ျပည္ပေရာက္ျမန္မာေတြ ျပန္လာဖို႔ အစိုးရ ဖိတ္ေခၚခ်က္ အေပၚ သုံးသပ္ခ်က္မ်ား

 ေဒၚေအာင္ဆန္းစုၾကည္ဟာ ျပည္ပခရီးစဥ္ေတြမွာ ျပည္ပေရာက္ျမန္မာအသိုင္းအဝိုင္းနဲ႔ ေတြ႕ဆုံေလ့ရွိ
(Zawgyi)⤵⤵⤵
ျပည္ပေရာက္ ျမန္မာေတြ ႏိုင္ငံအက်ိဳးျပဳလုပ္ငန္းေတြမွာ ပါဝင္ေရး ဖိတ္ေခၚဖို႔ဆိုၿပီး ျပည္ပက ျမန္မာသံ႐ုံးေတြကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၁၃ ရက္မွာ ၫႊန္ၾကားခဲ့ပါတယ္။

သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္ကလည္း အခုလို ဖိတ္ေခၚမႈေတြရွိခဲ့ၿပီး ျမန္မာ ႏိုင္ငံသားတခ်ိဳ႕ ျပန္လာခဲ့ၾကတာရွိခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၅ ခုႏွစ္ႏွစ္ဆန္းပိုင္းက စလို႔ အသိပညာရွင္ အတတ္ပညာရွင္ျမန္မာႏိုင္ငံသားေဟာင္းေတြကို ႏိုင္ငံျခားသားအၿမဲတမ္းေနထိုင္ခြင့္ ေတြကို စိစစ္ခြင့္ျပဳေပးခဲ့တာေတြ ရွိေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ျပည္ပခရီးေတြ သြားတိုင္း ျမန္မာႏိုင္ငံကို ျပန္လာၿပီး ဝိုင္းကူညီဖို႔ တိုက္တြန္းသလို အန္အယ္လ္ဒီအစိုးရတက္လာေတာ့လည္း ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြ ျပန္လာၾကဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

အခုလို ျမန္မာအစိုးရဖိတ္ေခၚခ်က္က ျပည္ပေရာက္ျမန္မာေတြျပန္လာဖို႔အတြက္ ျမန္မာႏိုင္ငံရဲ႕ က႑အသီးသီးက အခင္းအက်င္းက အဆင္သင့္ျဖစ္ပါၿပီလား။ ျပန္လာၿပီး ကူညီခ်င္တဲ့ျမန္မာႏိုင္ငံသားေတြအတြက္ ဘာေတြ အႀကံျပဳခ်င္ပါသလဲ စတဲ့ သုံးသပ္ခ်က္နဲ႔အျမင္တခ်ိဳ႕ကို စုစည္းေဖာ္ျပလိုက္ပါတယ္။
ေဒၚေကသီစိုး(ခ်က္သမၼတႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီး)
 ေဒၚေကသီစိုး(ခ်က္သမၼတႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီး)

ဒါကေတာ့ Human Resource Management လို႔ေျပာလို႔ရတာေပါ့။ သူတို႔ကလည္း အကူအညီ ေပးခ်င္တယ္။ ကြၽန္မတို႔ကလည္း အသုံးက်မယ္ဆိုတဲ့ေနရာမ်ိဳးမွာ သုံးလို႔ရသြားရင္ ဒါႏိုင္ငံတိုးတက္မႈ အတြက္ အမ်ားႀကီးအေထာက္အကူျဖစ္တာေပါ့။ လူေတြ ဘယ္သူက ဘယ္ေနရာမွာလုပ္ခ်င္တယ္ဆိုတာနဲ႔ သူ အသုံးဝင္မယ့္ေနရာနဲ႔ကို ကြၽန္မတို႔က ဆက္စပ္ေပးတာလို႔ထင္တယ္။ ျပည္ပေရာက္ျမန္မာေတြ ျပန္ လာဖို႔ ျမန္မာႏိုင္ငံအခင္းအက်င္းက အဆင္သင့္ျဖစ္ၿပီလားဆိုတာကေတာ့ တစ္ခုခုကို သြားတယ္ဆိုရင္ အဆင္သင့္ျဖစ္ပါတယ္ဆိုတာ ဘယ္တုန္းကရွိဖူးလို႔လဲ။ သူတို႔ ဒီဘက္ကို ထြက္လာတုန္းကလည္း အခက္အခဲေတြအမ်ားႀကီးရွိမွာပဲေလ။ လုပ္ခ်င္စိတ္နဲ႔ ကိုယ္ဘယ္ေလာက္ လုပ္ႏိုင္မလဲ။ ပိုင္ပိုင္ ႏိုင္ႏိုင္ ဆုံးျဖတ္ဖို႔ေတာ့လိုတာေပါ့။ ဒီမွာအလုပ္ေကာင္းရဲ႕သားနဲ႔ ျမန္မာျပည္ျပန္ၿပီးေတာ့ ဒီမွာေန တဲ့အတိုင္းေနရမယ္၊ ဒီမွာရတဲ့လစာအတိုင္းရမယ္။ ဒီကလုပ္သလို လုပ္ႏိုင္မယ္လို႔ ယူဆၿပီးသြားရင္ေတာ့ ယူဆၿပီးသြားတဲ့သူ မွားမွာေပါ့ေနာ္။ ကြၽန္မတို႔ထင္တာကေတာ့ ျမန္မာျပည္ မွာျပန္ အလုပ္လုပ္တဲ့လူတစ္ေယာက္ကိုေတာ့ ဒီဘက္က ႏိုင္ငံေတြက ေပးသေလာက္လိုမ်ိဳးေတြေတာ့ ေပးႏိုင္မွာ မဟုတ္ဘူးေလ။ အဲဒီလိုမ်ိဳးေမွ်ာ္လင့္ထားၿပီးေတာ လုပ္မယ္ဆိုရင္ေတာ့ဒီလုပ္ငန္းမ်ိဳးက ေအာင္ျမင္မွာ မဟုတ္ဘူး။ အခက္အခဲေတြကေတာ့အမ်ားႀကီး ရွိေနဦးမွာပဲေလ။ အ ဆင္သင့္ျဖစ္ၿပီလို႔ ကြၽန္မတို႔ကေတာ့ေျပာႏိုင္မယ္မထင္ဘူး။ ဒါေပမဲ့အဲဒီအခက္အခဲရွိေနတာကို ကြၽန္မတို႔က ေက်ာ္လႊားခ်င္တဲ့စိတ္နဲ႔ လုပ္မယ္ဆိုရင္အဆင္ေျပလာမွာေပါ့။ အခက္အခဲရွိတယ္ဆိုတာကိုေတာ့ အာမခံႏိုင္တယ္။ အဆင္သင့္ျဖစ္တယ္ဆိုတာကိုေတာ့ အာမမခံႏိုင္ဘူးေပါ့။

