီေဒသမွာ တိုက္ခိုက္တာ မရွိဘူးလို႔ ဒီတိုက္ခိုက္မႈ သတင္းကို ျငင္းဆိုပါတယ္။

အေရွ႕အလယ္ပိုင္းမွာ လက္တုံ႔ျပန္လာႏိုင္တာေတြရွိတဲ့အတြက္ ေနာက္ထပ္ စစ္အင္အား ၃၀၀၀ ကို ဒီေဒသကို ထပ္လႊတ္ထားတယ္လို႔ အေမရိကန္က ဆိုပါတယ္။

သမၼတ ေဒၚနယ္ထရမ့္က ကမာၻ႔နံပါတ္တစ္ အၾကမ္းဖက္သမားကို ေခ်မႈန္းခဲ့တာလို႔ ေျပာေပမဲ့ ဘာေၾကာင့္ ဒီလို အလ်င္စလို သတ္ျဖတ္ခဲ့တယ္ဆိုတာကိုေတာ့ ထရမ့္အစိုးရ တာဝန္ရွိသူေတြက မေျပာပါဘူး။

အေမရိကန္ သမၼတေဟာင္းေတြ ျဖစ္တဲ့ ဘားရက္အိုဘားမားေရာ ေဂ်ာ့ဘုရွ္ကေရာ ဒီဗိုလ္ခ်ဳပ္ႀကီးကို တိုက္ခိုက္သတ္ျဖတ္မႈဟာ အႏၲရာယ္မ်ားလြန္းတယ္ဆိုၿပီး လက္မခံခဲ့ၾကပါဘူး။

အေျခအေနေတြ တင္းမာေနတာေၾကာင့္ အေမရိကန္ ႏိုင္ငံသားေတြ အီရတ္ကေန အျမန္ဆုံး ျပန္ထြက္ခြာၾကဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။
အေမရိကန္ က်ဆုံးပါေစလို႔ ဈာပနရႈသူေတြ ေႂကြးေၾကာ္

ေသဆုံးသူ အီရန္ ဗိုလ္ခ်ဳပ္ႀကီး ဈာပနကို အီရတ္ၿမိဳ႕ေတာ္ ဘဂၢဒက္မွာ ဧရာမ လူစုလူေဝးႀကီး တက္ေရာက္ခဲ့ၾကပါတယ္။

ဒီဗိုလ္ခ်ဳပ္ႀကီးဟာ အီရန္ရဲ႕ အေရွ႕အလယ္ပိုင္း စစ္ဆင္ေရးေတြကို ကြပ္ကဲသူျဖစ္ၿပီး သူေသဆုံးခဲ့ရမႈအတြက္ ျပင္းျပန္ထန္ထန္ လက္တုံ႔ျပန္မယ္လို႔ အီရန္ ထုတ္ေျပာထားပါတယ္။

စေနေန႔ဟာ ဆူေလမာနီအတြက္ အသုဘရႈရက္ သုံးရက္ရဲ႕ အစရက္ျဖစ္ၿပီး သူ႔ကို အီရန္က သူ႔ဇာတိၿမိဳ႕မွာ ျမႇဳပ္ႏွံမွာပါ။

လမ္းေပၚထြက္လာသူေတြဟာ သူနဲ႔အတူ ေသဆုံးခဲ့တဲ့ အီရတ္စစ္ေသြးႂကြ ေခါင္းေဆာင္ရဲ႕ ဈာပနကိုလည္း တက္ေရာက္ၾကတာ ျဖစ္ပါတယ္။

စေနေန႔ မနက္အေစာပိုင္းကတည္းက ဘဂၢဒက္မွာ လူေတြ စုေဝးခဲ့ၾကပါတယ္။ သူတို႔ဟာ အီရတ္အလံနဲ႔ လက္နက္ကိုင္အဖြဲ႕ အလံေတြ ေဝွ႔ရမ္းၾကၿပီး အေမရိကန္ က်ဆုံးပါေစလို႔လည္း ေႂကြးေၾကာ္ၾကပါတယ္။ သူတို႔က ေသဆုံးသူ ဗိုလ္ခ်ဳပ္ႀကီးနဲ႔ အီရန္ေခါင္းေဆာင္ အယာတိုလာ အလီ ခါေမနီရဲ႕ ဓာတ္ပုံေတြကို ကိုင္ထားၾကပါတယ္။

