ခႏၶာကိုယ္ အပူခ်ိန္ျမင့္တက္ေနသူ ႏွစ္ဦးကို မူဆယ္ေဆး႐ုံမွာ ေစာင့္ၾကည့္ေန

တ႐ုတ္ - ျမန္မာ နယ္စပ္က မူဆယ္ၿမိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္-ျမန္မာနယ္စပ္က မူဆယ္ မန္ဝင္းနဲ႔ ဆင္ျဖဴ လူဝင္မႈႀကီးၾကပ္ေရး စစ္ေဆးေရးဂိတ္မွာ ကိုယ္အပူခ်ိန္ ျမင့္တက္ေနသူ ႏွစ္ဦးကို ဒီေန႔မနက္က စစ္ေဆးေတြ႕ရွိတာေၾကာင့္ ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။

တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ၿပီး ျမန္မာႏိုင္ငံကို ျပန္ဝင္လာသူ ႏွစ္ဦးမွာ ကိုယ္အပူခ်ိန္ ျမင့္တက္ေနတာေၾကာင့္ မူဆယ္ခ႐ိုင္ေဆး႐ုံႀကီးမွာ ဒီေန႔မနက္က ေခၚယူစစ္ေဆးခဲ့တာျဖစ္ေၾကာင္း မူဆယ္ခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးက RFA ကို ေျပာပါတယ္။

ေခၚယူစစ္ေဆးခဲ့သူေတြဟာ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၂၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။

စစ္ေဆးခဲ့သူ ႏွစ္ဦးထဲက အသက္ ၂၀ အ႐ြယ္ အမ်ိဳးသားဟာ ေဆး႐ုံေရာက္ခ်ိန္မွာ ပုံမွန္ ကိုယ္အပူခ်ိန္ ျဖစ္ေနတာေၾကာင့္ ျပန္လည္ေစလႊတ္လိုက္ၿပီး၊ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က တ႐ုတ္ႏိုင္ငံအတြင္းမွာ ဖ်ားနာခဲ့ေၾကာင္း သိရွိရတဲ့အတြက္ မူဆယ္ ခ႐ိုင္ေဆး႐ုံႀကီးမွာ ဆက္လက္ ေစာင့္ၾကည့္စစ္ေဆးေနေၾကာင္းလည္း ဦးေက်ာ္စိုးက ေျပာပါတယ္။

မေန႔ကလည္း ရွမ္းျပည္နယ္ ေညာင္ေ႐ႊၿမိဳ႕မွာလည္း တ႐ုတ္ႏိုင္ငံသူ ခရီးသြား ဧည့္သည္ တစ္ဦး ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္ၿပီး ဖ်ားနာခဲ့တာေၾကာင့္ ေညာင္ေ႐ႊၿမိဳ႕နယ္ေဆး႐ုံ သီးသန႔္ေဆာင္မွာ ထားရွိၿပီး ေစာင့္ၾကည့္စစ္ေဆးခဲ့ေၾကာင္း Lay Nge ေညာင္ေ႐ႊသတင္းစုံ ေဖ့ဘုတ္လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ရွမ္းျပည္နယ္ ေညာင္ေ႐ႊၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနမ်ိဳးကို RFA က ဆက္သြယ္ေမးျမန္းရာမွာ တ႐ုတ္ႏိုင္ငံသူ အမ်ိဳးသမီး တစ္ဦးကို ေစာင့္ၾကည့္ေနေၾကာင္း သတင္းၾကားရေပမယ့္ အေသးစိတ္ကို မသိရေၾကာင္းသာ ေျပာပါတယ္။

အလားတူ ကခ်င္ျပည္နယ္ လြယ္ဂ်ယ္ၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့ ၁၁ ရက္ေလာက္က ဝူဟန္ၿမိဳ႕ကေန ျပန္လာတဲ့ ျမန္မာႏိုင္ငံသား တစ္ဦးကိုလည္း ဖ်ားနာမႈ မရွိေပမယ့္ ေစာင့္ၾကည့္ေနေၾကာင္း ကခ်င္ျပည္နယ္ အေျခစိုက္ ျမစ္ဖ်ားဧရာ သတင္းဌာနက ေရးသားပါတယ္။

