ဆီးခ်ိဳေရာဂါကို ပိုဆိုးေစေသာ အေလ့အထဆိုးမ်ား

(Zawgyi)⤵⤵⤵
ဆီးခ်ိဳေရာဂါသည္ မ်ိဳး႐ိုးဗီဇေၾကာင့္သာမဟုတ္ပဲ ေနထိုင္မႈပုံစံႏွင့္ ပတ္ဝန္းက်င္အေျခအေနမ်ား ေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ သင္သည္ က်န္းမာေရးေကာင္းလိုလွ်င္ ေကာင္းမြန္ေသာ အေလ့အထမ်ားကို ျပဳလုပ္ၿပီး က်န္းမာေရးေကာင္းေစရန္ အားထုတ္ရန္ လိုအပ္ပါသည္။ ေအာက္ပါတို႔သည္ ဆီးခ်ိဳေရာဂါကို ပိုဆိုးေစေသာ အေလ့အထမ်ား၊ အက်င့္မ်ား ျဖစ္ပါသည္။

သၾကားပါေသာအခ်ိဳရည္မ်ားကို မ်ားစြာေသာက္ျခင္း

အခ်ိဳရည္မ်ားကို အထိန္းအကြပ္မရွိပဲေသာက္ျခင္းသည္ ဆီးခ်ိဳေရာဂါကို ျဖစ္ေစပါသည္။ လူအမ်ားစုသည္ ေဖ်ာ္ရည္မ်ားသည္ က်န္းမာေရးအတြက္ ေကာင္းေစသည္ဟု အထင္မွားေနၾကသည္။ လက္ေတြ႕တြင္မူ အခ်ိဳရည္ထဲတြင္ သၾကားဓါတ္မ်ားစြာပါဝင္ပါသည္။ ေရငတ္လွ်င္ ေရေသာက္ျခင္း၊ သၾကားမပါဝင္ေသာ လက္ဘက္ရည္၊ ေကာ္ဖီ ေသာက္ျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါသည္။

အထိုင္မ်ားျခင္း

ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ေနာက္အႏွစ္ႏွစ္ဆယ္တြင္ အာရွႏိုင္ငံမ်ားတြင္ ဆီးခ်ိဳျဖစ္ပြားႏႈန္း ၉၀% တက္လာမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါသည္။ ဆယ္ႏွစ္အတြင္းတြင္ ဗီယက္နမ္ႏိုင္ငံတြင္ ဆီးခ်ိဳျဖစ္ႏႈန္း ၂ ဆ တက္လာပါသည္။ လူမ်ားသည္ ကိုယ္လက္လႈပ္ရွားမႈ နည္းလာေသာေၾကာင့္ အဝလြန္ျခင္းမ်ား ျဖစ္လာႏိုင္ေခ် မ်ားလာပါသည္။

ညဘက္ ညည့္နက္စြာေနျခင္း

တစ္ေန႔လွ်င္ ၆ နာရီထက္ပို၍မအိပ္လွ်င္ ခႏၶာကိုယ္၏ ဇီဝျဖစ္စဥ္မ်ားကို အေႏွာင့္အယွက္ ျဖစ္ေစပါသည္။ ထို႔ေၾကာင့္ သင့္ဆီးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ရခက္ပါလိမ့္မည္။ အိပ္မေပ်ာ္ျခင္းသည္ ဗိုက္ဆာေစေသာ ေဟာ္မုန္းကို ထြက္ေစေသာေၾကာင့္ သင့္ကို ကိုယ္အေလးခ်ိန္တက္ေစပါသည္။ ထို႔ေၾကာင့္ ပုံမွန္အိပ္ရန္ အေရးႀကီးပါသည္။

မနက္စာမစားျခင္း

အလုပ္ရႈပ္ေသာေၾကာင့္ သင္သည္ မနက္စာ မစားရသည့္ေန႔မ်ား ရွိႏိုင္ပါသည္။ မနက္စာသည္ တစ္ေန႔တာတြင္ အေရးအႀကီးဆုံး အစားအစာျဖစ္ပါသည္။ ၎သည္ သင့္ကို တစ္ေန႔တာလုံးအတြက္ စြမ္းအင္မ်ားေပးပါလိမ့္မည္။ မနက္စာလြတ္ျခင္းသည္ သင့္ကို အခ်ိန္အမ်ားႀကီး မသက္သာေစပါ။ ထိုအရာသည္ သင့္ကို ဆီးခ်ိဳေရာဂါျဖစ္ရန္ အေၾကာင္းျဖစ္လာႏိုင္ပါသည္။ ေန႔လယ္စာ မတိုင္ခင္အထိ ဗိုက္ဆာေနျခင္းသည္ ခႏၶာကိုယ္တြင္ ေျပာင္းလဲျခင္းမ်ားကို ျဖစ္ေစၿပီး အင္ဆူလင္ထြက္ျခင္းကို ေႏွာင့္ယွက္ၿပီး သၾကားဓာတ္ကို တက္ေစသည္။

