ရခုိင္ မင္းျပား ေျမျမႇဳပ္မိုင္းကဲြလို႔ လူ ၈ ဦး ဒဏ္ရာရ

ရခုိင္ျပည္နယ္အတြင္း လုံၿခဳံေရးအတြက္ ကင္းလွည့္ေနသည့္ ျမန္မာ့တပ္မေတာ္သားမ်ား။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္၊ ေရႊက်င္ေက်းရြာအနီး ဒီကေန႔ ေျမျမႇဳပ္မိုင္းတလုံး ေပါက္ကြဲခဲ့လို႔ ကေလးငယ္ေတြနဲ႔ အမ်ိဳးသမီး စုစုေပါင္း ၈ ဦး ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံမွာ ေဆးကုသခံေနရပါတယ္။ ဘယ္အဖြဲ႔က ေထာင္ထားတဲ့ မိုင္းဆိုတာ မသိရေသးေပမယ့္ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား မၾကာေသးခင္က တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာလို႔လည္း ေဒသခံေတြက ဆိုပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

မင္းျပားၿမိဳ႕နယ္ ေရႊက်င္ရြာအနီး ဒီေန႔လယ္ပိုင္း ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္မႈ အေျခအေနကိုေတာ့ ေရႊက်င္ရြာသား ကိုစံေမာင္က အခုလိုေျပာပါတယ္။

“မိုင္းေပါက္လို႔ပါ။ မိုင္းေပါက္လို႔။ ၈ ေယာက္၊ ကေလးက ၃ ေယာက္ေလာက္ မိန္းမက ၅ ေယာက္။ အေရးႀကီးတဲ့ လူနာ ၃ ေယာက္ပဲ ေျမာက္ဦးေဆး႐ုံ သြားတယ္။ ပန္းေျမာင္းေဆး႐ုံမွာ အခု ေနာက္ထပ္ ၅ ေယာက္ရွိပါတယ္။ အဲဒီ ၅ ေယာက္ကိုလည္း ေျမာက္ဦးကိုပို႔မယ္လို႔လည္း ေျပာေနၾကပါတယ္။”

ေရႊက်င္ေက်းရြာ အေရွ႕ဘက္ေတာင္တန္းမွာ ထင္းရွာထြက္စဥ္ မိုင္းနင္းမိ ေပါက္ကြဲခဲ့တာပါ။ ဒဏ္ရာျပင္းတဲ့ ကေလး ၃ ေယာက္ကိုေတာ့ ေျမာက္ဦးေဆး႐ုံ ပို႔ထားၿပီး က်န္ရွိတဲ့ အမ်ိဳးသမီး ၅ ေယာက္ကေတာ့ ေမာ္ေတာ္ယာဥ္အခက္ခဲေၾကာင့္ ပန္းေျမာင္းေဆး႐ုံမွာပဲ ကုသေနရပါတယ္။

ဗံုးေပါက္ကြဲတဲ့ေနရာဟာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား မၾကာေသးခင္က တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာလို႔လည္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက အခုလိုေျပာပါတယ္။

“ဒီ ေလးၿမိဳ႕ျမစ္ရဲ႕ အေရွ႕ဘက္ကမ္းေပါ့ေနာ္၊ ေရႊက်င္။ ဒီေန႔ ၁၁ နာရီေက်ာ္က်ာ္ေလာက္က ျဖစ္တာ။ အဲဒီမိုင္းေပါက္တဲ့ေနရာက ၿပီးခဲ့တဲ့တပတ္ ဆယ္ရက္ေလာက္ကေနၿပီးေတာ့မွ ဒီႏွစ္ဖက္တပ္ တိုက္ပြဲေတြျဖစ္တဲ့ ေနရာလို႔ သိရတယ္။”

ေပါက္ကြဲတဲ့ဗုံးဟာ ဘယ္လက္နက္ကိုင္အဖြဲ႔က ေထာင္ထားတယ္ဆိုတာ မသိရွိဘူးလို႔ ေဒသခံေတြက ဆိုပါတယ္။ ရခုိင္လက္နက္ကုိင္ AA အဖြဲ႔ ေျပာခြင့္ရ ခုိင္သုခကေတာ့ မုိင္းေပါက္တဲ့ေနရာဟာ တပ္မေတာ္က သြားလာေနတဲ့ေနရာ ျဖစ္ၿပီး စစ္တပ္ေထာင္ထားတဲ့မုိင္းလုိ႔ ေျပာပါတယ္။

