နစ္ဆန္း အႀကီးအကဲေဟာင္း ဂြန္း ဂ်ပန္ႏိုင္ငံမွ ထြက္ေျပးလြတ္ေျမာက္ရန္ ႀကိဳးပမ္းမႈတြင္ မိသားစုက ပါဝင္စီစဥ္ခဲ့ျခင္းမရွိဟု ျငင္းဆို

နစ္ဆန္း (Nissan) အႀကီးအကဲေဟာင္းျဖစ္သူ ကားလို႔စ္ဂြန္းကို ၂၀၁၅ ခုႏွစ္က ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေဘ႐ြတ္၊ ဇန္နဝါရီ ၃ ရက္ (ဆင္ဟြာ)

နစ္ဆန္း (Nissan) အႀကီးအကဲေဟာင္း ကားလို႔စ္ဂြန္း (Carlos Ghosn) က ၎အေနျဖင့္ ဂ်ပန္ႏိုင္ငံမွ လက္ဘႏြန္ႏိုင္ငံသို႔ ထြက္ေျပးလြတ္ေျမာက္ရန္ စီစဥ္မႈတြင္ ကိုယ္တိုင္လုပ္ေဆာင္ျခင္းသာျဖစ္သည္ဟု ဇန္နဝါရီ ၂ ရက္တြင္ ေၾကညာခဲ့ေၾကာင္း ေဒသခံမီဒီယာက သတင္းေဖာ္ျပခဲ့သည္။

“ကြၽန္ေတာ္ ဂ်ပန္ကေန လက္ဘႏြန္အထိ ထြက္ေျပးဖို႔စီစဥ္ရာမွာ ဇနီးနဲ႔ အျခားမိသားစုဝင္ေတြ ပါဝင္တယ္ဆိုတဲ့ အခန္းက႑အေၾကာင္း မီဒီယာသတင္းေဖာ္ျပခ်က္ေတြက အတုအေယာင္ေတြပါ” ဟု ဂြန္း၏ ေျပာၾကားခ်က္အား ကိုးကား၍ အြန္လိုင္းသတင္းစာတစ္ေစာင္ ျဖစ္ေသာ Elnashra ၌ ေဖာ္ျပထားသည္။ဂြန္းသည္ ဂ်ပန္ႏိုင္ငံတြင္ ေငြေၾကး အလြဲသုံးစားမႈမ်ားျဖင့္ ရင္ဆိုင္ေနရသည့္ၾကားမွ ထြက္ေျပးသြားၿပီးေနာက္ လက္ဘႏြန္ႏိုင္ငံ ၿမိဳ႕ေတာ္ ေဘ႐ြတ္သို႔ ဒီဇင္ဘာ ၃၀ ရက္က ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။

ဂြန္းအားဖမ္းဆီးရန္ အင္တာပိုမွ အနီေရာင္သတိေပးခ်က္ကို လက္ဘႏြန္ တရားစီရင္ေရးက ယင္းေန႔အေစာပိုင္းတြင္ လက္ခံရရွိခဲ့သည္။လက္ဘႏြန္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံအၾကား ဓားစာခံလႊဲေျပာင္းေရး သေဘာတူညီခ်က္မရွိသည့္အတြက္ ဂြန္းအေနျဖင့္ လက္ဘႏြန္ ဥပေဒမ်ားအရသာ တရားစီရင္ျခင္းခံရမည္ျဖစ္ေၾကာင္း လက္ဘႏြန္ ယာယီ တရားေရးဝန္ႀကီး အဲလ္ဘတ္ ဆာဟန္ (Albert Serhan) က ေျပာခဲ့သည္။ဂြန္းအေနျဖင့္ ဂ်ပန္ႏိုင္ငံ တရားစီရင္ေရးအဖြဲ႕က ၎အေပၚစြဲဆိုထားသည့္ အခြန္တိမ္းေရွာင္မႈႏွင့္ လိမ္လည္မႈမ်ားအတြက္ လာမည့္ သီတင္းပတ္တြင္ လက္ဘႏြန္တရားစီရင္ေရးက စစ္ေမးသြားဖြယ္ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------
(Unicode)⤵⤵⤵
နစ်ဆန်း အကြီးအကဲဟောင်း ဂွန်း ဂျပန်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းမှုတွင် မိသားစုက ပါဝင်စီစဉ်ခဲ့ခြင်းမရှိဟု ငြင်းဆို