အီရန္ဘက္က ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းေတြကို စေနေန႔ ညေနပိုင္းမွာ ေလယာဥ္နဲ႔ အီရန္ဘက္ကို ျပန္သယ္မွာ ျဖစ္ပါတယ္။ သူတို႔အတြက္ ေအာက္ေမ့ဖြယ္ အခမ္းအနား သုံးရက္လုပ္မယ္လို႔ ေၾကညာထားပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးရဲ႕ ဈာပနကိုေတာ့ သူ႔ဇာတိၿမိဳ႕ ကာမန္မွာ အဂၤါေန႔မွာ ျပဳလုပ္မွာပါ။

အီရတ္က လူတခ်ိဳ႕ကေတာ့ ဆူေလမာနီေသဆုံးမႈအတြက္ ဘဂၢဒက္က လမ္းေတြေပၚမွာ ေအာင္ပြဲခံေနၾကပါတယ္။ အခုလပိုင္းေတြမွာ ျဖစ္တဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈေတြကို အၾကမ္းဖက္ ၿဖိဳခြင္းဖို႔ သူက ေနာက္ကြယ္က ေစခိုင္းခဲ့တယ္လို႔ စြပ္စြဲခဲ့ၾကပါတယ္။

 ဗိုလ္ခ်ဳပ္ႀကီး႐ုပ္အေလာင္း သယ္လာတဲ့ကား

အီရတ္က ၾကားညပ္

အီရန္ဟာ အိမ္နီးခ်င္း အီရတ္ႏိုင္ငံက ရွီးယား စစ္ေသြးႂကြ အုပ္စုေတြကို အေထာက္အပံ့ေတြ ေပးေနတာပါ။ ေသဆုံးသူ ဗိုလ္ခ်ဳပ္ႀကီး ဆူေလမာနီဟာ အီရတ္က ဘဂၢဒက္ ေလဆိပ္ကိုေရာက္ၿပီး သူတိုက္ခိုက္ခံရခ်ိန္မွာ အဲဒီစစ္ေသြးႂကြအဖြဲ႕က အရာရွိႀကီးေတြနဲ႔အတူ ယာဥ္တန္းနဲ႔ ထြက္ခြာသြားခ်ိန္မွာ အေမရိကန္ရဲ႕ ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခံခဲ့ရတာပါ။

အဲဒီတိုက္ခိုက္မႈမွာ အီရန္က ေထာက္ပံ့ထားတဲ့ အီရတ္ ရွီးယား စစ္ေသြးႂကြအဖြဲ႕က ေခါင္းေဆာင္ အယ္လ္မူဟန္ဒစ္လည္း ေသဆုံးခဲ့ပါတယ္။

ဒီလို တင္းမာမႈေတြၾကားမွာ အီရန္ေရာ အေမရိကန္နဲ႔ေရာ မဟာမိတ္ျဖစ္တဲ့ အီရတ္အတြက္ အခက္ေတြ႕တဲ့ အေျခအေနကို ေရာက္သြားခဲ့ပါတယ္။ အိုင္အက္စ္ စစ္ေသြးႂကြ အဖြဲ႕နဲ႔ တိုက္ခိုက္မႈေတြအတြက္ အီရတ္ဘက္က အကူအညီေပးဖို႔ အေမရိကန္စစ္သားေတြ ေထာင္ခ်ီၿပီး အီရတ္မွာ က်န္ေနပါေသးတယ္။ ဒါေပမဲ့ အခုအေျခအေနမွာေတာ့ အေမရိကန္က သူတို႔ၾကားမွာ သေဘာတူထားတဲ့ အေျခအေနကို ေက်ာ္ၿပီးလုပ္ခဲ့တယ္လို႔ အီရတ္ အစိုးရက အခိုင္အမာေျပာထားပါတယ္။