ကခ်င္ျပည္နယ္နဲ႔ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ တ႐ုတ္ႏိုင္ငံ ထိန္ခ်ဳံးၿမိဳ႕မွာ Coronavirus ပိုး ကူးစက္ခံရႏိုင္တဲ့ သံသဃလူနာ ႏွစ္ဦးကို ေတြ႕ရွိထားၿပီး ထိန္ခ်ဳံေဆး႐ုံမွာ ေစာင့္ၾကည့္ေနပါတယ္။

ဒါေၾကာင့္ ထိန္ခ်ဳံးၿမိဳ႕နဲ႔ နယ္နိမိတ္ ဆက္ေနတဲ့ ကန္ပိုက္တီဂိတ္မွာလည္း လူအဝင္အထြက္ေတြကို စစ္ေဆးေနတယ္လို႔ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕က ေျပာပါတယ္။

ဒါ့အျပင္ ကန္ပိုက္တီ နယ္စပ္ဂိတ္မွာ အဝင္အထြက္ေတြကို ပိတ္ထားဖို႔ အစိုးရကို တင္ျပထားေၾကာင္း ကခ်င္ျပည္နယ္ လူမႈေရးဝန္ႀကီး ဦးေနဝင္းက RFA ကို ေျပာပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ေဝဘာဂီ ကူးစက္ေရာဂါ အထူးကု ေဆး႐ုံအုပ္ႀကီး ပါေမာကၡ ေဒါက္တာ စံပယ္ျဖဴကေတာ့ ကိုယ္အပူခ်ိန္ျမင့္တက္ေနသူ ႏွစ္ဦးကို မူးဆယ္ၿမိဳ႕မွာ ေတြ႕ရွိတာေၾကာင့္ ေစာင့္ၾကည့္စစ္ေဆးခဲ့တယ္ဆိုတဲ့ အေၾကာင္းကို မသိရေသးေၾကာင္း RFA ကို ေျပာပါတယ္။

Coronavirus ပိုး ကူးစက္ခံရသူေတြရွိလာရင္ ကုသႏိုင္ဖို႔အတြက္ ျပင္ဆင္ေဆာင္႐ြက္ထားေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေျပာဆိုထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာဆိုရင္ ေရာဂါပိုး ကူးစက္ခံရသူေတြရရွိရင္ ေဝဘာဂီ ကူးစက္ေရာဂါကုသေရးေဆး႐ုံမွာ သီးျခားကုသေပးႏိုင္ေရး ေဆာင္႐ြက္ထားရွိေၾကာင္း ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန ဒုတိယ ၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ထြန္းျမင့္က RFA ကို ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ Coronavirus ပိုးကူးစက္ခံရသူေတြဟာ တ႐ုတ္ႏိုင္ငံထဲမွာ အမ်ားအျပားရွိေနၿပီး ေရာဂါ ကူးစက္ခံရသူ ၂၇၀၀ ေက်ာ္ထဲက မေန႔ကအထိ ေသဆုံးသူ ၈၀ ဦးအထိ ရွိလာပါတယ္။

တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ရဲ႕ စာရင္းေတြအရ ၿပီးခဲ့တဲ့ စေနေန႔က ထုတ္ျပန္ခ်က္မွာ ေသဆုံးသူဟာ ၅၆ ဦးသာရွိခဲ့ရာကေန ဟာေဘးၿမိဳ႕မွာ ၂၄ ဦး ထပ္မံေသဆုံးသြားခဲ့တာလို႔ သိရပါတယ္။

ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားခဲ့တဲ့ Coronavirus ပိုးေၾကာင့္ လက္ရွိအခ်ိန္ထိ ေသဆုံးသူေတြနဲ႔ ေရာဂါပိုးကူးစက္ခံရသူ အေရအတြက္ သိသိသာ တိုးတိုးလာတဲ့အျပင္ ေရာဂါပိုးကူးစက္ခံရႏိုင္ေၾကာင္း သံသဃျဖစ္ဖြယ္လူနာ တ႐ုတ္ႏိုင္ငံအတြင္းမွာ ၅၇၀၀ ေက်ာ္လည္း ရွိလာပါတယ္။

ေရာဂါပိုးကူးစက္ခံခဲ့ရသူေတြထဲက ၅၁ ဦးကေတာ့ သက္သာေပ်ာက္ကင္းသြားၿပီးလို႔လည္း ဆိုပါတယ္။