ဦးမင္းေဇာ္ဦး(အမႈေဆာင္ဒါ႐ိုက္တာ၊ ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးဆိုင္ရာျမန္မာအင္စတီက်ဳ)
 ဦးမင္းေဇာ္ဦး

သုံးခ်က္ရွိတယ္။ အရင္က ႏိုင္ငံေရးေၾကာင့္ ထြက္သြားရတဲ့သူေတြ၊ ဥပမာ ဒုကၡသည္ေတြလည္းပါမယ္။ အားလုံးၾကည့္ရင္ ႏိုင္ငံတကာမွာ ႏွစ္သိန္းေလာက္ေတာ့ရွိတယ္။ တကယ္တမ္းျပန္လာတဲ့သူက လူတစ္ေထာင္မွာ တစ္ေယာက္မရွိဘူး။ ျပန္လာတဲ့အထဲမွာ တစ္ႏွစ္ကိုေဒၚလာတစ္သိန္းေလာက္ဝန္းက်င္ ဝင္ေငြရွိတဲ့လူဆိုတာလည္းရွားတယ္။ ႏိုင္ငံတကာေရာက္ေနသူေတြထဲမွာ ပညာတတ္အသိုင္းအဝိုင္း မဟုတ္ဘဲ Blue color workers (အေျခခံအလုပ္သမား) လူတန္းစာေတြဆိုလည္း ျပန္မလာၾကဘူး။ ျမန္မာ ျပည္ျပန္လာရင္ ဘာလုပ္စားမလဲေပါ့။ ပညာတတ္ေတြျပန္လာတယ္ဆိုရင္လည္း ဒီမွာ တိုင္းျပည္ကို လည္းအက်ိဳးျပဳႏိုင္မယ္။ သူတို႔ရဲ႕စားဝတ္ေနေရးျပႆနာကိုလည္း ေျဖရွင္းႏိုင္မယ္ဆိုတဲ့ စဥ္းစား ခ်က္မ်ိဳးရွိတယ္။ အခုအေနအထားမွျပန္လာရင္ ေတာ္ေတာ္ေလး စြန႔္စားၿပီးျပန္လာတဲ့သူေတြ ေလာက္ပဲရွိမယ္။ ဒါေပမဲ့လည္း ဒါက တိုင္းျပည္တစ္ခုကိုအေျပာင္းအလဲျဖစ္ႏိုင္ေလာက္ေအာင္ ထုနဲ႔ထည္နဲ႔ျပန္ လာတဲ့ ပမာဏမရွိဘူး။ နံပါတ္ႏွစ္က ေနာက္လူေတြခဏထားဦး။ လက္ရွိျပန္လာတဲ့ သူေတြကို အစိုးရက ဘယ္ေလာက္သုံးႏိုင္လဲ။ အခုဆို အစိုးရမွာ လက္သင့္ရာစားေတာ္ေခၚတာမ်ိဳး ေတြျဖစ္လာတာရွိတယ္။ သူ႔ရဲ႕ကြၽမ္းက်င္မႈကိုမၾကည့္ဘဲ ႏိုင္ငံေရးအရ ဘယ္ေလာက္ အင္လိုင္းျဖစ္မလဲ။ ငါ့လူျဖစ္ႏိုင္မလား ၊ ငါ့အေပၚသစၥာရွိႏိုင္မလားဆိုတာနဲ႔ စဥ္းစားၾကေတာ့ ခုျပန္ၾကည့္လိုက္ရင္ ျပန္လာတဲ့သူအမ်ားစုက ဒီအဝန္းအဝိုင္းထဲမွာမရွိဘူး။ နံပါတ္ ၃ အခ်က္က ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ လူတစ္ေယာက္ရဲ႕ လုပ္ငန္း ကြၽမ္းက်င္မႈေပၚမူတည္ၿပီး လူေတြကိုအသိအမွတ္ျပဳတဲ့ယဥ္ေက်းမႈရွိတယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ အဲဒါမရွိေသးဘူး။ ခုျပန္လာတဲ့သူေတြကို မူအရမဟုတ္ဘဲ လူကိုၾကည့္ၿပီး ေနရာေပးတာျဖစ္လာေနတယ္။ အလုပ္လုပ္တဲ့ေနရာမွာကြၽမ္းက်င္မႈေပၚအေျခခံၿပီး မစဥ္းစားေတာ့ အမ်ားစုက ကြၽန္ေတာ္ေတြ႕သေလာက္ ေတာ္ေတာ္မ်ားမ်ား စိတ္ပ်က္ေနၾကၿပီ။ အျခားႏိုင္ငံေတြမွာလည္း ဒီလိုပထမဆုံးလႈိင္း (First wave) မွာ လာတဲ့သူေတ္ောတ္ာမ်ားမ်ား စိတ္ပ်က္ၿပီးျပန္ၾကတယ္။ အနည္းဆုံး တတိယလႈိင္း( Third wave) ေလာက္မွ ျပန္လာသူအမ်ားစုက တိုင္းျပည္မွာ ျပန္အေျခခ်မွာ။ ကြၽန္ေတာ့္အျမင္ ကေတာ့ ျပန္လာတဲ့သူေတြထဲမွာ ဒီ ေ႐ြးေကာက္ပြဲအၿပီးမွာ ျပန္ထြက္သြားမယ့္သူေတြ ရွိေနတယ္။