အီရတ္ ဝန္ႀကီးခ်ဳပ္က ဒီတိုက္ခိုက္မႈဟာ အီရတ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ေပၚေပၚထင္ထင္ ထိပါးတာျဖစ္ၿပီး အီရတ္ရဲ႕ဂုဏ္သိကၡာကို မဆင္မျခင္ တိုက္ခိုက္လိုက္မႈပဲလို႔ ေျပာပါတယ္။

Getty Images

အီရန္ဘယ္လို တုံ႔ျပန္သလဲ

"သူဘုရားသခင္ဆီထြက္သြားေပမဲ့ သူ႔ရည္မွန္းခ်က္ေတြ အဆုံးသတ္သြားတာမဟုတ္ပါဘူး။ သူ႔နဲ႔ တျခားသူရဲေကာင္းေတြရဲ႕ ေသြးေတြစြန္းသြားတဲ့ ရာဇဝတ္ေကာင္ေတြအတြက္ လက္စားေခ်မႈႀကီးေတြက ေစာင့္ေနပါတယ္" လို႔ အီရန္ ေခါင္းေဆာင္ အယာတိုလာ အလီ ခါေမနီက ေျပာပါတယ္။

အီရန္-အေမရိကန္ ဆက္ဆံေရးဟာ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ အျပန္အလွန္တိုက္ခိုက္မႈေတြေၾကာင့္ တင္းမာလာခဲ့ပါတယ္။ အေမရိကန္က အီရတ္နဲ႔ ဆီးရီးယားက အီရန္အေထာက္အပံ့ခံ အီရတ္ စစ္ေသြးႂကြေတြကို ေလေၾကာင္းက တိုက္ခိုက္ခဲ့ပါတယ္။

ဒါဟာ ဒုံးက်ည္တိုက္ခိုက္မႈတစ္ခုမွာ အေမရိကန္ စီးပြားေရးသမားတစ္ေယာက္ ေသဆုံးသြားတဲ့အတြက္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အီရန္ ေထာက္ခံသူေတြက အီရတ္မွာရွိတဲ့ အေမရိကန္ သံ႐ုံးကို လက္တုံ႔ျပန္ တိုက္ခိုက္ခဲ့ပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီကို အီရန္ သံအမတ္ႀကီးက ပို႔တဲ့စာမွာေတာ့ ႏိုင္ငံတကာ ဥပေဒေတြအရ အီရန္မွာ ကိုယ့္ႏိုင္ငံကိုယ္ ကာကြယ္ပိုင္ခြင့္ရွိတယ္လို႔ ေျပာပါတယ္။

ႏိုင္ငံေရး အကဲခတ္ေတြကေတာ့ အီရန္က အေမရိကန္ကို ဆိုင္ဘာတိုက္ခိုက္မႈေတြနဲ႔ အေရွ႕အလယ္ပိုင္းမွာ ရွိတဲ့ အေမရိကန္ စစ္ဘက္ဆိုင္ရာ ေနရာေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြ လုပ္ႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။
သုံးသပ္ခ်က္

လစၥ ဒူးဆက္ - ႏိုင္ငံတကာ သတင္းေထာက္ခ်ဳပ္

အီရန္ေခါင္းေဆာင္ေတြအတြက္ အခုခ်ိန္မွာ အေရးအႀကီးက ေသဆုံးသူ ဗိုလ္ခ်ဳပ္ႀကီးဟာ ဘယ္ေလာက္ အေရးပါတယ္ဆိုတာ ျပတ္ျပတ္သားသား ျပသႏိုင္ဖို႔ ျဖစ္ပါတယ္။

သူ႔ကို အီရန္ စစ္တပ္အတြက္ အေရးအႀကီးဆုံးသူျဖစ္ၿပီး ႏိုင္ငံေရးသမားေတြထဲမွာ အေရးအပါဆုံးသူတစ္ေယာက္အျဖစ္ ျပသႏိုင္ဖို႔ျဖစ္ပါတယ္။ အီရန္ ေခါင္းေဆာင္ေတြဟာ ႀကီးက်ယ္တဲ့ ဈာပန အခမ္းအနားနဲ႔ အီရန္ ၿမိဳ႕ႀကီးေတြက လမ္းေတြမွာ လူေတြအမ်ားအျပား ဈာပန တက္ေရာက္တာကို ျမင္ခ်င္ေနၾကပါတယ္။