Coronavirus ပိုးဟာ လူသားအခ်င္းခ်င္း ကူးစက္ႏိုင္ေၾကာင္း အတည္ျပဳထားၿပီး ေရာဂါ စတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ၿမိဳ႕ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၃ ရက္ေန႔ထဲက ဝင္ထြက္သြားလာခြင့္ပိတ္ခဲ့တဲ့ အျပင္ အခုေနာက္ပိုင္းမွာလည္း တ႐ုတ္ႏိုင္ငံတြင္းက ၿမိဳ႕ေပါင္း ၁၅ ခုထက္မနည္း ဝင္ထြက္၊ သြားလာခြင့္ေတြကို တ႐ုတ္အစိုးရက ပိတ္ထားပါတယ္။

အင္တာနက္လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ ပုံေတြအရ ေရာဂါ ကူးစက္ခံရမႈမရွိေသးတဲ့ ၿမိဳ႕နဲ႔ ေက်း႐ြာတခ်ိဳ႕ဟာ သူတို႔ဆီကို ဝင္ထြက္သြားလာႏိုင္တဲ့ လမ္းမႀကီးေတြကို ပိတ္ဆို႔ေနတာေတြကိုလည္း ေတြ႕ေနရပါတယ္။

Coronavirus ပိုး ကူးစက္ခံရသူေတြဟာ တ႐ုတ္ႏိုင္ငံအျပင္ ေဟာင္ေကာင္၊ ထိုင္း၊ ျပင္သစ္၊ စင္ကာပူ၊ ဂ်ပန္၊ မေလးရွား၊ ထိုင္ဝမ္၊ မကာအို၊ ေတာင္ကိုရီးယား၊ ဗီယက္နမ္၊ အေမရိကန္ ျပည္ေထာင္စုေတြမွာလည္း ရွိေနပါတယ္။

ကမာၻက်န္းမာေရးအဖြဲ႕ WHO ကေတာ့ တ႐ုတ္ႏိုင္ငံကို အေရးေပၚ အေျခအေနအျဖစ္ သတ္မွတ္ထားၿပီး Coronavirus ပိုးကူးစက္ခံရမႈ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္က တ႐ုတ္အစိုးရ တာဝန္ရွိသူေတြကို ဒီေန႔သြားေရာက္ေတြ႕ဆုံမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္ ေ႐ႊလီၿမိဳ႕နယ္အတြင္းမွာ Coronavirus ပိုး ကူးစက္ခံရသူေတြ႕ရွိၿပီး ေ႐ႊလီျပည္သူေဆး႐ုံမွာ ကုသေပးေနေၾကာင္း နယ္စပ္မွာ သတင္းေတြ ထြက္ေပၚေနပါတယ္။

အဲဒီသတင္းေတြေၾကာင့္ ေ႐ႊလီၿမိဳ႕နဲ႔ နယ္ေျမထိစပ္ေနတဲ့ မူဆယ္ၿမိဳ႕ေဒသခံေတြၾကားမွာ စိုးရိမ္မႈေတြျမင့္တက္ ေနပါတယ္။

မူဆယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူ တစ္ဦးက လတ္တေလာမွာ နယ္စပ္ဂိတ္ေတြကို ပိတ္ထားတာမ်ိဳးေတာ့ မရွိဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ တ႐ုတ္ဘက္ကို သြားလာမႈေတြေတာ့ နည္းသြားတယ္လို႔ ဆိုပါတယ္။

က်န္မာေရးဌာနတာဝန္ရွိသူတစ္ဦးကေတာ့ လက္ရွိ တ႐ုတ္နယ္စပ္ ဂိတ္ေပါက္ေတြျဖစ္တဲ့ ခ်င္းေ႐ႊေဟာ္၊ မူဆယ္ဂိတ္ေပါက္ေတြမွာ က်န္းမာေရးဌာန တာဝန္ရွိသူေတြက က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံေတြမွာ ေရာဂါပိုးကူးစက္ခံရသူေတြ ရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္ခံရသူ မေတြ႕ရေသးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။

Coronavirus ပိုး စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဝူဟန္ၿမိဳ႕ကေန ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြကို တိုက္႐ိုက္ပ်ံသန္းေနတဲ့ ေလေၾကာင္းခရီးစဥ္ေတြကိုလည္း ဖ်က္သိမ္းထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ခန္ဓာကိုယ် အပူချိန်မြင့်တက်နေသူ နှစ်ဦးကို မူဆယ်ဆေးရုံမှာ စောင့်ကြည့်နေ