မပိုးျဖဴသန႔္(Strategy analyst၊ က်န္းမာေရးဝန္ႀကီးဌာန၊ လန္ဒန္)
မပိုးျဖဴသန႔္
ျပည္ပေရာက္အမ်ားစုက ေက်ာင္းသား ဒါမွမဟုတ္ ျပည္ပမွာအေျခက်တဲ့သူမ်ားတယ္။ ျပန္ဖို႔က ေတာ္႐ုံ စြန႔္ၿပီး ျပန္ဖို႔ေတာ့ အရမ္းႀကီးမလြယ္ဘူး။ အခ်ိန္ကာလအပိုင္းအျခားအေနနဲ႔ Volunteer လာလုပ္ ေပးရတာ က ပိုၿပီးအဆင္ေျပႏိုင္တယ္။ ဥပမာ သုံးလတန္သည္ေလးလတန္သည္ဆိုရင္ career break ေသာ္ လည္း ေကာင္း တစ္ခုခုလုပ္ၿပီး ျပန္လာလုပ္ေပးလို႔ရတယ္။ တခ်ိဳ႕ဆို ေ႐ြးေကာက္ပြဲနားနီး ရင္တစ္လေလာက္ ႀကိဳၿပီး ခြင့္ယူၿပီးျပန္ၾကဖို႔ရွိတယ္။ ကာလတိုဆို ပိုအဆင္ေျပတယ္။ ကာလရွည္သြားမယ္ဆိုရင္ သက္ဆိုင္ရာ ဝန္ႀကီးဌာနနဲ႔ေတြ႕ၿပီး ဘာလုပ္ေပးႏိုင္မလဲ၊ ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာမ်ိဳးကမွ ပိုၿပီးေတာ့ အဆင္ေျပမယ္ထင္တယ္။

(ျပန္ခ်င္တဲ့သူေတြအတြက္ ျမန္မာအခင္းအက်င္းက အဆင္သင့္ျဖစ္လားဆိုတာကေတာ့) အရမ္းစိတ္ ဆႏၵျပင္းျပတဲ့သူေတြကေတာ့ ျပန္လာမွာ။ က်န္တဲ့သူေတြကေတာ့ ကူခ်င္တယ္ဆိုရင္ေတာင္ မေသခ်ာ ေသးရင္ အေနအထား ကို ၾကည့္ဦးမွာေပါ့။ တကယ္တမ္းျပန္လာၿပီး လုပ္ကိုင္တဲ့အခါ ဘယ္သူ႔ကို ဆက္ သြယ္ရမလဲဆိုတာေတြရွိတယ္။ ဘာေတြလုပ္ရမလဲဆိုတာရွိတယ္။ ဒါကို လက္ရွိအစိုးရယႏၲရားထဲက ရာထူးရွိတဲ့သူေတြက တိတိက်က်မေျပာႏိုင္ရင္ ကူခ်င္တယ္ဆိုရင္ေတာင္ ထိေရာက္ဖို႔ ခက္ခဲမယ္။ ဒီမွာ အရမ္းေတာ္တဲ့ ပေရာ္ဖက္ရွင္နယ္ဆရာဝန္ႀကီးေတြရွိတယ္။ ဒီလိုဆရာဝန္ႀကီးေတြျပန္လာမယ္ ထားပါ ေတာ့။ သူတို႔က volunteer ဆိုၿပီးလိုက္ခြဲေနလို႔ အဆင္မေျပဘူးေလ။ အန္တီက ဘယ္ေလာက္ပဲ ဆႏၵရွိရွိ အန္တီ့ေအာက္က လူေတြက တကယ့္ကိုလက္တြဲေခၚႏိုင္ဖို႔လိုပါတယ္။ သက္ဆိုင္ရာဝန္ႀကီးဌာနေတါမွာ volunteer အတြက္ ခိုင္မာတဲ့မူဝါဒ ရွိသင့္တယ္။ ဥပမာ တစ္ႏွစ္လုံးမွာ ဘယ္လကေန ဘယ္လအထိ ဒီလို volunteer ေတြနဲ႔ တြဲလုပ္မယ္ေပါ့။ အခု ေခၚထားတဲ့ ေဖာင္ကိုၾကည့္လိုက္ေတာ့ အရမ္း ေယဘုယ်ဆန္ေနတယ္။ ဒီထက္ပိုၿပီး တိတိက်က်ေလးေဖာ္ျပေပးထားႏိုင္ရင္ေကာင္းပါမယ္။