ဒါက သူ႔ကို အာဇာနည္တစ္ေယာက္ အျဖစ္ ပုံေဖာ္သတ္မွတ္ႏိုင္ဖို႔ပါ။ အခုအေျခအေနေတြအရ သူ႔တပ္ဖြဲ႕ဝင္ေတြၾကားမွာ သူဟာ သူရဲေကာင္းအျဖစ္ မွတ္ယူခံထားရၿပီးပါၿပီ။ အဲဒီပုံရိပ္ကို အီရန္ေခါင္းေဆာင္ေတြက ဆက္ရွိေစခ်င္ပါတယ္။ သူေသသြားတာေတာင္ သူရွိေနစဥ္ကအတိုင္း လႊမ္းမိုးႏိုင္သူအျဖစ္ ျမင္ခ်င္ၾကတာပါ။

 အေရွ႕အလယ္ပိုင္းက အီရန္စစ္ဆင္ေရးေတြကို ဦးေဆာင္ကြပ္ကဲသူ ဗိုလ္ခ်ဳပ္ႀကီး

ကာဆမ္ ဆူေလမာနီဘယ္သူလဲ

အသက္ ၆၂ ႏွစ္အ႐ြယ္ ဗိုလ္ခ်ဳပ္ႀကီးဟာ အီရန္ေခါင္းေဆာင္ အယာတိုလာ ခါေမနီ ၿပီးရင္ ၾသဇာအရွိဆုံးအျဖစ္ သတ္မွတ္ထားၾကပါတယ္။ သူဟာ အီရန္ေတာ္လွန္ေရးတပ္ရဲ႕ ကာ့ဒ္စ္ Quds အထူးတပ္ဖြဲ႕က တပ္မႉးႀကီး ျဖစ္ၿပီး သူ႔တပ္ဖြဲ႕က အီရန္ေခါင္းေဆာင္ကိုယ္တိုင္ တိုက္႐ိုက္ကိုင္တြယ္တဲ့တပ္ပါ။ ၿပီးေတာ့ သူကို႔ ႏိုင္ငံရဲ႕ သူရဲေကာင္းတစ္ေယာက္အျဖစ္လည္း ခ်ီးေျမႇာက္ထားၾကတာပါ။

သူဟာ ဆီးရီးယား သမၼတ ဘာရွား အယ္လ္ အာဆတ္က သူ႔ႏိုင္ငံထဲက အိုင္အက္စ္ စစ္ေသြးႂကြေတြကို တိုက္ခိုက္မႈေတြနဲ႔ တျခားတိုက္ပြဲေတြကို ႀကိဳးကိုင္ေနသူလို႔ ယူဆခံရသူလည္း ျဖစ္ပါတယ္။