နစ်ဆန်း (Nissan) အကြီးအကဲဟောင်းဖြစ်သူ ကားလို့စ်ဂွန်းကို ၂၀၁၅ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)
    ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

    နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

“ကျွန်တော် ဂျပန်ကနေ လက်ဘနွန်အထိ ထွက်ပြေးဖို့စီစဉ်ရာမှာ ဇနီးနဲ့ အခြားမိသားစုဝင်တွေ ပါဝင်တယ်ဆိုတဲ့ အခန်းကဏ္ဍအကြောင်း မီဒီယာသတင်းဖော်ပြချက်တွေက အတုအယောင်တွေပါ” ဟု ဂွန်း၏ ပြောကြားချက်အား ကိုးကား၍ အွန်လိုင်းသတင်းစာတစ်စောင် ဖြစ်သော Elnashra ၌ ဖော်ပြထားသည်။ဂွန်းသည် ဂျပန်နိုင်ငံတွင် ငွေကြေး အလွဲသုံးစားမှုများဖြင့် ရင်ဆိုင်နေရသည့်ကြားမှ ထွက်ပြေးသွားပြီးနောက် လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်သို့ ဒီဇင်ဘာ ၃၀ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဂွန်းအားဖမ်းဆီးရန် အင်တာပိုမှ အနီရောင်သတိပေးချက်ကို လက်ဘနွန် တရားစီရင်ရေးက ယင်းနေ့အစောပိုင်းတွင် လက်ခံရရှိခဲ့သည်။လက်ဘနွန်နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ဓားစာခံလွှဲပြောင်းရေး သဘောတူညီချက်မရှိသည့်အတွက် ဂွန်းအနေဖြင့် လက်ဘနွန် ဥပဒေများအရသာ တရားစီရင်ခြင်းခံရမည်ဖြစ်ကြောင်း လက်ဘနွန် ယာယီ တရားရေးဝန်ကြီး အဲလ်ဘတ် ဆာဟန် (Albert Serhan) က ပြောခဲ့သည်။ဂွန်းအနေဖြင့် ဂျပန်နိုင်ငံ တရားစီရင်ရေးအဖွဲ့က ၎င်းအပေါ်စွဲဆိုထားသည့် အခွန်တိမ်းရှောင်မှုနှင့် လိမ်လည်မှုများအတွက် လာမည့် သီတင်းပတ်တွင် လက်ဘနွန်တရားစီရင်ရေးက စစ်မေးသွားဖွယ်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
နစ္ဆန္း အႀကီးအကဲေဟာင္း ဂြန္း ဂ်ပန္ႏိုင္ငံမွ ထြက္ေျပးလြတ္ေျမာက္ရန္ ႀကိဳးပမ္းမႈတြင္ မိသားစုက ပါဝင္စီစဥ္ခဲ့ျခင္းမရွိဟု ျငင္းဆို နစ္ဆန္း အႀကီးအကဲေဟာင္း ဂြန္း ဂ်ပန္ႏိုင္ငံမွ ထြက္ေျပးလြတ္ေျမာက္ရန္ ႀကိဳးပမ္းမႈတြင္ မိသားစုက ပါဝင္စီစဥ္ခဲ့ျခင္းမရွိဟု ျငင္းဆို Reviewed by THITHTOOLWIN on 23:51 Rating: 5
Powered by Blogger.