ဦးေအာင္ႏိုင္ဦး(JMCပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ၊ နည္းပညာအေထာက္ အကူျပဳ႐ုံး)
ေအာင္ႏိုင္ဦး
ကြၽန္ေတာ္တို႔ကေတာ့ ၿငိမ္းခ်မ္းေရးပဲျဖစ္ျဖစ္၊ ဒီမိုကေရစီေရးပဲျဖစ္ျဖစ္ ကူမယ္လို႔ ဆုံးျဖတ္ထားတဲ့အတြက္ ၂၀၁၀ တည္းက ျပန္ေရာက္ေနတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာပါဝင္ေနတယ္။ ကြၽန္ေတာ္တို႔တုန္းကေတာ့ ၿပီးခဲ့တဲ့အစိုးရက မွတ္ပုံတင္တို႔၊ ႏိုင္ငံကူးလက္မွတ္တို႔ ျပန္ေပးတာေပါ့ဗ်ာ။ အဲဒီေတာ့ သြားရလာရလုပ္လို႔ကိုင္လို႔လြယ္တာေပါ့။ ဒီလိုမ်ိဳးျပန္လာခ်င္တဲ့သူရွိရင္ေတာ့ ေပးသင့္ပါတယ္။ တကယ္လို႔ သူတို႔အေနနဲ႔ သူတို႔လာတဲ့ႏိုင္ငံက ႏိုင္ငံသားေတြ ဘာေတြမစြန႔္လႊတ္ခ်င္ ဘူးဆိုရင္လည္း ဘယ္လိုပုံစံမ်ိဳးနဲ႔ ျပန္လာႏိုင္မလဲေပါ့။ ဆိုလိုတာကေတာ့ ျပန္လာႏိုင္မယ့္လမ္းေတြကိုေသေသခ်ာခ်ာေလးဖြင့္ေပးတယ္ဆိုရင္ေတာ့အမ်ားစုက ျပန္လာၾကမွာပဲ။ ဗီယက္နမ္က ဟိုခ်ီမင္းစီးတီးကိုၾကည့္ရင္ ႏိုင္ငံျခားကျပန္လာၿပီးေတာ့မွစီးပြားေရးလုပ္ထားတဲ့သူေတြနဲ႔ ထူေထာင္ထားတဲ့ ၿမိဳ႕ႀကီးလိုျဖစ္ေနေတာ့ အရမ္းကိုတိုးတက္တာေပါ့ေနာ္။ ထြက္သြားတဲ့သူေတြရဲ႕ သားသမီးေတြ ခုဆို ဗီယက္နမ္မွာ တတိယမ်ိဳးဆက္ေတာင္ျဖစ္ေနၿပီ။ အဓိကက ေသခ်ာေလးစဥ္းစားၿပီးေတာ့မွ စနစ္တက် ေလးကူညီဖို႔ေပါ့ေနာ္။ ျပန္လာမယ့္သူေတြကိုလည္း ေက်ာသားရင္သားမခြဲျခားဘဲ ေခၚဖို႔လိုတယ္လို႔ ထင္တယ္။ ဥပမာ ျပစ္မႈက်ဴးလြန္တာရင္ေတာ့ ဒါက တစ္ခုေပါ့။ ျပစ္မႈေတြမက်ဴးလြန္ထားဘူး။ ႏိုင္ငံေရး အမႈနဲ႔ ထြက္သြားတယ္ဆိုရင္ေတာ့မိသားစုကိစၥ ျပန္လာတာျဖစ္ျဖစ္ အလုပ္ျပန္လုပ္ခ်င္တာပဲျဖစ္ ျဖစ္ ခြင့္ျပဳသင့္တာေပါ့။ ဥပမာ ႏိုင္ငံျခားမွာစီးပြားေရးလုပ္ခဲ့တဲ့အေတြ႕အႀကဳံေတြကိုျပန္လည္ေဝမွ်ခ်င္တယ္ ၊ တခ်ိဳ႕ဆို တကၠသိုလ္ေတြမွာဆရာေတြျဖစ္ေနၿပီ။ ဒါေတြကို ျပန္ေဝမွ်ခ်င္တဲ့သူေတြလည္းရွိတယ္။ ဒါက ပြင့္ပြင့္လင္းလင္းေျပာရရင္ တိုင္းျပည္က ေသခ်ာစဥ္းစားသင့္တဲ့ကိစၥလို႔ျမင္ပါတယ္။
ကိုမင္းမင္း (ႏိုင္ငံေရးနဲ႔ ႏိုင္ငံတကာဆက္ဆံေရးဘြဲ႕ရ၊ ေယာ့ခ္တကၠသိုလ္)
ကိုမင္းမင္း
ကြၽန္ေတာ္တို႔က ျပန္လာခ်င္ေနတာၾကာၿပီ။ ကြၽန္ေတာ္ဆို အိမ္ျပန္မေရာက္ တာ ၁၄ ႏွစ္။ ခု မေန႔က မွ(ဇန္နဝါရီ ၁၃) ကမွ ျမန္မာျပည္ျပန္ေရာက္တာ။ ဒီလို အစိုးရက ဖိတ္ေခၚ တာေတာင္ မသိေသးဘူး။ ခုလိုျပန္လာမယ့္သူေတြကို ႀကိဳဆိုတာ ဝမ္းသာတယ္။ ကြၽန္ေတာ္လည္း ကြၽန္ေတာ္သိထား တတ္ထား တာေလးေတြကို ျပန္မွ်ေဝေပးလို႔ရမယ့္ ေနရာမ်ိဳးေတြမွာ ဝိုင္းကူဖို႔ စဥ္းစားထားပါတယ္။ ကြၽန္ေတာ္တို႔ အျပင္မွာရွိေနတဲ့သူေတြက ဟိုဘက္မွာ ပညာ အရည္အခ်င္းေရာအေတြ႕အႀကဳံေရာ အနည္းအက်ဥ္း လည္းရွိလာေတာ့ ကိုယ့္ႏိုင္ငံကိုျပန္ လုပ္ေပးခ်င္ တာေတြရွိတယ္။ အရင္ကလို ဒီလိုျပန္လုပ္ေပးဖို႔က အတားအဆီးေတြ အမ်ားႀကီးရွိတယ္။ ခုလို ျပန္ဖိတ္ ေခၚတာ ေက်နပ္တယ္။ ျမန္မာျပည္ အခင္းအက်င္းက ျပန္လာဖို႔ အဆင္ေျပလားဆိုတာေတာ့ ႏိုင္ငံျခား မွာေနတဲ့ပုံစံမ်ိဳး၊ စနစ္မ်ိဳးေတာ့ မရဘူးေပါ့။ ဒီႏိုင္ငံမွာ ရွိတဲ့စနစ္နဲ႔ လုပ္ထုံးလုပ္နည္းနဲ႔ လုပ္ရမွာေပါ့။ ညႇိႏႈိင္းေပးရင္ေတာ့ အဆင္ေျပတာေပါ့။ တခ်ိဳ႕ႀကိဳးနီစနစ္ေတြ ေျဖေလွ်ာ့ေပးရင္ေတာ့ ေကာင္းတာေပါ့။ ခ်က္ခ်င္း ေတာ့ အံ့ဝင္ခြင္က်ျဖစ္မွာ မဟုတ္ဘူး။ ျပန္လာမယ့္သူေတြအတြက္ ဗီဇာစနစ္ေတြကိုပါ ျပန္ေျဖေလွ်ာ့ေပးမယ္ဆိုရင္ ပိုေကာင္းတာေပါ့။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ပြည်ပရောက်မြန်မာတွေ ပြန်လာဖို့ အစိုးရ ဖိတ်ခေါ်ချက် အပေါ် သုံးသပ်ချက်များ