ေငြေရာင္ဆံပင္ေတြနဲ႔ ၾသဇာႀကီးၿပီး နားလည္ရခက္တဲ့ ဒီဗိုလ္ခ်ဳပ္ႀကီးကို ေလးစား႐ိုေသသူေတြေရာ ေသေလာက္ေအာင္မုန္းသူေတြပါ ရွိပါတယ္။ သူဟာ လွ်ိဳ႕ဝွက္စစ္ဆင္ေရးေတြကို ေနာက္ကြယ္က ႏွစ္ေပါင္းမ်ားစြာ ႀကိဳးကိုင္ခဲ့ရာကေန အခုႏွစ္ပိုင္းမွာ လူေတြၾကားထြက္ေပၚလာတာပါ။ ေနာက္ေတာ့ သူ႔ရဲ႕ေက်ာ္ၾကားလူသိမ်ားမႈက အီရန္ မွတ္တမ္း႐ုပ္ရွင္ေတြ၊ သတင္းေတြ၊ အင္တာနက္ေပၚက ႐ုပ္ေျပာင္ေတြနဲ႔ ေပါ့ပ္သီခ်င္းေတြမွာေတာင္ သူ႔အေၾကာင္းေတြ ပါလာတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ကာ့ဒ္စ္ အထူးထပ္ဖြဲ႕ကို သူကိုင္တြယ္ခဲ့တဲ့ ၂၁ ႏွစ္အတြင္းမွာ လက္ဘႏြန္က အီရန္ေထာက္ခံတဲ့ ဟစ္ဇဘိုလာ အဖြဲ႕ကို အားျဖည့္ေပးခဲ့ပါတယ္။ အီရန္ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြကို အီရတ္နဲ႔ ဆီးရီးယားတို႔မွာ တိုးခ်ဲ႕ခဲ့ပါတယ္။ ဆီးရီးယားရဲ႕ ကာလရွည္ ျပည္တြင္းစစ္မွာလည္း အစိုးရက သူပုန္ေတြကို တိုက္ခိုက္ရာမွာ ႀကိဳးကိုင္ျခယ္လွယ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ကာဆမ်ဆူလေမာနီ - အမေရိကန် ကျဆုံးပါစေလို့ အီရန် ဗိုလ်ချုပ်ကြီး ဈာပနမှာ ကြွေးကြော်

Image caption ဆူလေမာနီရဲ့ ရုပ်အလောင်းသယ်လာတဲ့ကားနားကို လူတွေ စုရုံးဝိုင်းရံခဲ့ကြ

အီရန်ဗိုလ်ချုပ်ကြီး အီရတ်လေဆိပ်က အထွက်မှာ အမေရိကန်ရဲ့ ဒီဇင်ဘာ ၃ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး နောက်တစ်နေ့မှာ လေကြောင်းတိုက်ခိုက်ခံရမှု ထပ်ဖြစ်ခဲ့တယ်လို့ အီရတ်အစိုးရ ရုပ်သံက ကြေညာပါတယ်။

ဒီတိုက်ခိုက်မှုမှာ လူခြောက်ဦးသေဆုံးသွားတယ်လို့ အီရတ်စစ်တပ်က သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီရတ် စစ်သွေးကြွတပ်ဖွဲ့ ယာဉ်တန်းတစ်ခု စနေနေ့ ဒေသအချိန် မနက်ပိုင်းအစောပိုင်း တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ်က ပြောခွင့်ရသူကတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက အဲဒီဒေသမှာ တိုက်ခိုက်တာ မရှိဘူးလို့ ဒီတိုက်ခိုက်မှု သတင်းကို ငြင်းဆိုပါတယ်။

အရှေ့အလယ်ပိုင်းမှာ လက်တုံ့ပြန်လာနိုင်တာတွေရှိတဲ့အတွက် နောက်ထပ် စစ်အင်အား ၃၀၀၀ ကို ဒီဒေသကို ထပ်လွှတ်ထားတယ်လို့ အမေရိကန်က ဆိုပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့နံပါတ်တစ် အကြမ်းဖက်သမားကို ချေမှုန်းခဲ့တာလို့ ပြောပေမဲ့ ဘာကြောင့် ဒီလို အလျင်စလို သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ထရမ့်အစိုးရ တာဝန်ရှိသူတွေက မပြောပါဘူး။

အမေရိကန် သမ္မတဟောင်းတွေ ဖြစ်တဲ့ ဘားရက်အိုဘားမားရော ဂျော့ဘုရှ်ကရော ဒီဗိုလ်ချုပ်ကြီးကို တိုက်ခိုက်သတ်ဖြတ်မှုဟာ အန္တရာယ်များလွန်းတယ်ဆိုပြီး လက်မခံခဲ့ကြပါဘူး။

အခြေအနေတွေ တင်းမာနေတာကြောင့် အမေရိကန် နိုင်ငံသားတွေ အီရတ်ကနေ အမြန်ဆုံး ပြန်ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အမေရိကန် ကျဆုံးပါစေလို့ ဈာပနရှုသူတွေ ကြွေးကြော်