ညဘက္ အဆာေျပစားျခင္း

ညစာစားၿပီးေနာက္ အဆာေျပမုန႔္မ်ား ထပ္စားျခင္းသည္ ဆီးခ်ိဳလူနာမ်ားအတြက္ တားျမစ္ရမည့္ အရာျဖစ္သည္။ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ အဆာေျပမုန႔္မ်ားသည္ ကိုယ္အေလးခ်ိန္ကို တက္ေစၿပီး ညဘက္အစားစားျခင္းသည္ ေသြးထဲရွိ သၾကားဓာတ္ကို တက္ေစသည္။ ညစာစားၿပီး ထပ္စားလိုလွ်င္ သစ္သီးအနည္းငယ္ကို သာစားပါ။

ေရးသားသူ Dr. Su Sandy
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်သည် ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ အောက်ပါတို့သည် ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များ ဖြစ်ပါသည်။

သကြားပါသောအချိုရည်များကို များစွာသောက်ခြင်း

အချိုရည်များကို အထိန်းအကွပ်မရှိပဲသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေးအတွက် ကောင်းစေသည်ဟု အထင်မှားနေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ်များစွာပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြားမပါဝင်သော လက်ဘက်ရည်၊ ကော်ဖီ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

အထိုင်များခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်အနှစ်နှစ်ဆယ်တွင် အာရှနိုင်ငံများတွင် ဆီးချိုဖြစ်ပွားနှုန်း ၉၀% တက်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဆယ်နှစ်အတွင်းတွင် ဗီယက်နမ်နိုင်ငံတွင် ဆီးချိုဖြစ်နှုန်း ၂ ဆ တက်လာပါသည်။ လူများသည် ကိုယ်လက်လှုပ်ရှားမှု နည်းလာသောကြောင့် အဝလွန်ခြင်းများ ဖြစ်လာနိုင်ချေ များလာပါသည်။

ညဘက် ညည့်နက်စွာနေခြင်း

တစ်နေ့လျှင် ၆ နာရီထက်ပို၍မအိပ်လျှင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များကို အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ကြောင့် သင့်ဆီးချိုရောဂါကို ထိန်းချုပ်ရခက်ပါလိမ့်မည်။ အိပ်မပျော်ခြင်းသည် ဗိုက်ဆာစေသော ဟော်မုန်းကို ထွက်စေသောကြောင့် သင့်ကို ကိုယ်အလေးချိန်တက်စေပါသည်။ ထို့ကြောင့် ပုံမှန်အိပ်ရန် အရေးကြီးပါသည်။

မနက်စာမစားခြင်း

အလုပ်ရှုပ်သောကြောင့် သင်သည် မနက်စာ မစားရသည့်နေ့များ ရှိနိုင်ပါသည်။ မနက်စာသည် တစ်နေ့တာတွင် အရေးအကြီးဆုံး အစားအစာဖြစ်ပါသည်။ ၎င်းသည် သင့်ကို တစ်နေ့တာလုံးအတွက် စွမ်းအင်များပေးပါလိမ့်မည်။ မနက်စာလွတ်ခြင်းသည် သင့်ကို အချိန်အများကြီး မသက်သာစေပါ။ ထိုအရာသည် သင့်ကို ဆီးချိုရောဂါဖြစ်ရန် အကြောင်းဖြစ်လာနိုင်ပါသည်။ နေ့လယ်စာ မတိုင်ခင်အထိ ဗိုက်ဆာနေခြင်းသည် ခန္ဓာကိုယ်တွင် ပြောင်းလဲခြင်းများကို ဖြစ်စေပြီး အင်ဆူလင်ထွက်ခြင်းကို နှောင့်ယှက်ပြီး သကြားဓာတ်ကို တက်စေသည်။

ညဘက် အဆာပြေစားခြင်း

ညစာစားပြီးနောက် အဆာပြေမုန့်များ ထပ်စားခြင်းသည် ဆီးချိုလူနာများအတွက် တားမြစ်ရမည့် အရာဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အဆာပြေမုန့်များသည် ကိုယ်အလေးချိန်ကို တက်စေပြီး ညဘက်အစားစားခြင်းသည် သွေးထဲရှိ သကြားဓာတ်ကို တက်စေသည်။ ညစာစားပြီး ထပ်စားလိုလျှင် သစ်သီးအနည်းငယ်ကို သာစားပါ။

ရေးသားသူ Dr. Su Sandy
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဆီးခ်ိဳေရာဂါကို ပိုဆိုးေစေသာ အေလ့အထဆိုးမ်ား ဆီးခ်ိဳေရာဂါကို ပိုဆိုးေစေသာ အေလ့အထဆိုးမ်ား Reviewed by THITHTOOLWIN on 02:45 Rating: 5
Powered by Blogger.