တရုတ်-မြန်မာနယ်စပ်က မူဆယ် မန်ဝင်းနဲ့ ဆင်ဖြူ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်မှာ ကိုယ်အပူချိန် မြင့်တက်နေသူ နှစ်ဦးကို ဒီနေ့မနက်က စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးနေပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်ဝင်လာသူ နှစ်ဦးမှာ ကိုယ်အပူချိန် မြင့်တက်နေတာကြောင့် မူဆယ်ခရိုင်ဆေးရုံကြီးမှာ ဒီနေ့မနက်က ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက RFA ကို ပြောပါတယ်။

ခေါ်ယူစစ်ဆေးခဲ့သူတွေဟာ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

စစ်ဆေးခဲ့သူ နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသားဟာ ဆေးရုံရောက်ချိန်မှာ ပုံမှန် ကိုယ်အပူချိန် ဖြစ်နေတာကြောင့် ပြန်လည်စေလွှတ်လိုက်ပြီး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က တရုတ်နိုင်ငံအတွင်းမှာ ဖျားနာခဲ့ကြောင်း သိရှိရတဲ့အတွက် မူဆယ် ခရိုင်ဆေးရုံကြီးမှာ ဆက်လက် စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း ဦးကျော်စိုးက ပြောပါတယ်။

မနေ့ကလည်း ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာလည်း တရုတ်နိုင်ငံသူ ခရီးသွား ဧည့်သည် တစ်ဦး ဝမ်းပျက် ဝမ်းလျောဖြစ်ပြီး ဖျားနာခဲ့တာကြောင့် ညောင်ရွှေမြို့နယ်ဆေးရုံ သီးသန့်ဆောင်မှာ ထားရှိပြီး စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း Lay Nge ညောင်ရွှေသတင်းစုံ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာ တရုတ်နိုင်ငံသူ အမျိုးသမီး တစ်ဦးကို စောင့်ကြည့်နေကြောင်း သတင်းကြားရပေမယ့် အသေးစိတ်ကို မသိရကြောင်းသာ ပြောပါတယ်။

အလားတူ ကချင်ပြည်နယ် လွယ်ဂျယ်မြို့မှာလည်း ပြီးခဲ့တဲ့ ၁၁ ရက်လောက်က ဝူဟန်မြို့ကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ဦးကိုလည်း ဖျားနာမှု မရှိပေမယ့် စောင့်ကြည့်နေကြောင်း ကချင်ပြည်နယ် အခြေစိုက် မြစ်ဖျားဧရာ သတင်းဌာနက ရေးသားပါတယ်။

ကချင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ ထိန်ချုံးမြို့မှာ Coronavirus ပိုး ကူးစက်ခံရနိုင်တဲ့ သံသဃလူနာ နှစ်ဦးကို တွေ့ရှိထားပြီး ထိန်ချုံဆေးရုံမှာ စောင့်ကြည့်နေပါတယ်။

ဒါကြောင့် ထိန်ချုံးမြို့နဲ့ နယ်နိမိတ် ဆက်နေတဲ့ ကန်ပိုက်တီဂိတ်မှာလည်း လူအဝင်အထွက်တွေကို စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ကန်ပိုက်တီ နယ်စပ်ဂိတ်မှာ အဝင်အထွက်တွေကို ပိတ်ထားဖို့ အစိုးရကို တင်ပြထားကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက RFA ကို ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝေဘာဂီ ကူးစက်ရောဂါ အထူးကု ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ စံပယ်ဖြူကတော့ ကိုယ်အပူချိန်မြင့်တက်နေသူ နှစ်ဦးကို မူးဆယ်မြို့မှာ တွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးခဲ့တယ်ဆိုတဲ့ အကြောင်းကို မသိရသေးကြောင်း RFA ကို ပြောပါတယ်။