သေဆုံးသူ အီရန် ဗိုလ်ချုပ်ကြီး ဈာပနကို အီရတ်မြို့တော် ဘဂ္ဂဒက်မှာ ဧရာမ လူစုလူဝေးကြီး တက်ရောက်ခဲ့ကြပါတယ်။

ဒီဗိုလ်ချုပ်ကြီးဟာ အီရန်ရဲ့ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေကို ကွပ်ကဲသူဖြစ်ပြီး သူသေဆုံးခဲ့ရမှုအတွက် ပြင်းပြန်ထန်ထန် လက်တုံ့ပြန်မယ်လို့ အီရန် ထုတ်ပြောထားပါတယ်။

စနေနေ့ဟာ ဆူလေမာနီအတွက် အသုဘရှုရက် သုံးရက်ရဲ့ အစရက်ဖြစ်ပြီး သူ့ကို အီရန်က သူ့ဇာတိမြို့မှာ မြှုပ်နှံမှာပါ။

လမ်းပေါ်ထွက်လာသူတွေဟာ သူနဲ့အတူ သေဆုံးခဲ့တဲ့ အီရတ်စစ်သွေးကြွ ခေါင်းဆောင်ရဲ့ ဈာပနကိုလည်း တက်ရောက်ကြတာ ဖြစ်ပါတယ်။

စနေနေ့ မနက်အစောပိုင်းကတည်းက ဘဂ္ဂဒက်မှာ လူတွေ စုဝေးခဲ့ကြပါတယ်။ သူတို့ဟာ အီရတ်အလံနဲ့ လက်နက်ကိုင်အဖွဲ့ အလံတွေ ဝှေ့ရမ်းကြပြီး အမေရိကန် ကျဆုံးပါစေလို့လည်း ကြွေးကြော်ကြပါတယ်။ သူတို့က သေဆုံးသူ ဗိုလ်ချုပ်ကြီးနဲ့ အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ဓာတ်ပုံတွေကို ကိုင်ထားကြပါတယ်။

အီရန်ဘက်က သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စနေနေ့ ညနေပိုင်းမှာ လေယာဉ်နဲ့ အီရန်ဘက်ကို ပြန်သယ်မှာ ဖြစ်ပါတယ်။ သူတို့အတွက် အောက်မေ့ဖွယ် အခမ်းအနား သုံးရက်လုပ်မယ်လို့ ကြေညာထားပါတယ်။ ဗိုလ်ချုပ်ကြီးရဲ့ ဈာပနကိုတော့ သူ့ဇာတိမြို့ ကာမန်မှာ အင်္ဂါနေ့မှာ ပြုလုပ်မှာပါ။

အီရတ်က လူတချို့ကတော့ ဆူလေမာနီသေဆုံးမှုအတွက် ဘဂ္ဂဒက်က လမ်းတွေပေါ်မှာ အောင်ပွဲခံနေကြပါတယ်။ အခုလပိုင်းတွေမှာ ဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွင်းဖို့ သူက နောက်ကွယ်က စေခိုင်းခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်ချုပ်ကြီးရုပ်အလောင်း သယ်လာတဲ့ကား
အီရတ်က ကြားညပ်

အီရန်ဟာ အိမ်နီးချင်း အီရတ်နိုင်ငံက ရှီးယား စစ်သွေးကြွ အုပ်စုတွေကို အထောက်အပံ့တွေ ပေးနေတာပါ။ သေဆုံးသူ ဗိုလ်ချုပ်ကြီး ဆူလေမာနီဟာ အီရတ်က ဘဂ္ဂဒက် လေဆိပ်ကိုရောက်ပြီး သူတိုက်ခိုက်ခံရချိန်မှာ အဲဒီစစ်သွေးကြွအဖွဲ့က အရာရှိကြီးတွေနဲ့အတူ ယာဉ်တန်းနဲ့ ထွက်ခွာသွားချိန်မှာ အမေရိကန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီတိုက်ခိုက်မှုမှာ အီရန်က ထောက်ပံ့ထားတဲ့ အီရတ် ရှီးယား စစ်သွေးကြွအဖွဲ့က ခေါင်းဆောင် အယ်လ်မူဟန်ဒစ်လည်း သေဆုံးခဲ့ပါတယ်။