“မိုင္းေပါက္တဲ့ ေရႊက်င္ရြာတ၀ိုက္မွာ လြန္ခဲ့တဲ့ ဒီဇင္ဘာတုန္းကေပါ့ေနာ္ ျမန္မာစစ္တပ္က သူတို႔ ဒီစစ္ေၾကာင္းေတြ အမ်ားႀကီး အဲဒီမွာ သြားလာခဲ့တဲ့ ေနရာဗ်။ ေနာက္ၿပီးလို႔ရွိရင္ လက္နက္ႀကီးေတြလည္းပဲ ဒီေနရာေတြမွာ မေပါက္ကြဲဘဲ က်န္တဲ့ဥစၥာေတြ အမ်ားႀကီးရွိတယ္။ ျမန္မာစစ္တပ္ဘက္က ေထာင္ထားတဲ့ မိုင္းေတြလည္း အမ်ားႀကီးရွိတယ္။ ဒါ ျပည္သူေတြအတြက္ေတာ့ အႏၱရာယ္ အမ်ားႀကီးရွိတဲ့ေနရာေပါ့။”

AA ဘက္ကေတာ့ ျမန္မာစစ္တပ္က ေထာင္ထားတဲ့ မိုင္းလို႔ ေျပာေနတ့ဲအေပၚ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးကို ဆက္သြယ္ရာမွာ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္စဥ္ တႏွစ္ေက်ာ္အတြင္း အရပ္သားေတြ ထိခိုက္ေသဆုံး ဒဏ္ရာရတာ တေန႔ထက္တေန႔ ပိုမ်ားလာေနတာပါ။

အထူးသျဖင့္ ပဋိပကၡျဖစ္စဥ္ေတြမွာ အမ်ိဳးသမီးနဲ႔ ကေလးေတြ ထိခိုက္မႈ ပိုမ်ားတယ္လို႔ ရခိုင္အမ်ိဳးသမီးမ်ားကြန္ရက္ ဥကၠ႒ ေဒၚညိဳေအးက ေျပာပါတယ္။

“က်မတုိ႔က စိုးရိမ္စိတ္ ျမင့္တက္တာေပါ့ေနာ္။ ျဖစ္ရင္လည္း အမ်ိဳးသမီးေတြက နစ္နာတယ္ေပါ့ေနာ္။ က်မတို႔မွာ အမ်ိဳးသား အဖမ္းခံရတာပဲျဖစ္ျဖစ္ သားသမီး အဖမ္းခံရတာ ျဖစ္ျဖစ္ေပါ့ေနာ္။ ကေလးသူငယ္ေတြနဲ႔ အမ်ိဳးသမီးေတြပဲ နစ္နာတယ္ေပါ့ေလ။ ၿပီးေတာ့လည္း က်မတို႔မွာ Camp ေတြမွာလည္း လူေတြ တအားကို အခုက တသိန္းေက်ာ္ေလာက္ ရွိပါတယ္ေလ။ အဲဒီမွာလည္း အမ်ိဳးသမီးေတြနဲ႔ ကေလးသူငယ္ေတြ ေနာက္ၿပီးေတာ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြ ေတာ္ေတာ္ေလး ဒုကၡေရာက္ေနတာကို သိရတယ္။”

တိုက္ပြဲစဥ္အတြင္း အရပ္သား ၁၂၀ ေက်ာ္ ေသဆုံးခဲ့သလို ၂၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး လူဦးေရတသိန္းေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရခိုင္လူမႈအဖြဲ႔အစည္းေတြက စာရင္းျပဳစုထားပါတယ္။

ပဋိပကၡ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေဒသမွာ စစ္ေရးနည္းနဲ႔ ေျဖရွင္းမႈထက္ အစိုးရနဲ႔ ေတြ႔ဆုံေဆြးေႏြးမႈကို လုပ္ေဆာင္ဖို႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA) ကို တ႐ုတ္အစိုးရက တြန္းအားေပးခဲ့ၿပီးေနာက္မွာ ဒီရက္ပိုင္းေတြအတြင္း တိုက္ပြဲျဖစ္ပြားတာ မရွိေပမယ့္ ဗုံးကြဲမႈေတြ ျဖစ္ပြားလာတာလည္း ျဖစ္ပါတယ္။

---------------------------------

(Unicode)

ရခိုင် မင်းပြား မြေမြှုပ်မိုင်းကွဲလို့ လူ ၈ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာအနီး ဒီကနေ့ မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့လို့ ကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသခံနေရပါတယ်။ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဆိုတာ မသိရသေးပေမယ့် မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

မင်းပြားမြို့နယ် ရွှေကျင်ရွာအနီး ဒီနေ့လယ်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ ရွှေကျင်ရွာသား ကိုစံမောင်က အခုလိုပြောပါတယ်။

“မိုင်းပေါက်လို့ပါ။ မိုင်းပေါက်လို့။ ၈ ယောက်၊ ကလေးက ၃ ယောက်လောက် မိန်းမက ၅ ယောက်။ အရေးကြီးတဲ့ လူနာ ၃ ယောက်ပဲ မြောက်ဦးဆေးရုံ သွားတယ်။ ပန်းမြောင်းဆေးရုံမှာ အခု နောက်ထပ် ၅ ယောက်ရှိပါတယ်။ အဲဒီ ၅ ယောက်ကိုလည်း မြောက်ဦးကိုပို့မယ်လို့လည်း ပြောနေကြပါတယ်။”