ဓာတ်ပုံ မူပိုင် Myanmar State Councellor office
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပခရီးစဉ်တွေမှာ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံလေ့ရှိ

ပြည်ပရောက် မြန်မာတွေ နိုင်ငံအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ရေး ဖိတ်ခေါ်ဖို့ဆိုပြီး ပြည်ပက မြန်မာသံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း အခုလို ဖိတ်ခေါ်မှုတွေရှိခဲ့ပြီး မြန်မာ နိုင်ငံသားတချို့ ပြန်လာခဲ့ကြတာရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်နှစ်ဆန်းပိုင်းက စလို့ အသိပညာရှင် အတတ်ပညာရှင်မြန်မာနိုင်ငံသားဟောင်းတွေကို နိုင်ငံခြားသားအမြဲတမ်းနေထိုင်ခွင့် တွေကို စိစစ်ခွင့်ပြုပေးခဲ့တာတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးတွေ သွားတိုင်း မြန်မာနိုင်ငံကို ပြန်လာပြီး ဝိုင်းကူညီဖို့ တိုက်တွန်းသလို အန်အယ်လ်ဒီအစိုးရတက်လာတော့လည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခုလို မြန်မာအစိုးရဖိတ်ခေါ်ချက်က ပြည်ပရောက်မြန်မာတွေပြန်လာဖို့အတွက် မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးက အခင်းအကျင်းက အဆင်သင့်ဖြစ်ပါပြီလား။ ပြန်လာပြီး ကူညီချင်တဲ့မြန်မာနိုင်ငံသားတွေအတွက် ဘာတွေ အကြံပြုချင်ပါသလဲ စတဲ့ သုံးသပ်ချက်နဲ့အမြင်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
ဒေါ်ကေသီစိုး(ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး)
ဓာတ်ပုံ မူပိုင် Myanmar Embassy Prague
Image caption ဒေါ်ကေသီစိုး(ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး)