ဒီလို တင်းမာမှုတွေကြားမှာ အီရန်ရော အမေရိကန်နဲ့ရော မဟာမိတ်ဖြစ်တဲ့ အီရတ်အတွက် အခက်တွေ့တဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့နဲ့ တိုက်ခိုက်မှုတွေအတွက် အီရတ်ဘက်က အကူအညီပေးဖို့ အမေရိကန်စစ်သားတွေ ထောင်ချီပြီး အီရတ်မှာ ကျန်နေပါသေးတယ်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ အမေရိကန်က သူတို့ကြားမှာ သဘောတူထားတဲ့ အခြေအနေကို ကျော်ပြီးလုပ်ခဲ့တယ်လို့ အီရတ် အစိုးရက အခိုင်အမာပြောထားပါတယ်။

အီရတ် ဝန်ကြီးချုပ်က ဒီတိုက်ခိုက်မှုဟာ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင် ထိပါးတာဖြစ်ပြီး အီရတ်ရဲ့ဂုဏ်သိက္ခာကို မဆင်မခြင် တိုက်ခိုက်လိုက်မှုပဲလို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
အီရန်ဘယ်လို တုံ့ပြန်သလဲ

"သူဘုရားသခင်ဆီထွက်သွားပေမဲ့ သူ့ရည်မှန်းချက်တွေ အဆုံးသတ်သွားတာမဟုတ်ပါဘူး။ သူ့နဲ့ တခြားသူရဲကောင်းတွေရဲ့ သွေးတွေစွန်းသွားတဲ့ ရာဇဝတ်ကောင်တွေအတွက် လက်စားချေမှုကြီးတွေက စောင့်နေပါတယ်" လို့ အီရန် ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောပါတယ်။

အီရန်-အမေရိကန် ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် တင်းမာလာခဲ့ပါတယ်။ အမေရိကန်က အီရတ်နဲ့ ဆီးရီးယားက အီရန်အထောက်အပံ့ခံ အီရတ် စစ်သွေးကြွတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုမှာ အမေရိကန် စီးပွားရေးသမားတစ်ယောက် သေဆုံးသွားတဲ့အတွက်လို့ ဆိုပါတယ်။ ဒါကြောင့် အီရန် ထောက်ခံသူတွေက အီရတ်မှာရှိတဲ့ အမေရိကန် သံရုံးကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အီရန် သံအမတ်ကြီးက ပို့တဲ့စာမှာတော့ နိုင်ငံတကာ ဥပဒေတွေအရ အီရန်မှာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံရေး အကဲခတ်တွေကတော့ အီရန်က အမေရိကန်ကို ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
သုံးသပ်ချက်

လစ္စ ဒူးဆက် - နိုင်ငံတကာ သတင်းထောက်ချုပ်

အီရန်ခေါင်းဆောင်တွေအတွက် အခုချိန်မှာ အရေးအကြီးက သေဆုံးသူ ဗိုလ်ချုပ်ကြီးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ပြတ်ပြတ်သားသား ပြသနိုင်ဖို့ ဖြစ်ပါတယ်။

သူ့ကို အီရန် စစ်တပ်အတွက် အရေးအကြီးဆုံးသူဖြစ်ပြီး နိုင်ငံရေးသမားတွေထဲမှာ အရေးအပါဆုံးသူတစ်ယောက်အဖြစ် ပြသနိုင်ဖို့ဖြစ်ပါတယ်။ အီရန် ခေါင်းဆောင်တွေဟာ ကြီးကျယ်တဲ့ ဈာပန အခမ်းအနားနဲ့ အီရန် မြို့ကြီးတွေက လမ်းတွေမှာ လူတွေအများအပြား ဈာပန တက်ရောက်တာကို မြင်ချင်နေကြပါတယ်။