ရွှေကျင်ကျေးရွာ အရှေ့ဘက်တောင်တန်းမှာ ထင်းရှာထွက်စဉ် မိုင်းနင်းမိ ပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာပြင်းတဲ့ ကလေး ၃ ယောက်ကိုတော့ မြောက်ဦးဆေးရုံ ပို့ထားပြီး ကျန်ရှိတဲ့ အမျိုးသမီး ၅ ယောက်ကတော့ မော်တော်ယာဉ်အခက်ခဲကြောင့် ပန်းမြောင်းဆေးရုံမှာပဲ ကုသနေရပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာလို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုပြောပါတယ်။

“ဒီ လေးမြို့မြစ်ရဲ့ အရှေ့ဘက်ကမ်းပေါ့နော်၊ ရွှေကျင်။ ဒီနေ့ ၁၁ နာရီကျော်ကျာ်လောက်က ဖြစ်တာ။ အဲဒီမိုင်းပေါက်တဲ့နေရာက ပြီးခဲ့တဲ့တပတ် ဆယ်ရက်လောက်ကနေပြီးတော့မှ ဒီနှစ်ဖက်တပ် တိုက်ပွဲတွေဖြစ်တဲ့ နေရာလို့ သိရတယ်။”

ပေါက်ကွဲတဲ့ဗုံးဟာ ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်ဆိုတာ မသိရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မိုင်းပေါက်တဲ့နေရာဟာ တပ်မတော်က သွားလာနေတဲ့နေရာ ဖြစ်ပြီး စစ်တပ်ထောင်ထားတဲ့မိုင်းလို့ ပြောပါတယ်။

“မိုင်းပေါက်တဲ့ ရွှေကျင်ရွာတဝိုက်မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာတုန်းကပေါ့နော် မြန်မာစစ်တပ်က သူတို့ ဒီစစ်ကြောင်းတွေ အများကြီး အဲဒီမှာ သွားလာခဲ့တဲ့ နေရာဗျ။ နောက်ပြီးလို့ရှိရင် လက်နက်ကြီးတွေလည်းပဲ ဒီနေရာတွေမှာ မပေါက်ကွဲဘဲ ကျန်တဲ့ဥစ္စာတွေ အများကြီးရှိတယ်။ မြန်မာစစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းတွေလည်း အများကြီးရှိတယ်။ ဒါ ပြည်သူတွေအတွက်တော့ အန္တရာယ် အများကြီးရှိတဲ့နေရာပေါ့။”

AA ဘက်ကတော့ မြန်မာစစ်တပ်က ထောင်ထားတဲ့ မိုင်းလို့ ပြောနေတဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်စဉ် တနှစ်ကျော်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာ တနေ့ထက်တနေ့ ပိုများလာနေတာပါ။

အထူးသဖြင့် ပဋိပက္ခဖြစ်စဉ်တွေမှာ အမျိုးသမီးနဲ့ ကလေးတွေ ထိခိုက်မှု ပိုများတယ်လို့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

“ကျမတို့က စိုးရိမ်စိတ် မြင့်တက်တာပေါ့နော်။ ဖြစ်ရင်လည်း အမျိုးသမီးတွေက နစ်နာတယ်ပေါ့နော်။ ကျမတို့မှာ အမျိုးသား အဖမ်းခံရတာပဲဖြစ်ဖြစ် သားသမီး အဖမ်းခံရတာ ဖြစ်ဖြစ်ပေါ့နော်။ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပဲ နစ်နာတယ်ပေါ့လေ။ ပြီးတော့လည်း ကျမတို့မှာ Camp တွေမှာလည်း လူတွေ တအားကို အခုက တသိန်းကျော်လောက် ရှိပါတယ်လေ။ အဲဒီမှာလည်း အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တော်တော်လေး ဒုက္ခရောက်နေတာကို သိရတယ်။”

တိုက်ပွဲစဉ်အတွင်း အရပ်သား ၁၂၀ ကျော် သေဆုံးခဲ့သလို ၂၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူဦးရေတသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

ပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းမှုထက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်ဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို တရုတ်အစိုးရက တွန်းအားပေးခဲ့ပြီးနောက်မှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် ဗုံးကွဲမှုတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

ႏုိင္ကြန္းအိန္/VOA (Burmese)
https://burmese.voanews.com
ရခုိင္ မင္းျပား ေျမျမႇဳပ္မိုင္းကဲြလို႔ လူ ၈ ဦး ဒဏ္ရာရ ရခုိင္ မင္းျပား ေျမျမႇဳပ္မိုင္းကဲြလို႔ လူ ၈ ဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.