ဒါကတော့ Human Resource Management လို့ပြောလို့ရတာပေါ့။ သူတို့ကလည်း အကူအညီ ပေးချင်တယ်။ ကျွန်မတို့ကလည်း အသုံးကျမယ်ဆိုတဲ့နေရာမျိုးမှာ သုံးလို့ရသွားရင် ဒါနိုင်ငံတိုးတက်မှု အတွက် အများကြီးအထောက်အကူဖြစ်တာပေါ့။ လူတွေ ဘယ်သူက ဘယ်နေရာမှာလုပ်ချင်တယ်ဆိုတာနဲ့ သူ အသုံးဝင်မယ့်နေရာနဲ့ကို ကျွန်မတို့က ဆက်စပ်ပေးတာလို့ထင်တယ်။ ပြည်ပရောက်မြန်မာတွေ ပြန် လာဖို့ မြန်မာနိုင်ငံအခင်းအကျင်းက အဆင်သင့်ဖြစ်ပြီလားဆိုတာကတော့ တစ်ခုခုကို သွားတယ်ဆိုရင် အဆင်သင့်ဖြစ်ပါတယ်ဆိုတာ ဘယ်တုန်းကရှိဖူးလို့လဲ။ သူတို့ ဒီဘက်ကို ထွက်လာတုန်းကလည်း အခက်အခဲတွေအများကြီးရှိမှာပဲလေ။ လုပ်ချင်စိတ်နဲ့ ကိုယ်ဘယ်လောက် လုပ်နိုင်မလဲ။ ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်ဖို့တော့လိုတာပေါ့။ ဒီမှာအလုပ်ကောင်းရဲ့သားနဲ့ မြန်မာပြည်ပြန်ပြီးတော့ ဒီမှာနေ တဲ့အတိုင်းနေရမယ်၊ ဒီမှာရတဲ့လစာအတိုင်းရမယ်။ ဒီကလုပ်သလို လုပ်နိုင်မယ်လို့ ယူဆပြီးသွားရင်တော့ ယူဆပြီးသွားတဲ့သူ မှားမှာပေါ့နော်။ ကျွန်မတို့ထင်တာကတော့ မြန်မာပြည် မှာပြန် အလုပ်လုပ်တဲ့လူတစ်ယောက်ကိုတော့ ဒီဘက်က နိုင်ငံတွေက ပေးသလောက်လိုမျိုးတွေတော့ ပေးနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီလိုမျိုးမျှော်လင့်ထားပြီးတော လုပ်မယ်ဆိုရင်တော့ဒီလုပ်ငန်းမျိုးက အောင်မြင်မှာ မဟုတ်ဘူး။ အခက်အခဲတွေကတော့အများကြီး ရှိနေဦးမှာပဲလေ။ အ ဆင်သင့်ဖြစ်ပြီလို့ ကျွန်မတို့ကတော့ပြောနိုင်မယ်မထင်ဘူး။ ဒါပေမဲ့အဲဒီအခက်အခဲရှိနေတာကို ကျွန်မတို့က ကျော်လွှားချင်တဲ့စိတ်နဲ့ လုပ်မယ်ဆိုရင်အဆင်ပြေလာမှာပေါ့။ အခက်အခဲရှိတယ်ဆိုတာကိုတော့ အာမခံနိုင်တယ်။ အဆင်သင့်ဖြစ်တယ်ဆိုတာကိုတော့ အာမမခံနိုင်ဘူးပေါ့။

ဦးမင်းဇော်ဦး(အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု)
ဓာတ်ပုံ မူပိုင် Min Zaw Oo fb
Image caption ဦးမင်းဇော်ဦး

သုံးချက်ရှိတယ်။ အရင်က နိုင်ငံရေးကြောင့် ထွက်သွားရတဲ့သူတွေ၊ ဥပမာ ဒုက္ခသည်တွေလည်းပါမယ်။ အားလုံးကြည့်ရင် နိုင်ငံတကာမှာ နှစ်သိန်းလောက်တော့ရှိတယ်။ တကယ်တမ်းပြန်လာတဲ့သူက လူတစ်ထောင်မှာ တစ်ယောက်မရှိဘူး။ ပြန်လာတဲ့အထဲမှာ တစ်နှစ်ကိုဒေါ်လာတစ်သိန်းလောက်ဝန်းကျင် ဝင်ငွေရှိတဲ့လူဆိုတာလည်းရှားတယ်။ နိုင်ငံတကာရောက်နေသူတွေထဲမှာ ပညာတတ်အသိုင်းအဝိုင်း မဟုတ်ဘဲ Blue color workers (အခြေခံအလုပ်သမား) လူတန်းစာတွေဆိုလည်း ပြန်မလာကြဘူး။ မြန်မာ ပြည်ပြန်လာရင် ဘာလုပ်စားမလဲပေါ့။ ပညာတတ်တွေပြန်လာတယ်ဆိုရင်လည်း ဒီမှာ တိုင်းပြည်ကို လည်းအကျိုးပြုနိုင်မယ်။ သူတို့ရဲ့စားဝတ်နေရေးပြဿနာကိုလည်း ဖြေရှင်းနိုင်မယ်ဆိုတဲ့ စဉ်းစား ချက်မျိုးရှိတယ်။ အခုအနေအထားမှပြန်လာရင် တော်တော်လေး စွန့်စားပြီးပြန်လာတဲ့သူတွေ လောက်ပဲရှိမယ်။ ဒါပေမဲ့လည်း ဒါက တိုင်းပြည်တစ်ခုကိုအပြောင်းအလဲဖြစ်နိုင်လောက်အောင် ထုနဲ့ထည်နဲ့ပြန် လာတဲ့ ပမာဏမရှိဘူး။ နံပါတ်နှစ်က နောက်လူတွေခဏထားဦး။ လက်ရှိပြန်လာတဲ့ သူတွေကို အစိုးရက ဘယ်လောက်သုံးနိုင်လဲ။ အခုဆို အစိုးရမှာ လက်သင့်ရာစားတော်ခေါ်တာမျိုး တွေဖြစ်လာတာရှိတယ်။ သူ့ရဲ့ကျွမ်းကျင်မှုကိုမကြည့်ဘဲ နိုင်ငံရေးအရ ဘယ်လောက် အင်လိုင်းဖြစ်မလဲ။ ငါ့လူဖြစ်နိုင်မလား ၊ ငါ့အပေါ်သစ္စာရှိနိုင်မလားဆိုတာနဲ့ စဉ်းစားကြတော့ ခုပြန်ကြည့်လိုက်ရင် ပြန်လာတဲ့သူအများစုက ဒီအဝန်းအဝိုင်းထဲမှာမရှိဘူး။ နံပါတ် ၃ အချက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုပေါ်မူတည်ပြီး လူတွေကိုအသိအမှတ်ပြုတဲ့ယဉ်ကျေးမှုရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒါမရှိသေးဘူး။ ခုပြန်လာတဲ့သူတွေကို မူအရမဟုတ်ဘဲ လူကိုကြည့်ပြီး နေရာပေးတာဖြစ်လာနေတယ်။ အလုပ်လုပ်တဲ့နေရာမှာကျွမ်းကျင်မှုပေါ်အခြေခံပြီး မစဉ်းစားတော့ အများစုက ကျွန်တော်တွေ့သလောက် တော်တော်များများ စိတ်ပျက်နေကြပြီ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုပထမဆုံးလှိုင်း (First wave) မှာ လာတဲ့သူတေ်ောတ်ာများများ စိတ်ပျက်ပြီးပြန်ကြတယ်။ အနည်းဆုံး တတိယလှိုင်း( Third wave) လောက်မှ ပြန်လာသူအများစုက တိုင်းပြည်မှာ ပြန်အခြေချမှာ။ ကျွန်တော့်အမြင် ကတော့ ပြန်လာတဲ့သူတွေထဲမှာ ဒီ ရွေးကောက်ပွဲအပြီးမှာ ပြန်ထွက်သွားမယ့်သူတွေ ရှိနေတယ်။