ဒါက သူ့ကို အာဇာနည်တစ်ယောက် အဖြစ် ပုံဖော်သတ်မှတ်နိုင်ဖို့ပါ။ အခုအခြေအနေတွေအရ သူ့တပ်ဖွဲ့ဝင်တွေကြားမှာ သူဟာ သူရဲကောင်းအဖြစ် မှတ်ယူခံထားရပြီးပါပြီ။ အဲဒီပုံရိပ်ကို အီရန်ခေါင်းဆောင်တွေက ဆက်ရှိစေချင်ပါတယ်။ သူသေသွားတာတောင် သူရှိနေစဉ်ကအတိုင်း လွှမ်းမိုးနိုင်သူအဖြစ် မြင်ချင်ကြတာပါ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အရှေ့အလယ်ပိုင်းက အီရန်စစ်ဆင်ရေးတွေကို ဦးဆောင်ကွပ်ကဲသူ ဗိုလ်ချုပ်ကြီး
ကာဆမ် ဆူလေမာနီဘယ်သူလဲ

အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟာ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ ပြီးရင် သြဇာအရှိဆုံးအဖြစ် သတ်မှတ်ထားကြပါတယ်။ သူဟာ အီရန်တော်လှန်ရေးတပ်ရဲ့ ကာ့ဒ်စ် Quds အထူးတပ်ဖွဲ့က တပ်မှူးကြီး ဖြစ်ပြီး သူ့တပ်ဖွဲ့က အီရန်ခေါင်းဆောင်ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်တဲ့တပ်ပါ။ ပြီးတော့ သူကို့ နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်အဖြစ်လည်း ချီးမြှောက်ထားကြတာပါ။

သူဟာ ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်က သူ့နိုင်ငံထဲက အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်မှုတွေနဲ့ တခြားတိုက်ပွဲတွေကို ကြိုးကိုင်နေသူလို့ ယူဆခံရသူလည်း ဖြစ်ပါတယ်။

ငွေရောင်ဆံပင်တွေနဲ့ သြဇာကြီးပြီး နားလည်ရခက်တဲ့ ဒီဗိုလ်ချုပ်ကြီးကို လေးစားရိုသေသူတွေရော သေလောက်အောင်မုန်းသူတွေပါ ရှိပါတယ်။ သူဟာ လျှို့ဝှက်စစ်ဆင်ရေးတွေကို နောက်ကွယ်က နှစ်ပေါင်းများစွာ ကြိုးကိုင်ခဲ့ရာကနေ အခုနှစ်ပိုင်းမှာ လူတွေကြားထွက်ပေါ်လာတာပါ။ နောက်တော့ သူ့ရဲ့ကျော်ကြားလူသိများမှုက အီရန် မှတ်တမ်းရုပ်ရှင်တွေ၊ သတင်းတွေ၊ အင်တာနက်ပေါ်က ရုပ်ပြောင်တွေနဲ့ ပေါ့ပ်သီချင်းတွေမှာတောင် သူ့အကြောင်းတွေ ပါလာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကာ့ဒ်စ် အထူးထပ်ဖွဲ့ကို သူကိုင်တွယ်ခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ လက်ဘနွန်က အီရန်ထောက်ခံတဲ့ ဟစ်ဇဘိုလာ အဖွဲ့ကို အားဖြည့်ပေးခဲ့ပါတယ်။ အီရန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အီရတ်နဲ့ ဆီးရီးယားတို့မှာ တိုးချဲ့ခဲ့ပါတယ်။ ဆီးရီးယားရဲ့ ကာလရှည် ပြည်တွင်းစစ်မှာလည်း အစိုးရက သူပုန်တွေကို တိုက်ခိုက်ရာမှာ ကြိုးကိုင်ခြယ်လှယ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကာဆမ္ဆူေလမာနီ - အေမရိကန္ က်ဆုံးပါေစလို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီး ဈာပနမွာ ေႂကြးေၾကာ္ ကာဆမ္ဆူေလမာနီ - အေမရိကန္ က်ဆုံးပါေစလို႔ အီရန္ ဗိုလ္ခ်ဳပ္ႀကီး ဈာပနမွာ ေႂကြးေၾကာ္ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.