Coronavirus ပိုး ကူးစက်ခံရသူတွေရှိလာရင် ကုသနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ရန်ကုန်မြို့မှာဆိုရင် ရောဂါပိုး ကူးစက်ခံရသူတွေရရှိရင် ဝေဘာဂီ ကူးစက်ရောဂါကုသရေးဆေးရုံမှာ သီးခြားကုသပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က RFA ကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ Coronavirus ပိုးကူးစက်ခံရသူတွေဟာ တရုတ်နိုင်ငံထဲမှာ အများအပြားရှိနေပြီး ရောဂါ ကူးစက်ခံရသူ ၂၇၀၀ ကျော်ထဲက မနေ့ကအထိ သေဆုံးသူ ၈၀ ဦးအထိ ရှိလာပါတယ်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ချက်မှာ သေဆုံးသူဟာ ၅၆ ဦးသာရှိခဲ့ရာကနေ ဟာဘေးမြို့မှာ ၂၄ ဦး ထပ်မံသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ Coronavirus ပိုးကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတွေနဲ့ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် သိသိသာ တိုးတိုးလာတဲ့အပြင် ရောဂါပိုးကူးစက်ခံရနိုင်ကြောင်း သံသဃဖြစ်ဖွယ်လူနာ တရုတ်နိုင်ငံအတွင်းမှာ ၅၇၀၀ ကျော်လည်း ရှိလာပါတယ်။

ရောဂါပိုးကူးစက်ခံခဲ့ရသူတွေထဲက ၅၁ ဦးကတော့ သက်သာပျောက်ကင်းသွားပြီးလို့လည်း ဆိုပါတယ်။

Coronavirus ပိုးဟာ လူသားအချင်းချင်း ကူးစက်နိုင်ကြောင်း အတည်ပြုထားပြီး ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ထဲက ဝင်ထွက်သွားလာခွင့်ပိတ်ခဲ့တဲ့ အပြင် အခုနောက်ပိုင်းမှာလည်း တရုတ်နိုင်ငံတွင်းက မြို့ပေါင်း ၁၅ ခုထက်မနည်း ဝင်ထွက်၊ သွားလာခွင့်တွေကို တရုတ်အစိုးရက ပိတ်ထားပါတယ်။

အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ပုံတွေအရ ရောဂါ ကူးစက်ခံရမှုမရှိသေးတဲ့ မြို့နဲ့ ကျေးရွာတချို့ဟာ သူတို့ဆီကို ဝင်ထွက်သွားလာနိုင်တဲ့ လမ်းမကြီးတွေကို ပိတ်ဆို့နေတာတွေကိုလည်း တွေ့နေရပါတယ်။

Coronavirus ပိုး ကူးစက်ခံရသူတွေဟာ တရုတ်နိုင်ငံအပြင် ဟောင်ကောင်၊ ထိုင်း၊ ပြင်သစ်၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အမေရိကန် ပြည်ထောင်စုတွေမှာလည်း ရှိနေပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကတော့ တရုတ်နိုင်ငံကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားပြီး Coronavirus ပိုးကူးစက်ခံရမှု ထိန်းချုပ်နိုင်ရေးအတွက် WHO ညွှန်ကြားရေးမှူးချုပ်က တရုတ်အစိုးရ တာဝန်ရှိသူတွေကို ဒီနေ့သွားရောက်တွေ့ဆုံမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့နယ်အတွင်းမှာ Coronavirus ပိုး ကူးစက်ခံရသူတွေ့ရှိပြီး ရွှေလီပြည်သူဆေးရုံမှာ ကုသပေးနေကြောင်း နယ်စပ်မှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသတင်းတွေကြောင့် ရွှေလီမြို့နဲ့ နယ်မြေထိစပ်နေတဲ့ မူဆယ်မြို့ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက် နေပါတယ်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက လတ်တလောမှာ နယ်စပ်ဂိတ်တွေကို ပိတ်ထားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကို သွားလာမှုတွေတော့ နည်းသွားတယ်လို့ ဆိုပါတယ်။

ကျန်မာရေးဌာနတာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ တရုတ်နယ်စပ် ဂိတ်ပေါက်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မူဆယ်ဂိတ်ပေါက်တွေမှာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ ရောဂါပိုးကူးစက်ခံရသူတွေ ရှိနေပေမယ့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ မတွေ့ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

Coronavirus ပိုး စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့ကနေ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။

RFA Burmese
https://www.rfa.org
ခႏၶာကိုယ္ အပူခ်ိန္ျမင့္တက္ေနသူ ႏွစ္ဦးကို မူဆယ္ေဆး႐ုံမွာ ေစာင့္ၾကည့္ေန ခႏၶာကိုယ္ အပူခ်ိန္ျမင့္တက္ေနသူ ႏွစ္ဦးကို မူဆယ္ေဆး႐ုံမွာ ေစာင့္ၾကည့္ေန Reviewed by THITHTOOLWIN on 00:42 Rating: 5
Powered by Blogger.