မပိုးဖြူသန့်(Strategy analyst၊ ကျန်းမာရေးဝန်ကြီးဌာန၊ လန်ဒန်)
ဓာတ်ပုံ မူပိုင် Poe Phyu Thant
Image caption မပိုးဖြူသန့်

ပြည်ပရောက်အများစုက ကျောင်းသား ဒါမှမဟုတ် ပြည်ပမှာအခြေကျတဲ့သူများတယ်။ ပြန်ဖို့က တော်ရုံ စွန့်ပြီး ပြန်ဖို့တော့ အရမ်းကြီးမလွယ်ဘူး။ အချိန်ကာလအပိုင်းအခြားအနေနဲ့ Volunteer လာလုပ် ပေးရတာ က ပိုပြီးအဆင်ပြေနိုင်တယ်။ ဥပမာ သုံးလတန်သည်လေးလတန်သည်ဆိုရင် career break သော် လည်း ကောင်း တစ်ခုခုလုပ်ပြီး ပြန်လာလုပ်ပေးလို့ရတယ်။ တချို့ဆို ရွေးကောက်ပွဲနားနီး ရင်တစ်လလောက် ကြိုပြီး ခွင့်ယူပြီးပြန်ကြဖို့ရှိတယ်။ ကာလတိုဆို ပိုအဆင်ပြေတယ်။ ကာလရှည်သွားမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့တွေ့ပြီး ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာမျိုးကမှ ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်။

(ပြန်ချင်တဲ့သူတွေအတွက် မြန်မာအခင်းအကျင်းက အဆင်သင့်ဖြစ်လားဆိုတာကတော့) အရမ်းစိတ် ဆန္ဒပြင်းပြတဲ့သူတွေကတော့ ပြန်လာမှာ။ ကျန်တဲ့သူတွေကတော့ ကူချင်တယ်ဆိုရင်တောင် မသေချာ သေးရင် အနေအထား ကို ကြည့်ဦးမှာပေါ့။ တကယ်တမ်းပြန်လာပြီး လုပ်ကိုင်တဲ့အခါ ဘယ်သူ့ကို ဆက် သွယ်ရမလဲဆိုတာတွေရှိတယ်။ ဘာတွေလုပ်ရမလဲဆိုတာရှိတယ်။ ဒါကို လက်ရှိအစိုးရယန္တရားထဲက ရာထူးရှိတဲ့သူတွေက တိတိကျကျမပြောနိုင်ရင် ကူချင်တယ်ဆိုရင်တောင် ထိရောက်ဖို့ ခက်ခဲမယ်။ ဒီမှာ အရမ်းတော်တဲ့ ပရော်ဖက်ရှင်နယ်ဆရာဝန်ကြီးတွေရှိတယ်။ ဒီလိုဆရာဝန်ကြီးတွေပြန်လာမယ် ထားပါ တော့။ သူတို့က volunteer ဆိုပြီးလိုက်ခွဲနေလို့ အဆင်မပြေဘူးလေ။ အန်တီက ဘယ်လောက်ပဲ ဆန္ဒရှိရှိ အန်တီ့အောက်က လူတွေက တကယ့်ကိုလက်တွဲခေါ်နိုင်ဖို့လိုပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတေါမှာ volunteer အတွက် ခိုင်မာတဲ့မူဝါဒ ရှိသင့်တယ်။ ဥပမာ တစ်နှစ်လုံးမှာ ဘယ်လကနေ ဘယ်လအထိ ဒီလို volunteer တွေနဲ့ တွဲလုပ်မယ်ပေါ့။ အခု ခေါ်ထားတဲ့ ဖောင်ကိုကြည့်လိုက်တော့ အရမ်း ယေဘုယျဆန်နေတယ်။ ဒီထက်ပိုပြီး တိတိကျကျလေးဖော်ပြပေးထားနိုင်ရင်ကောင်းပါမယ်။

ဦးအောင်နိုင်ဦး(JMCပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ နည်းပညာအထောက် အကူပြုရုံး)
ဓာတ်ပုံ မူပိုင် Aung Naing Oo fb
Image caption ဦးအောင်နိုင်ဦး

ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေးပဲဖြစ်ဖြစ် ကူမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ၂၀၁၀ တည်းက ပြန်ရောက်နေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်နေတယ်။ ကျွန်တော်တို့တုန်းကတော့ ပြီးခဲ့တဲ့အစိုးရက မှတ်ပုံတင်တို့၊ နိုင်ငံကူးလက်မှတ်တို့ ပြန်ပေးတာပေါ့ဗျာ။ အဲဒီတော့ သွားရလာရလုပ်လို့ကိုင်လို့လွယ်တာပေါ့။ ဒီလိုမျိုးပြန်လာချင်တဲ့သူရှိရင်တော့ ပေးသင့်ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ သူတို့လာတဲ့နိုင်ငံက နိုင်ငံသားတွေ ဘာတွေမစွန့်လွှတ်ချင် ဘူးဆိုရင်လည်း ဘယ်လိုပုံစံမျိုးနဲ့ ပြန်လာနိုင်မလဲပေါ့။ ဆိုလိုတာကတော့ ပြန်လာနိုင်မယ့်လမ်းတွေကိုသေသေချာချာလေးဖွင့်ပေးတယ်ဆိုရင်တော့အများစုက ပြန်လာကြမှာပဲ။ ဗီယက်နမ်က ဟိုချီမင်းစီးတီးကိုကြည့်ရင် နိုင်ငံခြားကပြန်လာပြီးတော့မှစီးပွားရေးလုပ်ထားတဲ့သူတွေနဲ့ ထူထောင်ထားတဲ့ မြို့ကြီးလိုဖြစ်နေတော့ အရမ်းကိုတိုးတက်တာပေါ့နော်။ ထွက်သွားတဲ့သူတွေရဲ့ သားသမီးတွေ ခုဆို ဗီယက်နမ်မှာ တတိယမျိုးဆက်တောင်ဖြစ်နေပြီ။ အဓိကက သေချာလေးစဉ်းစားပြီးတော့မှ စနစ်တကျ လေးကူညီဖို့ပေါ့နော်။ ပြန်လာမယ့်သူတွေကိုလည်း ကျောသားရင်သားမခွဲခြားဘဲ ခေါ်ဖို့လိုတယ်လို့ ထင်တယ်။ ဥပမာ ပြစ်မှုကျူးလွန်တာရင်တော့ ဒါက တစ်ခုပေါ့။ ပြစ်မှုတွေမကျူးလွန်ထားဘူး။ နိုင်ငံရေး အမှုနဲ့ ထွက်သွားတယ်ဆိုရင်တော့မိသားစုကိစ္စ ပြန်လာတာဖြစ်ဖြစ် အလုပ်ပြန်လုပ်ချင်တာပဲဖြစ် ဖြစ် ခွင့်ပြုသင့်တာပေါ့။ ဥပမာ နိုင်ငံခြားမှာစီးပွားရေးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုပြန်လည်ဝေမျှချင်တယ် ၊ တချို့ဆို တက္ကသိုလ်တွေမှာဆရာတွေဖြစ်နေပြီ။ ဒါတွေကို ပြန်ဝေမျှချင်တဲ့သူတွေလည်းရှိတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းပြည်က သေချာစဉ်းစားသင့်တဲ့ကိစ္စလို့မြင်ပါတယ်။
ကိုမင်းမင်း (နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဘွဲ့ရ၊ ယော့ခ်တက္ကသိုလ်)
ဓာတ်ပုံ မူပိုင် Maunggyi Min Min
Image caption ကိုမင်းမင်း

ကျွန်တော်တို့က ပြန်လာချင်နေတာကြာပြီ။ ကျွန်တော်ဆို အိမ်ပြန်မရောက် တာ ၁၄ နှစ်။ ခု မနေ့က မှ(ဇန်နဝါရီ ၁၃) ကမှ မြန်မာပြည်ပြန်ရောက်တာ။ ဒီလို အစိုးရက ဖိတ်ခေါ် တာတောင် မသိသေးဘူး။ ခုလိုပြန်လာမယ့်သူတွေကို ကြိုဆိုတာ ဝမ်းသာတယ်။ ကျွန်တော်လည်း ကျွန်တော်သိထား တတ်ထား တာလေးတွေကို ပြန်မျှဝေပေးလို့ရမယ့် နေရာမျိုးတွေမှာ ဝိုင်းကူဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ အပြင်မှာရှိနေတဲ့သူတွေက ဟိုဘက်မှာ ပညာ အရည်အချင်းရောအတွေ့အကြုံရော အနည်းအကျဉ်း လည်းရှိလာတော့ ကိုယ့်နိုင်ငံကိုပြန် လုပ်ပေးချင် တာတွေရှိတယ်။ အရင်ကလို ဒီလိုပြန်လုပ်ပေးဖို့က အတားအဆီးတွေ အများကြီးရှိတယ်။ ခုလို ပြန်ဖိတ် ခေါ်တာ ကျေနပ်တယ်။ မြန်မာပြည် အခင်းအကျင်းက ပြန်လာဖို့ အဆင်ပြေလားဆိုတာတော့ နိုင်ငံခြား မှာနေတဲ့ပုံစံမျိုး၊ စနစ်မျိုးတော့ မရဘူးပေါ့။ ဒီနိုင်ငံမှာ ရှိတဲ့စနစ်နဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ရမှာပေါ့။ ညှိနှိုင်းပေးရင်တော့ အဆင်ပြေတာပေါ့။ တချို့ကြိုးနီစနစ်တွေ ဖြေလျှော့ပေးရင်တော့ ကောင်းတာပေါ့။ ချက်ချင်း တော့ အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ ပြန်လာမယ့်သူတွေအတွက် ဗီဇာစနစ်တွေကိုပါ ပြန်ဖြေလျှော့ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။

BBC Burmese
https://www.bbc.com
ျပည္ပေရာက္ျမန္မာေတြ ျပန္လာဖို႔ အစိုးရ ဖိတ္ေခၚခ်က္ အေပၚ သုံးသပ္ခ်က္မ်ား ျပည္ပေရာက္ျမန္မာေတြ ျပန္လာဖို႔ အစိုးရ ဖိတ္ေခၚခ်က္ အေပၚ သုံးသပ္ခ်က္မ်ား Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.